သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ေသဆုံးမႈနဲ႔ ကူးစက္သူ တုိးလာတာေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕ အဝင္အထြက္ ပိတ္ပင္


ရန္ကုန္ၿမိဳ႕မွာ အိမ္တုိင္ရာေရာက္ က်န္းမာေရး စစ္ေဆးေပးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကူးစက္မႈေၾကာင့္ မြန္ျပည္နယ္မွာ ေသဆုံးသူရွိလာၿပီး ပိုးကူးစက္သူေတြ တုိးလာတဲ့အတြက္ မြန္ျပည္နယ္တြင္း ေျပးဆဲြေနတဲ့ ယာဥ္လုိင္းေတြ အဝင္အထြက္ ယာယီပိတ္ပင္လိုက္သလို အထူးသျဖင့္ ရန္ကုန္ျပန္ေတြကို မျဖစ္မေန ကြာရမ္တင္း ဝင္ရမယ္လို႔ သတ္မွတ္လိုက္ပါတယ္။ အျပည့္အစုံကုိ ကုိဉာဏ္ဝင္းေအာင္ ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

မြန္ျပည္နယ္မွာ စက္တင္ဘာ ၁၂ ရက္ စေနေန႔ တရက္တည္းမွာတင္ ကိုဗစ္ အတည္ျပဳလူနာသစ္ ေနာက္ထပ္ ၄ ဦး တိုးလာတာပါ။ အဲဒီထဲက ၂ ဦးဟာ ရန္ကုန္ ခရီးသြားရာဇဝင္ ရွိသူေတြ ျဖစ္ပါတယ္။

အခုလို ပုိးကူးစက္သူေတြထဲက ဒီရက္ပိုင္းထဲ ရန္ကုန္ကျပန္လာတဲ့ အသက္ႀကီးပိုင္း အမ်ဳိးသားတဦး ကိုဗစ္ေၾကာင့္ ေသဆုံးသြားတာေၾကာင့္ေရာ မြန္ျပည္နယ္တြင္း ေရာဂါပုိးကူးစက္သူ လူဦးေရ တိုးလာတာေၾကာင့္ပါ ေမာ္လၿမဳိင္ၿမဳိ႕ အဝင္အထြက္ကို အသြားအလာ ယာယီ ကန္႔သတ္ထားလိုက္ၿပီလို႔ ကိုဗစ္လူနာေတြကိစၥ ကူညီေဆာင္ရြက္ေပးေနတဲ့ ေမာ္လၿမိဳင္က ဘိုဘိုဝင္း အေရးေပၚကယ္ဆယ္ေရးအဖဲြ႔ တာဝန္ခံ ကိုဘိုဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“အသက္ ၆၅ ႏွစ္အရြယ္ရွိတဲ့ ဦးေလးႀကီးတေယာက္ ဆုံးသြားတာပါ။ ရန္ကုန္မွာ အသုဘပို႔ၿပီး ျပန္လာၿပီးေတာ့မွ ကူးစက္တယ္လို႔ ၾကားရတယ္ဗ်။ သူ႔မွာ ဆီးခ်ဳိေရာဂါအခံ ရွိေနတဲ့အခါက်ေတာ့ ေရာဂါပုိးဝင္ေနတာကို မသိဘဲနဲ႔ ဒီတုိင္းပဲ အျပင္မွာ လိုက္ကုေနေတာ့ ေနာက္ဆုံး အေျခအေန မေကာင္းေတာ့မွ ေဆး႐ုံကို ေရာက္လာၿပီးခ်ိန္မွာ ေသဆုံးသြားတာေပါ့။ ေနာက္ သူ႔မိန္းမကလည္း စစ္ေဆးၾကည့္တဲ့အခါက်ေတာ့ သူလည္းပဲ COVID-19 ကူးစက္ထားတာကို ေတြ႔ရွိရတယ္။ က်ေနာ္တို႔ ေမာ္လၿမဳိင္မွာ ကိုဗစ္နဲ႔ပတ္သက္လို႔ ကူးစက္မႈက ေတာ္ေတာ္ေလး မ်ားလာၿပီး စိုးရိမ္ရတဲ့ အေျခအေနရွိတယ္။ ဒါေပမယ့္ အခုက ၿမိဳ႕အဝင္အထြက္ အားလုံးကို ရန္ကုန္နဲ႔ေရာ အျခားၿမဳိ႕ေတြနဲ႔ပါ ပိတ္လိုက္ၿပီဆိုေတာ့ လက္ရွိ ပုိးကူးထားတဲ့လူေတြနဲ႔ ထိေတြ႔ ဆက္စပ္ခဲ့သူေတြထဲကပဲ ပိုးထပ္ေတြ႔ဖို႔ ရွိတယ္။ ျပည္နယ္အစိုးရက ထိန္းခ်ဳပ္ထားၿပီဆိုေတာ့ မၾကာမီအခ်ိန္တြင္း ထိန္းခ်ဳပ္ႏုိင္မယ့္ အေနအထား ေရာက္လာမယ္လို႔ေတာ့ မွန္းထားပါတယ္။”

ကုိဗစ္ေၾကာင့္ မြန္ျပည္နယ္တြင္း ေသဆုံးသူနဲ႔ ပိုးေတြ႔သူ တုိးလာတဲ့အတြက္ ျပည္နယ္တြင္း ေျပးဆဲြေနတဲ့ အေဝးေျပးယာဥ္လိုင္းအားလုံးေရာ ရန္ကုန္-ေမာ္လၿမဳိင္ ရထားလုိင္း ခရီးစဥ္ေတြကိုပါ စက္တင္ဘာ ၁၁ ရက္ေန႔ကစလို႔ ယာယီပိတ္ပင္လိုက္ေၾကာင္း မြန္ျပည္နယ္အစိုးရက ေၾကညာထားပါတယ္။ ဒါေပမယ့္ ကုန္စည္စီးဆင္းမႈ ရွိေစဖို႔အတြက္ ယာဥ္ေမာင္းနဲ႔ ေနာက္လိုက္ ၂ ဦးသာပါတဲ့ ကုန္ကားေတြကို ဝင္ခြင့္ေပးေပမယ့္ သတ္မွတ္ေနရာမွာသာ ရပ္နားဖို႔ အမိန္႔ထုတ္ထားတာပါ။

လတ္တေလာ ရန္ကုန္တိုင္းအတြင္း ကိုဗစ္ကူးစက္မႈ တစစ တိုးလာေနတဲ့ အေျခအေနေၾကာင့္ ရန္ကုန္ၿမဳိ႕ကို ခရီးသြားၿပီး ျပန္လာသူေတြ မျဖစ္မေန ကြာရမ္တင္းဝင္ရမယ္လို႔ မြန္ျပည္နယ္တြင္း သတ္မွတ္ထားတဲ့အတြက္ အဲဒီထဲမွာ ျမန္မာႏိုင္ငံကို ေခတၱျပန္လာတဲ့ အေမရိကန္ႏုိင္ငံ အင္ဒီယားနားျပည္နယ္မွာ အေျခခ်ေနထိုင္သူ ကုိဝင္းေရႊဟာလည္း ေပါင္ၿမဳိ႕မွာ ကြာရမ္တင္း ဝင္ေနရပါတယ္။

“က်ေနာ္က ရန္ကုန္က ျပန္လာတာဆိုေတာ့ က်ေနာ္ေနတဲ့ ရင္းၿငိမ္ေက်းရြာက အုပ္ခ်ဳပ္ေရးမွဴးကို အေၾကာင္းၾကားလိုက္တာေပ့ါ။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ့္မွာ ေရာဂါပိုးရွိေနခဲ့ရင္ သူမ်ားေတြ ဒုကၡေရာက္မွာ ေၾကာက္လို႔ပါ။ အုပ္ခ်ဳပ္ေရးမွဴးက ေျပာတယ္၊ ခင္ဗ်ား ေပါင္ၿမိဳ႕နယ္ကိုသြားပါတဲ့၊ ခင္ဗ်ား ေပါင္ၿမိဳ႕မွာ ကြာရမ္တင္း ဝင္ရမယ္တဲ့။ အဲဒါေၾကာင့္မို႔ ဒီ ေပါင္ၿမိဳ႕နယ္မွာ က်ေနာ္ အစစ္ေဆးခံတယ္။ ေပါင္အထကေက်ာင္းမွာ ကြာရမ္တင္းဝင္ေနတယ္။ ဒီကိုေရာက္ခ်ိန္မွာ နားကိုစစ္ေဆးတယ္၊ နဖူးကို အဖ်ားတခ်က္တိုင္းတယ္၊ ဒီေလာက္ပဲ။ က်န္တာေတာ့ ဘာမွလုပ္တာ မရွိေသးဘူး။ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာေတာ့ ကြာရမ္တင္း ၁၄ ရက္ ေနရမယ္လို႔ေတာ့ ထုတ္ျပန္ထားတာေပါ့။ ဒီမွာ ကြာရမ္တင္း စဝင္တယ္ဆိုတာနဲ႔ ေငြ ၅၀,၀၀၀ ေပးရတယ္။ ဟိုတုန္းကလို အခမဲ့ေတာ့ မဟုတ္ေတာ့ဘူးေပါ့။ ေငြ ၅၀,၀၀၀ ခ်က္ခ်င္းေပးရတယ္၊ ဒီမွာ စားဖို႔ေသာက္ဖို႔အတြက္ သူတို႔ တာဝန္ယူ လုပ္ေပးတယ္။”

အလားတူ ရန္ကုန္တိုင္း လသာၿမိဳ႕နယ္မွာ ေဆးဝယ္ဖို႔ ေခတၱသြားေရာက္ခဲ့တဲ့ လယ္သမား ဦးဘဲလူး (ေခၚ) ဦးေမာင္ခင္ကလည္း ရန္ကုန္ကေန ေပါင္ၿမိဳ႕ကို ျပန္ေရာက္လာခ်ိန္မွာ ကြာရမ္တင္း ဝင္ရမယ္လို႔ ႐ုတ္တရက္ အမိန္႔ထုတ္ထားတာေၾကာင့္ မိသားစု စားဝတ္ေနေရး ေန႔စဥ္ဘဝအတြက္ အဆင္မေျပ ျဖစ္သြားရတယ္လို႔ ဆိုပါတယ္။

“စက္တင္ဘာ ၂ ရက္ေန႔ ဒီကေန ရန္ကုန္တက္သြားတယ္၊ ၇ ရက္ေန႔ ျပန္လာတယ္။ ျပန္လာေတာ့ ဒီမွာ စက္တင္ဘာ ၆ ရက္ထဲက ကြာရမ္တင္း စေနၿပီဆိုေတာ့ ရြာကို ေပးမျပန္ေတာ့ဘူး။ က်ေနာ္ ဒီကထြက္သြားတုန္းက ကြာရမ္တင္းဆိုတာ မရွိေသးဘူး။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံစာယူၿပီး သြားလိုက္တာပဲေလ။ ဟိုကျပန္လာေတာ့ ကြာရမ္တင္း စေနၿပီတဲ့၊ ျပန္လို႔မရေတာ့ဘူးဆိုၿပီး ကြာရမ္တင္းထဲ ထည့္ထားလိုက္တယ္။ က်ေနာ့္မွာ ဘာေရာဂါမွမရွိဘူး၊ ဖ်ားတာလည္းမရွိ ဘာမွလည္းမရွိဘူး။ ၂၁ ရက္ ကြာရမ္တင္း ဆိုရင္ေတာ့ က်ေနာ့္မွာ လယ္သမားအလုပ္ေတြလည္း ရွိေနတယ္။ ကိုယ္ပိုင္လုပ္ငန္းကလည္း ရွိေသးတယ္၊ အိမ္အလုပ္လည္း ပ်က္တယ္။ က်န္းမာေရးလည္း ဘာမွမျဖစ္ဘဲနဲ႔ မရွိတဲ့ေရာဂါကို ပိုက္ဆံေပးၿပီး ထိုင္ေစာင့္သလုိ ျဖစ္ေနတယ္။ အိမ္လည္းမျပန္ရဘူး၊ အလုပ္ေတြလည္း ပ်က္တယ္။”

မြန္ျပည္နယ္တြင္း ကိုဗစ္ကူးစက္ထားသူေတြထဲမွာ ကမာဝက္ၿမိဳ႕နယ္ ရဲစခန္းက ရဲတပ္ၾကပ္ႀကီးတဦးလည္း ပါဝင္ၿပီး သူနဲ႔ ထိေတြ႔ ဆက္စပ္ထားသူေတြကို သီးျခားခဲြထား ေစာင့္ၾကည့္ၿပီး ကြာရမ္တင္း လုပ္ခိုင္းထားတယ္လို႔ သိရပါတယ္။

အခုခ်ိန္ထိ မြန္ျပည္နယ္တြင္း COVID-19 ကူးစက္ထားသူေပါင္း အေယာက္ ၅၀ ေက်ာ္ရွိေနၿပီး အမ်ားစုဟာ ေမာ္လၿမိဳင္ၿမိဳ႕ခံေတြ ျဖစ္သလို ရန္ကုန္ကို ခရီးသြားခဲ့သူေတြ ျဖစ္ပါတယ္။ စက္တင္ဘာ ၁၂ ရက္ စေနည ၈ နာရီ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာတႏို္င္ငံလုံးမွာ ကိုဗစ္အတည္ျပဳလူနာသစ္ အေယာက္ ၁၅၀ ရွိၿပီး ခုခ်ိန္ထိ ပိုးကူးစက္ထားသူေပါင္း ၂,၆၀၀ နီးပါး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ကိုဗစ်ကြောင့် သေဆုံးမှုနဲ့ ကူးစက်သူ တိုးလာတာကြောင့် မော်လမြိုင်မြို့ အဝင်အထွက် ပိတ်ပင်

COVID-19 ကူးစက်မှုကြောင့် မွန်ပြည်နယ်မှာ သေဆုံးသူရှိလာပြီး ပိုးကူးစက်သူတွေ တိုးလာတဲ့အတွက် မွန်ပြည်နယ်တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အဝင်အထွက် ယာယီပိတ်ပင်လိုက်သလို အထူးသဖြင့် ရန်ကုန်ပြန်တွေကို မဖြစ်မနေ ကွာရမ်တင်း ဝင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၂ ရက် စနေနေ့ တရက်တည်းမှာတင် ကိုဗစ် အတည်ပြုလူနာသစ် နောက်ထပ် ၄ ဦး တိုးလာတာပါ။ အဲဒီထဲက ၂ ဦးဟာ ရန်ကုန် ခရီးသွားရာဇဝင် ရှိသူတွေ ဖြစ်ပါတယ်။

အခုလို ပိုးကူးစက်သူတွေထဲက ဒီရက်ပိုင်းထဲ ရန်ကုန်ကပြန်လာတဲ့ အသက်ကြီးပိုင်း အမျိုးသားတဦး ကိုဗစ်ကြောင့် သေဆုံးသွားတာကြောင့်ရော မွန်ပြည်နယ်တွင်း ရောဂါပိုးကူးစက်သူ လူဦးရေ တိုးလာတာကြောင့်ပါ မော်လမြိုင်မြို့ အဝင်အထွက်ကို အသွားအလာ ယာယီ ကန့်သတ်ထားလိုက်ပြီလို့ ကိုဗစ်လူနာတွေကိစ္စ ကူညီဆောင်ရွက်ပေးနေတဲ့ မော်လမြိုင်က ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကိုဘိုဝင်းက ဗွီအိုအေကို ပြောပါတယ်။

“အသက် ၆၅ နှစ်အရွယ်ရှိတဲ့ ဦးလေးကြီးတယောက် ဆုံးသွားတာပါ။ ရန်ကုန်မှာ အသုဘပို့ပြီး ပြန်လာပြီးတော့မှ ကူးစက်တယ်လို့ ကြားရတယ်ဗျ။ သူ့မှာ ဆီးချိုရောဂါအခံ ရှိနေတဲ့အခါကျတော့ ရောဂါပိုးဝင်နေတာကို မသိဘဲနဲ့ ဒီတိုင်းပဲ အပြင်မှာ လိုက်ကုနေတော့ နောက်ဆုံး အခြေအနေ မကောင်းတော့မှ ဆေးရုံကို ရောက်လာပြီးချိန်မှာ သေဆုံးသွားတာပေါ့။ နောက် သူ့မိန်းမကလည်း စစ်ဆေးကြည့်တဲ့အခါကျတော့ သူလည်းပဲ COVID-19 ကူးစက်ထားတာကို တွေ့ရှိရတယ်။ ကျနော်တို့ မော်လမြိုင်မှာ ကိုဗစ်နဲ့ပတ်သက်လို့ ကူးစက်မှုက တော်တော်လေး များလာပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ဒါပေမယ့် အခုက မြို့အဝင်အထွက် အားလုံးကို ရန်ကုန်နဲ့ရော အခြားမြို့တွေနဲ့ပါ ပိတ်လိုက်ပြီဆိုတော့ လက်ရှိ ပိုးကူးထားတဲ့လူတွေနဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေထဲကပဲ ပိုးထပ်တွေ့ဖို့ ရှိတယ်။ ပြည်နယ်အစိုးရက ထိန်းချုပ်ထားပြီဆိုတော့ မကြာမီအချိန်တွင်း ထိန်းချုပ်နိုင်မယ့် အနေအထား ရောက်လာမယ်လို့တော့ မှန်းထားပါတယ်။”

ကိုဗစ်ကြောင့် မွန်ပြည်နယ်တွင်း သေဆုံးသူနဲ့ ပိုးတွေ့သူ တိုးလာတဲ့အတွက် ပြည်နယ်တွင်း ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းအားလုံးရော ရန်ကုန်-မော်လမြိုင် ရထားလိုင်း ခရီးစဉ်တွေကိုပါ စက်တင်ဘာ ၁၁ ရက်နေ့ကစလို့ ယာယီပိတ်ပင်လိုက်ကြောင်း မွန်ပြည်နယ်အစိုးရက ကြေညာထားပါတယ်။ ဒါပေမယ့် ကုန်စည်စီးဆင်းမှု ရှိစေဖို့အတွက် ယာဉ်မောင်းနဲ့ နောက်လိုက် ၂ ဦးသာပါတဲ့ ကုန်ကားတွေကို ဝင်ခွင့်ပေးပေမယ့် သတ်မှတ်နေရာမှာသာ ရပ်နားဖို့ အမိန့်ထုတ်ထားတာပါ။

လတ်တလော ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကူးစက်မှု တစစ တိုးလာနေတဲ့ အခြေအနေကြောင့် ရန်ကုန်မြို့ကို ခရီးသွားပြီး ပြန်လာသူတွေ မဖြစ်မနေ ကွာရမ်တင်းဝင်ရမယ်လို့ မွန်ပြည်နယ်တွင်း သတ်မှတ်ထားတဲ့အတွက် အဲဒီထဲမှာ မြန်မာနိုင်ငံကို ခေတ္တပြန်လာတဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ အခြေချနေထိုင်သူ ကိုဝင်းရွှေဟာလည်း ပေါင်မြို့မှာ ကွာရမ်တင်း ဝင်နေရပါတယ်။

“ကျနော်က ရန်ကုန်က ပြန်လာတာဆိုတော့ ကျနော်နေတဲ့ ရင်းငြိမ်ကျေးရွာက အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တာပေ့ါ။ ဘာကြောင့်လဲဆိုတော့ ကျနော့်မှာ ရောဂါပိုးရှိနေခဲ့ရင် သူများတွေ ဒုက္ခရောက်မှာ ကြောက်လို့ပါ။ အုပ်ချုပ်ရေးမှူးက ပြောတယ်၊ ခင်ဗျား ပေါင်မြို့နယ်ကိုသွားပါတဲ့၊ ခင်ဗျား ပေါင်မြို့မှာ ကွာရမ်တင်း ဝင်ရမယ်တဲ့။ အဲဒါကြောင့်မို့ ဒီ ပေါင်မြို့နယ်မှာ ကျနော် အစစ်ဆေးခံတယ်။ ပေါင်အထကကျောင်းမှာ ကွာရမ်တင်းဝင်နေတယ်။ ဒီကိုရောက်ချိန်မှာ နားကိုစစ်ဆေးတယ်၊ နဖူးကို အဖျားတချက်တိုင်းတယ်၊ ဒီလောက်ပဲ။ ကျန်တာတော့ ဘာမှလုပ်တာ မရှိသေးဘူး။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတော့ ကွာရမ်တင်း ၁၄ ရက် နေရမယ်လို့တော့ ထုတ်ပြန်ထားတာပေါ့။ ဒီမှာ ကွာရမ်တင်း စဝင်တယ်ဆိုတာနဲ့ ငွေ ၅၀,၀၀၀ ပေးရတယ်။ ဟိုတုန်းကလို အခမဲ့တော့ မဟုတ်တော့ဘူးပေါ့။ ငွေ ၅၀,၀၀၀ ချက်ချင်းပေးရတယ်၊ ဒီမှာ စားဖို့သောက်ဖို့အတွက် သူတို့ တာဝန်ယူ လုပ်ပေးတယ်။”

အလားတူ ရန်ကုန်တိုင်း လသာမြို့နယ်မှာ ဆေးဝယ်ဖို့ ခေတ္တသွားရောက်ခဲ့တဲ့ လယ်သမား ဦးဘဲလူး (ခေါ်) ဦးမောင်ခင်ကလည်း ရန်ကုန်ကနေ ပေါင်မြို့ကို ပြန်ရောက်လာချိန်မှာ ကွာရမ်တင်း ဝင်ရမယ်လို့ ရုတ်တရက် အမိန့်ထုတ်ထားတာကြောင့် မိသားစု စားဝတ်နေရေး နေ့စဉ်ဘဝအတွက် အဆင်မပြေ ဖြစ်သွားရတယ်လို့ ဆိုပါတယ်။

“စက်တင်ဘာ ၂ ရက်နေ့ ဒီကနေ ရန်ကုန်တက်သွားတယ်၊ ၇ ရက်နေ့ ပြန်လာတယ်။ ပြန်လာတော့ ဒီမှာ စက်တင်ဘာ ၆ ရက်ထဲက ကွာရမ်တင်း စနေပြီဆိုတော့ ရွာကို ပေးမပြန်တော့ဘူး။ ကျနော် ဒီကထွက်သွားတုန်းက ကွာရမ်တင်းဆိုတာ မရှိသေးဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာယူပြီး သွားလိုက်တာပဲလေ။ ဟိုကပြန်လာတော့ ကွာရမ်တင်း စနေပြီတဲ့၊ ပြန်လို့မရတော့ဘူးဆိုပြီး ကွာရမ်တင်းထဲ ထည့်ထားလိုက်တယ်။ ကျနော့်မှာ ဘာရောဂါမှမရှိဘူး၊ ဖျားတာလည်းမရှိ ဘာမှလည်းမရှိဘူး။ ၂၁ ရက် ကွာရမ်တင်း ဆိုရင်တော့ ကျနော့်မှာ လယ်သမားအလုပ်တွေလည်း ရှိနေတယ်။ ကိုယ်ပိုင်လုပ်ငန်းကလည်း ရှိသေးတယ်၊ အိမ်အလုပ်လည်း ပျက်တယ်။ ကျန်းမာရေးလည်း ဘာမှမဖြစ်ဘဲနဲ့ မရှိတဲ့ရောဂါကို ပိုက်ဆံပေးပြီး ထိုင်စောင့်သလို ဖြစ်နေတယ်။ အိမ်လည်းမပြန်ရဘူး၊ အလုပ်တွေလည်း ပျက်တယ်။”

မွန်ပြည်နယ်တွင်း ကိုဗစ်ကူးစက်ထားသူတွေထဲမှာ ကမာဝက်မြို့နယ် ရဲစခန်းက ရဲတပ်ကြပ်ကြီးတဦးလည်း ပါဝင်ပြီး သူနဲ့ ထိတွေ့ ဆက်စပ်ထားသူတွေကို သီးခြားခွဲထား စောင့်ကြည့်ပြီး ကွာရမ်တင်း လုပ်ခိုင်းထားတယ်လို့ သိရပါတယ်။

အခုချိန်ထိ မွန်ပြည်နယ်တွင်း COVID-19 ကူးစက်ထားသူပေါင်း အယောက် ၅၀ ကျော်ရှိနေပြီး အများစုဟာ မော်လမြိုင်မြို့ခံတွေ ဖြစ်သလို ရန်ကုန်ကို ခရီးသွားခဲ့သူတွေ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၂ ရက် စနေည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာသစ် အယောက် ၁၅၀ ရှိပြီး ခုချိန်ထိ ပိုးကူးစက်ထားသူပေါင်း ၂,၆၀၀ နီးပါး ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG