သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေရြးေကာက္ပြဲက်င္းပႏုိင္ေရး တုိက္ပြဲေတြရပ္ေပးဖုိ႔ ခူမီး ခ်င္းအဖြဲ႔ ေတာင္းဆုိ


ပလက္၀ၿမိဳ႕(Photo khonumthung.news )

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ အေထြေထြေရြးေကာက္ပြဲက်င္းပနိုင္ေရးအတြက္ တပ္မေတာ္နဲ႕ ရခိုင္လက္နက္ ကိုင္ AAအဖြဲ႕တို႔ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြကို ရပ္စဲဖို႕ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏွိုင္းေရး ေကာင္စီ (KACC)ကေန ေတာင္းဆိုတဲ့သတင္းတင္ျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ႏိုင္ကြန္းအိန္က တင္ျပေပးပါမယ္။

တိုက္ပြဲေတြျဖစ္ပြါးေနရင္ ေရြးေကာက္ပြဲက်င္းပဖို႕အခြင့္အေရးဆုံးရွဳံးသြားမွာစိုးရိမ္လို႕ ပလက္၀ျမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႕ ရခိုင္ လက္နက္ကိုင္AAအဖြဲ႕တို႔ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြကို ရပ္စဲဖို႕ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏွိုင္းေရး ေကာင္စီ(KACC)ညိွႏွိဳင္းေရးမွဴး ဆလိုင္းေစာျမကအခုလိုေျပာပါတယ္။

“အဓိကအေၾကာင္းအရင္းက စစ္တပ္ဘက္က သတင္းစာရွင္းလင္းပြဲလုပ္တဲ့အခါ ၀နယ္နဲ႕ ပဋိပကၡရွိတဲ့ ရခိုင္ေျမာက္ ပိုင္းမွာ လုံျခံဳေရး အရေရြးေကာက္ပြဲမလုပ္ဖို႕ တိုက္တြန္းေနတဲ့အေနအထားမွာရွိတယ္။ ကြ်န္ေတာ္တို႕ပလက္၀ နယ္ကလည္း ရခိုင္ေျမာက္ပိုင္းနဲ႕ ထိစပ္ေနေတာ့ ကြ်န္ေတာ္တို႕ဘက္မွာလဲ အခုၾကိဳၾကားၾကိဳၾကားတိုက္ပြဲရွိေန ေသး ေတာ့ ေရြးေကာက္ပြဲကိုေအာင္ေအာင္ျမင္ျမင္ လုပ္နိုင္ဖို႕အတြက္ သက္ဆိုင္တဲ့လုံျခံဳေရးအဖြဲ႕အစည္းေတြက အကူညီေပးဖို႕အဲတာပါဘဲ။”

လက္ရွိ ပလက္၀ျမိဳ႕နယ္မွာတိုက္ပြဲရပ္တန္႕ေနတာတလနီးပါးရွိေနေပမဲ့ စိတ္ခ်ရတဲ့အေျခအေနမဟုတ္ေသးတဲ့ အတြက္ တိုက္ပြဲအခ်ိန္မေရြး ျဖစ္ပြါးနိုင္တယ္လို႕သူကဆိုပါတယ္။

နိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခြင့္ကို စက္တင္ဘာလ ၈ ရက္ေန႔ကစၿပီး ခြင့္ျပဳေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္(UEC) ကေၾကညာခဲ့ပါတယ္။

ဒါေပမဲ့ ပလက္၀တခ်ိဳ႕ေဒသဖက္မွာ နိုင္ငံေရးပါတီေတြအေနနဲ႕ မဲဆြယ္စည္း႐ုံးေရးခက္ခဲေနေၾကာင္း ဆလိုင္း ေစာျမက ဆက္ေျပာပါတယ္။

“ဆမီးဖက္အျခမ္းရယ္။ ပလက္ဝအပိုင္း ကုလားတန္ျမစ္အထက္ပိုင္း အဲဒီ႐ွင္းလက္ဝတစ္ေၾကာရင္ အဲဒီေလာက္ပဲ ျဖစ္ႏုိင္မယ္ထင္တယ္။ က်န္တဲ့ေနရာမွာၾကေတာ့ ပလက္ဝနဲ႕အနီးတစ္ဝုိက္က ဆမီးနဲ႕ပလက္ဝၾကားလဲ အသြား အလာကန္႕သတ္ထားေတာ့ လုပ္ျဖစ္လိမ္႕မယ္မထင္ဘူး။ ေနာက္ပလက္ဝ အေနာက္ျခမ္း ျပည္ေခ်ာင္းတစ္ေၾကာ လည္း ျပီးေတာ့ ေက်းရြာအုပ္စု (၈)ခုေလာက္႐ွိတယ္ ေက်း႐ြာေပါင္း (၁၈) ႐ြာေလာက္႐ွိမယ္။ အဲဒီဘက္ကေတာ့ လုပ္နိုင္မယ္မထင္ဘူး။”

လက္နက္ကို္င္ပဋိပကၡျဖစ္ပြါးေနဆဲ ပလက္၀ျမိဳ႕နယ္ထဲ မဲဆြယ္စည္းရံုးေရးခရီးစတင္ဖို႕က ခက္ခဲေနတယ္လို႕ ခ်င္းျပည္ နယ္အစိုးရအဖြဲ႕၀င္ စည္ပင္၀န္ၾကီးဦးစိုးထက္ကေျပာပါတယ္။

“လုံး၀ေအးခ်မ္းတာေတာ့မဟုတ္ဘူးေပါ့ေနာ္။ ဒီကာလမွာေတာ့ ကြ်န္ေတာ္တို႕ကိုယ္တိုင္ မသြားနိုင္ေတာင္မွ ကြ်န္ေတာ္ တို႕ ရဲ႕ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေပါ့။ ကိုယ္စားလွယ္ေတြက တာ၀န္ယူျပီးေတာ့ စည္းရံုးဖို႕ေတာ့ကြ်န္ေတာ္တို႕ စီစဥ္ထားပါတယ္ဗ်။ ေနရာတိုင္းမွာေတာ့ မလြယ္ဘူးေပါ့ေလ။ သြားလို႕မရတဲ့အခါေတာ့ ကြ်န္ေတာ္တို႕ကိုယ္စားလွယ္နဲ႕ ဘဲ စည္းရံုးေရးလုပ္ဖို႕ ေတာ့လ်ွာထားပါတယ္ဗ်။”

တပ္မေတာ္ဘက္ကေတာ့ လက္ရွိစစ္ေရးတင္းမာဆဲရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႕ အစိုးရအုပ္ခ်ဳပ္မႈအားနည္းရာ ၀ေဒသ ဘက္မွာ ေရြးေကာက္ပြဲက်င္းပဖို႕ လုံျခံဳေရးအားနည္း ေနေသးတယ္လို႕ သေဘာထားအျမင္ရွိေနေၾကာင္း တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကိုအခုလိုေျပာပါတယ္။

“ေရြးေကာက္ပြဲေကာ္မရွင္ကို ရခိုင္ေျမာက္ပိုင္းနဲ႕ ၀တခ်ိဳ႕နယ္ေျမမွာေဆတာ့ လုံျခံဳေရးအရ စိတ္မခ်ရဘူး ကြ်န္ေတာ္တို႕ ေျပာထား တာရွိေသးတယ္။ ေရြးေကာက္ပြဲကလဲ ႏွစ္လလိုေသးတာ အဲဒီဟာျပီ;မွပဲ ကြ်န္ေတာ္တို႕ ေနာက္ဆုံးအေျခ အေန ေတာ့ အဲတာျပီး မွဘဲ ကြ်န္ေတာ္တို႕ေျပာလို႕ရပါတယ္။” တပ္မေတာ္နဲ႔ စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ေနရာေတြမွာ ေရြးေကာက္ပြဲ က်င္းပဖို႔ မျဖစ္နိုင္ဘူးလို႕ တပ္မေတာ္ဘက္က ေျပာဆို ခဲ့သလို ေရြးေကာက္ပြဲမက်င္းပနိုင္ခဲ့ရင္ ပလက္ဝေဒသအတြက္ နိုင္ငံေရးအရ ကိုယ္စားျပဳမဲ့ ကိုယ္စားလွယ္ ေတြ မရွိမွာကို စိုးရိမ္လို႕တိုက္ပြဲမ်ားရပ္တန႔္ေပးဖို႕ KACCအဖြဲ႕ကေန ေတာင္းဆိုခဲ့တာပါ။

ေျမာက္ပိုင္းညီေနာင္မဟာမိတ္(၃)ဖြဲ႕ျဖစ္တဲ့ ရခိုင္လက္နက္ကိုင္AAအဖြဲ႕ တအာင္းပေလာင္ TNLAအဖြဲ႕ ကိုးကန္႕ တပ္ဖြဲ႕ (MNDAA)တို႕ကေတာ့ ကိုရိုနာကူးစက္ေရာဂါ ဒုတိယလွိဳင္းတားဆီးထိန္းခ်ဳပ္နိုင္ေရး နို၀င္ဘာလ(၈) ရက္ ေန႕မွာ က်င္းပမယ့္ ေရြးေကာက္ပြဲကိုအေထာက္ကူျပဳနိုင္ေရးအတြက္ စက္တင္ဘာလ(၁)ရက္ကေန နို၀င္ဘာလ(၉) ရက္ေန႕အထိ ရက္ ေပါင္း(၇၀)အၾကာ သတၱမအၾကိမ္ တဖက္သတ္အပစ္ခတ္ရပ္စဲေၾကာင္းေၾကညာခဲ့ပါတယ္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနနဲ႕ ပလက္ဝၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲျဖစ္ေျမာက္ေရးအတြက္ ျပည္ေထာင္စုအစိုးရကို တင္ျပထားေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထိုက္ကဆိုပါတယ္။

ခ်င္းျပည္နယ္အတြင္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ နိုင္ငံေရးပါတီ ေတြကေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြ႕ံၿဖိဳးေရးပါတီ (USDP)၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD)၊ ဇိုမီးဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (ZCD)၊ ဇိုတိုင္းရင္းသားေဒသဖြ႕ံၿဖိဳးေရးပါတီ (ZNRDP)၊ ခူမီး (ခမီး) အမ်ိဳးသားပါတီ (KNP)၊ တိုင္းရင္းသားစည္းလုံးညီညြတ္ေရးပါတီ (NUP)၊ တိုင္းရင္းသားလူမ်ိဳးစုမ်ား ဖြ႕ံၿဖိဳးေရးပါတီ (ENDP)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP) နဲ႔ ျပည္သူ႔ပါတီ (PP)စတဲ့(၁၂)ပါတီရွိေနပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)အေနနဲ႕ ေရြးေကာက္ပြဲမက်င္းပနိုင္တဲ့ မဲဆႏၵနယ္စာရင္းေတြကို လာမယ့္ေအာက္တိုဘာ လမွာ ေၾကညာသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲတွေရပ်ပေးဖို့ ခူမီး ချင်းအဖွဲ့ တောင်းဆို

(Unicode)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နဲ့ ရခိုင်လက်နက် ကိုင် AAအဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC)ကနေ တောင်းဆိုတဲ့သတင်းတင်ပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးပါမယ်။

တိုက်ပွဲတွေဖြစ်ပွါးနေရင် ရွေးကောက်ပွဲကျင်းပဖို့အခွင့်အရေးဆုံးရှုံးသွားမှာစိုးရိမ်လို့ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရခိုင် လက်နက်ကိုင်AAအဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ(KACC)ညှိနှိုင်းရေးမှူး ဆလိုင်းစောမြကအခုလိုပြောပါတယ်။

“အဓိကအကြောင်းအရင်းက စစ်တပ်ဘက်က သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ဝနယ်နဲ့ ပဋိပက္ခရှိတဲ့ ရခိုင်မြောက် ပိုင်းမှာ လုံခြုံရေး အရရွေးကောက်ပွဲမလုပ်ဖို့ တိုက်တွန်းနေတဲ့အနေအထားမှာရှိတယ်။ ကျွန်တော်တို့ပလက်၀ နယ်ကလည်း ရခိုင်မြောက်ပိုင်းနဲ့ ထိစပ်နေတော့ ကျွန်တော်တို့ဘက်မှာလဲ အခုကြိုကြားကြိုကြားတိုက်ပွဲရှိနေ သေး တော့ ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင် လုပ်နိုင်ဖို့အတွက် သက်ဆိုင်တဲ့လုံခြုံရေးအဖွဲ့အစည်းတွေက အကူညီပေးဖို့အဲတာပါဘဲ။”

လက်ရှိ ပလက်ဝမြို့နယ်မှာတိုက်ပွဲရပ်တန့်နေတာတလနီးပါးရှိနေပေမဲ့ စိတ်ချရတဲ့အခြေအနေမဟုတ်သေးတဲ့ အတွက် တိုက်ပွဲအချိန်မရွေး ဖြစ်ပွါးနိုင်တယ်လို့သူကဆိုပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) ကကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ပလက်ဝတချို့ဒေသဖက်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးခက်ခဲနေကြောင်း ဆလိုင်း စောမြက ဆက်ပြောပါတယ်။

“ဆမီးဖက်အခြမ်းရယ်။ ပလက်ဝအပိုင်း ကုလားတန်မြစ်အထက်ပိုင်း အဲဒီရှင်းလက်ဝတစ်ကြောရင် အဲဒီလောက်ပဲ ဖြစ်နိုင်မယ်ထင်တယ်။ ကျန်တဲ့နေရာမှာကြတော့ ပလက်ဝနဲ့အနီးတစ်ဝိုက်က ဆမီးနဲ့ပလက်ဝကြားလဲ အသွား အလာကန့်သတ်ထားတော့ လုပ်ဖြစ်လိမ့်မယ်မထင်ဘူး။ နောက်ပလက်ဝ အနောက်ခြမ်း ပြည်ချောင်းတစ်ကြော လည်း ပြီးတော့ ကျေးရွာအုပ်စု (၈)ခုလောက်ရှိတယ် ကျေးရွာပေါင်း (၁၈) ရွာလောက်ရှိမယ်။ အဲဒီဘက်ကတော့ လုပ်နိုင်မယ်မထင်ဘူး။”

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးနေဆဲ ပလက်ဝမြို့နယ်ထဲ မဲဆွယ်စည်းရုံးရေးခရီးစတင်ဖို့က ခက်ခဲနေတယ်လို့ ချင်းပြည် နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောပါတယ်။

“လုံးဝအေးချမ်းတာတော့မဟုတ်ဘူးပေါ့နော်။ ဒီကာလမှာတော့ ကျွန်တော်တို့ကိုယ်တိုင် မသွားနိုင်တောင်မှ ကျွန်တော် တို့ ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ပေါ့။ ကိုယ်စားလှယ်တွေက တာဝန်ယူပြီးတော့ စည်းရုံးဖို့တော့ကျွန်တော်တို့ စီစဉ်ထားပါတယ်ဗျ။ နေရာတိုင်းမှာတော့ မလွယ်ဘူးပေါ့လေ။ သွားလို့မရတဲ့အခါတော့ ကျွန်တော်တို့ကိုယ်စားလှယ်နဲ့ ဘဲ စည်းရုံးရေးလုပ်ဖို့ တော့လျှာထားပါတယ်ဗျ။”

တပ်မတော်ဘက်ကတော့ လက်ရှိစစ်ရေးတင်းမာဆဲရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အစိုးရအုပ်ချုပ်မှုအားနည်းရာ ဝဒေသ ဘက်မှာ ရွေးကောက်ပွဲကျင်းပဖို့ လုံခြုံရေးအားနည်း နေသေးတယ်လို့ သဘောထားအမြင်ရှိနေကြောင်း တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကို ရခိုင်မြောက်ပိုင်းနဲ့ ဝတချို့နယ်မြေမှာဆေတာ့ လုံခြုံရေးအရ စိတ်မချရဘူး ကျွန်တော်တို့ ပြောထား တာရှိသေးတယ်။ ရွေးကောက်ပွဲကလဲ နှစ်လလိုသေးတာ အဲဒီဟာပြီ;မှပဲ ကျွန်တော်တို့ နောက်ဆုံးအခြေ အနေ တော့ အဲတာပြီး မှဘဲ ကျွန်တော်တို့ပြောလို့ရပါတယ်။” တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ တပ်မတော်ဘက်က ပြောဆို ခဲ့သလို ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ရင် ပလက်ဝဒေသအတွက် နိုင်ငံရေးအရ ကိုယ်စားပြုမဲ့ ကိုယ်စားလှယ် တွေ မရှိမှာကို စိုးရိမ်လို့တိုက်ပွဲများရပ်တန့်ပေးဖို့ KACCအဖွဲ့ကနေ တောင်းဆိုခဲ့တာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ တအာင်းပလောင် TNLAအဖွဲ့ ကိုးကန့် တပ်ဖွဲ့ (MNDAA)တို့ကတော့ ကိုရိုနာကူးစက်ရောဂါ ဒုတိယလှိုင်းတားဆီးထိန်းချုပ်နိုင်ရေး နိုဝင်ဘာလ(၈) ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုအထောက်ကူပြုနိုင်ရေးအတွက် စက်တင်ဘာလ(၁)ရက်ကနေ နိုဝင်ဘာလ(၉) ရက်နေ့အထိ ရက် ပေါင်း(၇၀)အကြာ သတ္တမအကြိမ် တဖက်သတ်အပစ်ခတ်ရပ်စဲကြောင်းကြေညာခဲ့ပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထိုက်ကဆိုပါတယ်။

ချင်းပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (ZCD)၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ (ZNRDP)၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ (ENDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နဲ့ ပြည်သူ့ပါတီ (PP)စတဲ့(၁၂)ပါတီရှိနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အနေနဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်စာရင်းတွေကို လာမယ့်အောက်တိုဘာ လမှာ ကြေညာသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG