သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္း၊ ပလက္၀ေဒသ ေရြးေကာက္ပဲြစည္းရံုးေရးခက္ခဲ


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ (ဓာတ္ပံု - Peter Lawilu, CUSF - Paletwa)

[Zawgyi/Unicode]

တႏွစ္ေက်ာ္ၾကာ အင္တာနက္ အပိတ္ခံထားရတဲ့ ခ်င္းျပည္နယ္ ပလက္၀ေဒသမွာ COVID-19 ကပ္ေရာဂါ အကန္႔အသတ္ေတြအျပင္ တိုက္ပဲြေတြလည္းျဖစ္ေနတာေၾကာင့္ မဲဆြယ္စည္းရံုးေရးကိုေတာင္ မလုပ္ႏိုင္တဲ့အေျခအေနေရာက္ေနတယ္လို႔ CNLD ခ်င္းအမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ကိုယ္စားလွယ္ေလာင္း၊ ခ်င္းျပည္နယ္ သစ္ေတာနဲ႔ သတၱဳ၀န္ႀကီးေဟာင္း ဦးေက်ာ္ၿငိမ္းက ဗီြအိုေအကိုေျပာပါတယ္။

ပဋိပကၡေတြျဖစ္ေနတဲ့ ပလက္၀ေဒသမွာ ေရြးေကာက္ပဲြျပဳလုပ္မယ့္အေနအထား၊ မဲဆႏၵရွင္ေတြ မဲေပးႏုိင္ေျခရွိမရွိ၊ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ မဲဆြယ္စည္းရံုးေရး အေျခအေနေတြနဲ႔ ပတ္သက္လို႔ ဦးေက်ာ္ၿငိမ္းကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ ပလက္၀မွာ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းတဦး ရင္ဆိုင္ေနရတဲ့ အေနအထား အရင္ဆံုးေျပာျပပါအံုးရွင့္။

ဦးေက်ာ္ၿငိမ္း။ ။ COVID က တမ်ိဳး၊ တိုက္ပဲြက တမ်ိဳးျဖစ္ေနတယ္။ သို႔ေသာ္လည္းပဲ ခု ေကာ္မရွင္ကလည္းပဲ ျဖစ္ေအာင္ က်င္းပမယ္လို႔ ေျပာတယ္။ က်ေနာ္တို႔ ကိုယ္စားလွယ္ေတြ စည္းရံုးေရးဆင္းတာ အင္မတန္မွ အခက္အခဲ ရွိပါတယ္။ ေရာဂါကိုလည္း ေၾကာက္ရတယ္၊ က်ည္ဆံကိုလည္း ေၾကာက္ရတဲ့ ဘ၀ ျဖစ္ေနပါတယ္။

အင္ၾကင္းႏိုင္။ ။ ေရြးေကာက္ပဲြကိုေတာင္မွ အဲ့ဒီမွာ ရွိတဲ့သူေတြ မဲထြက္ေပးႏိုင္မယ့္ အေနအထားေရာ ရွိပါ့မလားရွင့္။

ဦးေက်ာ္ၿငိမ္း။ ။ အဲဒါလည္းပဲ က်ေနာ္တို႔ ဟိုတခါေတာ့ ေရြးေကာက္ပဲြ ေကာ္မရွင္ကို ေမးပါတယ္။ ေမးေတာ့ က်ေနာ္တို႔ဆီမွာက ေက်းရြာ အုပ္စုေပါင္း ၁၀၂ အုပ္စုရွိတယ္။ မဲစာရင္းတင္တာက အုပ္စုေပါင္းက ၃၀ နဲ႔ တင္ႏိုင္တယ္။ သို႔ေသာ္လည္းပဲ အုပ္စု ၇၂ အုပ္စုက ၿမိဳ႕ေပၚမွာ ေၾကျငာတယ္ ခင္ဗ်။ အဲ့ဒီလို ေၾကျငာေတာ့ ဘာပဲျဖစ္ျဖစ္ လံုျခံဳေရးက အျပည့္အ၀ေပးလို႔ရွိရင္ ေရြးေကာက္ပဲြက်င္းပႏိုင္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုကိုယ္စားလွယ္ေလာင္း တဦးအေနနဲ႔ အခုမဲဆြယ္စည္းရံုးေရးေတြ စႏိုင္ၿပီဆိုရင္ ဘယ္လိုမ်ိဳးစည္းရံုးလႈပ္ရွားမႈေတြ လုပ္မလဲရွင့္။

ဦးေက်ာ္ၿငိမ္း။ ။ က်ေနာ္တို႔က အခု ကိုယ္တိုင္သြားမယ့္ အႏၱရာယ္မ်ားတယ္။ လမ္းခရီးလည္း အႏၱရာယ္မ်ားတယ္။ မ်ားတဲ့အခါက်ေတာ့ က်ေနာ္တို႔က online နဲ႔ စည္းရံုးမယ္လို႔ က်ေနာ္တို႔ မွန္းထားပါတယ္ ခင္ဗ်။ သို႔ေသာ္လည္းပဲ က်ေနာ္တို႔ အခုက အင္တာနက္က ပိတ္ထားတာက တႏွစ္ေက်ာ္ ရွိၿပီ။ ဖြင့္ေပးတယ္လို႔ ေျပာတယ္။ ေျပာေပမဲ့ သံုးလို႔ မရတဲ့ 2G ေလာက္ပဲ ေပးေတာ့... တကယ္လို႔ ေပးလို႔ရွိရင္ 4G ေလာက္ေတာ့ ေပးေပါ့။ အဲဒါေတာ့ က်ေနာ္တို႔ ျဖစ္ေစခ်င္တယ္။ ဒါမွသာ က်ေနာ္တို႔ စည္းရံုးေရးဆင္းလို႔ ရမွာေလ။ ဒါေတာင္မွ က်ေနာ္တို႔က ဖုန္းလိုင္းမမိတဲ့ ေက်းရြာေတြ အမ်ားႀကီးရွိပါေသးတယ္။

အင္ၾကင္းႏိုင္။ ။ အဲဒီမွာ ရွိတဲ့ ေဒသခံေတြကေရာ ေရြးေကာက္ပဲြအေပၚ ယံုၾကည္ခ်က္ေပါ့ေနာ္၊ ေနာက္ ကိုယ္စားလွယ္ေလာင္းေတြအေပၚ သူတို႔ရဲ႕ သေဘာထားအျမင္ေတြေရာ ဘယ္လို ရွိေနလဲ။

ဦးေက်ာ္ၿငိမ္း။ ။ အခုလူေတြကေလ ... က်ေနာ္တို႔ ၾကားရသေလာက္ အရင္တုန္းကေတာ့ လူကို မၾကည့္နဲ႔ ပါတီကိုၾကည့္ၿပီးေတာ့မွ ေရြးတယ္။ အခုက်ေတာ့ ပါတီေရာ၊ လူေရာ ၾကည့္ပါ။ တကယ့္တကယ္ ကိုယ့္ေဒသကို အက်ိဳးျပဳႏိုင္မယ့္ လူကိုပဲ ေရြးပါဆိုတဲ့ ေဒသခံေတြရဲ႕ အာေဘာ္ထြက္လာပါတယ္ခင္ဗ်။ ဒါေၾကာင့္မို႔ ေဒသခံအတြက္ အနစ္နာခံၿပီး လုပ္ေပးတဲ့ ပုဂိၢဳလ္သည္ ေအာင္ႏိုင္ေရးအတြက္ အလားလာရွိတယ္လို႔ က်ေနာ္သံုးသပ္ပါတယ္ ခင္ဗ်။

အင္ၾကင္းႏိုင္။ ။ အခုေရြးေကာက္ပဲြကိုေရာ ေဒသခံ ျပည္သူေတြ စိတ္၀င္စားမႈ ရွိလားရွင့္။

ဦးေက်ာ္ၿငိမ္း။ ။ အဲဒါကေတာ့ စိတ္၀င္စားမႈနည္းတာေပါ့။ သူတို႔က အဓိကကေတာ့ တိုက္ပဲြ ေရွာင္ရတာ တမ်ိဳး၊ ၀မ္းစာဖူလံုမႈက မရွိ၊ ႏိုင္ငံေတာ္က ပံ့ပိုးတာလည္းပဲ တိုက္ပဲြေရွာင္ေတာ့ ခိုလံႈရာရတယ္။ တိုက္ပဲြေရွာင္ရင္း ေဒသမွာ ပိတ္မိတဲ့လူေတြက ေတာင္ယာလုပ္ငန္းေတြ မလုပ္ရ၊ ကိုယ့္မွာရွိတဲ့ ကုန္ေတြကိုလည္း ေရာင္းဝယ္လို႔လည္းမရဆိုေတာ့ ေတာ့္ေတာ္ကို ဒုကၡေရာက္ေနပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုအဲဒီေတာ့ မဲေပးဖို႔ စာရင္း ကိစၥကေရာ အဲဒီမွာ မွန္မွန္ကန္ကန္လုပ္ႏိုင္ရဲ႕လားရွင့္။

ဦးေက်ာ္ၿငိမ္း။ ။ အဲဒါလည္းပဲ က်ေနာ္တို႔က မဲဆႏၵရွင္စာရင္းကလည္း သူတို႔က တိတိက်က် ေကာက္ခံတာ မရွိဘူး။ မရွိေတာ့ အားနည္းခ်က္ေတာ့ရွိမွာေပါ့။ တိုက္ပဲြကာလအတြင္းမွာ တခ်ိဳ႕က မွတ္ပံုတင္ေတြလည္း ေပ်ာက္တာရွိတယ္ေပါ့ေလ။ သို႔ေသာ္လည္းပဲ ဒီမွတ္ပံုတင္ေပ်ာက္လို႔ရွိရင္ အေထာက္အထားစနစ္နဲ႔ ျပန္လုပ္ေပးတာရွိတယ္လို႔ေတာ့ က်ေနာ္ၾကားပါတယ္ ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချင်း၊ ပလက်ဝဒေသ ရွေးကောက်ပွဲစည်းရုံးရေးခက်ခဲ

တနှစ်ကျော်ကြာ အင်တာနက် အပိတ်ခံထားရတဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ COVID-19 ကပ်ရောဂါ အကန့်အသတ်တွေအပြင် တိုက်ပွဲတွေလည်းဖြစ်နေတာကြောင့် မဲဆွယ်စည်းရုံးရေးကိုတောင် မလုပ်နိုင်တဲ့အခြေအနေရောက်နေတယ်လို့ CNLD ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း၊ ချင်းပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီးဟောင်း ဦးကျော်ငြိမ်းက ဗွီအိုအေကိုပြောပါတယ်။

ပဋိပက္ခတွေဖြစ်နေတဲ့ ပလက်ဝဒေသမှာ ရွေးကောက်ပွဲပြုလုပ်မယ့်အနေအထား၊ မဲဆန္ဒရှင်တွေ မဲပေးနိုင်ခြေရှိမရှိ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးကျော်ငြိမ်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ပလက်ဝမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတဦး ရင်ဆိုင်နေရတဲ့ အနေအထား အရင်ဆုံးပြောပြပါအုံးရှင့်။

ဦးကျော်ငြိမ်း။ ။ COVID က တမျိုး၊ တိုက်ပွဲက တမျိုးဖြစ်နေတယ်။ သို့သော်လည်းပဲ ခု ကော်မရှင်ကလည်းပဲ ဖြစ်အောင် ကျင်းပမယ်လို့ ပြောတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေ စည်းရုံးရေးဆင်းတာ အင်မတန်မှ အခက်အခဲ ရှိပါတယ်။ ရောဂါကိုလည်း ကြောက်ရတယ်၊ ကျည်ဆံကိုလည်း ကြောက်ရတဲ့ ဘဝ ဖြစ်နေပါတယ်။

အင်ကြင်းနိုင်။ ။ ရွေးကောက်ပွဲကိုတောင်မှ အဲ့ဒီမှာ ရှိတဲ့သူတွေ မဲထွက်ပေးနိုင်မယ့် အနေအထားရော ရှိပါ့မလားရှင့်။

ဦးကျော်ငြိမ်း။ ။ အဲဒါလည်းပဲ ကျနော်တို့ ဟိုတခါတော့ ရွေးကောက်ပွဲ ကော်မရှင်ကို မေးပါတယ်။ မေးတော့ ကျနော်တို့ဆီမှာက ကျေးရွာ အုပ်စုပေါင်း ၁၀၂ အုပ်စုရှိတယ်။ မဲစာရင်းတင်တာက အုပ်စုပေါင်းက ၃၀ နဲ့ တင်နိုင်တယ်။ သို့သော်လည်းပဲ အုပ်စု ၇၂ အုပ်စုက မြို့ပေါ်မှာ ကြေငြာတယ် ခင်ဗျ။ အဲ့ဒီလို ကြေငြာတော့ ဘာပဲဖြစ်ဖြစ် လုံခြုံရေးက အပြည့်အဝပေးလို့ရှိရင် ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုကိုယ်စားလှယ်လောင်း တဦးအနေနဲ့ အခုမဲဆွယ်စည်းရုံးရေးတွေ စနိုင်ပြီဆိုရင် ဘယ်လိုမျိုးစည်းရုံးလှုပ်ရှားမှုတွေ လုပ်မလဲရှင့်။

ဦးကျော်ငြိမ်း။ ။ ကျနော်တို့က အခု ကိုယ်တိုင်သွားမယ့် အန္တရာယ်များတယ်။ လမ်းခရီးလည်း အန္တရာယ်များတယ်။ များတဲ့အခါကျတော့ ကျနော်တို့က online နဲ့ စည်းရုံးမယ်လို့ ကျနော်တို့ မှန်းထားပါတယ် ခင်ဗျ။ သို့သော်လည်းပဲ ကျနော်တို့ အခုက အင်တာနက်က ပိတ်ထားတာက တနှစ်ကျော် ရှိပြီ။ ဖွင့်ပေးတယ်လို့ ပြောတယ်။ ပြောပေမဲ့ သုံးလို့ မရတဲ့ 2G လောက်ပဲ ပေးတော့... တကယ်လို့ ပေးလို့ရှိရင် 4G လောက်တော့ ပေးပေါ့။ အဲဒါတော့ ကျနော်တို့ ဖြစ်စေချင်တယ်။ ဒါမှသာ ကျနော်တို့ စည်းရုံးရေးဆင်းလို့ ရမှာလေ။ ဒါတောင်မှ ကျနော်တို့က ဖုန်းလိုင်းမမိတဲ့ ကျေးရွာတွေ အများကြီးရှိပါသေးတယ်။

အင်ကြင်းနိုင်။ ။ အဲဒီမှာ ရှိတဲ့ ဒေသခံတွေကရော ရွေးကောက်ပွဲအပေါ် ယုံကြည်ချက်ပေါ့နော်၊ နောက် ကိုယ်စားလှယ်လောင်းတွေအပေါ် သူတို့ရဲ့ သဘောထားအမြင်တွေရော ဘယ်လို ရှိနေလဲ။

ဦးကျော်ငြိမ်း။ ။ အခုလူတွေကလေ ... ကျနော်တို့ ကြားရသလောက် အရင်တုန်းကတော့ လူကို မကြည့်နဲ့ ပါတီကိုကြည့်ပြီးတော့မှ ရွေးတယ်။ အခုကျတော့ ပါတီရော၊ လူရော ကြည့်ပါ။ တကယ့်တကယ် ကိုယ့်ဒေသကို အကျိုးပြုနိုင်မယ့် လူကိုပဲ ရွေးပါဆိုတဲ့ ဒေသခံတွေရဲ့ အာဘော်ထွက်လာပါတယ်ခင်ဗျ။ ဒါကြောင့်မို့ ဒေသခံအတွက် အနစ်နာခံပြီး လုပ်ပေးတဲ့ ပုဂ္ဂိုလ်သည် အောင်နိုင်ရေးအတွက် အလားလာရှိတယ်လို့ ကျနော်သုံးသပ်ပါတယ် ခင်ဗျ။

အင်ကြင်းနိုင်။ ။ အခုရွေးကောက်ပွဲကိုရော ဒေသခံ ပြည်သူတွေ စိတ်ဝင်စားမှု ရှိလားရှင့်။

ဦးကျော်ငြိမ်း။ ။ အဲဒါကတော့ စိတ်ဝင်စားမှုနည်းတာပေါ့။ သူတို့က အဓိကကတော့ တိုက်ပွဲ ရှောင်ရတာ တမျိုး၊ ဝမ်းစာဖူလုံမှုက မရှိ၊ နိုင်ငံတော်က ပံ့ပိုးတာလည်းပဲ တိုက်ပွဲရှောင်တော့ ခိုလှုံရာရတယ်။ တိုက်ပွဲရှောင်ရင်း ဒေသမှာ ပိတ်မိတဲ့လူတွေက တောင်ယာလုပ်ငန်းတွေ မလုပ်ရ၊ ကိုယ့်မှာရှိတဲ့ ကုန်တွေကိုလည်း ရောင်းဝယ်လို့လည်းမရဆိုတော့ တော့်တော်ကို ဒုက္ခရောက်နေပါတယ်။

အင်ကြင်းနိုင်။ ။ အခုအဲဒီတော့ မဲပေးဖို့ စာရင်း ကိစ္စကရော အဲဒီမှာ မှန်မှန်ကန်ကန်လုပ်နိုင်ရဲ့လားရှင့်။

ဦးကျော်ငြိမ်း။ ။ အဲဒါလည်းပဲ ကျနော်တို့က မဲဆန္ဒရှင်စာရင်းကလည်း သူတို့က တိတိကျကျ ကောက်ခံတာ မရှိဘူး။ မရှိတော့ အားနည်းချက်တော့ရှိမှာပေါ့။ တိုက်ပွဲကာလအတွင်းမှာ တချို့က မှတ်ပုံတင်တွေလည်း ပျောက်တာရှိတယ်ပေါ့လေ။ သို့သော်လည်းပဲ ဒီမှတ်ပုံတင်ပျောက်လို့ရှိရင် အထောက်အထားစနစ်နဲ့ ပြန်လုပ်ပေးတာရှိတယ်လို့တော့ ကျနော်ကြားပါတယ် ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG