သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္ အတုိင္ပင္ခံ႐ုံးမွာ ကုိဗစ္ကူးစက္သူ အတည္ျပဳလူနာေတြ႔ရွိ


ကိုဗစ္ေရာဂါရွိ၊ မရွိစစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦးကို ရန္ကုန္ၿမိဳ႕ လိႈင္တကၠသိုလ္ ရွိ Quarantine စင္တာတခုမွာ ေတြ႔ရ။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID - 19 ေရာဂါ ကူးစက္မႈေတြ တိုးလာေနတဲ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ထမ္းတဦးအပါအဝင္ အစိုးရဌာနဆိုင္ရာ ဝန္ထမ္းေတြအထိ ကူးစက္ခံေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ကိုဗစ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနခ်ိန္မွာပဲ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးက ဝန္ထမ္းတဦးမွာပါ ကူးစက္ခံေနရေၾကာင္း ဒီကေန႔ပဲ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ ေရာဂါကူးစက္မႈအတြက္ သံသယရွိတာေၾကာင့္ ေဆးစစ္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဒုတိယဝန္ႀကီး ဦးခင္ေမာင္တင္မွာ ပိုးမေတြ႕ရေပမဲ့ သူ႔ရဲ႕ကိုယ္ေရးအရာရွိမွာ ေရာဂါပိုးကူးစက္ေနတာ ေတြ႕ရေၾကာင္းလည္း သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက Facebook လူမႈကြန္ရက္ကေန သတင္းေထာက္ေတြကို ေျပာဆိုလိုက္တာပါ။ ကနဦးစစ္ခ်က္မွာ ေရာဂါပိုးကူးစက္တာ မေတြ႕ရေပမဲ့လည္း အတိုင္ပင္ခံ႐ုံး ဒုတိယဝန္ႀကီး ဦးခင္ေမာင္တင္ကို သီးသန႔္ထားေစာင့္ၾကည့္ၿပီး ေနာက္ထပ္ဓာတ္ခြဲနမူနာယူ စစ္ေဆးသြားမွာလည္း ျဖစ္ပါတယ္။

အခုဆိုရင္ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္မွာ ကူးစက္ခံရသူေပါင္း ၃၀ ေက်ာ္ရွိေနၿပီး ဌာနဆိုင္ရာ္ေတြက ဝန္ထမ္းေတြမွာပါ ကူးစက္မႈေတြ ေတြ႕ရွိခဲ့တာပါ။ ေနျပည္ေတာ္က ျပည္သူ႔က်န္းမာေရးဦးစီးဌာနက အရာရွိတဦးမွာလည္း ေရာဂါပိုးေတြ႕ရွိေၾကာင္း အတည္ျပဳထားပါတယ္။ ဒါေပမဲ့ ေရာဂါပိုးရွိသူနဲ႔ ထိေတြ႕ခဲ့သူ ၂၀ ရဲ႕ ကနဦး စစ္ေဆးခ်က္မွာေတာ့ ပိုးမေတြ႕ခဲ့ရေၾကာင္းလည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက VOA ကိုေျပာပါတယ္။

“ကံေကာင္းစြာနဲ႔ပဲ သူနဲ႔ထိေတြ႕တဲ့ လုပ္ငန္းခြင္ထဲကလူေတြမွာ ပိုးမေတြ႕ပါဘူး ခင္ဗ်။ ဆရာကေတာ့ ေတြ႕သြားတာေပါ့ေနာ္။ ဆရာ့မွာ ေတြ႕တယ္ဆိုတာကလည္း သူ႔အမ်ိဳးသမီးကလည္း ဆရာဝန္ႀကီးေပါ့ေနာ္။ အထူးကုဆရာဝန္ႀကီးဆိုေတာ့ သူက အနံ႔မရတဲ့ လူနာေတြကိုဆိုလည္း ၾကည့္ရတဲ့အခါက်ေတာ့ သူ႔အမ်ိဳးသမီးကေန ဆရာ့ဆီကို ကူးတာေပါ့ေနာ္။ အလုပ္အတူလုပ္တဲ့သူေတြ အကုန္လုံးကေတာ့ Primary Contact လိုျဖစ္သြားတာေပါ့။ အဲေတာ့ ဒီပုဂၢိဳလ္အကုန္လုံး Q ဝင္တယ္။ မေန႔ညေန စစ္ေဆးၿပီး ဒီေန႔မနက္အေျဖထြက္တဲ့အခါက်ေတာ့ အကုန္လုံးကေတာ့ ပိုးမေတြ႕ဘူးေပါ့ေနာ္။ ဒါ ပထမအႀကိမ္မွာေပါ့။”

ရခိုင္ျပည္နယ္ကေန ကူးစက္မႈေတြ တေက်ာ့ျပန္ ေပၚေပါက္လာရာက အခုဆိုရင္ ေရာဂါကူးစက္မႈေတြဟာ ေနျပည္ေတာ္နဲ႔ ရန္ကုန္လို ၿမိဳ႕ႀကီးေတြအထိ ပ်ံ႕ႏွံ႔လာေနတာပါ။ ေရာဂါပိုးေတြ႕ရွိသူ အမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္တိုင္းမွာေတာ့ ေဆး႐ုံတြင္း ကုတင္ေတြ ပိုဆံ့ေစဖို႔နဲ႔ သီးသန႔္ထားၿပီး ေစာင့္ၾကည့္စစ္ေဆးႏိုင္မယ့္ ေနရာေတြကို ေဆး႐ုံအဝန္းဝိုင္းတြင္း ေဆာင္႐ြက္ေနတာအျပင္ အိမ္ယာေတြမွာလည္း ျပင္ဆင္ေနတယ္လို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

“တက္လာတဲ့ပမာဏနဲ႔ ထားႏိုင္ေအာင္ ဆံ့ႏိုင္ေအာင္ တတ္ႏိုင္သမွ် လက္ရွိမွာ က်ေနာ္တို႔က ဒီႏွစ္ပတ္ သုံးပတ္အတြင္းမွာ ေရွ႕မွာလည္း ဆင္းမယ့္သူေတြက ရွိတယ္။ ေနာက္တပတ္ေလာက္ဆို သူတို႔ဆင္းၾကမွာေပါ့။ တပတ္ေတာင္မလိုေတာ့ဘူး ထင္တယ္ ေရွ႕ကအဖြဲ႕ေတြကေလ။ အဲဒါေတာ့ ေရွ႕ကလူေတြ စိတ္ခ်ရလို႔ ဆင္းရင္ ေနာက္ကလူေတြ ေနရာရလာမွာေပါ့ေနာ္။ ဒီလိုမ်ိဳး ေရွ႕က Q ေတြ ၂၁ ကေန ၁၄ ေျပာင္းေတာ့လည္း ထြက္သြားတဲ့သူေတြလည္း အမ်ားႀကီးရွိတယ္ေပါ့ေနာ္။ ဒါေတြကို တတ္ႏိုင္သမွ် တကယ့္ကိုေျမျပင္မွာ ေဆာင္႐ြက္ေနပါတယ္ခင္ဗ်။ ဒီပုဂၢိဳလ္ေတြကိုလည္း က်ေနာ္ဒီကေနၿပီးေတာ့ ေလးစားစြာေျပာခ်င္ပါတယ္။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီေန႔အေစာပိုင္းအထိ ထုတ္ျပန္ခ်က္အရ ကိုဗစ္ေရာဂါပိုး ကူးစက္မႈေၾကာင့္ ေသဆုံးသူ ေနာက္ထပ္ ၆ ဦး အပါအဝင္ အခုဆိုရင္ စုစုေပါင္း ေသဆုံးသူ ၃၂ ဦး ရွိေနၿပီး ကူးစက္သူ အေရအတြက္ကေတာ့ ၃,၁၉၅ ေက်ာ္ ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတော် အတိုင်ပင်ခံရုံးမှာ ကိုဗစ်ကူးစက်သူ အတည်ပြုလူနာတွေ့ရှိ

COVID - 19 ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းတဦးအပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအထိ ကူးစက်ခံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဝန်ထမ်းတဦးမှာပါ ကူးစက်ခံနေရကြောင်း ဒီကနေ့ပဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုအတွက် သံသယရှိတာကြောင့် ဆေးစစ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်မှာ ပိုးမတွေ့ရပေမဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိမှာ ရောဂါပိုးကူးစက်နေတာ တွေ့ရကြောင်းလည်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက Facebook လူမှုကွန်ရက်ကနေ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။ ကနဦးစစ်ချက်မှာ ရောဂါပိုးကူးစက်တာ မတွေ့ရပေမဲ့လည်း အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်ကို သီးသန့်ထားစောင့်ကြည့်ပြီး နောက်ထပ်ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

အခုဆိုရင် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ကူးစက်ခံရသူပေါင်း ၃၀ ကျော်ရှိနေပြီး ဌာနဆိုင်ရာ်တွေက ဝန်ထမ်းတွေမှာပါ ကူးစက်မှုတွေ တွေ့ရှိခဲ့တာပါ။ နေပြည်တော်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရာရှိတဦးမှာလည်း ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထားပါတယ်။ ဒါပေမဲ့ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့သူ ၂၀ ရဲ့ ကနဦး စစ်ဆေးချက်မှာတော့ ပိုးမတွေ့ခဲ့ရကြောင်းလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက VOA ကိုပြောပါတယ်။

“ကံကောင်းစွာနဲ့ပဲ သူနဲ့ထိတွေ့တဲ့ လုပ်ငန်းခွင်ထဲကလူတွေမှာ ပိုးမတွေ့ပါဘူး ခင်ဗျ။ ဆရာကတော့ တွေ့သွားတာပေါ့နော်။ ဆရာ့မှာ တွေ့တယ်ဆိုတာကလည်း သူ့အမျိုးသမီးကလည်း ဆရာဝန်ကြီးပေါ့နော်။ အထူးကုဆရာဝန်ကြီးဆိုတော့ သူက အနံ့မရတဲ့ လူနာတွေကိုဆိုလည်း ကြည့်ရတဲ့အခါကျတော့ သူ့အမျိုးသမီးကနေ ဆရာ့ဆီကို ကူးတာပေါ့နော်။ အလုပ်အတူလုပ်တဲ့သူတွေ အကုန်လုံးကတော့ Primary Contact လိုဖြစ်သွားတာပေါ့။ အဲတော့ ဒီပုဂ္ဂိုလ်အကုန်လုံး Q ဝင်တယ်။ မနေ့ညနေ စစ်ဆေးပြီး ဒီနေ့မနက်အဖြေထွက်တဲ့အခါကျတော့ အကုန်လုံးကတော့ ပိုးမတွေ့ဘူးပေါ့နော်။ ဒါ ပထမအကြိမ်မှာပေါ့။”

ရခိုင်ပြည်နယ်ကနေ ကူးစက်မှုတွေ တကျော့ပြန် ပေါ်ပေါက်လာရာက အခုဆိုရင် ရောဂါကူးစက်မှုတွေဟာ နေပြည်တော်နဲ့ ရန်ကုန်လို မြို့ကြီးတွေအထိ ပျံ့နှံ့လာနေတာပါ။ ရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာတော့ ဆေးရုံတွင်း ကုတင်တွေ ပိုဆံ့စေဖို့နဲ့ သီးသန့်ထားပြီး စောင့်ကြည့်စစ်ဆေးနိုင်မယ့် နေရာတွေကို ဆေးရုံအဝန်းဝိုင်းတွင်း ဆောင်ရွက်နေတာအပြင် အိမ်ယာတွေမှာလည်း ပြင်ဆင်နေတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“တက်လာတဲ့ပမာဏနဲ့ ထားနိုင်အောင် ဆံ့နိုင်အောင် တတ်နိုင်သမျှ လက်ရှိမှာ ကျနော်တို့က ဒီနှစ်ပတ် သုံးပတ်အတွင်းမှာ ရှေ့မှာလည်း ဆင်းမယ့်သူတွေက ရှိတယ်။ နောက်တပတ်လောက်ဆို သူတို့ဆင်းကြမှာပေါ့။ တပတ်တောင်မလိုတော့ဘူး ထင်တယ် ရှေ့ကအဖွဲ့တွေကလေ။ အဲဒါတော့ ရှေ့ကလူတွေ စိတ်ချရလို့ ဆင်းရင် နောက်ကလူတွေ နေရာရလာမှာပေါ့နော်။ ဒီလိုမျိုး ရှေ့က Q တွေ ၂၁ ကနေ ၁၄ ပြောင်းတော့လည်း ထွက်သွားတဲ့သူတွေလည်း အများကြီးရှိတယ်ပေါ့နော်။ ဒါတွေကို တတ်နိုင်သမျှ တကယ့်ကိုမြေပြင်မှာ ဆောင်ရွက်နေပါတယ်ခင်ဗျ။ ဒီပုဂ္ဂိုလ်တွေကိုလည်း ကျနော်ဒီကနေပြီးတော့ လေးစားစွာပြောချင်ပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့အစောပိုင်းအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါပိုး ကူးစက်မှုကြောင့် သေဆုံးသူ နောက်ထပ် ၆ ဦး အပါအဝင် အခုဆိုရင် စုစုပေါင်း သေဆုံးသူ ၃၂ ဦး ရှိနေပြီး ကူးစက်သူ အရေအတွက်ကတော့ ၃,၁၉၅ ကျော် ရှိနေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG