သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေရး နည္းမွန္လမ္းမွန္ေဆာင္ရြက္ဖို႔ တိုက္တြန္း


ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ တုိးေနတဲ့ ရန္ကုန္ၿမိဳ႕မွာ အဝင္အထြက္ ကန္႔သတ္ပိတ္ဆုိ႔ထားတဲ့ လမ္းတခု။ (စက္တင္ဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္သူေတြ တိုးလာေနတဲ့အတြက္ ျမန္မာလူထုၾကား ေရာဂါအႏၱရာယ္ကုိ စုိးရိမ္မႈေတြနဲ႔အတူ ကာကြယ္ဖုိ႔ ႀကိဳးစားလာတာေတြ ရွိေနေပမဲ့ နည္းမွန္လမ္းမွန္ျဖစ္ေအာင္ ေဆာင္ရြက္ၾကဖုိ႔ သတိေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့အေပၚ စုိးရိမ္ေနၾကတဲ့ လူထုအေနနဲ႔ က်န္းမာေရးအတြက္ လမ္းညႊန္ခ်က္ေတြကုိ တိတိက်က် လုိက္နာဖုိ႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနၾကတာပါ။ ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ ကာကြယ္ဖုိ႔ တတ္ႏုိင္သေလာက္ အိမ္ျပင္ မထြက္ဖုိ႔ အပါအ၀င္ လမ္းညႊန္ခ်က္ေတြကုိလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ရန္ကုန္တုိင္း သဃၤန္းကြၽန္းၿမိဳ႕နယ္က မတြယ္တာလႈိင္ကေတာ့ လမ္းညႊန္ခ်က္ေတြအတုိင္း လုိက္နာဖုိ႔ ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။

“အခု အျပင္မသြားတာကေတာ့ တစ္လခြဲေလာက္ရွိေတာ့မယ္။ အျပင္လုံးဝ မထြက္ဘဲ အိမ္ထဲမွာပဲ ေနေနတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနတဲ့ရပ္ကြက္ေတြနားမွာ ကူးတဲ့သူေတြ အမ်ားႀကီးရွိေနေတာ့ အျပင္မထြက္ပဲ ေနေနတာ။ ကာကြယ္တာမ်ိဳးက်ေတာ့ အစားပုံမွန္စားၿပီးေတာ့ ကိုယ္ခံအားေကာင္းေအာင္ေနတယ္။ အိပ္ေရးဝေအာင္အိပ္တယ္။ ၿပီးေတာ့ အျပင္လုံးဝမသြားဘူး။ အိမ္မွာေနတယ္။ အိမ္ေရွ႕နားေလးသြားမယ္ဆိုရင္ေတာင္ Mask တပ္ၿပီးသြားတယ္။ လက္လည္း အၿမဲေဆးတယ္။”

ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ရန္ကုန္တုိင္းမွာေတာ့ အသြားအလာေတြ ကန္႔သတ္ဖုိ႔ သက္ဆုိင္ရာ ၿမိဳ႕နယ္ေတြ ရပ္ကြက္ေတြမွာ ကုိယ္ထူကုိယ္ထ ႀကိဳးပမ္းၾကတာေတြလည္း ရွိပါတယ္။ ဒါေပမဲ့လည္း ေရာဂါကူးစက္မႈ တားဆီးဖုိ႔ ရည္ရြယ္တဲ့ တခ်ဳိ႕အစီအစဥ္ေတြဟာ က်န္းမာေရးအတြက္ စုိးရိမ္စရာေကာင္းတယ္လုိ႔လည္း စမ္းေခ်ာင္းၿမိဳ႕နယ္က ကုမၸဏီဝန္ထမ္း ကိုေက်ာ္ဝဏၰက ေျပာပါတယ္။

“ျပည္သူတစ္ေယာက္အေနနဲ႔ စိုးရိမ္မႈရွိတယ္။ ဒါေပမဲ့ စိုးရိမ္မႈ ရွိတယ္ဆိုေပမဲ့လို႔ ဒီ အလုပ္ခြင္ကို က်ေတာ့ မျဖစ္မေနသြားရတဲ့ဟာမ်ိဳး ရွိတယ္ေလ။ အကိုအေနနဲ႔က်ေတာ့ အျခားလူေတြလည္း အဲ့လို ရွိၾကမွာပဲေပါ့ေနာ္။ အဲ့လိုသြားရလာရတဲ့အခါမွာ ဥပမာ ရပ္ကြက္ေတြ လမ္းေတြ ပိတ္တယ္ေပါ့ကြာ၊ အခုဆိုလို႔ရွိရင္ ျပန္ဖြင့္တဲ့လမ္းေတြက ျပန္ဖြင့္ၿပီ။ ဒါေပမဲ့ ျပန္မဖြင္ေသးတဲ့ လမ္းေတြကလည္း မဖြင့္ေသးဘူး။ အကိုတို႔ စမ္းေခ်ာင္းဘက္မွာဆို ျပန္မဖြင့္ေသးဘူး။ ဥပမာ အကိုက အိမ္ကေန ထြက္မယ္၊ ႐ုံးသြားမယ္ ဆိုရင္ ကိုယ္ေရး အခ်က္အလက္ျဖည့္ရတယ္ လက္မွတ္ထိုးရတယ္။ ဆိုတဲ့အခါ က်ေတာ့ အကိုသည္ ဒီလမ္းမွာေနတယ္။ ဒီေနရာမွာ ေစာင့္ၾကည့္ေနတဲ့သူေတြကလည္း သိတယ္။ ေန႔တိုင္း သြားလာေနက်။ က်ေနာ္ဘယ္သူပါ၊ က်ေနာ္ အခ်က္အလက္က ဘာဘာဆိုၿပီးေတာ့ ဒါေတြက အဲ့ေလာက္ႀကီးမလိုေလာက္ဘူးထင္တယ္။ ေနာက္တစ္ခါက် သူတို႔စာအုပ္မွာ လက္မွတ္ ထိုးခိုင္းတယ္။ အဲ့ဒီေဘာပင္က လူဘယ္ႏွစ္ေယာက္ကိုင္ၿပီးၿပီလဲ၊ အဲ့ဒီလို စီမံခန္႔ခြဲမႈ အလြဲအမွားေတြ အမ်ားႀကီးပဲ။”

အေထြေထြေရာဂါ အထူးကု ဆရာဝန္ႀကီး ေဒါက္တာ မိုးေအာင္ေက်ာ္ႏိုင္ကေတာ့ ျပည္သူေတြအေနနဲ႔ ေရာဂါကူးစက္မႈကို အစိုးရိမ္မလြန္ၾကဘဲ က်န္းမာေရးနဲ႔ပတ္သက္တဲ့ လိုက္နာရမယ့္ ၫႊန္ၾကားခ်က္ေတြကို စနစ္တက် လိုက္နာေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းပါတယ္။

“အမွန္တကယ္ေတာ့ ဒီကာကြယ္ေရးနည္းေတြက ရွိၿပီးသား၊ အဲ့ဒါကို စနစ္တက်နဲ႔ တိတိက်က် လိုက္နာဖို႔က ပိုအေရးႀကီးသြားၿပီ အရင္တုန္းက ၾကားေနရတာထက္စာရင္ေတာ့ အခုက ပိုးေတြက ကိုယ့္နားေရာက္လာၿပီလို ယူဆရမယ္ေလ။ ေနာက္တျဖည္းျဖည္းနဲ႔ ျပန္႔လာတဲ့အခါက်ေတာ့ ကိုယ္နားပတ္ဝန္းက်င္ကို ေရာက္လာၿပီဆိုေတာ့ ကိုယ္နားမွာရွိတဲ့ ပစၥည္းေတြ ကိုယ့္အနီးအနားမွာ ရွိတဲ့ လူေတြ ခႏၶာကိုယ္ထဲမွာ ပိုးရွိႏိုင္တယ္ဆိုတာမ်ိဳး သေဘာထားရမယ္။ ကိုယ့္ခႏၶာကိုယ္ထဲမွာလည္း ရွိႏိုင္တယ္လို႔ သေဘာထားၿပီး ကိုယ့္ဆီကေန သူမ်ားဆီကို မေရာက္ေအာင္၊ သူမ်ားဆီကေန ကိုယ့္ဆီမေရာက္ေအာင္ ပိုၿပီးေတာ့ ဂ႐ုစိုက္သင့္တဲ့ အခ်ိန္ကို ေရာက္ေနၿပီေပါ့ေနာ္။”

ျပည္တြင္းမွာ ေရာဂါပိုးေတြ႕ရသူေတြရဲ႕ ၇၀ ရာခိုင္ႏႈန္းေလာက္ဟာ ေရာဂါလကၡဏာမျပဘဲ ပိုးေတြရသူေတြျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ဒီကေန႔မနက္အထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြအရ ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၃,၀၀၀ ေက်ာ္ ရွိေနၿပီး ဒီကေန႔မနက္ထပ္မံ အတည္ျပဳခဲ့တဲ့ ေသဆုံးသူ ၂ ဦး အပါအ၀င္ စုစုေပါင္း ေသဆုံးသူ ၂၆ ဦးရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ရေး နည်းမှန်လမ်းမှန်ဆောင်ရွက်ဖို့ တိုက်တွန်း

COVID-19 ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်သူတွေ တိုးလာနေတဲ့အတွက် မြန်မာလူထုကြား ရောဂါအန္တရာယ်ကို စိုးရိမ်မှုတွေနဲ့အတူ ကာကွယ်ဖို့ ကြိုးစားလာတာတွေ ရှိနေပေမဲ့ နည်းမှန်လမ်းမှန်ဖြစ်အောင် ဆောင်ရွက်ကြဖို့ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်နေကြတဲ့ လူထုအနေနဲ့ ကျန်းမာရေးအတွက် လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေကြတာပါ။ ရောဂါကူးစက်မှု အန္တရာယ်ကို ကာကွယ်ဖို့ တတ်နိုင်သလောက် အိမ်ပြင် မထွက်ဖို့ အပါအဝင် လမ်းညွှန်ချက်တွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မတွယ်တာလှိုင်ကတော့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“အခု အပြင်မသွားတာကတော့ တစ်လခွဲလောက်ရှိတော့မယ်။ အပြင်လုံးဝ မထွက်ဘဲ အိမ်ထဲမှာပဲ နေနေတာ။ ဘာဖြစ်လို့လဲဆိုတော့ နေတဲ့ရပ်ကွက်တွေနားမှာ ကူးတဲ့သူတွေ အများကြီးရှိနေတော့ အပြင်မထွက်ပဲ နေနေတာ။ ကာကွယ်တာမျိုးကျတော့ အစားပုံမှန်စားပြီးတော့ ကိုယ်ခံအားကောင်းအောင်နေတယ်။ အိပ်ရေးဝအောင်အိပ်တယ်။ ပြီးတော့ အပြင်လုံးဝမသွားဘူး။ အိမ်မှာနေတယ်။ အိမ်ရှေ့နားလေးသွားမယ်ဆိုရင်တောင် Mask တပ်ပြီးသွားတယ်။ လက်လည်း အမြဲဆေးတယ်။”

ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်တိုင်းမှာတော့ အသွားအလာတွေ ကန့်သတ်ဖို့ သက်ဆိုင်ရာ မြို့နယ်တွေ ရပ်ကွက်တွေမှာ ကိုယ်ထူကိုယ်ထ ကြိုးပမ်းကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ရောဂါကူးစက်မှု တားဆီးဖို့ ရည်ရွယ်တဲ့ တချို့အစီအစဉ်တွေဟာ ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းတယ်လို့လည်း စမ်းချောင်းမြို့နယ်က ကုမ္ပဏီဝန်ထမ်း ကိုကျော်ဝဏ္ဏက ပြောပါတယ်။

“ပြည်သူတစ်ယောက်အနေနဲ့ စိုးရိမ်မှုရှိတယ်။ ဒါပေမဲ့ စိုးရိမ်မှု ရှိတယ်ဆိုပေမဲ့လို့ ဒီ အလုပ်ခွင်ကို ကျတော့ မဖြစ်မနေသွားရတဲ့ဟာမျိုး ရှိတယ်လေ။ အကိုအနေနဲ့ကျတော့ အခြားလူတွေလည်း အဲ့လို ရှိကြမှာပဲပေါ့နော်။ အဲ့လိုသွားရလာရတဲ့အခါမှာ ဥပမာ ရပ်ကွက်တွေ လမ်းတွေ ပိတ်တယ်ပေါ့ကွာ၊ အခုဆိုလို့ရှိရင် ပြန်ဖွင့်တဲ့လမ်းတွေက ပြန်ဖွင့်ပြီ။ ဒါပေမဲ့ ပြန်မဖွင်သေးတဲ့ လမ်းတွေကလည်း မဖွင့်သေးဘူး။ အကိုတို့ စမ်းချောင်းဘက်မှာဆို ပြန်မဖွင့်သေးဘူး။ ဥပမာ အကိုက အိမ်ကနေ ထွက်မယ်၊ ရုံးသွားမယ် ဆိုရင် ကိုယ်ရေး အချက်အလက်ဖြည့်ရတယ် လက်မှတ်ထိုးရတယ်။ ဆိုတဲ့အခါ ကျတော့ အကိုသည် ဒီလမ်းမှာနေတယ်။ ဒီနေရာမှာ စောင့်ကြည့်နေတဲ့သူတွေကလည်း သိတယ်။ နေ့တိုင်း သွားလာနေကျ။ ကျနော်ဘယ်သူပါ၊ ကျနော် အချက်အလက်က ဘာဘာဆိုပြီးတော့ ဒါတွေက အဲ့လောက်ကြီးမလိုလောက်ဘူးထင်တယ်။ နောက်တစ်ခါကျ သူတို့စာအုပ်မှာ လက်မှတ် ထိုးခိုင်းတယ်။ အဲ့ဒီဘောပင်က လူဘယ်နှစ်ယောက်ကိုင်ပြီးပြီလဲ၊ အဲ့ဒီလို စီမံခန့်ခွဲမှု အလွဲအမှားတွေ အများကြီးပဲ။”

အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်ကတော့ ပြည်သူတွေအနေနဲ့ ရောဂါကူးစက်မှုကို အစိုးရိမ်မလွန်ကြဘဲ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လိုက်နာရမယ့် ညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

“အမှန်တကယ်တော့ ဒီကာကွယ်ရေးနည်းတွေက ရှိပြီးသား၊ အဲ့ဒါကို စနစ်တကျနဲ့ တိတိကျကျ လိုက်နာဖို့က ပိုအရေးကြီးသွားပြီ အရင်တုန်းက ကြားနေရတာထက်စာရင်တော့ အခုက ပိုးတွေက ကိုယ့်နားရောက်လာပြီလို ယူဆရမယ်လေ။ နောက်တဖြည်းဖြည်းနဲ့ ပြန့်လာတဲ့အခါကျတော့ ကိုယ်နားပတ်ဝန်းကျင်ကို ရောက်လာပြီဆိုတော့ ကိုယ်နားမှာရှိတဲ့ ပစ္စည်းတွေ ကိုယ့်အနီးအနားမှာ ရှိတဲ့ လူတွေ ခန္ဓာကိုယ်ထဲမှာ ပိုးရှိနိုင်တယ်ဆိုတာမျိုး သဘောထားရမယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာလည်း ရှိနိုင်တယ်လို့ သဘောထားပြီး ကိုယ့်ဆီကနေ သူများဆီကို မရောက်အောင်၊ သူများဆီကနေ ကိုယ့်ဆီမရောက်အောင် ပိုပြီးတော့ ဂရုစိုက်သင့်တဲ့ အချိန်ကို ရောက်နေပြီပေါ့နော်။”

ပြည်တွင်းမှာ ရောဂါပိုးတွေ့ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ရောဂါလက္ခဏာမပြဘဲ ပိုးတွေရသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက်အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၃,၀၀၀ ကျော် ရှိနေပြီး ဒီကနေ့မနက်ထပ်မံ အတည်ပြုခဲ့တဲ့ သေဆုံးသူ ၂ ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ ၂၆ ဦးရှိနေပါတယ်။

XS
SM
MD
LG