သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္နဲ႔ ေရြးေကာက္ပဲြစည္းရံုးေရးကာလ စတင္


NLD အလံေတြနဲ႔ ဆိုက္ကားတစီးကို ရန္ကုန္ၿမိိဳ႕ရဲ႕ လမ္းမတခုေပၚတြင္ ေတြ႔ရ။ (စက္တင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

လႊတ္ေတာ္အသီးသီးအတြက္ ဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ မဲဆြယ္စည္း႐ုံးတဲ့ကာလကို စက္တင္ဘာ ၈ ရက္၊ မနက္ျဖန္က စလုပ္ႏိုင္ၿပီလို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာလိုက္ေပမဲ့ စည္း႐ုံးေရးလုပ္ငန္းေတြကို က်န္းမာေရး အကန႔္အသတ္ေတြနဲ႔ပဲ ခြင့္ျပဳသြားဖို႔ရွိတယ္ဆိုတဲ့ သတင္းကို ေျပာျပမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

စက္တင္ဘာ ၈ ရက္ကစၿပီး ျပည္နယ္နဲ႔တိုင္းအသီးသီးကေန ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္စည္း႐ုံးတာ စတင္ႏိုင္ၿပီလို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က မေန႔က စက္တင္ဘာ ၆ ရက္မွာေၾကညာခ်က္ထုတ္ျပန္ခဲ့ေပမဲ့ COVID ကပ္ေရာဂါ အကန႔္အသတ္ေတြေၾကာင့္ ပါတီအမ်ားစုက စိုးရိမ္ေနၾကပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက လူအေယာက္ ၅၀ ထက္မပိုဘဲ မဲဆြယ္စည္း႐ုံးႏိုင္တယ္လို႔ ေျဖေလွ်ာ့ေပးခဲ့ေပမဲ့ ျပည္နယ္နဲ႔တိုင္းအလိုက္ ေဒသႏၲရ က်န္းမာေရးကန႔္သတ္ခ်က္ေတြကလည္း တခုနဲ႔တခု မတူတာကလည္း မဲဆြယ္စည္း႐ုံးေရးကာလ အဟန႔္အတားျဖစ္ႏိုင္တယ္လို႔ ပါတီအမ်ားစုကျမင္ပါတယ္။

ဒီလိုအခက္အခဲေတြကို အင္အားႀကီးပါတီေတြက ေက်ာ္လႊားႏိုင္ေပမဲ့ ပါတီငယ္နဲ႔ တသီးပုဂၢလပါတီေတြကေတာ့ စိန္ေခၚမႈရွိေၾကာင္း ေ႐ြးေကာက္ပြဲေလ့လာေရးနဲ႔ ပညာေပးအဖြဲ႕ျဖစ္တဲ့ Rainmaker Organization အမႈေဆာင္ဒါ႐ိုက္တာ ေဒၚေအးသႏၲာေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“လူထုစည္း႐ုံးေရးဆင္းတဲ့အခါမွာ အေရအတြက္အားျဖင့္ ကန႔္သတ္ထားတယ္။ စစ္ေဆးေရးဂိတ္ေတြ အဆင့္ဆင့္ေက်ာ္ျဖတ္ရမယ္ ဆိုတဲ့အခါက်ေတာ့ ဒီပါတီငယ္ေလးေတြ သူတို႔ေတြ မဲရရွိမႈအတြက္ကို စည္း႐ုံးေရးဆင္းတဲ့အခ်ိန္မွာ တကယ့္ကို စိန္ေခၚမႈ အႀကီးမားဆုံးပဲေပါ့ေနာ္။ ပါတီႀကီးေတြကေတာ့ ဒီေလာက္အထိ သက္ေရာက္မႈ မရွိေပမဲ့၊ ေနာက္တခါ ဘ႑ာေငြ သုံးစြဲမႈအပိုင္းမွာလည္း၊ ေနာက္တခါ နည္းပညာေပါ့ အဲဒါေတြကေတာ့ ပါတီငယ္ေတြ ေ႐ြးေကာက္ပြဲမွာ မွ်တစြာပါဝင္လာႏိုင္မယ့္ အခင္းအက်င္းတရပ္ မျဖစ္ႏိုင္ဘူးေပါ့ေနာ္၊ ကိုဗစ္က အဟန႔္အတားျဖစ္ႏိုင္ေတာ့။”

COVID ထိန္းခ်ဳပ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာန သတ္မွတ္ထားတဲ့ လူအေရအတြက္ထက္ပိုၿပီး မစုေဝးဘဲ မဲဆြယ္ရဖို႔ရွိတာေၾကာင့္ ဒါဟာ ပါတီတိုင္းအတြက္ စိန္ေခၚမႈျဖစ္ေပမဲ့ ဒါကညီတူညီမွ် အေျခအေနသာျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က စက္တင္ဘာ ၄ရက္မွာ ေျပာခဲ့တာပါ။

“အဲဒီေတာ့ COVID-19 ကလည္း ဒီဟာက စိန္ေခၚမႈအသစ္ဗ်၊ က်ေနာ္တို႔မွ စိန္ေခၚမႈအသစ္မဟုတ္ဘူး၊ အေမရိကားအတြက္လည္း ေ႐ြးေကာက္ပြဲရွိတယ္။စိန္ေခၚမႈအသစ္။ အဲဒီေတာ့ ပါတီတိုင္း အသစ္ပါ ဘယ္သူမွ အသာရတာ မရွိဘူး။ Pandemic ျဖစ္ေနတဲ့ ေရာဂါကာလ အခ်ိန္ႀကီးတခုမွာ စည္း႐ုံးေရးလုပ္တယ္၊ ေ႐ြးေကာက္ပြဲျဖစ္တယ္၊ မျဖစ္တယ္ ဆိုတာကေတာ့ အစိုးရေရာ၊ ျပည္သူေရာ၊ က်န္းမာေရးဌာနေပါ့ သက္ဆိုင္ရာ ဌာနေတြအားလုံးက ဒီ COVID ကို ဘယ္ေလာက္ တားႏိုင္သလဲဆိုတဲ့ အေပၚမွာလည္း မူတည္မယ္နဲ႔ တူပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲကေတာ့ ၿပိဳင္ဆိုင္မႈႀကီးမားမယ္၊ ျပႆနာေတြလည္း အရင္ကထက္ ပိုရႈပ္ႏိုင္တယ္ စိန္ေခၚမႈ အသစ္ျဖစ္ေနလို႔။”

ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးရမယ့္အခ်ိန္မွာ ျမန္မာျပည္တြင္း COVID-19 အတည္ျပဳလူနာ ၁,၄၀၀ ေက်ာ္လာၿပီး ေသဆုံးသူအေရအတြက္ကလည္း ၈ ေယာက္ ထိရွိလာပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခြင့္ကို စက္တင္ဘာ ၈ ရက္ မနက္ ၆ နာရီကေန စတင္ႏိုင္ၿပီး ႏိုဝင္ဘာ ၆ ရက္ ၁၂ နာရီအထိ ရက္ေပါင္း ၆၀ ခြင့္ျပဳေပးထားပါတယ္။ တသီးပုဂၢလနဲ႔ ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆,၉၆၉ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ်နဲ့ ရွေးကောက်ပွဲစည်းရုံးရေးကာလ စတင်

လွှတ်တော်အသီးသီးအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ကာလကို စက်တင်ဘာ ၈ ရက်၊ မနက်ဖြန်က စလုပ်နိုင်ပြီလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပေမဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ကျန်းမာရေး အကန့်အသတ်တွေနဲ့ပဲ ခွင့်ပြုသွားဖို့ရှိတယ်ဆိုတဲ့ သတင်းကို ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာ ၈ ရက်ကစပြီး ပြည်နယ်နဲ့တိုင်းအသီးသီးကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာ စတင်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က စက်တင်ဘာ ၆ ရက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ COVID ကပ်ရောဂါ အကန့်အသတ်တွေကြောင့် ပါတီအများစုက စိုးရိမ်နေကြပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူအယောက် ၅၀ ထက်မပိုဘဲ မဲဆွယ်စည်းရုံးနိုင်တယ်လို့ ဖြေလျှော့ပေးခဲ့ပေမဲ့ ပြည်နယ်နဲ့တိုင်းအလိုက် ဒေသန္တရ ကျန်းမာရေးကန့်သတ်ချက်တွေကလည်း တခုနဲ့တခု မတူတာကလည်း မဲဆွယ်စည်းရုံးရေးကာလ အဟန့်အတားဖြစ်နိုင်တယ်လို့ ပါတီအများစုကမြင်ပါတယ်။

ဒီလိုအခက်အခဲတွေကို အင်အားကြီးပါတီတွေက ကျော်လွှားနိုင်ပေမဲ့ ပါတီငယ်နဲ့ တသီးပုဂ္ဂလပါတီတွေကတော့ စိန်ခေါ်မှုရှိကြောင်း ရွေးကောက်ပွဲလေ့လာရေးနဲ့ ပညာပေးအဖွဲ့ဖြစ်တဲ့ Rainmaker Organization အမှုဆောင်ဒါရိုက်တာ ဒေါ်အေးသန္တာအောင်က ဗွီအိုအေကို ပြောပါတယ်။

“လူထုစည်းရုံးရေးဆင်းတဲ့အခါမှာ အရေအတွက်အားဖြင့် ကန့်သတ်ထားတယ်။ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်ကျော်ဖြတ်ရမယ် ဆိုတဲ့အခါကျတော့ ဒီပါတီငယ်လေးတွေ သူတို့တွေ မဲရရှိမှုအတွက်ကို စည်းရုံးရေးဆင်းတဲ့အချိန်မှာ တကယ့်ကို စိန်ခေါ်မှု အကြီးမားဆုံးပဲပေါ့နော်။ ပါတီကြီးတွေကတော့ ဒီလောက်အထိ သက်ရောက်မှု မရှိပေမဲ့၊ နောက်တခါ ဘဏ္ဍာငွေ သုံးစွဲမှုအပိုင်းမှာလည်း၊ နောက်တခါ နည်းပညာပေါ့ အဲဒါတွေကတော့ ပါတီငယ်တွေ ရွေးကောက်ပွဲမှာ မျှတစွာပါဝင်လာနိုင်မယ့် အခင်းအကျင်းတရပ် မဖြစ်နိုင်ဘူးပေါ့နော်၊ ကိုဗစ်က အဟန့်အတားဖြစ်နိုင်တော့။”

COVID ထိန်းချုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ထားတဲ့ လူအရေအတွက်ထက်ပိုပြီး မစုဝေးဘဲ မဲဆွယ်ရဖို့ရှိတာကြောင့် ဒါဟာ ပါတီတိုင်းအတွက် စိန်ခေါ်မှုဖြစ်ပေမဲ့ ဒါကညီတူညီမျှ အခြေအနေသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာ ၄ရက်မှာ ပြောခဲ့တာပါ။

“အဲဒီတော့ COVID-19 ကလည်း ဒီဟာက စိန်ခေါ်မှုအသစ်ဗျ၊ ကျနော်တို့မှ စိန်ခေါ်မှုအသစ်မဟုတ်ဘူး၊ အမေရိကားအတွက်လည်း ရွေးကောက်ပွဲရှိတယ်။စိန်ခေါ်မှုအသစ်။ အဲဒီတော့ ပါတီတိုင်း အသစ်ပါ ဘယ်သူမှ အသာရတာ မရှိဘူး။ Pandemic ဖြစ်နေတဲ့ ရောဂါကာလ အချိန်ကြီးတခုမှာ စည်းရုံးရေးလုပ်တယ်၊ ရွေးကောက်ပွဲဖြစ်တယ်၊ မဖြစ်တယ် ဆိုတာကတော့ အစိုးရရော၊ ပြည်သူရော၊ ကျန်းမာရေးဌာနပေါ့ သက်ဆိုင်ရာ ဌာနတွေအားလုံးက ဒီ COVID ကို ဘယ်လောက် တားနိုင်သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်မယ်နဲ့ တူပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကတော့ ပြိုင်ဆိုင်မှုကြီးမားမယ်၊ ပြဿနာတွေလည်း အရင်ကထက် ပိုရှုပ်နိုင်တယ် စိန်ခေါ်မှု အသစ်ဖြစ်နေလို့။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရမယ့်အချိန်မှာ မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာ ၁,၄၀၀ ကျော်လာပြီး သေဆုံးသူအရေအတွက်ကလည်း ၈ ယောက် ထိရှိလာပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက် မနက် ၆ နာရီကနေ စတင်နိုင်ပြီး နိုဝင်ဘာ ၆ ရက် ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားပါတယ်။ တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၉၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG