[Zawgyi/Unicode]
ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုဝင္ဘာလ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ သူ႔ရဲ႕ ပါတီ ေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးလႈပ္ရွားမႈကို အဂၤ္ါေန႔က စတင္လိုက္ပါတယ္။ COVID 19 ကူးစက္မႈ ျမင့္တက္ေနတာေၾကာင့္ ရန္ကုန္ကို ကိုယ္တိုင္ သြားေရာက္မယ့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္ ေနျပည္ေတာ္မွာပဲ အက်ဥ္း႐ုံးၿပီး ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး စတင္တဲ့ အခမ္းအနားကို လုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ မဲဆြယ္လႈပ္ရွားမႈစတင္ဖို႔ ရန္ကုန္ကို လူကိုယ္တိုင္ သြားဖို႔ အစီအစဥ္ကို က်န္းမာေရးဝန္ႀကီးရဲ႕ အႀကံျပဳခ်က္အရ မေန႔ တနလၤာေန႔က ဖ်က္သိမ္းခဲ့တာပါ။
၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ အႏိုင္ရခဲ့ၿပီး စစ္အစိုးရ အုပ္ခ်ဳပ္ေရး အဆုံးသတ္ေစခဲ့တဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပန္ၿပီး အႏိုင္ရလိမ့္မယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။
ႏိုင္ငံ့အာဏာ အမ်ားအျပားကို စစ္တပ္က ရယူထားတာကို ေလွ်ာ့ခ် ျဖတ္ေတာက္ႏိုင္ျခင္း မရွိေသးတာ၊ တိုင္းရင္းသား ပဋိပကၡေတြ ျမင့္တက္ေနတာကို တားဆီးႏိုင္ျခင္း မရွိေသးတာနဲ႔ ရခိုင္ေျမာက္ပိုင္းမွာ၂၀၁၇ ခုႏွစ္က စစ္တပ္က ဆင္ႏႊဲခဲ့တဲ့ စစ္ဆင္ေရးေတြေၾကာင့္ ႏိုင္ငံတကာက ေဝဖန္ခံေနရတာေတြ ရွိေနမဲ့လည္း (NLD)ပါတီဟာ ေထာက္ခံမႈ အမ်ားအျပားရထားဆဲ ျဖစ္ပါတယ္။
၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရး ပါတီ ၉၄ ခုက ကိုယ္စားလွယ္ေလာင္း ၇,၀၀၀ ေက်ာ္ ပါဝင္ ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္း တင္သြင္းထားပါတယ္။
[Unicode Version]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါတီစည်းရုံးရေး စတင်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲအတွက် သူ့ရဲ့ ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးလှုပ်ရှားမှုကို အင်္ဂ်ါနေ့က စတင်လိုက်ပါတယ်။ COVID 19 ကူးစက်မှု မြင့်တက်နေတာကြောင့် ရန်ကုန်ကို ကိုယ်တိုင် သွားရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် နေပြည်တော်မှာပဲ အကျဉ်းရုံးပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး စတင်တဲ့ အခမ်းအနားကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်လှုပ်ရှားမှုစတင်ဖို့ ရန်ကုန်ကို လူကိုယ်တိုင် သွားဖို့ အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးရဲ့ အကြံပြုချက်အရ မနေ့ တနင်္လာနေ့က ဖျက်သိမ်းခဲ့တာပါ။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီး စစ်အစိုးရ အုပ်ချုပ်ရေး အဆုံးသတ်စေခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်ပြီး အနိုင်ရလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
နိုင်ငံ့အာဏာ အများအပြားကို စစ်တပ်က ရယူထားတာကို လျှော့ချ ဖြတ်တောက်နိုင်ခြင်း မရှိသေးတာ၊ တိုင်းရင်းသား ပဋိပက္ခတွေ မြင့်တက်နေတာကို တားဆီးနိုင်ခြင်း မရှိသေးတာနဲ့ ရခိုင်မြောက်ပိုင်းမှာ၂၀၁၇ ခုနှစ်က စစ်တပ်က ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် နိုင်ငံတကာက ဝေဖန်ခံနေရတာတွေ ရှိနေမဲ့လည်း (NLD)ပါတီဟာ ထောက်ခံမှု အများအပြားရထားဆဲ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီ ၉၄ ခုက ကိုယ်စားလှယ်လောင်း ၇,၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။