သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ကိုဗစ္ကူးစက္မႈ ကမၻာ့ဒုတိယအမ်ားဆံုးႏုိင္ငံ ျဖစ္လာႏုိင္


မြမ္ဘုိင္းၿမိဳ႕မွာ ေဒသခံေတြကို COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (စက္တင္ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံမွာ ဒီကေန႔ တနဂၤေႏြေန႔ တရက္တည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၉၀,၀၀၀ ေက်ာ္ စံခ်ိန္တင္ခဲ့တယ္လို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဒါဟာ တကမာၻလုံး အတိုင္းအတာနဲ႔ တရက္တာကူးစက္မႈႏႈန္း အမ်ားဆုံးလည္း ျဖစ္ပါတယ္။

Johns Hopkins တကၠသိုလ္ စာရင္းေတြအရ အခုလက္ရွိ အိႏၵိယမွာ ကူးစက္သူ ၄,၁၀၀,၀၀၀ ေက်ာ္ရွိေနၿပီး ကမာၻမွာ ကူးစက္မႈ တတိယအမ်ားဆုံး ျဖစ္ပါတယ္။

အေစာပုိင္းတုန္းက ႏုိင္ငံတြင္း လူဦးေရထူထပ္တဲ့ ၿမိဳ႕ေတြမွာ ကူးစက္မႈ ျမင့္တက္ေနခဲ့တာကေန အခု ျပည္နယ္အားလုံးမွာ ဆက္ၿပီး ကူးစက္ပ်ံ႕ႏွံ႔ေနတာပါ။ ကူးစက္မႈ အေတာ္မ်ားမ်ားက ႏုိင္ငံအေနာက္ပိုင္း Maharashtra ျပည္နယ္နဲ႔ ေတာင္ပိုင္းျပည္နယ္ေတြျဖစ္တဲ့ Tamil Nadu၊ Andhra Pradesh၊ Telangana နဲ႔ Karnataka ျပည္နယ္ေတြမွာ ျဖစ္ေနတာ ျဖစ္ပါတယ္။

အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္အေရး အစိုးရရဲ႕ တုံ႔ျပန္ကိုင္တြယ္ေဆာင္ရြက္မႈေတြ ေႏွာင့္ေႏွးခဲ့ရၿပီး မတ္လေႏွာင္းပိုင္းမွာ အစိုးရကေန အသြားအလာ ပိတ္ပင္မႈေတြကို တင္းတင္းက်ပ္က်ပ္ ခ်မွတ္ထားခဲ့တာပါ။

အခုလက္ရွိမွာ အိႏၵိယက်န္းမာေရးဌာနက တရက္ကို ဓာတ္ခြဲနမူနာေပါင္း ၁,၀၀၀,၀၀၀ ေက်ာ္ကို စစ္ေဆးေပးေနေပမယ့္ တခ်ိဳ႕က ခႏၶာကိုယ္တြင္း ေရာဂါပိုးကို တိုက္ထုတ္ႏုိင္တဲ့ ပဋိဇီဝပစၥည္း ထြက္ေပၚျခင္း ရွိမရွိ အလြယ္တကူ စစ္ေဆးတဲ့ နည္းလမ္းေတြကို အသုံးျပဳေနၾကတာကလည္း ျပႆနာတခု ျဖစ္ေနပါတယ္။

ဒီနည္းလမ္းေတြက ေဈးသက္သာသလို ရလဒ္ကို အခ်ိန္တိုအတြင္း သိႏိုင္ေပမယ့္ တိက်တဲ့အေျဖကို ရဖို႔ ခက္ခဲႏုိင္ပါတယ္။ ဒီလို တိက်တဲ့ရလဒ္ကို မေပးႏုိင္တဲ့ အလြယ္တကူ ေရာဂါစစ္ေဆးတဲ့ နည္းလမ္းေတြကို အသုံးျပဳေနၾကတာေၾကာင့္ ေရာဂါပိုးရွိေနတဲ့ သူေတြကို ရွာေဖြေဖာ္ထုတ္ဖို႔ ပိုၿပီး ခက္ခဲေစႏိုင္သလို ပိုၿပီး အႏၲရာယ္မ်ားႏိုင္တာပါ။

လက္ရွိ တကမာၻလုံး အတိုင္းအတာနဲ႔ အေမရိကန္မွာ ကူးစက္သူ ၆,၂၀၀,၀၀၀ ေက်ာ္နဲ႔ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ၿပီး ဘရာဇီးလ္က ၄,၂၀၀,၀၀၀ ေက်ာ္နဲ႔ ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အိန္ဒိယ ကိုဗစ်ကူးစက်မှု ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာနိုင်

အိန္ဒိယနိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀,၀၀၀ ကျော် စံချိန်တင်ခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တရက်တာကူးစက်မှုနှုန်း အများဆုံးလည်း ဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ် စာရင်းတွေအရ အခုလက်ရှိ အိန္ဒိယမှာ ကူးစက်သူ ၄,၁၀၀,၀၀၀ ကျော်ရှိနေပြီး ကမ္ဘာမှာ ကူးစက်မှု တတိယအများဆုံး ဖြစ်ပါတယ်။

အစောပိုင်းတုန်းက နိုင်ငံတွင်း လူဦးရေထူထပ်တဲ့ မြို့တွေမှာ ကူးစက်မှု မြင့်တက်နေခဲ့တာကနေ အခု ပြည်နယ်အားလုံးမှာ ဆက်ပြီး ကူးစက်ပျံ့နှံ့နေတာပါ။ ကူးစက်မှု အတော်များများက နိုင်ငံအနောက်ပိုင်း Maharashtra ပြည်နယ်နဲ့ တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ Tamil Nadu၊ Andhra Pradesh၊ Telangana နဲ့ Karnataka ပြည်နယ်တွေမှာ ဖြစ်နေတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်အရေး အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်ဆောင်ရွက်မှုတွေ နှောင့်နှေးခဲ့ရပြီး မတ်လနှောင်းပိုင်းမှာ အစိုးရကနေ အသွားအလာ ပိတ်ပင်မှုတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ထားခဲ့တာပါ။

အခုလက်ရှိမှာ အိန္ဒိယကျန်းမာရေးဌာနက တရက်ကို ဓာတ်ခွဲနမူနာပေါင်း ၁,၀၀၀,၀၀၀ ကျော်ကို စစ်ဆေးပေးနေပေမယ့် တချို့က ခန္ဓာကိုယ်တွင်း ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီဝပစ္စည်း ထွက်ပေါ်ခြင်း ရှိမရှိ အလွယ်တကူ စစ်ဆေးတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြတာကလည်း ပြဿနာတခု ဖြစ်နေပါတယ်။

ဒီနည်းလမ်းတွေက ဈေးသက်သာသလို ရလဒ်ကို အချိန်တိုအတွင်း သိနိုင်ပေမယ့် တိကျတဲ့အဖြေကို ရဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလို တိကျတဲ့ရလဒ်ကို မပေးနိုင်တဲ့ အလွယ်တကူ ရောဂါစစ်ဆေးတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြတာကြောင့် ရောဂါပိုးရှိနေတဲ့ သူတွေကို ရှာဖွေဖော်ထုတ်ဖို့ ပိုပြီး ခက်ခဲစေနိုင်သလို ပိုပြီး အန္တရာယ်များနိုင်တာပါ။

လက်ရှိ တကမ္ဘာလုံး အတိုင်းအတာနဲ့ အမေရိကန်မှာ ကူးစက်သူ ၆,၂၀၀,၀၀၀ ကျော်နဲ့ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး ဘရာဇီးလ်က ၄,၂၀၀,၀၀၀ ကျော်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG