သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ကုသေရး ပုဂၢလိက က်န္းမာေရးဝန္ထမ္းေတြပါေခၚဖို႔ တိုက္တြန္း


ေရာဂါပိုးေတြ႕ထားသူေတြနဲ႔ ထိစပ္မႈရွိမရွိကို ေျခရာေကာက္ စစ္ေဆးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုတြင္ေတြ႔ရ။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံတြင္း ကိုဗစ္ေရာဂါ ကုသေရးလုပ္ငန္းေတြမွာ ပုဂၢလိက က်န္းမာေရးပညာရွင္ေတြရဲ႕ အင္အားကိုပါယူၿပီး အစိုးရ က်န္းမာေရးဝန္ထမ္းေတြနဲ႔အတူ လက္တြဲေဆာင္ရြက္ဖို႔ ပုဂၢလိက က်န္းမာေရးပညာရွင္ေတြက ေတာင္းဆိုၾကပါတယ္။ တႏုိင္ငံလံုးမွာ ကိုဗစ္ကူးစက္မႈ ျမင့္တက္လာေနၿပီး ကုသေရးပိုင္းလုပ္ေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြၾကား ထိခိုက္မႈ မ်ားလာေနတာနဲဲ႔အမ ွ် အခုလို ေတာင္းဆိုၾကတာပါ။ ဒီအေျခအေနအေပၚ အစိုးရဘက္ကလည္း ျပင္ဆင္လာေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပပါမယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လအတြင္းကစၿပီး ကိုဗစ္တေက်ာ့ ျပန္ကူးစက္မႈက တိုးလာသလို ေသဆုံးသူအေရအတြက္ ကလည္း တိုးလာေနပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈ အားနည္းတဲ့ ျမန္မာႏိုင္ငံမွာ တႏိုင္ငံလုံးနီးနီး ပိုးပ်ံ႕ႏွ႔ံလာတာေၾကာင့္ အဓိက ကာကြယ္ကုသေပးေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြမွာ အင္အားနဲ႔ ဝန္မမွ် ကာကြယ္မႈေတြ ေပးေနရတာမို႔ ျပည္သူေတြက ေရွ႕တန္းတိုက္စစ္ ၿပိဳက်လာမွာကို စိုးရိမ္လာတာေတြ ရွိလာပါတယ္။

က်န္းမာေရးဝန္ထမ္းေတြ ထိခိုက္မႈမ်ားလာတာ၊ ေနာက္ၿပီး ပိုးကူးစက္ခံရသူ ပိုမ်ားလာတာမို႔ ေရရွည္မွာ အစိုးရက်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ကာကြယ္ေပးႏိုင္မႈနဲ႔ ခုခံကာကြယ္ေရးပိုင္းအားေလ်ာ့လာႏိုင္တာမို႔ ကုသေရးလုပ္ငန္းစဥ္ေတြမွာ ပုဂၢလိက က်န္းမာေရး ပညာရွင္ေတြပါ ပါဝင္လုပ္ေဆာင္ႏိုင္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနဘက္က စဥ္းစားေပးဖို႔ တိုက္တြန္းလိုက္သူကေတာ့ ျမန္မာႏိုင္ငံဆရာဝန္အသင္းက ေဒါက္တာျမင့္ဦးပါ။

"အခုဆိုရင္ေရွ႕တန္းတိုက္ေနရတဲ့သူေတြ၊ Quarantine မွာ ကူလုပ္ေနရသူေတြ isolation ward မွာ လုပ္ေနရသူေတြက တခုခုဆိုတာနဲ႔ မေတာ္လို႔ အဲထဲမွာ တေယာက္ positive ေတြ႕ရင္အကုန္ Quarantine ေတာ့ ကြၽမ္းက်င္တဲ့သူေတြ ဆုံးရႈံးတာေပါ့။ ပရဟိတသမားေတြလည္း ငါတို႔ ထိရင္ ဒုကၡပဲဆိုၿပီး ေၾကာက္လာတာ။ အစိုးရနဲ႔ ပုဂၢလိက ပူးတြဲမႈ အားနည္းေနတဲ့ ပံုစံေပါ့ေနာ္။ နဂိုထဲကိုက အစိုးရအပိုင္းက ပုဂၢလိက က်န္းမာေရး၀န္ထမ္းေတြအေပၚမွာ ၀န္ထမ္းမဟုတ္ေတာ့ ထိန္းခ်ဳပ္ရခက္တယ္ဆိုတဲ့ အယူအဆကလည္း ရွိေနတယ္။ ပုဂၢလိက ကလည္း မလုပ္ရဲဘူး၊ မကိုင္ရဲဘူး။ ပုဂၢလိကလည္း မကုရဲေတာ့ အကုန္လံုး အစိုးရေဆးရံုဆီပဲ ျပံဳတိုးတာ။ ဒီအားနည္းခ်က္က ကိုဗစ္မွာ အၾကီးအက်ယ္ျပသတာပဲ။ ခုျပတာဘဲ။ ကိုဗစ္မဟုတ္တဲ့ ေသြးတိုးတို႔၊ ဆီးခ်ိဳတိုး၊ ေနာက္ ဒူးဆစ္နာ ဒါေတြအကုန္လံုးမွာ ဒုကၡေတြ ေရာက္ေတာ့တာေပါ့။ ပုဂၢလိက က႑က လူေတြကို ျပန္ၿပီးသံုးဖို႔ လိုၿပီဆိုတာ သူတို႔သိရမယ္။"

လတ္တေလာရန္ကုန္တိုင္းအတြင္း ပိုးကူးစက္မႈ ပိုျမင့္လာတာမို႔ အစိုးရဘက္က ကြာရန္တင္းစင္တာေတြ ထပ္တိုးခ်ဲ႕ဖို႔ လုပ္ေဆာင္ ေနရသလို သီးျခားခြဲထားသူေတြကို ရန္ကုန္က လူမႈေရးအသင္းအဖြဲ႕ေတြ၊ ေစတနာ့ ဝန္ထမ္းေတြ အေနနဲ႔ကူညီဖို႔ အစိုးရဘက္က ဖိတ္ေခၚထားရပါတယ္။

လတ္တေလာ စာရင္းအရ ရန္ကုန္မွာ ကြာရန္တင္းဝင္ေနသူ ဦးေရ ၆,၀၀၀ ေက်ာ္ေလာက္ရွိၿပီး ရခိုင္ျပည္နယ္က ျပန္လာသူ ၁,၀၀၀ အတြက္ ၂ ရက္အတြင္း ေနရာထိုင္ခင္းဖန္တီးေပးထားခဲ့ရခါ ေနာက္ထပ္တိုးလာမယ့္သူေတြ အတြက္ပါ ကြာရန္တင္းစင္တာ အသစ္ ၇ ခု ထပ္ဖြင့္ဖို႔ အတြက္လုပ္ေဆာင္ေနပါတယ္။

တခ်ိန္ထဲမွာပဲ အစိုးရဘက္ကလည္း ကုသေရးလုပ္ငန္းစဥ္ေတြမွာ ပုဂၢလိကက်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ႏိုင္ဖို႔ ျပင္ဆင္မႈေတြ စတင္လုပ္ေဆာင္ေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာ သန္းႏိုင္စိုးက ဗြီအိုေအကို ခုလိုေျပာျပပါတယ္။

"လက္ရွိအေနအထားအရေျပာရရင္ေတာ့ ထိတာေတြေတာ့မွန္တယ္။ အရမ္းၾကီး impact ျဖစ္ေလာက္ေအာင္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ဒါေတြ စဥ္းစားထားပါတယ္။ ေဆာင္႐ြက္ဖို႔ေပၚလစီဆြဲတာလည္း သုံးသပ္ေနပါတယ္။ မၾကာခင္လည္း လုပ္ငန္းေတြ တခုၿပီးတခုေပၚလာဖို႔ရွိပါတယ္။"

ေနရာေတာ္ေတာ္မ်ားမ်ားကူးစက္လာတာမို႔ ေက်းလက္ေတြက ေဆး႐ုံေဆးခန္းေတြနဲ႔ ေက်းလက္ က်န္းမာေရးဌာနခြဲေတြမွာ က်န္းမာေရးဝန္ထမ္းအင္အားေတြ ပိုလိုအပ္လာပါတယ္။ ဝန္ထမ္းလိုအပ္ခ်က္ေတြ အေျမာက္အမ်ား ျဖစ္လာၿပီး က်န္းမာေရးက႑မွာ ဆရာဝန္နဲ႔ သူနာျပဳအပါအဝင္ ဝန္ထမ္းလိုအပ္ခ်က္က ေဆး႐ုံတိုင္းလိုလိုမွာ ရွိေနပါတယ္။ ေဝးလံေခါင္သီတဲ့ တိုင္းရင္းသား ေဒသေတြမွာဆိုရင္ ဒီလိုအပ္ခ်က္က ပိုမ်ားလာပါတယ္။

ႏိုင္ငံတ၀န္းရွိ ေဆး႐ုံေတြမွာ ကိုဗစ္ႏိုင္တင္းလူနာမ်ားကို ကုသဖို႔လုပ္ထုံးလုပ္နည္းေတြ ခ်မွတ္ေပးထားေပမယ့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အဘက္ဘက္မွာ လိုအပ္ခ်က္ရွိတာ၊ အရင္းအျမစ္ရွားပါးတဲ့ အေျခအေနမွာ လုပ္ကိုင္ေနခဲ့ရတဲ့ အစိုးရက်န္းမာေရးစနစ္က ကမာၻ႔အေကာင္းဆုံး က်န္းမာေရးေစာင့္ေရွာက္မႈေတြ ရွိတဲ့ႏိုင္ငံေတြ ႀကဳံရသလို ကိုဗစ္ႏိုင္တင္းေရာဂါ ျပင္းျပင္းထန္ထန္ ႐ိုက္ခတ္လာတဲ့အခါ ၿပိဳလဲသြားတဲ့ အျဖစ္မ်ိဳးႀကဳံရမွာကို ျပည္သူေတြဘက္က ပိုစိုးရိမ္လာၾကပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာ သန္းႏိုင္စိုးကေတာ့ ဒီအေပၚမစိုးရိမ္ၾကဖို႔နဲ႔ အခုလို လူနာေတြထပ္တိုးလာတဲ့အေပၚမွာ ကုသေရးေတြ လုပ္ႏိုင္ဖို႔အတြက္ က်န္းမာေရးဌာန နဲ႔သက္ဆိုင္ရာ တာဝန္ရွိသူေတြ အစီအစဥ္ေရးဆြဲလုပ္ေနတယ္လို႔ဆိုေပမဲ့ အေသးစိတ္ေတာ့ မေျပာပါဘူး။

ဆရာဝန္အသင္းက ေဒါက္တာျမင့္ဦးကေတာ့ ေနာက္ထပ္တိုးလာမယ့္သူေတြ အတြက္ပါ ကြာရန္တင္းစင္တာအသစ္ ေတြ ရွာေဖြဖို႔ထက္ ပုဂၢလိက ေဆး႐ုံေတြနဲ႔ အစိုးရဘက္က ပူးေပါင္းေဆာင္႐ြက္တာမ်ိဳးလုပ္တာက ပိုအက်ိဳးသက္ ေရာက္ေစမယ္လို႔ သူက အႀကံျပဳသြားပါတယ္။

"ပုဂၢလိက က႑က ဆရာေတြကို သူတို႔လို standard ျဖစ္သြားေအာင္ Training ေပးၿပီးေတာ့ အဲ့ဒါဆိုလိုရွိရင္ တႏိုင္ငံလံုးက ပုဂၢလိကေဆးရံုေရာ၊ ေဆးခန္းေရာ အားလံုး level ျဖစ္လာမွာ။ ဒီေဆးခန္းက လူေတြကိုလည္း အားေပးၿပီးေတာ့ ဒီထဲက လူေတြကိုလည္း အလွည့္က် volunteer စနစ္နဲ႔ လုပ္ေပးတာမ်ိဳးေတြ သူတို႔ခြင့္ျပဳမယ္ဆိုရင္ အစိုးရႏိုင္မယ္လို႔ က်ေနာ္ ယူဆပါတယ္။"

အခုခ်ိန္ထိဆိုရင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္သူေပါင္း ၂,၀၀၉ ဦး ရွိသြားၿပီျဖစ္ၿပီး ေသဆုံးသူက ၁၄ ဦးရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ကုသရေး ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေပါခေါ်ဖို့ တိုက်တွန်း

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကုသရေးလုပ်ငန်းတွေမှာ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေရဲ့ အင်အားကိုပါယူပြီး အစိုးရ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေက တောင်းဆိုကြပါတယ်။ တနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေပြီး ကုသရေးပိုင်းလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကြား ထိခိုက်မှု များလာနေတာနဲ့အမ ျှ အခုလို တောင်းဆိုကြတာပါ။ ဒီအခြေအနေအပေါ် အစိုးရဘက်ကလည်း ပြင်ဆင်လာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကစပြီး ကိုဗစ်တကျော့ ပြန်ကူးစက်မှုက တိုးလာသလို သေဆုံးသူအရေအတွက် ကလည်း တိုးလာနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးနီးနီး ပိုးပျံ့နှံ့လာတာကြောင့် အဓိက ကာကွယ်ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ အင်အားနဲ့ ဝန်မမျှ ကာကွယ်မှုတွေ ပေးနေရတာမို့ ပြည်သူတွေက ရှေ့တန်းတိုက်စစ် ပြိုကျလာမှာကို စိုးရိမ်လာတာတွေ ရှိလာပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှုများလာတာ၊ နောက်ပြီး ပိုးကူးစက်ခံရသူ ပိုများလာတာမို့ ရေရှည်မှာ အစိုးရကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ပေးနိုင်မှုနဲ့ ခုခံကာကွယ်ရေးပိုင်းအားလျော့လာနိုင်တာမို့ ကုသရေးလုပ်ငန်းစဉ်တွေမှာ ပုဂ္ဂလိက ကျန်းမာရေး ပညာရှင်တွေပါ ပါဝင်လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က စဉ်းစားပေးဖို့ တိုက်တွန်းလိုက်သူကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒေါက်တာမြင့်ဦးပါ။

"အခုဆိုရင်ရှေ့တန်းတိုက်နေရတဲ့သူတွေ၊ Quarantine မှာ ကူလုပ်နေရသူတွေ isolation ward မှာ လုပ်နေရသူတွေက တခုခုဆိုတာနဲ့ မတော်လို့ အဲထဲမှာ တယောက် positive တွေ့ရင်အကုန် Quarantine တော့ ကျွမ်းကျင်တဲ့သူတွေ ဆုံးရှုံးတာပေါ့။ ပရဟိတသမားတွေလည်း ငါတို့ ထိရင် ဒုက္ခပဲဆိုပြီး ကြောက်လာတာ။ အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲမှု အားနည်းနေတဲ့ ပုံစံပေါ့နော်။ နဂိုထဲကိုက အစိုးရအပိုင်းက ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာ ဝန်ထမ်းမဟုတ်တော့ ထိန်းချုပ်ရခက်တယ်ဆိုတဲ့ အယူအဆကလည်း ရှိနေတယ်။ ပုဂ္ဂလိက ကလည်း မလုပ်ရဲဘူး၊ မကိုင်ရဲဘူး။ ပုဂ္ဂလိကလည်း မကုရဲတော့ အကုန်လုံး အစိုးရဆေးရုံဆီပဲ ပြုံတိုးတာ။ ဒီအားနည်းချက်က ကိုဗစ်မှာ အကြီးအကျယ်ပြသတာပဲ။ ခုပြတာဘဲ။ ကိုဗစ်မဟုတ်တဲ့ သွေးတိုးတို့၊ ဆီးချိုတိုး၊ နောက် ဒူးဆစ်နာ ဒါတွေအကုန်လုံးမှာ ဒုက္ခတွေ ရောက်တော့တာပေါ့။ ပုဂ္ဂလိက ကဏ္ဍက လူတွေကို ပြန်ပြီးသုံးဖို့ လိုပြီဆိုတာ သူတို့သိရမယ်။"

လတ်တလောရန်ကုန်တိုင်းအတွင်း ပိုးကူးစက်မှု ပိုမြင့်လာတာမို့ အစိုးရဘက်က ကွာရန်တင်းစင်တာတွေ ထပ်တိုးချဲ့ဖို့ လုပ်ဆောင် နေရသလို သီးခြားခွဲထားသူတွေကို ရန်ကုန်က လူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာ့ ဝန်ထမ်းတွေ အနေနဲ့ကူညီဖို့ အစိုးရဘက်က ဖိတ်ခေါ်ထားရပါတယ်။

လတ်တလော စာရင်းအရ ရန်ကုန်မှာ ကွာရန်တင်းဝင်နေသူ ဦးရေ ၆,၀၀၀ ကျော်လောက်ရှိပြီး ရခိုင်ပြည်နယ်က ပြန်လာသူ ၁,၀၀၀ အတွက် ၂ ရက်အတွင်း နေရာထိုင်ခင်းဖန်တီးပေးထားခဲ့ရခါ နောက်ထပ်တိုးလာမယ့်သူတွေ အတွက်ပါ ကွာရန်တင်းစင်တာ အသစ် ၇ ခု ထပ်ဖွင့်ဖို့ အတွက်လုပ်ဆောင်နေပါတယ်။

တချိန်ထဲမှာပဲ အစိုးရဘက်ကလည်း ကုသရေးလုပ်ငန်းစဉ်တွေမှာ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သန်းနိုင်စိုးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

"လက်ရှိအနေအထားအရပြောရရင်တော့ ထိတာတွေတော့မှန်တယ်။ အရမ်းကြီး impact ဖြစ်လောက်အောင်တော့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့အနေနဲ့ကတော့ ဒါတွေ စဉ်းစားထားပါတယ်။ ဆောင်ရွက်ဖို့ပေါ်လစီဆွဲတာလည်း သုံးသပ်နေပါတယ်။ မကြာခင်လည်း လုပ်ငန်းတွေ တခုပြီးတခုပေါ်လာဖို့ရှိပါတယ်။"

နေရာတော်တော်များများကူးစက်လာတာမို့ ကျေးလက်တွေက ဆေးရုံဆေးခန်းတွေနဲ့ ကျေးလက် ကျန်းမာရေးဌာနခွဲတွေမှာ ကျန်းမာရေးဝန်ထမ်းအင်အားတွေ ပိုလိုအပ်လာပါတယ်။ ဝန်ထမ်းလိုအပ်ချက်တွေ အမြောက်အများ ဖြစ်လာပြီး ကျန်းမာရေးကဏ္ဍမှာ ဆရာဝန်နဲ့ သူနာပြုအပါအဝင် ဝန်ထမ်းလိုအပ်ချက်က ဆေးရုံတိုင်းလိုလိုမှာ ရှိနေပါတယ်။ ဝေးလံခေါင်သီတဲ့ တိုင်းရင်းသား ဒေသတွေမှာဆိုရင် ဒီလိုအပ်ချက်က ပိုများလာပါတယ်။

နိုင်ငံတဝန်းရှိ ဆေးရုံတွေမှာ ကိုဗစ်နိုင်တင်းလူနာများကို ကုသဖို့လုပ်ထုံးလုပ်နည်းတွေ ချမှတ်ပေးထားပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်မှာ လိုအပ်ချက်ရှိတာ၊ အရင်းအမြစ်ရှားပါးတဲ့ အခြေအနေမှာ လုပ်ကိုင်နေခဲ့ရတဲ့ အစိုးရကျန်းမာရေးစနစ်က ကမ္ဘာ့အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိတဲ့နိုင်ငံတွေ ကြုံရသလို ကိုဗစ်နိုင်တင်းရောဂါ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာတဲ့အခါ ပြိုလဲသွားတဲ့ အဖြစ်မျိုးကြုံရမှာကို ပြည်သူတွေဘက်က ပိုစိုးရိမ်လာကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သန်းနိုင်စိုးကတော့ ဒီအပေါ်မစိုးရိမ်ကြဖို့နဲ့ အခုလို လူနာတွေထပ်တိုးလာတဲ့အပေါ်မှာ ကုသရေးတွေ လုပ်နိုင်ဖို့အတွက် ကျန်းမာရေးဌာန နဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေ အစီအစဉ်ရေးဆွဲလုပ်နေတယ်လို့ဆိုပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။

ဆရာဝန်အသင်းက ဒေါက်တာမြင့်ဦးကတော့ နောက်ထပ်တိုးလာမယ့်သူတွေ အတွက်ပါ ကွာရန်တင်းစင်တာအသစ် တွေ ရှာဖွေဖို့ထက် ပုဂ္ဂလိက ဆေးရုံတွေနဲ့ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်တာမျိုးလုပ်တာက ပိုအကျိုးသက် ရောက်စေမယ်လို့ သူက အကြံပြုသွားပါတယ်။

"ပုဂ္ဂလိက ကဏ္ဍက ဆရာတွေကို သူတို့လို standard ဖြစ်သွားအောင် Training ပေးပြီးတော့ အဲ့ဒါဆိုလိုရှိရင် တနိုင်ငံလုံးက ပုဂ္ဂလိကဆေးရုံရော၊ ဆေးခန်းရော အားလုံး level ဖြစ်လာမှာ။ ဒီဆေးခန်းက လူတွေကိုလည်း အားပေးပြီးတော့ ဒီထဲက လူတွေကိုလည်း အလှည့်ကျ volunteer စနစ်နဲ့ လုပ်ပေးတာမျိုးတွေ သူတို့ခွင့်ပြုမယ်ဆိုရင် အစိုးရနိုင်မယ်လို့ ကျနော် ယူဆပါတယ်။"

အခုချိန်ထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူပေါင်း ၂,၀၀၉ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူက ၁၄ ဦးရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG