သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္ ေရႊလီၿမိဳ႕မွာ ကိုဗစ္ကာကြယ္ေရး လံုျခံဳေရးတိုးျမွင့္


ေရႊလီရွိ တ႐ုတ္-ျမန္မာ နယ္စပ္ စစ္ေဆးေရးဂိတ္တခု။ (ေမ ၂၅၊ ၂၀၁၂)

[Zawgyi/Unicode]

ျမန္မာျပည္တြင္း COVID-19 အတည္ျပဳလူနာ ျမန္ျမန္ဆန္ဆန္တိုးလာသလို ေသဆုံးသူေတြ ထပ္ရွိလာတဲ့အခ်ိန္ တ႐ုတ္ဘက္က ျမန္မာနဲ႔ထိစပ္ေနတဲ့ ေ႐ႊလီၿမိဳ႕ထဲမွာ လုံၿခဳံေရးတိုးျမွင့္ထားၿပီး စစ္ေဆးမႈေတြလည္း ပိုၿပီးလုပ္ေဆာင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာ အေရအတြက္ေရာ ေသဆံုးတာပါ တိုးလာေနခ်ိန္ ယူနန္ျပည္နယ္ ေ႐ႊလီၿမိဳ႕ထဲက ျမန္မာအမ်ားစုရွိတဲ့ စက္႐ုံေတြ၊ ရပ္ကြက္ေတြမွာ တ႐ုတ္လုံၿခဳံေရး တာဝန္ရွိသူေတြက ေနထိုင္ခြင့္ အေထာက္အထား ရွိ၊ မရွိ စစ္ေဆးေနတာရွိေၾကာင္း ေ႐ြလီ- က်ယ္ေဂါင္ ပရဟိတအသင္းက ဦးသန္းထြန္းႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

“အသြားအလာေတြေတာ့ နည္းနည္း တင္းၾကပ္တယ္ဗ်၊ ရွမ္း႐ြာေတြ ဘာေတြထဲေလ၊ အခုႏွစ္ရက္ သုံးရက္ေလာက္ရွိၿပီဗ်၊ ၇ ရက္ေန႔ေလာက္က စတာ။ ဒီ႐ြာအဝင္အထြက္ေတြကိုေလ အဲလိုမ်ိဳး ေနရပ္ေထာက္ခံစာေတြ၊ ဘာေတြ အဲလိုမ်ိဳး လိုအပ္တာေပါ့ေလ။ အဲလိုမ်ိဳးေတာ့ တင္းၾကပ္တယ္ဗ်။”

အဓိကေတာ့ တ႐ုတ္ဘက္က ျမန္မာျပည္တြင္း က်န္းမာေရးအေျခအေနေတြေၾကာင့္ နယ္စပ္လုံၿခဳံေရးအတြက္ စိုးရိမ္ေနတာလည္း ျဖစ္ႏိုင္ေၾကာင္း မူဆယ္ၿမိဳ႕က ကုန္သည္တဦးျဖစ္တဲ့ ဦးမင္းသိန္းက ေျပာပါတယ္။

“က်ယ္ေဂါင္တို႔ တ႐ုတ္နယ္စပ္ေတြမွာေတာ့ ေရာဂါပိုး ထပ္ေတြ႕မယ္ဆိုရင္ေတာ့ တင္းတင္းၾကပ္ၾကပ္ ထပ္ၿပီးပိတ္ဆို႔မယ္လို႔ေတာ့ ၾကားတယ္။ အခုေတာ့ မေတြ႕ေသးဘူး၊ လိုက္စစ္ေနတယ္ သူတို႔ထဲမွာ၊ နယ္စပ္ထဲမွာ။ ျမန္မာပါ လိုက္စစ္မွာေပါ့။ တရားမဝင္ေနသူေတြဆို စစ္မယ္။ အခုလည္း ဂိတ္ေတြပိတ္ထားတာကို တရားမဝင္ ခိုးသြားတဲ့သူေတြက မ်ားေနလို႔ ျမန္မာျပည္က။ အဲဒါစိုးရိမ္ၿပီး သူတို႔ နည္းနည္းေလး က်န္းမာေရးအရ တင္းၾကပ္ လိုက္တာေပါ့ေနာ္။”

ျမန္မာျပည္တြင္း COVID-19 အတည္ျပဳလူနာစေတြ႕တဲ့ မတ္လကုန္ေလာက္ကစလို႔ ျမန္မာ- တ႐ုတ္ နယ္စပ္အဝင္အထြက္ စစ္ေဆးၾကပ္မတ္တာကို ႏွစ္ႏိုင္ငံလုံး လုပ္ေဆာင္ခဲ့ေပမဲ့ ဒီရက္ပိုင္း ေ႐ႊလီၿမိဳ႕ထဲစစ္ေဆးမႈေတြ တိုးလာတာကေတာ့ တ႐ုတ္ျပည္ရဲ႕ မူဝါဒနဲ႔သာဆိုင္ေၾကာင္း မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရးက လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

“တ႐ုတ္ကေတာ့ သူ႔ႏိုင္ငံရဲ႕ မူဝါဒအရ သူတို႔စစ္တာပဲ။ မူဝါဒဆိုတာ သူ႔နယ္ေျမအတြင္းမွာ သူလုပ္တယ္ဆိုရင္ေတာ့ က်ေနာ္တို႔လည္း၊ က်ေနာ္တို႔ေတာ့ ဘာမွ အေၾကာင္းၾကားတာ မရွိဘူး။ ဥပမာဆိုရင္ေတာ့ နယ္စပ္ဂိတ္တေလွ်ာက္တို႔၊ ဒီဘက္နဲ႔ ပူးေပါင္းလုပ္ရမယ့္ ကိစၥရပ္ေတြဆိုရင္ေတာ့ သူတို႔ေျပာတာေပါ့။ ခိုးဝင္၊ ခိုးထြက္ေတြကေတာ့ ႏွစ္ႏိုင္ငံလုံးပူးေပါင္းၿပီး လုပ္ေနတာပဲ။”

အခုအခ်ိန္အထိေတာ့ တ႐ုတ္မွာ သြားလုုပ္တဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြၾကားမွာ ကိုဗစ္အတည္ျပဳလူနာ မရွိေသးဘူးလို႔ တ႐ုတ္ျပည္ လုံခြၽမ္ခ႐ိုင္ရဲဌာနမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲမႉးအာကာစိုးက ဗြီအိုေအကို ေျပာပါတယ္။

တ႐ုတ္ယူနန္ျပည္နယ္မွာ COVID-19 အတည္ျပဳလူနာ မေတြ႕ေတာ့တဲ့အခ်ိန္ ျမန္မာဘက္က ေရာဂါထိန္းခ်ဳပ္ႏိုင္မႈ အေျခအေနကို စိုးရိမ္တာေၾကာင့္ တရက္ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၁၂ သန္းေလာက္ရွိတဲ့ မူဆယ္ကုန္သြယ္ေရးဂိတ္ကိုလည္း တ႐ုတ္ဘက္က ဧၿပီလကတည္းက ပိတ္ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုဗစ်ကာကွယ်ရေး လုံခြုံရေးတိုးမြှင့်

မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာ မြန်မြန်ဆန်ဆန်တိုးလာသလို သေဆုံးသူတွေ ထပ်ရှိလာတဲ့အချိန် တရုတ်ဘက်က မြန်မာနဲ့ထိစပ်နေတဲ့ ရွှေလီမြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတွေလည်း ပိုပြီးလုပ်ဆောင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ အရေအတွက်ရော သေဆုံးတာပါ တိုးလာနေချိန် ယူနန်ပြည်နယ် ရွှေလီမြို့ထဲက မြန်မာအများစုရှိတဲ့ စက်ရုံတွေ၊ ရပ်ကွက်တွေမှာ တရုတ်လုံခြုံရေး တာဝန်ရှိသူတွေက နေထိုင်ခွင့် အထောက်အထား ရှိ၊ မရှိ စစ်ဆေးနေတာရှိကြောင်း ရွေလီ- ကျယ်ဂေါင် ပရဟိတအသင်းက ဦးသန်းထွန်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

“အသွားအလာတွေတော့ နည်းနည်း တင်းကြပ်တယ်ဗျ၊ ရှမ်းရွာတွေ ဘာတွေထဲလေ၊ အခုနှစ်ရက် သုံးရက်လောက်ရှိပြီဗျ၊ ၇ ရက်နေ့လောက်က စတာ။ ဒီရွာအဝင်အထွက်တွေကိုလေ အဲလိုမျိုး နေရပ်ထောက်ခံစာတွေ၊ ဘာတွေ အဲလိုမျိုး လိုအပ်တာပေါ့လေ။ အဲလိုမျိုးတော့ တင်းကြပ်တယ်ဗျ။”

အဓိကတော့ တရုတ်ဘက်က မြန်မာပြည်တွင်း ကျန်းမာရေးအခြေအနေတွေကြောင့် နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်နေတာလည်း ဖြစ်နိုင်ကြောင်း မူဆယ်မြို့က ကုန်သည်တဦးဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။

“ကျယ်ဂေါင်တို့ တရုတ်နယ်စပ်တွေမှာတော့ ရောဂါပိုး ထပ်တွေ့မယ်ဆိုရင်တော့ တင်းတင်းကြပ်ကြပ် ထပ်ပြီးပိတ်ဆို့မယ်လို့တော့ ကြားတယ်။ အခုတော့ မတွေ့သေးဘူး၊ လိုက်စစ်နေတယ် သူတို့ထဲမှာ၊ နယ်စပ်ထဲမှာ။ မြန်မာပါ လိုက်စစ်မှာပေါ့။ တရားမဝင်နေသူတွေဆို စစ်မယ်။ အခုလည်း ဂိတ်တွေပိတ်ထားတာကို တရားမဝင် ခိုးသွားတဲ့သူတွေက များနေလို့ မြန်မာပြည်က။ အဲဒါစိုးရိမ်ပြီး သူတို့ နည်းနည်းလေး ကျန်းမာရေးအရ တင်းကြပ် လိုက်တာပေါ့နော်။”

မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာစတွေ့တဲ့ မတ်လကုန်လောက်ကစလို့ မြန်မာ- တရုတ် နယ်စပ်အဝင်အထွက် စစ်ဆေးကြပ်မတ်တာကို နှစ်နိုင်ငံလုံး လုပ်ဆောင်ခဲ့ပေမဲ့ ဒီရက်ပိုင်း ရွှေလီမြို့ထဲစစ်ဆေးမှုတွေ တိုးလာတာကတော့ တရုတ်ပြည်ရဲ့ မူဝါဒနဲ့သာဆိုင်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးက လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောပါတယ်။

“တရုတ်ကတော့ သူ့နိုင်ငံရဲ့ မူဝါဒအရ သူတို့စစ်တာပဲ။ မူဝါဒဆိုတာ သူ့နယ်မြေအတွင်းမှာ သူလုပ်တယ်ဆိုရင်တော့ ကျနော်တို့လည်း၊ ကျနော်တို့တော့ ဘာမှ အကြောင်းကြားတာ မရှိဘူး။ ဥပမာဆိုရင်တော့ နယ်စပ်ဂိတ်တလျှောက်တို့၊ ဒီဘက်နဲ့ ပူးပေါင်းလုပ်ရမယ့် ကိစ္စရပ်တွေဆိုရင်တော့ သူတို့ပြောတာပေါ့။ ခိုးဝင်၊ ခိုးထွက်တွေကတော့ နှစ်နိုင်ငံလုံးပူးပေါင်းပြီး လုပ်နေတာပဲ။”

အခုအချိန်အထိတော့ တရုတ်မှာ သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကြားမှာ ကိုဗစ်အတည်ပြုလူနာ မရှိသေးဘူးလို့ တရုတ်ပြည် လုံချွမ်ခရိုင်ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူးအာကာစိုးက ဗွီအိုအေကို ပြောပါတယ်။

တရုတ်ယူနန်ပြည်နယ်မှာ COVID-19 အတည်ပြုလူနာ မတွေ့တော့တဲ့အချိန် မြန်မာဘက်က ရောဂါထိန်းချုပ်နိုင်မှု အခြေအနေကို စိုးရိမ်တာကြောင့် တရက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ သန်းလောက်ရှိတဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကိုလည်း တရုတ်ဘက်က ဧပြီလကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG