သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကုိဗစ္ကူးစက္သူ ၁၄၂ ဦး ထပ္တိုးၿပီး ၂,၁၅၀ ဦးရွိၿပီ


ေရာဂါပိုးေတြ႕ထားသူေတြနဲ႔ ထိစပ္မႈရွိမရွိ ေျခရာေကာက္ စစ္ေဆးေပးမႈမွာ စစ္ေဆးခံဖို႔ ေစာင့္ဆိုင္းေနၾကသူမ်ားကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါကူးစက္သူ ေနာက္ထပ္ ၁၄၂ ဦး ထပ္တိုးတာေၾကာင့္ စုစုေပါင္း ေရာဂါပိုးကူးစက္သူ ၂,၁၅၀ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္း ၂,၀၄၇ ဦးထဲမွာ ေရာဂါပိုးကူးစက္ထားသူေတြ ထပ္ေတြ႔တာပါ။

အခုကူးစက္သူေတြနဲ႔ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ထပ္ၿပီး ထုတ္ျပန္ေပးသြားမယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ေရာဂါပိုးကူးစက္ထားသူေတြထဲကေန ေသဆံုးသူကေတာ့ ၁၄ ဦးရွိပါတယ္။

ေရာဂါပိုး ကင္းစင္သြားတဲ့အတြက္ ေဆး႐ံုက ဆင္းခြင့္ေပးလိုက္သူ ေနာက္ထပ္ ၇၂ ဦးရွိတာေၾကာင့္ ေဆး႐ံုက ဆင္းခြင့္ေပးထားသူေပါင္း ၆၂၅ ဦး ရွိၿပီျဖစ္ပါတယ္။

ျပည္ပခရီးသြားရာဇဝင္မရွိဘဲ ျပည္တြင္းမွာတင္ COVID-19 ကူးစက္တယ္လုိ႔ ယူဆရသူအေရအတြက္ဟာ ၾသဂုတ္လ ၁၆ ရက္ေန႔ကတည္းက ေန႔စဥ္လို တိုးလာေနတာပါ။

ဒါေၾကာင့္ က်န္းမာေရးဆိုင္ရာ ကိစၥရပ္နဲ႔ တျခားအေရးေပၚ ကိစၥေတြက လြဲလို႔ ျပည္တြင္းမွာ ခရီးမသြားၾကဖို႔၊ မျဖစ္မေန သြားရမယ္ဆိုရင္လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲံ COVID-19 ဆိုင္ရာ အမိန္႔၊ ၫႊန္ၾကားခ်က္ေတြနဲ႔အညီ တိက်စြာ လိုက္နာေဆာင္ရြက္ၾကဖို႔ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီက စက္တင္ဘာလ ၁၀ ရက္ေန႔စြဲနဲ႔ ပန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္မွာ ေနထိုင္သူေတြအေနနဲ႔ စက္တင္ဘာလ ၁၁ ရက္ေန႔ကစၿပီး ေအာက္တိုဘာလ ၁ ရက္ေန႔အထိ တိုင္းေဒသႀကီးျပင္ပကို ခရီးသြားလာတဲ့အေပၚ တင္းၾကပ္စြာ တားျမစ္သြားဖို႔ တိုင္းေဒသႀကီးအစိုးရက စက္တင္ဘာလ ၁၀ ရက္ေန႔စြဲနဲ႔ တာဝန္ရွိသူအသီးသီးထံ အေၾကာင္းၾကားစာ ေပးပို႔ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာ ေနအိမ္မွာေနထိုင္ေရးၫႊန္ၾကားခ်က္ ထုတ္ျပန္ထားတဲ့အတြက္ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွာ ၾကားနာဖို႔နဲ႔ အမိန္႔ခ်ဖို႔ ခ်ိန္းဆိုထားတဲ့ အမႈေတြကို စက္တင္ဘာလ ၁၀ ရက္ေန႔ကစၿပီး ရက္အကန္႔အသတ္မရွိ ေရႊ႕ဆိုင္းထားပါတယ္။

အမႈေတြကို ျပန္ၾကားနာမယ့္ေန႔ရက္နဲ႔ အမိန္႔ခ်မယ့္ေန႔ရက္ေတြကို ထပ္ၿပီးေၾကညာမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ရဲ႕ စက္တင္ဘာလ ၁၀ ရက္ေန႔စြဲနဲ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

[Unicode Version]

မြန်မာ ကိုဗစ်ကူးစက်သူ ၁၄၂ ဦး ထပ်တိုးပြီး ၂,၁၅၀ ဦးရှိပြီ

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူ နောက်ထပ် ၁၄၂ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၂,၁၅၀ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၀၄၇ ဦးထဲမှာ ရောဂါပိုးကူးစက်ထားသူတွေ ထပ်တွေ့တာပါ။

အခုကူးစက်သူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်ပြီး ထုတ်ပြန်ပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရောဂါပိုးကူးစက်ထားသူတွေထဲကနေ သေဆုံးသူကတော့ ၁၄ ဦးရှိပါတယ်။

ရောဂါပိုး ကင်းစင်သွားတဲ့အတွက် ဆေးရုံက ဆင်းခွင့်ပေးလိုက်သူ နောက်ထပ် ၇၂ ဦးရှိတာကြောင့် ဆေးရုံက ဆင်းခွင့်ပေးထားသူပေါင်း ၆၂၅ ဦး ရှိပြီဖြစ်ပါတယ်။

ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းမှာတင် COVID-19 ကူးစက်တယ်လို့ ယူဆရသူအရေအတွက်ဟာ သြဂုတ်လ ၁၆ ရက်နေ့ကတည်းက နေ့စဉ်လို တိုးလာနေတာပါ။

ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်နဲ့ တခြားအရေးပေါ် ကိစ္စတွေက လွဲလို့ ပြည်တွင်းမှာ ခရီးမသွားကြဖို့၊ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲံ COVID-19 ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်တွေနဲ့အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာလ ၁၀ ရက်နေ့စွဲနဲ့ ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၄ မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး အောက်တိုဘာလ ၁ ရက်နေ့အထိ တိုင်းဒေသကြီးပြင်ပကို ခရီးသွားလာတဲ့အပေါ် တင်းကြပ်စွာ တားမြစ်သွားဖို့ တိုင်းဒေသကြီးအစိုးရက စက်တင်ဘာလ ၁၀ ရက်နေ့စွဲနဲ့ တာဝန်ရှိသူအသီးသီးထံ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်မှာ နေအိမ်မှာနေထိုင်ရေးညွှန်ကြားချက် ထုတ်ပြန်ထားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ကြားနာဖို့နဲ့ အမိန့်ချဖို့ ချိန်းဆိုထားတဲ့ အမှုတွေကို စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါတယ်။

အမှုတွေကို ပြန်ကြားနာမယ့်နေ့ရက်နဲ့ အမိန့်ချမယ့်နေ့ရက်တွေကို ထပ်ပြီးကြေညာမယ်လို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG