(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္မႈေတြ တိုးလာေနတာနဲ႔အမွ် တဖက္မွာ ေန႔စဥ္ စားဝတ္ေနေရးအတြက္ လႈပ္ရွား႐ုန္းကန္ေနရတဲ့ၾကားကပဲ ကိုဗစ္ကာကြယ္ေရးဆုိင္ရာ လိုက္နာေဆာင္ရြက္မႈ ေပါ့ေလ်ာ့သူေတ ြေၾကာင့္ ရခုိင္ျပည္နယ္၊ မြန္ျပည္နယ္နဲ႔ မႏၱေလးတုိင္းက ေဒခံေတြၾကား စုိးရိမ္မႈ တိုးလာတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပ ထားပါတယ္ ။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေသာၾကာေန႔ည (၈)နာရီ သတင္းထုတ္ျပန္ခ်က္အရ ရန္ကုန္ ၊ မႏၱေလးနဲ႔ ေမာ္လၿမဳိင္ ၿမဳိ႕ေတြက ဓါတ္ခဲြ နမူနာ (၂၅၀၀) နီးပါးကို စစ္ေဆးခဲ့ရာမွာ ကိုဗစ္ပိုးေတြ႕ရွိသူ လူနာသစ္ (၁၅၇)ဦး တိုးလာတာပါ။
ျပည္တြင္းကအခ်င္းခ်င္း ကူးစက္မႈေတြ ခပ္မ်ားမ်ား စေတြ႔ခဲ့ရတဲ့ ရခုိင္ျပည္နယ္မွာေတာ့ စစ္ေတြနဲ႔ ေက်ာက္ျဖဴဟာ ကူးစက္မႈ ျမင့္မားေနဆဲျဖစ္ၿပီး လူတခ်ဳိ႕ရဲ႕ ကိုဗစ္ဆုိင္ရာ လိုက္နာရမယ့္စည္းကမ္းေပါ့ေလ်ာ့မႈေၾကာင့္ စိုးရိမ္စရာ အေျခအေနေတြ ရွိေနတယ္လို႔ ရခုိင္တုိင္းရင္းသားမ်ဳိးႏြယ္မ်ား အစည္းအ႐ုံး REC အတြင္းေရးမႉး စစ္ေတြၿမဳိ႕ခံ ကုိေဇာ္ေဇာ္ထြန္းက ေျပာပါတယ္ ။
“ လူထုထဲမွာေတာ့ ပိုးကူးစက္မႈေတ ြ ေလ်ာ့က် မသ ြားေသးတဲ့အေပၚမွာ စုိးရိမ္စိတ္က ရွိေနတုန္းပါပဲ။ Lockdown ခ်တဲ့အေနအထား၊ Stay Home လုပ္တဲ့ အေနအထားေတြက က်ေတာ့ တျဖည္းျဖည္း အနည္းငယ္ နည္းလာၿပီးေတာ့မွ လူေတြရဲ႕ သြားလာမႈက တျဖည္းျဖည္း ပိုမ်ားလာပါတယ္ဗ်။ တဖက္မွာ အေျခခံလူတန္းစားေတြက မလႊဲသာမေရွာင္သာေပါ့ေလ အျပင္ကိုထြက္ၿပီးေတာ့မွ အလုပ္လုပ္ရတဲ့ အေျခအေနမွာ ရွိပါတယ္။ အခုဆို လမ္းေပၚမွာ လူပိုမ်ားလာေနပါၿပီ။ ၿပီးလို႔ရွိရင္ ႏွာေခါင္းစည္း Mask တပ္တဲ့ဟာလည္း နည္းလာတာ ေတြ႔ရတယ္။ စည္းကမ္း ေလ်ာ့ရဲတယ္လို႔ ေျပာလို႔ရပါတယ္။ တခ်ဳိ႕လည္း ေပါ့တိေပ့ါဆ ေနလာၾကတဲ့သူေတြ ေတြ႔ေနရပါတယ္ဗ်။”
မႏၱေလးတုိင္းဟာ ကုိဗစ္ကာလ အေစာပိုင္းမွာတုန္းက တင္းၾကပ္စ ြာ ကုိင္တြယ္ခဲ့ၿပီး ကန္႔သတ္ တားဆီးမႈေတြ ေျဖေလ်ာ့ခဲ့ၿပီးေနာက္ပုိင္း ၿပီးခဲ့တဲ့ ရက္ပိုင္းကစလို႔ ကူးစက္မႈ တေၾကာ့ျပန္ တုိးလာတဲ့အတြက္ ကူးစက္မႈအရမ္းမ်ားေနတဲ့ ရခုိင္ျပည္နယ္ ၊ ရန္ကုန္တိုင္းနဲ႔ မႏၱေလးအၾကား အသြားအလာ ၿမဳိ႕အဝင္အထြက္ လမ္းေၾကာင္းေတြကို ျပန္လည္ ၾကပ္မတ္လာတယ္လို႔ မႏၱေလးတိုင္း ေအာင္ေျမသာဇံၿမဳိ႕နယ္က ေက်ာင္းဆရာ ဦးညြန္႔လ ြင္က ေျပာပါတယ္။
" ရန္ကုန္ကေန မႏၱေလးကိုလာတဲ့ကားေတြ အဝင္မခံေတာ့ဘူး။ အထြက္လည္း မရွိဘူးေပါ့။ ရခုိင္ဘက္က ဝင္လာတာမ်ဳိးဆိုလည္း အဝင္မခံေတာ့ဘူးဗ်။ ဒီေန႔ကစၿပီး နယ္ထ ြက္မယ့္ လုိင္းကားေတြေတာင္ မေျပးၾကေတာ့ဘူးေပါ့ေနာ္ .. မထြက္ရဘူး ေျပာထားေတာ့။ မႏၱေလးမွာရွိတဲ့ ကားႀကီးက ြင္း ၅ က ြင္းရွိတာလည္း ပိတ္ထားတယ္ဗ်။ ဒါေပမဲ့ ကုန္ကားႀကီးေတြကိုေတာ့ ဝင္ခြင့္ေပးမယ္ ၾကားတယ္။ အဲလို ဝင္ခြင့္ေပးတဲ့အခါမွာ ကားေပၚပါလာတဲ့ ဒ႐ိုင္ဘာကို ဆင္းခိုင္းၿပီးေတာ့ မႏၱေလးၿမဳိ႕ခံက ကားကိုတက္ေမာင္းေပးမယ္ ၊ လိုအပ္တဲ့ေနရာမွာ ခ်ေပးမယ္ ၿပီးရင္ ကားႀကီးကို နဂိုျမဳိ႕အဝင္ေနရာကို ျပန္ေမာင္းပို႔ေပးမယ္ေပါ့ေနာ္။ ကုန္စည္စီးဆင္းေအာင္ေပါ့။ ကုန္စည္စီးဆင္းမႈရွိရင္ ဆန္ေစ်း ဆီးေစ်း မတက္ေတာ့ဘူးေပါ့။ "
မႏၱေလးတုိင္း အစုိးရရဲ႕ ၾကာသပေတးေန႔ တရားဝင္ ထုတ္ျပန္ခ်က္အရ ျမန္မာႏို္င္ငံတြင္း ေနအိမ္မွာပဲ ေနေရး Stay at Home အစီအစဥ္ သတ္မွတ္ခံထားရတဲ့ ၿမဳိ့နယ္က လာေရာက္သူေတြ၊ အဲဒီၿမဳိ႕နယ္ေတြကို သြားေရာက္ၿပီး မႏၱေလးကို ျပန္ဝင္လာသူေတြဟာ ေဒသအာဏာပိုင္ေတြက စိစစ္ၿပီးမွသာ ၿမဳိ႕ထဲျပန္ဝင္ခြင့္ေပးမွာ ျဖစ္တယ္လို႔ အမိန္႔ထုတ္ထားပါတယ္။ လိုအပ္ရင္ ကြာရမ္တင္း(၁၄)ရက္နဲ႔ ေနအိမ္မွာ သီးျခား(၇)ရက္ ေနရမယ္လို႔ ျပဌာန္းထားပါတယ္။
မြန္ျပည္နယ္မွာေတာ့ ကုိဗစ္ေၾကာင့္ ၁ ဦးေသဆုံးခဲ့ၿပီး ကူးစက္ခံရသူ (၄၀)နီးပါးရွိလာတဲ့အထဲ အမ်ားစုက ေမာ္လၿမဳိင္ၿမဳိ႕က ျဖစ္ပါတယ္။ ကိုဗစ္ကူးစက္မႈ တိုးလာတာအတြက္ လူေတြၾကား စုိးရိမ္စိတ္ မ်ားလာတယ္လို႔ ေမာ္လၿမဳိင္ၿမိဳ႕သူ ေဒၚမိမိလတ္က ရွင္းျပပါတယ္။
" စုိးရိမ္မႈက အရင္တုန္းကဆုိ ၂၀% ေလာက္ပဲ ရွိခဲ့ေပမဲ့ အခုေတာ့ ၅၀% ေလာက္ ရွိလာၿပီေပါ့ေနာ္။ ကူးစက္သူ နည္းနည္း မ်ားလာတယ္ဆိုေတာ့ေလ။ ေစ်းေတြဘာေတြ မထ ြက္ရဘူးဆိုေတာ့ စီးပြားေရးလည္း နည္းနည္း တုန္လႈပ္လာၾကတာေပါ့ ။ ဒီေန႔ကစၿပီး ရထား မေျပးေတာ့ဘူး ေျပာပါတယ္။ ကားဝင္းေတြမွာ လူနည္းနည္း ေျခာက္ကပ္ေနတုန္းပဲ။ အေဝးေျပးကား express ေတြ ေျပးဆဲြတဲ့ အေရတြက္ နည္းသ ြားတယ္။ ေမာ္လၿမဳိင္မွာ ရခုိင္က ျပန္လာသူ နည္းတယ္။ အဲဒီ ရန္ကုန္က ျပန္လာၾကတဲ့ လူနာေတြေၾကာင့္ပဲ ဒီမွာ ကူးစက္တာ ရွိေနေသးတယ္ေပါ့။"
အခုလို ကိုဗစ္ကူးစက္သူ မ်ားျပားလာတာေၾကာင့္ ရန္ကုန္တုိင္း အတြင္းမွာ ေဖါင္ႀကီးသင္တန္းေက်ာင္း၊ ျမန္မာႏိုင္ငံ ေဘာလုံးအကယ္ဒမီေက်ာင္းနဲ႔ တကၠသိုလ္မ်ားေဆး႐ုံေတြကို ယာယီ လူနာေဆာင္ေတြအျဖစ္ တုိးခ်ဲ႕သ ြားဖို႔၊ ကိုဗစ္ေရာဂါလကၡဏာ သံသယရွိလူနာေတြကို ႐ုိးမအိမ္ယာေတြမွာ ယာယီထားရွိႏိုင္ဖို႔နဲ႔ ကုိဗစ္လူနာေတြ ကုသေပးေနတဲ့ ေဆးပညာရွင္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြ သီးသန္႔ ေနထိုင္ႏိုင္ဖို႔ ေနရာေတြကို က်န္းမာေရးဝန္ႀကီးဌာနက စီစဥ္ေနေၾကာင္း သိရပါတယ္။
................
(Unicode)
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ တဖက်မှာ နေ့စဉ် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့ကြားကပဲ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု ပေါ့လျော့သူတေ ွကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းက ဒေခံတွေကြား စိုးရိမ်မှု တိုးလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြ ထားပါတယ် ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သောကြာနေ့ည (၈)နာရီ သတင်းထုတ်ပြန်ချက်အရ ရန်ကုန် ၊ မန္တလေးနဲ့ မော်လမြိုင် မြို့တွေက ဓါတ်ခွဲ နမူနာ (၂၅၀၀) နီးပါးကို စစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိသူ လူနာသစ် (၁၅၇)ဦး တိုးလာတာပါ။
ပြည်တွင်းကအချင်းချင်း ကူးစက်မှုတွေ ခပ်များများ စတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်တွေနဲ့ ကျောက်ဖြူဟာ ကူးစက်မှု မြင့်မားနေဆဲဖြစ်ပြီး လူတချို့ရဲ့ ကိုဗစ်ဆိုင်ရာ လိုက်နာရမယ့်စည်းကမ်းပေါ့လျော့မှုကြောင့် စိုးရိမ်စရာ အခြေအနေတွေ ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး စစ်တွေမြို့ခံ ကိုဇော်ဇော်ထွန်းက ပြောပါတယ် ။
“ လူထုထဲမှာတော့ ပိုးကူးစက်မှုတေ ွ လျော့ကျ မသ ွားသေးတဲ့အပေါ်မှာ စိုးရိမ်စိတ်က ရှိနေတုန်းပါပဲ။ Lockdown ချတဲ့အနေအထား၊ Stay Home လုပ်တဲ့ အနေအထားတွေက ကျတော့ တဖြည်းဖြည်း အနည်းငယ် နည်းလာပြီးတော့မှ လူတွေရဲ့ သွားလာမှုက တဖြည်းဖြည်း ပိုများလာပါတယ်ဗျ။ တဖက်မှာ အခြေခံလူတန်းစားတွေက မလွှဲသာမရှောင်သာပေါ့လေ အပြင်ကိုထွက်ပြီးတော့မှ အလုပ်လုပ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အခုဆို လမ်းပေါ်မှာ လူပိုများလာနေပါပြီ။ ပြီးလို့ရှိရင် နှာခေါင်းစည်း Mask တပ်တဲ့ဟာလည်း နည်းလာတာ တွေ့ရတယ်။ စည်းကမ်း လျော့ရဲတယ်လို့ ပြောလို့ရပါတယ်။ တချို့လည်း ပေါ့တိပေ့ါဆ နေလာကြတဲ့သူတွေ တွေ့နေရပါတယ်ဗျ။”
မန္တလေးတိုင်းဟာ ကိုဗစ်ကာလ အစောပိုင်းမှာတုန်းက တင်းကြပ်စ ွာ ကိုင်တွယ်ခဲ့ပြီး ကန့်သတ် တားဆီးမှုတွေ ဖြေလျော့ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ကူးစက်မှု တကြော့ပြန် တိုးလာတဲ့အတွက် ကူးစက်မှုအရမ်းများနေတဲ့ ရခိုင်ပြည်နယ် ၊ ရန်ကုန်တိုင်းနဲ့ မန္တလေးအကြား အသွားအလာ မြို့အဝင်အထွက် လမ်းကြောင်းတွေကို ပြန်လည် ကြပ်မတ်လာတယ်လို့ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်က ကျောင်းဆရာ ဦးညွန့်လ ွင်က ပြောပါတယ်။
" ရန်ကုန်ကနေ မန္တလေးကိုလာတဲ့ကားတွေ အဝင်မခံတော့ဘူး။ အထွက်လည်း မရှိဘူးပေါ့။ ရခိုင်ဘက်က ဝင်လာတာမျိုးဆိုလည်း အဝင်မခံတော့ဘူးဗျ။ ဒီနေ့ကစပြီး နယ်ထ ွက်မယ့် လိုင်းကားတွေတောင် မပြေးကြတော့ဘူးပေါ့နော် .. မထွက်ရဘူး ပြောထားတော့။ မန္တလေးမှာရှိတဲ့ ကားကြီးက ွင်း ၅ က ွင်းရှိတာလည်း ပိတ်ထားတယ်ဗျ။ ဒါပေမဲ့ ကုန်ကားကြီးတွေကိုတော့ ဝင်ခွင့်ပေးမယ် ကြားတယ်။ အဲလို ဝင်ခွင့်ပေးတဲ့အခါမှာ ကားပေါ်ပါလာတဲ့ ဒရိုင်ဘာကို ဆင်းခိုင်းပြီးတော့ မန္တလေးမြို့ခံက ကားကိုတက်မောင်းပေးမယ် ၊ လိုအပ်တဲ့နေရာမှာ ချပေးမယ် ပြီးရင် ကားကြီးကို နဂိုမြို့အဝင်နေရာကို ပြန်မောင်းပို့ပေးမယ်ပေါ့နော်။ ကုန်စည်စီးဆင်းအောင်ပေါ့။ ကုန်စည်စီးဆင်းမှုရှိရင် ဆန်ဈေး ဆီးဈေး မတက်တော့ဘူးပေါ့။ "
မန္တလေးတိုင်း အစိုးရရဲ့ ကြာသပတေးနေ့ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း နေအိမ်မှာပဲ နေရေး Stay at Home အစီအစဉ် သတ်မှတ်ခံထားရတဲ့ မြို့နယ်က လာရောက်သူတွေ၊ အဲဒီမြို့နယ်တွေကို သွားရောက်ပြီး မန္တလေးကို ပြန်ဝင်လာသူတွေဟာ ဒေသအာဏာပိုင်တွေက စိစစ်ပြီးမှသာ မြို့ထဲပြန်ဝင်ခွင့်ပေးမှာ ဖြစ်တယ်လို့ အမိန့်ထုတ်ထားပါတယ်။ လိုအပ်ရင် ကွာရမ်တင်း(၁၄)ရက်နဲ့ နေအိမ်မှာ သီးခြား(၇)ရက် နေရမယ်လို့ ပြဌာန်းထားပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုဗစ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ (၄၀)နီးပါးရှိလာတဲ့အထဲ အများစုက မော်လမြိုင်မြို့က ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှု တိုးလာတာအတွက် လူတွေကြား စိုးရိမ်စိတ် များလာတယ်လို့ မော်လမြိုင်မြို့သူ ဒေါ်မိမိလတ်က ရှင်းပြပါတယ်။
" စိုးရိမ်မှုက အရင်တုန်းကဆို ၂၀% လောက်ပဲ ရှိခဲ့ပေမဲ့ အခုတော့ ၅၀% လောက် ရှိလာပြီပေါ့နော်။ ကူးစက်သူ နည်းနည်း များလာတယ်ဆိုတော့လေ။ ဈေးတွေဘာတွေ မထ ွက်ရဘူးဆိုတော့ စီးပွားရေးလည်း နည်းနည်း တုန်လှုပ်လာကြတာပေါ့ ။ ဒီနေ့ကစပြီး ရထား မပြေးတော့ဘူး ပြောပါတယ်။ ကားဝင်းတွေမှာ လူနည်းနည်း ခြောက်ကပ်နေတုန်းပဲ။ အဝေးပြေးကား express တွေ ပြေးဆွဲတဲ့ အရေတွက် နည်းသ ွားတယ်။ မော်လမြိုင်မှာ ရခိုင်က ပြန်လာသူ နည်းတယ်။ အဲဒီ ရန်ကုန်က ပြန်လာကြတဲ့ လူနာတွေကြောင့်ပဲ ဒီမှာ ကူးစက်တာ ရှိနေသေးတယ်ပေါ့။"
အခုလို ကိုဗစ်ကူးစက်သူ များပြားလာတာကြောင့် ရန်ကုန်တိုင်း အတွင်းမှာ ဖေါင်ကြီးသင်တန်းကျောင်း၊ မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီကျောင်းနဲ့ တက္ကသိုလ်များဆေးရုံတွေကို ယာယီ လူနာဆောင်တွေအဖြစ် တိုးချဲ့သ ွားဖို့၊ ကိုဗစ်ရောဂါလက္ခဏာ သံသယရှိလူနာတွေကို ရိုးမအိမ်ယာတွေမှာ ယာယီထားရှိနိုင်ဖို့နဲ့ ကိုဗစ်လူနာတွေ ကုသပေးနေတဲ့ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ သီးသန့် နေထိုင်နိုင်ဖို့ နေရာတွေကို ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရပါတယ်။