သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးနဲ႔ စစ္ပဲြေၾကာင့္ ေရြးေကာက္ပဲြထိခိုက္မွာ တိုင္းရင္းသားပါတီေတြ စိုးရိမ္


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက ရွမ္းတိုင္းရင္းသား၀တ္စံု၀တ္ၿပီး ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲလာေပးတဲ့ အမ်ိဳးသမီးတဦး။ (ေမ ၁၅၊ ၂၀၁၅)

[Zawgyi/Unicode]

ကိုဗစ္ကန္႔သတ္ခ်က္နဲ႔ စစ္ပဲြေတြၾကားမွာ ေရြးေကာက္ပြဲ တရားမွ်တၿပီး လြတ္လပ္ပြင့္လင္းစြာ ယွဥ္ၿပိဳင္ခြင့္မရွိမွာကို တိုင္းရင္းသားပါတီေတြက စိုးရိမ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံတဝန္း ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ ပိုမိုတုိးလာေနသလုိ တခ်ဳိ႕တုိင္းရင္းသားေဒသမွာလည္း စစ္ေရးတင္မာမႈေတြ၊ လက္နက္ဋိပကၡေတြရွိေနဆဲျဖစ္တာေၾကာင့္ ေရြးေကာက္ပဲြအေပၚ တရားမွ်တမႈမရွိမွာကို တိုင္းရင္းသားပါတီေတြက စိုးရိမ္ၾကေနတာပါ။

ဒီအေျခအေနမွာ ဆႏၵမဲလာေပးသူေတြလည္း ေလ်ာ့က်သြားႏိုင္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီရဲ႕ အတြင္းေရးမွဴး ဦးစိုင္းလိတ္က ေျပာပါတယ္။

“ဘယ္လိုသက္ေရာက္လာႏိုင္လည္းဆိုေတာ့ အဓိကေတာ့ မဲထည့္တဲ့ လူဦးေရ ေတာ္ေတာ္ေလးကို ေလ်ာ့က်သြားမယ္လို႔ က်ေနာ္တို႔ သံုးသပ္ပါတယ္ခင္ဗ်။ အဓိက စိုးရိမ္တာက ဒီမဲထည့္တဲ့ လူတအားနည္းသြားမယ္ဆိုလို႔ရွိရင္ ရလဒ္အေပၚမွာၾကည့္ၿပီးေတာ့မွ အစိုးရရဲ႕ခိုင္မာမႈေပါ့ေနာ္ ... အဲ့ဒါကိုပါလာၿပီးေတာ့ ပံုရိပ္က်ဆင္းေစမလားဆိုတ့ဲမ်ဳိးကို က်ေနာ္တု႔ိ စိုးရိိမ္တယ္၊ ေနာက္တစ္ခုက တရားမွ်တစြာ လြတ္လပ္ပြင့္လင္းစြာ ယွဥ္ၿပိဳင္ခြင့္မရွိတဲ့အခါက်ေတာ့ အင္အားႀကီးပါတီတစ္ခုခု သို႔မဟုတ္ လက္နက္ကိုင္အဖြဲ႕ေတြအေပၚမွာ ၾသဇာသက္ေရာက္တဲ့ ပါတီတစ္ခုကပဲ ပိုၿပီးေတာ့မွ အႏိုင္ရရွိသြားမလားဆိုတဲ့ အေတြးမ်ဳိးကလည္း စိုးရိမ္စိတ္ေတြ ျဖစ္ေပၚေစပါတယ္ခင္ဗ်ာ။”

မဲဆြယ္စည္း႐ုံတဲ့ ကမ္ပိန္းကာလမွာ ကို႐ုိနာဗိုင္းရပ္စ္ ဆင့္ပြားကူးစက္မႈေတြ ျမင့္တက္ေနသလို ေသဆံုႏႈန္းကလည္း ဒီေန႔ထိ ၁၂ ေယာက္ရွိသြားပါၿပီ။ က်န္းမာေရးဝန္ႀကီးဌာနက “အိမ္မွာေန” ၫႊန္ၾကားခ်က္ထုတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ ပါတီကိုယ္စားလွယ္ေလာင္းေတြ လူထုၾကား မဲဆြယ္ခြင့္မရပါဘူး။ ဆိုရွယ္မီဒီယာကို အသံုးခ်ၿပီး မဲဆြယ္စည္း႐ုံဖို႔ဆိုတာက အင္တာနက္မရရွိေနရာေတြအတြက္ လုပ္ေဆာင္ဖို႔ အခက္အခဲျဖစ္ေနၾကပါတယ္။

ေရြးေကာက္ပဲြလုပ္တယ္ဆိုေပမယ့္ ေရြးေကာက္ပဲြကာလ တစ္ခုခုျဖစ္လာကို စိုရိမ္တယ္လို႔ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီကေန ျမစ္ႀကီးနာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁၁)၊ အမ်ဳိးသားလႊတ္ေတာ္အျဖစ္ ဝင္အေရြးခံမယ့္ ေဒၚဒြဲဘူက ေျပာပါတယ္။

“နယ္ေျမမတည္ၿငိမ္တဲ့ ေနရာေတြမွာေတာ့ က်င္းပျဖစ္ပါ့မလား၊ နီးလာလို႔ရွိရင္ေပါ့ေနာ္၊ အဲ့လိုမ်ဳိးေတြေတာ့ စိုးရိမ္စိတ္ေတြေနၾကမွာပဲ၊ က်မတို႔ ကခ်င္မွာေတာ့ အရင္တုန္းကျဖစ္ခဲ့တယ္ေပါ့၊ အဲ့ဒီက႑ေတြက က်မတု႔ိဆီမွာ သိပ္ေတာ့မရွိဘူးေပါ့ေနာ္။ ဒါေပမဲ့ ရခိုင္လို ေနရာမ်ဳိးေတြ၊ ေနာက္ ခ်င္းျပည္နယ္ေတာင္ပိုင္းေပါ့ေနာ္ ရခိုင္နဲ႔ နီးစပ္တဲ့ ေတာင္ပိုင္းေတြမွာေတာ့ ေဒသေတြက စိုးရိမ္စိတ္ေတြရွိမယ္။ ေနာက္ၿပီးမွ ေရြးေကာက္ပြဲကာလမွာ ဘာေတြမ်ားျဖစ္လာမလဲေပါ့၊ အဲ့ဒါေလးေတြ စိုးရိမ္စိတ္ရွိမယ္၊ မဲ႐ုံလုပ္ၿပီးမွ တစ္ခုခုျဖစ္လားမလားဆုိတဲ့ စိုးရိမ္စိတ္ေတြေပါ့ေနာ္ အဲ့လိုမ်ဳိးေတြရွိမယ္။”

တဘက္မွာလည္း ေရြးေကာက္ပြဲကာလ နယ္ေျမမၿငိမ္ခ်မ္းတာေၾကာင့္ ေရြးေကာက္ပြဲမက်င္းပႏိုင္ရင္ ေဒသဖြံ႔ၿဖိဳးေရးအတြက္ ေတာင္ဆုိဖို႔ အခြင့္အေရးဆံုး႐ႈံးမွာကိုလည္း စိုးရိမ္ေၾကာင္း ေဒၚဒဲြဘူက ဆိုပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ျပည္သူေတြက ေရြးေကာက္ပြဲအေပၚ အားတက္သေရာမျဖစ္ေနဘူးလို႔ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၄ အမ်ဳိးသားလႊတ္ေတာ္ေနရာမွာ ဝင္ၿပိဳင္မယ့္ ေစာျမင့္ေထြးက ေျပာပါတယ္။

“ဒီေရြးေကာက္ပြဲကာလမွာ နယ္ေျမမတည္ၿငိမ္ေတြကေတာ့ က်ေနာ္တုိ႔မွာက ေလာေလာက ပစ္ခတ္မႈေတြ ရပ္သြားတယ္ေပါ့၊ ဒီပစ္ခတ္မႈက က်ေနာ္ထင္တာ သိပ္ေရရွည္မဟုတ္ဘူး။ ခဏတျဖဳတ္ျဖစ္တဲ့ ပံုသ႑ာန္ေလာက္ပဲ က်ေနာ္တို႔ျမင္တယ္။ ဒါက သိပ္ႀကီးႀကီးမားမားလည္း မဟုတ္ပါဘူး၊ ေရြးေကာက္ပြဲေတာ့ သိပ္ေတာ့ မျဖစ္ေလာက္ပါဘူး၊ COVID ေရာဂါ လူဦးေရက တိုးတိုးလာေနတယ္၊ အဲ့ဒါပဲ က်ေနာ္တို႔ စိုးရိမ္ေနတယ္၊ ေဒသက လူေတြက ေျပာရမယ္ဆိုရင္ေပါ့ေနာ္ အားသိပ္မရွိဘူး၊ ေရြးေကာက္ပြဲကို အားသိပ္မရွိဘူး၊ စိတ္ဝင္စားမႈလည္း အားတယ္လို႔ ခံစားရတယ္၊ တခ်ဳိ႕က ကန္႔သတ္ခ်က္လည္းရွိေနတယ္ဆိုေတာ့ေလး။”

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ဘက္မွာ တပ္မေတာ္၊ ကရင္နယ္ျခားေစာင့္တပ္ဖြဲ႕နဲ႔ ကရင္လက္နက္ကိုင္အဖြဲ႕တို႔က ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ စစ္ေရးတင္မားမႈေတြျဖစ္ပြားခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲမွာေတာ့ ေက်းသီး၊ မိုင္း႐ွဴး အပါအဝင္ ၿမိဳ႕နယ္ ၅ ခုမွာ တိုက္ပြဲေတြေၾကာင့္ ေရြးေကာက္ပြဲမက်င္းပႏိုင္ဘဲ ေဒသခံ ၂၀၀,၀၀၀ ေလာက္ မဲေပးခြင့္ ဆံုး႐ႈံးခဲ့ဖူးပါတယ္။

ရခုိင္ျပည္နယ္မွာလည္း AA ရခုိင္လက္နက္ကုိင္ နဲ႔ တပ္မေတာ္တို႔ၾကား လက္ရွိခ်ိန္ စစ္ေရးပဋိပကၡေတြ ျဖစ္ေနဆဲပါ။

ျမန္မာႏုိင္ငံ အေျခစုိက္ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး႐ုံးကေတာ့ ကပ္ေဘးသင့္ေနခ်ိန္ တုိက္ခုိက္မႈေတြ ရပ္စဲဖုိ႔ ၿပီးခဲ့ရက္ပိုင္းကပဲ ထပ္မံတုိက္တြန္းထားပါတယ္။ ကမာၻတ၀န္း ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ တုိက္ခုိက္မႈေတြ ရပ္စဲၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တုိက္တြန္းခ်က္ကုိ နားေထာင္ဖုိ႔နဲ႔ ကပ္ေရာဂါနဲ႔ စစ္ေဘးဒဏ္ပါခံေနရတဲ့ ရခုိင္ျပည္နယ္မွာ ေဒသခံေတြ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိႏုိင္ေအာင္ အင္တာနက္၀န္ေဆာင္မႈေတြ အျပည့္အ၀ ျပန္ဖြင့္ေပးဖုိ႔လည္း တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ဘေးနဲ့ စစ်ပွဲကြောင့် ရွေးကောက်ပွဲထိခိုက်မှာ တိုင်းရင်းသားပါတီတွေ စိုးရိမ်

ကိုဗစ်ကန့်သတ်ချက်နဲ့ စစ်ပွဲတွေကြားမှာ ရွေးကောက်ပွဲ တရားမျှတပြီး လွတ်လပ်ပွင့်လင်းစွာ ယှဉ်ပြိုင်ခွင့်မရှိမှာကို တိုင်းရင်းသားပါတီတွေက စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပိုမိုတိုးလာနေသလို တချို့တိုင်းရင်းသားဒေသမှာလည်း စစ်ရေးတင်မာမှုတွေ၊ လက်နက်ဋိပက္ခတွေရှိနေဆဲဖြစ်တာကြောင့် ရွေးကောက်ပွဲအပေါ် တရားမျှတမှုမရှိမှာကို တိုင်းရင်းသားပါတီတွေက စိုးရိမ်ကြနေတာပါ။

ဒီအခြေအနေမှာ ဆန္ဒမဲလာပေးသူတွေလည်း လျော့ကျသွားနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“ဘယ်လိုသက်ရောက်လာနိုင်လည်းဆိုတော့ အဓိကတော့ မဲထည့်တဲ့ လူဦးရေ တော်တော်လေးကို လျော့ကျသွားမယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ခင်ဗျ။ အဓိက စိုးရိမ်တာက ဒီမဲထည့်တဲ့ လူတအားနည်းသွားမယ်ဆိုလို့ရှိရင် ရလဒ်အပေါ်မှာကြည့်ပြီးတော့မှ အစိုးရရဲ့ခိုင်မာမှုပေါ့နော် ... အဲ့ဒါကိုပါလာပြီးတော့ ပုံရိပ်ကျဆင်းစေမလားဆိုတဲ့မျိုးကို ကျနော်တု့ိ စိုးရိမ်တယ်၊ နောက်တစ်ခုက တရားမျှတစွာ လွတ်လပ်ပွင့်လင်းစွာ ယှဉ်ပြိုင်ခွင့်မရှိတဲ့အခါကျတော့ အင်အားကြီးပါတီတစ်ခုခု သို့မဟုတ် လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ သြဇာသက်ရောက်တဲ့ ပါတီတစ်ခုကပဲ ပိုပြီးတော့မှ အနိုင်ရရှိသွားမလားဆိုတဲ့ အတွေးမျိုးကလည်း စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်ခင်ဗျာ။”

မဲဆွယ်စည်းရုံတဲ့ ကမ်ပိန်းကာလမှာ ကိုရိုနာဗိုင်းရပ်စ် ဆင့်ပွားကူးစက်မှုတွေ မြင့်တက်နေသလို သေဆုံနှုန်းကလည်း ဒီနေ့ထိ ၁၂ ယောက်ရှိသွားပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနက “အိမ်မှာနေ” ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်တွေမှာ ပါတီကိုယ်စားလှယ်လောင်းတွေ လူထုကြား မဲဆွယ်ခွင့်မရပါဘူး။ ဆိုရှယ်မီဒီယာကို အသုံးချပြီး မဲဆွယ်စည်းရုံဖို့ဆိုတာက အင်တာနက်မရရှိနေရာတွေအတွက် လုပ်ဆောင်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

ရွေးကောက်ပွဲလုပ်တယ်ဆိုပေမယ့် ရွေးကောက်ပွဲကာလ တစ်ခုခုဖြစ်လာကို စိုရိမ်တယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီကနေ မြစ်ကြီးနာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁၁)၊ အမျိုးသားလွှတ်တော်အဖြစ် ဝင်အရွေးခံမယ့် ဒေါ်ဒွဲဘူက ပြောပါတယ်။

“နယ်မြေမတည်ငြိမ်တဲ့ နေရာတွေမှာတော့ ကျင်းပဖြစ်ပါ့မလား၊ နီးလာလို့ရှိရင်ပေါ့နော်၊ အဲ့လိုမျိုးတွေတော့ စိုးရိမ်စိတ်တွေနေကြမှာပဲ၊ ကျမတို့ ကချင်မှာတော့ အရင်တုန်းကဖြစ်ခဲ့တယ်ပေါ့၊ အဲ့ဒီကဏ္ဍတွေက ကျမတု့ိဆီမှာ သိပ်တော့မရှိဘူးပေါ့နော်။ ဒါပေမဲ့ ရခိုင်လို နေရာမျိုးတွေ၊ နောက် ချင်းပြည်နယ်တောင်ပိုင်းပေါ့နော် ရခိုင်နဲ့ နီးစပ်တဲ့ တောင်ပိုင်းတွေမှာတော့ ဒေသတွေက စိုးရိမ်စိတ်တွေရှိမယ်။ နောက်ပြီးမှ ရွေးကောက်ပွဲကာလမှာ ဘာတွေများဖြစ်လာမလဲပေါ့၊ အဲ့ဒါလေးတွေ စိုးရိမ်စိတ်ရှိမယ်၊ မဲရုံလုပ်ပြီးမှ တစ်ခုခုဖြစ်လားမလားဆိုတဲ့ စိုးရိမ်စိတ်တွေပေါ့နော် အဲ့လိုမျိုးတွေရှိမယ်။”

တဘက်မှာလည်း ရွေးကောက်ပွဲကာလ နယ်မြေမငြိမ်ချမ်းတာကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ရင် ဒေသဖွံ့ဖြိုးရေးအတွက် တောင်ဆိုဖို့ အခွင့်အရေးဆုံးရှုံးမှာကိုလည်း စိုးရိမ်ကြောင်း ဒေါ်ဒွဲဘူက ဆိုပါတယ်။

ကိုဗစ်ရောဂါကြောင့် ပြည်သူတွေက ရွေးကောက်ပွဲအပေါ် အားတက်သရောမဖြစ်နေဘူးလို့ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်နေရာမှာ ဝင်ပြိုင်မယ့် စောမြင့်ထွေးက ပြောပါတယ်။

“ဒီရွေးကောက်ပွဲကာလမှာ နယ်မြေမတည်ငြိမ်တွေကတော့ ကျနော်တို့မှာက လောလောက ပစ်ခတ်မှုတွေ ရပ်သွားတယ်ပေါ့၊ ဒီပစ်ခတ်မှုက ကျနော်ထင်တာ သိပ်ရေရှည်မဟုတ်ဘူး။ ခဏတဖြုတ်ဖြစ်တဲ့ ပုံသဏ္ဍာန်လောက်ပဲ ကျနော်တို့မြင်တယ်။ ဒါက သိပ်ကြီးကြီးမားမားလည်း မဟုတ်ပါဘူး၊ ရွေးကောက်ပွဲတော့ သိပ်တော့ မဖြစ်လောက်ပါဘူး၊ COVID ရောဂါ လူဦးရေက တိုးတိုးလာနေတယ်၊ အဲ့ဒါပဲ ကျနော်တို့ စိုးရိမ်နေတယ်၊ ဒေသက လူတွေက ပြောရမယ်ဆိုရင်ပေါ့နော် အားသိပ်မရှိဘူး၊ ရွေးကောက်ပွဲကို အားသိပ်မရှိဘူး၊ စိတ်ဝင်စားမှုလည်း အားတယ်လို့ ခံစားရတယ်၊ တချို့က ကန့်သတ်ချက်လည်းရှိနေတယ်ဆိုတော့လေး။”

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဘက်မှာ တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တို့က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ရေးတင်မားမှုတွေဖြစ်ပွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ကျေးသီး၊ မိုင်းရှူး အပါအဝင် မြို့နယ် ၅ ခုမှာ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ ဒေသခံ ၂၀၀,၀၀၀ လောက် မဲပေးခွင့် ဆုံးရှုံးခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မှာလည်း AA ရခိုင်လက်နက်ကိုင် နဲ့ တပ်မတော်တို့ကြား လက်ရှိချိန် စစ်ရေးပဋိပက္ခတွေ ဖြစ်နေဆဲပါ။

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကတော့ ကပ်ဘေးသင့်နေချိန် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ ပြီးခဲ့ရက်ပိုင်းကပဲ ထပ်မံတိုက်တွန်းထားပါတယ်။ ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို နားထောင်ဖို့နဲ့ ကပ်ရောဂါနဲ့ စစ်ဘေးဒဏ်ပါခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အဝ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG