[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၆ ေယာက္ ထပ္တုိးပါတယ္။ ဒါေၾကာင့္စုစုေပါင္း ေသဆံုးတဲ့ အတည္ျပဳလူနာ ၃၂ ေယာက္ ႐ွိသြားပါၿပီ။ ဒီေန႔တနလၤာေန႔မွာ ေနာက္ထပ္ အတည္ျပဳလူနာကလည္း ၁၈၀ တုိးတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ ဒါေၾကာင့္ အတည္ျပဳလူနာ စုစုေပါင္း ၃,၁၉၅ ေယာက္ျဖစ္ပါတယ္။
ေသဆုံးသူေတြဟာ ဆီးခ်ဳိ၊ ေသြးတိုး၊ ႏွလံုးေရာဂါစတဲ့ တျခားေရာဂါအခံေတြ ႐ွိတဲ့ အသက္ ၅၉ ႏွစ္ကေန ၈၀ အ႐ြယ္ သက္ႀကီးပိုင္းေတြျဖစ္ၾကပါတယ္။
စက္တင္ဘာ ၁၄ ရက္ေန႔အတြက္ က်န္းမာေရးဓါတ္ခြဲဌာနအျပင္၊ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ ေမာ္လၿမိဳင္၊ စစ္ေတြ၊ ေတာင္ငူ၊ ဗန္းေဗာ္၊ ၿမိတ္၊ ေျမာင္းျမ၊ ထားဝယ္၊ မေကြးနဲ႕ ျပည္ၿမိဳ႕ေတြက ျပည္သူ႔ေဆး႐ံုႀကီးေတြမွာ ဓါတ္ခဲြနမူနာ စုစုေပါင္း ၂,၂၁၄ ခုကို ဒီကေန႔ စစ္ေဆးခဲ့တာျဖစ္ပါတယ္။
အဲဒီထဲက အတည္ျပဳလူနာ ၁၈၀ ကို စစ္ေဆးေတြ႔ခဲ့တာပါ။ ဒီေန႔အထိ ေရာဂါသက္သာလို႔ ေဆး႐ံုကေန ဆင္းခြင့္ရသူ ၇၉၀ ႐ွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
[Unicode Version]
ကိုဗစ်ရောဂါကြောင့်သေဆုံးသူ မြန်မာနိုင်ငံမှာ ၃၂ ဦးထိ တိုးလာ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ယောက် ထပ်တိုးပါတယ်။ ဒါကြောင့်စုစုပေါင်း သေဆုံးတဲ့ အတည်ပြုလူနာ ၃၂ ယောက် ရှိသွားပါပြီ။ ဒီနေ့တနင်္လာနေ့မှာ နောက်ထပ် အတည်ပြုလူနာကလည်း ၁၈၀ တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် အတည်ပြုလူနာ စုစုပေါင်း ၃,၁၉၅ ယောက်ဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစတဲ့ တခြားရောဂါအခံတွေ ရှိတဲ့ အသက် ၅၉ နှစ်ကနေ ၈၀ အရွယ် သက်ကြီးပိုင်းတွေဖြစ်ကြပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့အတွက် ကျန်းမာရေးဓါတ်ခွဲဌာနအပြင်၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ငူ၊ ဗန်းဗော်၊ မြိတ်၊ မြောင်းမြ၊ ထားဝယ်၊ မကွေးနဲ့ ပြည်မြို့တွေက ပြည်သူ့ဆေးရုံကြီးတွေမှာ ဓါတ်ခွဲနမူနာ စုစုပေါင်း ၂,၂၁၄ ခုကို ဒီကနေ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီထဲက အတည်ပြုလူနာ ၁၈၀ ကို စစ်ဆေးတွေ့ခဲ့တာပါ။ ဒီနေ့အထိ ရောဂါသက်သာလို့ ဆေးရုံကနေ ဆင်းခွင့်ရသူ ၇၉၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။