(Zawgyi/Unicode)
' ဝ ' ေဒသမွာ လုံၿခဳံေရးအေနအထားအရလြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲမ်ဳိး မျဖစ္ႏုိင္ဘူးလို႔ တပ္မေတာ္က သုံးသပ္ေၾကာင္း တာဝန္ရွိသူတဦးက ေသာၾကာေန႔ သတင္စာရွင္းလင္းပဲြမွာ ေျပာၾကားလိုက္ပါတယ္။ ဒီေျပာဆိုခ်က္အေပၚ UWSA ဝတပ္ဖဲြ႔က တစုံတရာ တုန္႔ျပန္မႈ မလုပ္ေသးေပမဲ့ တပ္မေတာ္ရဲ႕ ေျပာဆိုခ်က္ဟာ UWSA နဲ႔ အနာဂတ္ဆက္ဆံေရးမွာ ထိခုိက္လာႏိုင္ေၾကာင္း ႏိုင္ငံေရးအကဲခတ္တခ်ဳိ႕က သုံးသပ္ထားတာကို ကို ဥာဏ္ဝင္းေအာင္ တင္ျပေပးမွာပါ။
ရခုိင္ျပည္နယ္မွာလို တပ္မေတာ္နဲ႔ စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ေနရာေတြမွာ ေရြးေကာက္ပဲြ က်င္းပဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ အေစာပုိင္းမွာကတည္းက တပ္မေတာ္ဘက္က ေျပာဆိုခဲ့ၿပီးျဖစ္ပါတယ္။
ဒါေပမဲ့ တပ္မေတာ္နဲ႔ တုိက္ပြဲေတြ မရွိတဲ့ ဝျပည္ေသြးစည္းညီညြတ္ေရး တပ္မေတာ္ UWSA ထိန္းခ်ဳပ္ရာ ေဒသမွာ ဘာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ဖို႔ မျဖစ္ႏိုင္ဘူးလဲ ဆိုတဲ့ အေျခအေနကိုေတာ့ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးရဲ႕ ေျပာခြင့္ရပုဂၢဳိလ္ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ခုလို ရွင္းျပသ ြားပါတယ္။
“အဓိကေတာ့ က်ေနာ္တို႔ေျပာေနတာေပါ့ေနာ္ ေရြးေကာက္ပြဲ လုပ္လို႔ရရံုနဲ႔ လုပ္နည္းရွိတယ္၊ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲဆိုတာ လုပ္ဖို႔ဆိုတာရွိတယ္။ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ဖို႔အတြက္ကေတာ့ ခဲယဥ္းတယ္။ အဓိကေတာ့ မဲဆႏၵရွင္ ျပည္သူေတြရဲ႕ စိတ္ဆႏၵအတိုင္း သူတို႔ စိတ္ဆႏၵရွိသလို မဲေပးပိုင္ခြင့္ရွိရမယ္။ သူတို႔က တဦးဦးရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ မဲေပးရတာမ်ိဳး မျဖစ္ေစခ်င္ဘူး။ ဒါဆိုရင္ လံုၿခံဳေရးအရ လြတ္လပ္တဲ့ တရားမွ်တတဲ့ ေရြးေကာက္ပြဲ မျဖစ္ႏိုင္ဘူး။ ဒါေတြေၾကာင့္မို႔လို႔လည္း ေျပာခ်ငး္ျဖစ္တယ္လို႔ က်ေနာ္ေျပာလိုပါတယ္။”
စက္တင္ဘာ ၄ ရက္ မနက္ေစာပုိင္း ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႕ရဲ႕ သတင္းစာရွင္းလင္းပဲြအတြင္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အဲဒီလို ေျပာသြားတာပါ။
' ဝ ' ေဒသနဲ႔ ပတ္သက္လို႔ တပ္မေတာ္ရဲ႕ ေျပာၾကားခ်က္အေပၚ UWSA ဗဟုိက တုန္႔ျပန္ဖုိ႔ ဆုံးျဖတ္ခ်က္ မခ်ရ ေသးေၾကာင္း UWSA ျပင္ပဆက္ဆံေရး႐ုံး တာဝန္ခံ ဦးညီရမ္းက ေျပာပါတယ္။
“အခုအခ်ိန္အထိ ဗဟိုဌာနခ်ဳပ္က ဒီေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ကိစၥရပ္ေတြကို ဘာမွေျပာတာမၾကားေသးဘူး ။ ဒီလိုကိစၥမ်ိဳးကေတာ့ ဗဟိုဌာနခ်ဳပ္ရဲ႕ ဆံုးျဖတ္ခ်က္အေပၚမွာပဲ မူတည္ပါလိမ့္မယ္ေနာ္။”
ဝေဒသမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲမ်ဳိး မျဖစ္ႏုိင္ဘူးဆိုတဲ့ တပ္မေတာ္ရဲ႕ ေျပာဆိုခ်က္ဟာ လုံၿခဳံေရး မယူလိုတဲ့ အေၾကာင္းျပခ်က္သာ ျဖစ္ၿပီး ၊ UWSA နဲ႔ အနာဂတ္ဆက္ဆံေရး ထိခုိက္လာႏိုင္ေၾကာင္း ႏိုင္ငံေရးအကဲခတ္ ဦးသန္းစုိးႏိုင္က သုံးသပ္ပါတယ္။
“စစ္ေတာ့ မျဖစ္ဘူေပါ့ဗ်ာ ဒါေပမယ့္ စစ္ေရးအရ ရင္ဆိုင္ထားတဲ့ အေနအထားျဖစ္တယ္။ အဲဒီၾကားထဲမွာ တဘက္နဲ႔ တဘက္ကလည္း အဆက္အဆံေတြကေတာ့ မရွိၾကဘူး အဲလိုျဖစ္ေနတဲ့ေအာက္မွာေတာ့ လံုၿခံဳေရးအရ တာ၀န္မယူႏိုင္တဲ့အတြက္ အဲဒီေဒသေတြမွာ ေရြးေကာက္ပြဲ က်င္းပလို႔ မျဖစ္ႏိုင္ဘူးဆိုရင္ လံုေလာက္ပါတယ္။ ဒါေပမယ့္ တရားမွ်တၿပီးလြတ္လပ္တဲ့ ေရြးေကာက္ပြဲ မျဖစ္ႏိုင္ဘူးဆိုတဲ့ အသံုးအႏႈန္းေတြက်ေတာ့ ၀အဖြဲ႔က ဒါနဲ႔ ပတ္သက္ၿပီးေတာ့ သူတို႔ဆီမွာ တရားမွ်တမႈမရွိဘူး ၊ လြတ္လပ္မႈမရွိဘူးဆိုတဲ့သေဘာတရားေတြ သက္ေရာက္သြားရင္ ၂ ဘက္ဆက္ဆံေရးအတြက္ အက်ိဳးမရွိဘူး ။ ၀ အဖြဲ႔အေနနဲ႔လည္း လက္ခံႏိုင္မွာ မဟုတ္ဘူးဗ်။”
' ဝ ' ေဒသထဲက အစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့ ဟုိပန္နဲ႔ မက္မန္း ၿမဳိ႕နယ္ ၂ ခုမွာေတာ့ ၂၀၂၀ ေရြးေကာက္ပဲြက်င္းပမွာျဖစ္ၿပီး ၊ လြတ္လပ္တဲ့ တရားမွ်တတဲ့ ေရြးေကာက္ပဲြ ျဖစ္လာမယ္လို႔ ယုံၾကည္ေၾကာင္း ဝအမ်ဳိးသားပါတီ WNP ရဲ႕ အေထြေထြ အတြင္းေရးမႉး ဦးဆမ္ေဆာင္ကားက ေျပာပါတယ္။
“ ေကာ္မရွင္ထုတ္ျပန္ခ်က္အရက က်ေနာ္တို႔ ဒီ ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ၆ ၿမိဳ႕နယ္မွာ ၂ ၿမိဳ႕နယ္ျဖစ္တဲ့ ဟုိပန္နဲ႔ မက္မန္းမွာ အစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က လြတ္လြတ္လပ္လပ္ လုပ္ခြင့္ရွိပါတယ္။ က်န္တဲ့ ၄ ၿမိဳ႕နယ္ကေတာ့ ၀ လက္နက္ကိုင္အဖြဲ႔က ထိန္းခ်ဳပ္တဲ့နယ္ေျမျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီေနရာမွာေတာ့ က်ေနာ္တို႔ လုပ္ခြင့္မရွိတဲ့အခါက်ေတာ့ ဒီ ၿခိမ္းေျခာက္မႈနဲ႔ ပတ္သက္တဲ့အတြက္ေၾကာင့္ ဒါကေတာ့ ေျဖဖို႔ေတာ့ နည္းနည္းခက္တယ္။ အခု ၂ ၿမိဳ႕နယ္မွာ ဟိုပန္ၿမိဳ႕နယ္နဲ႔ မက္မန္း ၿမဳိ႕နယ္မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ဖို႔ကေတာ့ ဘာ ၿခိမ္းေျခာက္မႈမွ မရွိဘူးခင္ဗ်။”
' ဝ ' ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ေဒသထဲမွာ ၿမဳိ့နယ္ ၆ ၿမဳိ့နယ္ရွိၿပီး ျမန္မာအစိုးရက ထိန္းခ်ဳပ္ထားတဲ့ ၂ ၿမဳိ႕နယ္နဲ႔ UWSA က ထိန္းခ်ဳပ္ထားတဲ့ ၄ ၿမဳိ႕နယ္ ရွိတာပါ။
ရခိုင္ျပည္နယ္ ေျမာက္ပိုင္း တိုက္ပဲြျဖစ္ေနတဲ့ ၿမဳိ့နယ္ေတြမွာ ေရြးေကာက္ပြဲ က်င္းပႏိုင္ျခင္း မရွိေသးဘူးလို႔ တပ္မေတာ္က ေျပာေပမယ့္ ၿမဳိ့နယ္အတိအက်ကို ထုတ္ေျပာတာမ်ဳိး မရွိေသးပဲ ေနာင္မွသာ ထုတ္ျပန္လိမ့္မယ္လို႔ တပ္မေတာ္ သတင္းစာရွင္းလင္းပဲြမွာ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုသြားပါတယ္။
.............
၀ ဒေသ ရွေးကောက်ပွဲအလားအလာအပေါ် တပ်မတော်နဲ့ UWSA သဘောထားကွဲ
(Unicode)
' ဝ ' ဒေသမှာ လုံခြုံရေးအနေအထားအရလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူးလို့ တပ်မတော်က သုံးသပ်ကြောင်း တာဝန်ရှိသူတဦးက သောကြာနေ့ သတင်စာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒီပြောဆိုချက်အပေါ် UWSA ဝတပ်ဖွဲ့က တစုံတရာ တုန့်ပြန်မှု မလုပ်သေးပေမဲ့ တပ်မတော်ရဲ့ ပြောဆိုချက်ဟာ UWSA နဲ့ အနာဂတ်ဆက်ဆံရေးမှာ ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ထားတာကို ကို ဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။
ရခိုင်ပြည်နယ်မှာလို တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးဆိုတာ အစောပိုင်းမှာကတည်းက တပ်မတော်ဘက်က ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေ မရှိတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာ ဒေသမှာ ဘာကြောင့် ရွေးကောက်ပွဲ လုပ်ဖို့ မဖြစ်နိုင်ဘူးလဲ ဆိုတဲ့ အခြေအနေကိုတော့ တပ်မတော်သတင်းမှန် ပြန်ကြားရေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ခုလို ရှင်းပြသ ွားပါတယ်။
“အဓိကတော့ ကျနော်တို့ပြောနေတာပေါ့နော် ရွေးကောက်ပွဲ လုပ်လို့ရရုံနဲ့ လုပ်နည်းရှိတယ်၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ လုပ်ဖို့ဆိုတာရှိတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်ကတော့ ခဲယဉ်းတယ်။ အဓိကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ စိတ်ဆန္ဒအတိုင်း သူတို့ စိတ်ဆန္ဒရှိသလို မဲပေးပိုင်ခွင့်ရှိရမယ်။ သူတို့က တဦးဦးရဲ့ ခြိမ်းခြောက်မှုကြောင့် မဲပေးရတာမျိုး မဖြစ်စေချင်ဘူး။ ဒါဆိုရင် လုံခြုံရေးအရ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒါတွေကြောင့်မို့လို့လည်း ပြောချင်းဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။”
စက်တင်ဘာ ၄ ရက် မနက်စောပိုင်း နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဲဒီလို ပြောသွားတာပါ။
' ဝ ' ဒေသနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ပြောကြားချက်အပေါ် UWSA ဗဟိုက တုန့်ပြန်ဖို့ ဆုံးဖြတ်ချက် မချရ သေးကြောင်း UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
“အခုအချိန်အထိ ဗဟိုဌာနချုပ်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဘာမှပြောတာမကြားသေးဘူး ။ ဒီလိုကိစ္စမျိုးကတော့ ဗဟိုဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်နော်။”
ဝဒေသမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူးဆိုတဲ့ တပ်မတော်ရဲ့ ပြောဆိုချက်ဟာ လုံခြုံရေး မယူလိုတဲ့ အကြောင်းပြချက်သာ ဖြစ်ပြီး ၊ UWSA နဲ့ အနာဂတ်ဆက်ဆံရေး ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“စစ်တော့ မဖြစ်ဘူပေါ့ဗျာ ဒါပေမယ့် စစ်ရေးအရ ရင်ဆိုင်ထားတဲ့ အနေအထားဖြစ်တယ်။ အဲဒီကြားထဲမှာ တဘက်နဲ့ တဘက်ကလည်း အဆက်အဆံတွေကတော့ မရှိကြဘူး အဲလိုဖြစ်နေတဲ့အောက်မှာတော့ လုံခြုံရေးအရ တာဝန်မယူနိုင်တဲ့အတွက် အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပလို့ မဖြစ်နိုင်ဘူးဆိုရင် လုံလောက်ပါတယ်။ ဒါပေမယ့် တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတဲ့ အသုံးအနှုန်းတွေကျတော့ ဝအဖွဲ့က ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ဆီမှာ တရားမျှတမှုမရှိဘူး ၊ လွတ်လပ်မှုမရှိဘူးဆိုတဲ့သဘောတရားတွေ သက်ရောက်သွားရင် ၂ ဘက်ဆက်ဆံရေးအတွက် အကျိုးမရှိဘူး ။ ၀ အဖွဲ့အနေနဲ့လည်း လက်ခံနိုင်မှာ မဟုတ်ဘူးဗျ။”
' ဝ ' ဒေသထဲက အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဟိုပန်နဲ့ မက်မန်း မြို့နယ် ၂ ခုမှာတော့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၊ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဝအမျိုးသားပါတီ WNP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဆမ်ဆောင်ကားက ပြောပါတယ်။
“ ကော်မရှင်ထုတ်ပြန်ချက်အရက ကျနော်တို့ ဒီ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၆ မြို့နယ်မှာ ၂ မြို့နယ်ဖြစ်တဲ့ ဟိုပန်နဲ့ မက်မန်းမှာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက်ကြောင့် ကျနော်တို့က လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိပါတယ်။ ကျန်တဲ့ ၄ မြို့နယ်ကတော့ ၀ လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်တဲ့နယ်မြေဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာမှာတော့ ကျနော်တို့ လုပ်ခွင့်မရှိတဲ့အခါကျတော့ ဒီ ခြိမ်းခြောက်မှုနဲ့ ပတ်သက်တဲ့အတွက်ကြောင့် ဒါကတော့ ဖြေဖို့တော့ နည်းနည်းခက်တယ်။ အခု ၂ မြို့နယ်မှာ ဟိုပန်မြို့နယ်နဲ့ မက်မန်း မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကတော့ ဘာ ခြိမ်းခြောက်မှုမှ မရှိဘူးခင်ဗျ။”
' ဝ ' ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသထဲမှာ မြို့နယ် ၆ မြို့နယ်ရှိပြီး မြန်မာအစိုးရက ထိန်းချုပ်ထားတဲ့ ၂ မြို့နယ်နဲ့ UWSA က ထိန်းချုပ်ထားတဲ့ ၄ မြို့နယ် ရှိတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသေးဘူးလို့ တပ်မတော်က ပြောပေမယ့် မြို့နယ်အတိအကျကို ထုတ်ပြောတာမျိုး မရှိသေးပဲ နောင်မှသာ ထုတ်ပြန်လိမ့်မယ်လို့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။