သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တုိင္းအတြင္းက ေနာက္ထပ္ ၂၁ ၿမိဳ႕နယ္ အိမ္မွာေနၾကဖုိ႔ အမိန္႔ထုတ္


(Zawgyi/Unicode)

ရန္ကုန္တိုင္းအတြင္း ကိုဗစ္ကူးစက္ခံရသူ ပိုမ်ားလာတဲ့ အေျခအေန ၊ ခရီးသြား ရာဇဝင္လည္းမရွိ ကိုဗစ္ကူးစက္ထားတဲ့ လူနာနဲ႔လည္း ထိေတြ႔ခဲ့ဲျခင္း မရွိပဲ ကူးစက္မႈအသစ္ေတြ တုိးလာေနတာေၾကာင့္ ရန္ကုန္တုိင္းေဒသႀကီး အတြင္းက (၂၁)ၿမဳိ႕နယ္ကို ေနအိမ္မွာပဲေနၾကဖို႔ဆိုတဲ့ Stay at Home အမိန္႔ကို က်န္းမာေရးနဲ႔ အားကစားေရး ဝန္ႀကီးဌာနက စက္တင္ဘာ(၉)ရက္ညပိုင္းမွာ ထုတ္ျပန္လိုက္ပါတယ္။

ေတာင္ဥကၠလာ၊ တာေမြ၊ မရမ္းကုန္း၊ ကမာရြတ္ ၊ စမ္းေခ်ာင္း၊ ဗိုလ္တေထာင္၊ ရန္ကင္း၊ မဂၤလာေတာင္ညြန္႔ ၊ ၾကည့္ျမင္တုိင္၊ ေက်ာက္တံတား၊ ဒဂုံ ၊ အလုံ အစရွိတဲ့ ၿမဳိ႕နယ္ေပါင္း (၂၁)ၿမဳိ႕မွာ Stay at Home အမိန္႔ ထုတ္ျပန္လိုက္တာပါ။ ဒီအမိန္႔ဟာ စက္တင္ဘာ (၁၀)ရက္ မနက္(၈)နာရီက စတင္ သက္ေရာက္မွာ ျဖစ္ပါတယ္။

Stay at Home စည္းကမ္းခ်က္အရ ႐ုံးလုပ္ငန္း၊ စက္႐ုံ အလုပ္႐ုံမွာ တာဝန္က်သူေတြ ၊ မျဖစ္မေန ေစ်းဝယ္ထ ြက္ရမယ့္ သူေတြ ၊ ေဆး႐ုံေဆးခန္း အေရးေပၚသြားရမယ့္ သူေတြကလဲြလို႔ က်န္တဲ့လူေတြ ေနအိမ္ထဲမွာပဲ ေနရမယ္လို႔ သတ္မွတ္ထားပါတယ္။ အျပင္ထြက္တဲ့အခါမွာလည္း ကုိဗစ္က်န္းမာေရး စည္းကမ္းခ်က္အတုိင္း လိုက္နာ ရမယ္လို႔ တိုက္တြန္းထားပါတယ္။ ဒီအမိန္႔ကို လုိက္နာဖို႔ ပ်က္ကြက္သူေတြကို တည္ဆဲဥပေဒအရ အေရးယူ သြားမယ္လို႔လည္း ေဖၚျပထားပါတယ္။

စက္တင္ဘာ (၉)ရက္ ဗုဒၶဟူးေန႔ည (၈)နာရီ သတင္းအရ တုိင္း(၃)တိုင္း နဲ႔ ျပည္နယ္(၂)ခုက ဓါတ္ခဲြ အတည္ျပဳလူနာေပါင္း (၁၂၂၀)ေက်ာ္ကို စစ္ေဆးခဲ့ရာမွာ ကုိဗစ္ပုိး ကူးစက္ထားသူ (၈၂)ဦး ထပ္မံ ေတြ႔ရွိခဲ့ရေၾကာင္း က်န္းမာေရးနဲ႔ အားကစားေရး ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့သတင္းမွာ ေဖၚျပပါတယ္။ (၈၂)ဦးထဲမွာ ရခုိင္ျပည္နယ္က (၄၄)ဦး အမ်ားဆုံးေတြ႔ရၿပီး ၊ ရန္ကုန္တုိင္းက အေယာက္(၃၀)၊ မြန္ျပည္နယ္က (၄)ဦး ၊ မႏၱေလးတုိင္း (၃)ဦးနဲ႔ ဧရာဝတီတိုင္းမွာ (၁)ဦး ေတြ႔ရွိခဲ့ရတာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ညအခ်ိန္ထိ စာရင္းအရ ျမန္မာႏိုင္ငံမွာ ကုိဗစ္ ကူးစက္ခဲ့သူ စုစုေပါင္း (၁၈၈၉)ဦး ရွိၿပီး၊ (၁၂)ဦး ေသဆုံးခဲ့ရၿပီ ျဖစ္ပါတယ္။ ျပန္လည္သက္သာလာသူေပါင္း (၅၅၃)ဦးကို ေဆး႐ုံက ဆင္းခြင့္ ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရန်ကုန်တိုင်းအတွင်းက နောက်ထပ် ၂၁ မြို့နယ် အိမ်မှာနေကြဖို့ အမိန့်ထုတ်
(Unicode)

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ပိုများလာတဲ့ အခြေအနေ ၊ ခရီးသွား ရာဇဝင်လည်းမရှိ ကိုဗစ်ကူးစက်ထားတဲ့ လူနာနဲ့လည်း ထိတွေ့ခဲ့ဲခြင်း မရှိပဲ ကူးစက်မှုအသစ်တွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းက (၂၁)မြို့နယ်ကို နေအိမ်မှာပဲနေကြဖို့ဆိုတဲ့ Stay at Home အမိန့်ကို ကျန်းမာရေးနဲ့ အားကစားရေး ဝန်ကြီးဌာနက စက်တင်ဘာ(၉)ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
တောင်ဥက္ကလာ၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ် ၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့် ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ဒဂုံ ၊ အလုံ အစရှိတဲ့ မြို့နယ်ပေါင်း (၂၁)မြို့မှာ Stay at Home အမိန့် ထုတ်ပြန်လိုက်တာပါ။ ဒီအမိန့်ဟာ စက်တင်ဘာ (၁၀)ရက် မနက်(၈)နာရီက စတင် သက်ရောက်မှာ ဖြစ်ပါတယ်။

Stay at Home စည်းကမ်းချက်အရ ရုံးလုပ်ငန်း၊ စက်ရုံ အလုပ်ရုံမှာ တာဝန်ကျသူတွေ ၊ မဖြစ်မနေ ဈေးဝယ်ထ ွက်ရမယ့် သူတွေ ၊ ဆေးရုံဆေးခန်း အရေးပေါ်သွားရမယ့် သူတွေကလွဲလို့ ကျန်တဲ့လူတွေ နေအိမ်ထဲမှာပဲ နေရမယ်လို့ သတ်မှတ်ထားပါတယ်။ အပြင်ထွက်တဲ့အခါမှာလည်း ကိုဗစ်ကျန်းမာရေး စည်းကမ်းချက်အတိုင်း လိုက်နာ ရမယ်လို့ တိုက်တွန်းထားပါတယ်။ ဒီအမိန့်ကို လိုက်နာဖို့ ပျက်ကွက်သူတွေကို တည်ဆဲဥပဒေအရ အရေးယူ သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။

စက်တင်ဘာ (၉)ရက် ဗုဒ္ဓဟူးနေ့ည (၈)နာရီ သတင်းအရ တိုင်း(၃)တိုင်း နဲ့ ပြည်နယ်(၂)ခုက ဓါတ်ခွဲ အတည်ပြုလူနာပေါင်း (၁၂၂၀)ကျော်ကို စစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုး ကူးစက်ထားသူ (၈၂)ဦး ထပ်မံ တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနဲ့ အားကစားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းမှာ ဖေါ်ပြပါတယ်။ (၈၂)ဦးထဲမှာ ရခိုင်ပြည်နယ်က (၄၄)ဦး အများဆုံးတွေ့ရပြီး ၊ ရန်ကုန်တိုင်းက အယောက်(၃၀)၊ မွန်ပြည်နယ်က (၄)ဦး ၊ မန္တလေးတိုင်း (၃)ဦးနဲ့ ဧရာဝတီတိုင်းမှာ (၁)ဦး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညအချိန်ထိ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခဲ့သူ စုစုပေါင်း (၁၈၈၉)ဦး ရှိပြီး၊ (၁၂)ဦး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူပေါင်း (၅၅၃)ဦးကို ဆေးရုံက ဆင်းခွင့် ပေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG