သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြက်င္းပႏိုင္ေရး တိုက္ပဲြရပ္ေပးဖို႔ ခူမီးခ်င္းအဖဲြ႕ေတာင္းဆို


ခူမီးခ်င္း မ်ိဳးႏြယ္စုေရးရာေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ Khumi Affairs Coordination Council (KACC)ရဲ႕ ထုတ္ျပန္ခ်က္။ (စက္တင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ အေထြေထြ ေရြးေကာက္ပြဲက်င္းပနိုင္ေရးအတြက္ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြကို ရပ္စဲဖို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏိႈင္းေရး ေကာင္စီ KACC ကေန ေတာင္းဆိုတဲ့သတင္းတင္ျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

တိုက္ပြဲေတြျဖစ္ပြါးေနရင္ ေရြးေကာက္ပြဲက်င္းပဖို႔ အခြင့္အေရးဆုံးရံႈးသြားမွာ စိုးရိမ္လို႔ ပလက္၀ျမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြကို ရပ္စဲဖို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏိႈင္းေရး ေကာင္စီ (KACC) ညိွႏိႈင္းေရးမွဴး ဆလိုင္းေစာျမက အခုလိုေျပာပါတယ္။

အဓိကအေၾကာင္းအရင္းက စစ္တပ္ဘက္က သတင္းစာရွင္းလင္းပြဲလုပ္တဲ့အခါ ၀နယ္နဲ႕ ပဋိပကၡရွိတဲ့ ရခိုင္ေျမာက္ပိုင္းမွာ လုံျခံဳေရးအရ ေရြးေကာက္ပြဲမလုပ္ဖို႔ တိုက္တြန္းေနတဲ့အေနအထားမွာရွိတယ္။ က်ေနာ္တို႔ ပလက္၀နယ္ကလည္းပဲ ရခိုင္ေျမာက္ပိုင္းနဲ႔ ထိစပ္ေနေတာ့ က်ေနာ္တုိ႔ဘက္မွာလည္း အခုၾကိဳၾကားၾကိဳၾကား တိုက္ပြဲရွိေနေသးေတာ့ ေရြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္ လုပ္နိုင္ဖို႔အတြက္ သက္ဆိုင္တဲ့ လုံျခံဳေရးအဖြဲ႔အစည္းေတြက အကူညီေပးဖို႔ အဲဒါပါပဲ။

လက္ရွိ ပလက္၀ျမိဳ႕နယ္မွာ တိုက္ပြဲရပ္တန္႔ေနတာ တလနီးပါးရွိေနေပမဲ့ စိတ္ခ်ရတဲ့ အေျခအေနမဟုတ္ေသးတဲ့အတြက္ တိုက္ပြဲအခ်ိန္မေရြးျဖစ္ပြားနိုင္တယ္လို႔ သူကဆိုပါတယ္။

နိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခြင့္ကို စက္တင္ဘာလ ၈ ရက္ေန႔ကစၿပီး ခြင့္ျပဳေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ (UEC) ကေၾကညာခဲ့ပါတယ္။

ဒါေပမဲ့ ပလက္၀တခ်ိဳ႕ေဒသဘက္မွာ နိုင္ငံေရးပါတီေတြအေနနဲ႔ မဲဆြယ္စည္း႐ုံးေရးခက္ခဲေနေၾကာင္း ဆလိုင္းေစာျမက ဆက္ေျပာပါတယ္။

ဆမီးဘက္အျခမ္းရယ္၊ ပလက္ဝအပိုင္း ကုလားတန္ျမစ္အထက္ပိုင္း အဲဒီ ႐ွင္းလက္ဝတစ္ေၾကာရင္ အဲဒီေလာက္ပဲ ျဖစ္ႏုိင္မယ္ထင္တယ္။ က်န္တဲ့ေနရာမွာၾကေတာ့ ပလက္ဝနဲ႔ အနီးတစ္ဝုိက္က ဆမီးနဲ႕ပလက္ဝၾကားလဲ အသြားအလာ ကန္႔သတ္ထားေတာ့ လုပ္ျဖစ္လိမ့္မယ္မထင္ဘူး။ ေနာက္ပလက္ဝ အေနာက္ျခမ္း ျပည္ေခ်ာင္း တေၾကာလည္း ျပီးေတာ့ ေက်းရြာအုပ္စု ၈ ခုေလာက္႐ွိတယ္၊ ေက်း႐ြာေပါင္း ၁၈ ႐ြာေလာက္႐ွိမယ္။ အဲဒီဘက္ကေတာ့ လုပ္နိုင္မယ္မထင္ဘူး။

လက္နက္ကို္င္ပဋိပကၡျဖစ္ပြားေနဆဲ ပလက္၀ျမိဳ႕နယ္ထဲ မဲဆြယ္စည္းရံုးေရးခရီးစတင္ဖို႔က ခက္ခဲေနတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႔၀င္ စည္ပင္၀န္ၾကီးဦးစိုးထက္ကေျပာပါတယ္။

လုံး၀ေအးခ်မ္းတာေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ဒီကာလမွာေတာ့ က်ေနာ္တို႔ ကိုယ္တိုင္မသြားနိုင္ေတာင္မွ က်ေနာ္တို႔ရဲ႕ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေပါ့။ ကိုယ္စားလွယ္ေတြကတာ၀န္ယူျပီးေတာ့ စည္းရံုးဖို႔ေတာ့ က်ေနာ္တို႔ စီစဥ္ထားပါတယ္ဗ်။ ေနရာတိုင္းမွာေတာ့မလြယ္ဘူးေပါ့ေလ။ သြားလို႔မရတဲ့အခါေတာ့ က်ေနာ္တို႔ ကိုယ္စားလွယ္နဲ႔ပဲ စည္းရံုးေရးလုပ္ဖို႔ေတာ့ လ်ာထားပါတယ္ဗ်။

တပ္မေတာ္ဘက္ကေတာ့ လက္ရွိစစ္ေရးတင္းမာဆဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ အစိုးရအုပ္ခ်ဳပ္မႈအားနည္းရာ ၀ေဒသဘက္မွာ ေရြးေကာက္ပြဲက်င္းပဖို႔ လုံျခံဳေရးအားနည္းေနေသးတယ္လို႔ သေဘာထားအျမင္ရွိေနေၾကာင္း တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို အခုလိုေျပာပါတယ္။

ေရြးေကာက္ပြဲေကာ္မရွင္ကို ရခိုင္ေျမာက္ပိုင္းနဲ႔ ၀တခ်ိဳ႕နယ္ေျမမွာေတာ့ လုံျခံဳေရးအရ စိတ္မခ်ရဘူး။ က်ေနာ္တို႔ ေျပာထားတာရွိေသးတယ္။ ေရြးေကာက္ပြဲကလည္း ႏွစ္လလိုေသးတာ အဲဒီဟာျပီးမွပဲ က်ေနာ္တို႔ ေနာက္ဆုံးအေျခအေနေတာ့ အဲတာျပီးမွပဲ က်ေနာ္တို႔ ေျပာလို႔ရပါမယ္။

တပ္မေတာ္နဲ႔ စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ေနရာေတြမွာ ေရြးေကာက္ပြဲ က်င္းပဖို႔ မျဖစ္နိုင္ဘူးလို႔ တပ္မေတာ္ဘက္က ေျပာဆိုခဲ့သလို ေရြးေကာက္ပြဲ မက်င္းပနိုင္ခဲ့ရင္ ပလက္ဝေဒသအတြက္ နိုင္ငံေရးအရ ကိုယ္စားျပဳမယ့္ ကိုယ္စားလွယ္ေလာင္းေတြ မရွိမွာကို စိုးရိမ္လို႔ တိုက္ပြဲမ်ားရပ္တန႔္ေပးဖို႔ KACC အဖြဲ႕ကေန ေတာင္းဆိုခဲ့တာပါ။

ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔၊ တအာင္းပေလာင္ TNLA အဖြဲ႔၊ ကိုးကန္႔တပ္ဖြဲ႔ MNDAA တို႔ကေတာ့ ကိုရိုနာကူးစက္ေရာဂါ ဒုတိယလိႈင္းတားဆီးထိန္းခ်ဳပ္နိုင္ေရး နို၀င္ဘာလ ၈ ရက္ ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲကို အေထာက္ကူျပဳနိုင္ေရးအတြက္ စက္တင္ဘာလ ၁ ရက္ကေန နို၀င္ဘာလ ၉ ရက္ေန႔အထိ ရက္ ေပါင္း ၇၀ အၾကာ သတၱမအၾကိမ္ တဘက္သတ္အပစ္ခတ္ရပ္စဲေၾကာင္း ေၾကညာခဲ့ပါတယ္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔အေနနဲ႔ ပလက္ဝၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲျဖစ္ေျမာက္ေရးအတြက္ ျပည္ေထာင္စုအစိုးရကို တင္ျပထားေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထိုက္ကဆိုပါတယ္။

ခ်င္းျပည္နယ္အတြင္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ နိုင္ငံေရးပါတီေတြကေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြ႔ံၿဖိဳးေရးပါတီ (USDP)၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD)၊ ဇိုမီးဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (ZCD)၊ ဇိုတိုင္းရင္းသားေဒသဖြ႕ံၿဖိဳးေရးပါတီ (ZNRDP)၊ ခူမီး (ခမီး) အမ်ိဳးသားပါတီ (KNP)၊ ခ်င္းတိုင္းရင္းသားမ်ားပါ တိုင္းရင္းသားစည္းလုံးညီညႊတ္ေရးပါတီ (NUP)၊ တိုင္းရင္းသားလူမ်ိဳးစုမ်ား ဖံြ႔ၿဖိဳးေရးပါတီ (ENDP)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP) နဲ႔ ျပည္သူ႔ပါတီ (PP)စတဲ့(၁၂)ပါတီရွိေနပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) အေနနဲ႕ ေရြးေကာက္ပြဲ မက်င္းပနိုင္တဲ့ မဲဆႏၵနယ္ေတြကို လာမယ့္ ေအာက္တိုဘာလမွာ ေၾကျငာသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲရပ်ပေးဖို့ ခူမီးချင်းအဖွဲ့တောင်းဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC ကနေ တောင်းဆိုတဲ့သတင်းတင်ပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေဖြစ်ပွါးနေရင် ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အရေးဆုံးရှုံးသွားမှာ စိုးရိမ်လို့ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) ညှိနှိုင်းရေးမှူး ဆလိုင်းစောမြက အခုလိုပြောပါတယ်။

အဓိကအကြောင်းအရင်းက စစ်တပ်ဘက်က သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ဝနယ်နဲ့ ပဋိပက္ခရှိတဲ့ ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးအရ ရွေးကောက်ပွဲမလုပ်ဖို့ တိုက်တွန်းနေတဲ့အနေအထားမှာရှိတယ်။ ကျနော်တို့ ပလက်ဝနယ်ကလည်းပဲ ရခိုင်မြောက်ပိုင်းနဲ့ ထိစပ်နေတော့ ကျနော်တို့ဘက်မှာလည်း အခုကြိုကြားကြိုကြား တိုက်ပွဲရှိနေသေးတော့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် လုပ်နိုင်ဖို့အတွက် သက်ဆိုင်တဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက အကူညီပေးဖို့ အဲဒါပါပဲ။

လက်ရှိ ပလက်ဝမြို့နယ်မှာ တိုက်ပွဲရပ်တန့်နေတာ တလနီးပါးရှိနေပေမဲ့ စိတ်ချရတဲ့ အခြေအနေမဟုတ်သေးတဲ့အတွက် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ သူကဆိုပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ပလက်ဝတချို့ဒေသဘက်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးခက်ခဲနေကြောင်း ဆလိုင်းစောမြက ဆက်ပြောပါတယ်။

ဆမီးဘက်အခြမ်းရယ်၊ ပလက်ဝအပိုင်း ကုလားတန်မြစ်အထက်ပိုင်း အဲဒီ ရှင်းလက်ဝတစ်ကြောရင် အဲဒီလောက်ပဲ ဖြစ်နိုင်မယ်ထင်တယ်။ ကျန်တဲ့နေရာမှာကြတော့ ပလက်ဝနဲ့ အနီးတစ်ဝိုက်က ဆမီးနဲ့ပလက်ဝကြားလဲ အသွားအလာ ကန့်သတ်ထားတော့ လုပ်ဖြစ်လိမ့်မယ်မထင်ဘူး။ နောက်ပလက်ဝ အနောက်ခြမ်း ပြည်ချောင်း တကြောလည်း ပြီးတော့ ကျေးရွာအုပ်စု ၈ ခုလောက်ရှိတယ်၊ ကျေးရွာပေါင်း ၁၈ ရွာလောက်ရှိမယ်။ အဲဒီဘက်ကတော့ လုပ်နိုင်မယ်မထင်ဘူး။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေဆဲ ပလက်ဝမြို့နယ်ထဲ မဲဆွယ်စည်းရုံးရေးခရီးစတင်ဖို့က ခက်ခဲနေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောပါတယ်။

လုံးဝအေးချမ်းတာတော့ မဟုတ်ဘူးပေါ့နော်။ ဒီကာလမှာတော့ ကျနော်တို့ ကိုယ်တိုင်မသွားနိုင်တောင်မှ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ပေါ့။ ကိုယ်စားလှယ်တွေကတာဝန်ယူပြီးတော့ စည်းရုံးဖို့တော့ ကျနော်တို့ စီစဉ်ထားပါတယ်ဗျ။ နေရာတိုင်းမှာတော့မလွယ်ဘူးပေါ့လေ။ သွားလို့မရတဲ့အခါတော့ ကျနော်တို့ ကိုယ်စားလှယ်နဲ့ပဲ စည်းရုံးရေးလုပ်ဖို့တော့ လျာထားပါတယ်ဗျ။

တပ်မတော်ဘက်ကတော့ လက်ရှိစစ်ရေးတင်းမာဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အစိုးရအုပ်ချုပ်မှုအားနည်းရာ ဝဒေသဘက်မှာ ရွေးကောက်ပွဲကျင်းပဖို့ လုံခြုံရေးအားနည်းနေသေးတယ်လို့ သဘောထားအမြင်ရှိနေကြောင်း တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ရခိုင်မြောက်ပိုင်းနဲ့ ဝတချို့နယ်မြေမှာတော့ လုံခြုံရေးအရ စိတ်မချရဘူး။ ကျနော်တို့ ပြောထားတာရှိသေးတယ်။ ရွေးကောက်ပွဲကလည်း နှစ်လလိုသေးတာ အဲဒီဟာပြီးမှပဲ ကျနော်တို့ နောက်ဆုံးအခြေအနေတော့ အဲတာပြီးမှပဲ ကျနော်တို့ ပြောလို့ရပါမယ်။

တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ တပ်မတော်ဘက်က ပြောဆိုခဲ့သလို ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင် ပလက်ဝဒေသအတွက် နိုင်ငံရေးအရ ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းတွေ မရှိမှာကို စိုးရိမ်လို့ တိုက်ပွဲများရပ်တန့်ပေးဖို့ KACC အဖွဲ့ကနေ တောင်းဆိုခဲ့တာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့၊ တအာင်းပလောင် TNLA အဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကတော့ ကိုရိုနာကူးစက်ရောဂါ ဒုတိယလှိုင်းတားဆီးထိန်းချုပ်နိုင်ရေး နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အထောက်ကူပြုနိုင်ရေးအတွက် စက်တင်ဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၉ ရက်နေ့အထိ ရက် ပေါင်း ၇၀ အကြာ သတ္တမအကြိမ် တဘက်သတ်အပစ်ခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထိုက်ကဆိုပါတယ်။

ချင်းပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (ZCD)၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ (ZNRDP)၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP)၊ ချင်းတိုင်းရင်းသားများပါ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP)၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ (ENDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နဲ့ ပြည်သူ့ပါတီ (PP)စတဲ့(၁၂)ပါတီရှိနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကို လာမယ့် အောက်တိုဘာလမှာ ကြေငြာသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG