သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္ေနတဲ့ ရခိုင္မွာ ကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္စည္းရံုးခြင့္ မရွိသေလာက္ျဖစ္ေန


ရခိုင္အမ်ိဳးသားပါတီ (ANP)မွ Covid 19 ေရာဂါတားဆီးေရးအက်ိ ဳ းျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ေနပံု (ဓါတ္ပံု-Arakan National Party)

(Zawgyi/Unicode)

ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္က အဂၤါေန႔က စတင္ခြင့္ျပဳလိုက္တဲ့ ေရြးေကာက္ပဲြ မဲဆြယ္စည္းရံုးေရးေတြမွာ COVID-19 ေၾကာင့္ စည္းကမ္းခ်က္ေတြ ျပင္းျပင္းထန္ထန္ သတ္မွတ္ထားပါတယ္။

အထူးသျဖင့္ ေရာဂါကူးစက္မႈႏႈန္း အမ်ားဆံုးျဖစ္ေနတဲ့ ရခိုင္ျပည္နယ္လိုေနရာမွာ ေနအိမ္ေတြမွာပဲေနဖို႔၊ မဲဆြယ္စည္းရံုးတာမ်ဳိး မလုပ္ဖို႔ သတ္မွတ္ခ်က္ေတြရွိေနပါတယ္။ ဒါေၾကာင့္ ရခိုင္ျပည္နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲ စိန္ေခၚမႈေတြ ဘယ္ေလာက္ထိရွိေနလဲ။ ေရြးေကာက္ပဲြကို ဘယ္လို ရိုက္ခတ္ႏိုင္သလဲ။

ရခိုင္အမ်ိဳးသားပါတီ (ANP)ရဲ႕ ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးထြန္းေအာင္ေက်ာ္ကို ကို၀င္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ့ ႏိုင္ငံေရးမူဝါဒဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္အေနနဲ႔၊ အခုႏိုဝင္ဘာ (၈) ရက္ေရြးေကာက္ပြဲမွာ၊ ရခုိင္ျပည္နယ္ စစ္ေတြၿမို႕နယ္ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၃) ကေန ဝင္ၿပိဳင္၊ မဲဆြယ္ေတာ့မွာမို႔၊ ဒီအခက္အခဲကို မေန႔ကမွ စေတြ႔တဲ့အေၾကာင္း ခုလိုစရွင္းျပပါတယ္။

" ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေန လိုက္နာဖို႔အခ်က္ေတြဆိုၿပီးေတာ့၊ အဲ့ဒိအထဲမွာ ဟို နံပါတ္ (၃) မွင္အနီနဲ႔ေပါ့၊ မဲဆြယ္စည္းရံုးေရးလုပ္ငန္းေတြေဆာင္ရြက္တဲ့အခါ၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တဲ့အမိန္႔နဲ႔ညႊန္ၾကားခ်က္ေတြ၊ ထပ္မံၿပီးထုတ္ျပန္မယ့္ အမိန္႔နဲ႔ညႊန္ၾကားခ်က္ေတြ၊ ေနာက္ ေရြးေကာက္ပြဲမဲဆြယ္စည္းရံုးေရးကာလမွာ ထုတ္ျပန္လာတဲ့ ေဒသႏၱရအမိန္႔ေတြနဲ႔ အညီ ေဆာင္ရြက္ဖို႔လိုတယ္ဆိုၿပီးေတာ့ ပါပါတယ္။အဲ့ဒီမွာတခါ ေနအိမ္မွာေနထိုင္ဖို႔အတြက္ Stay at Home ဆိုၿပီးေတာ့ သတ္မွတ္ထားတဲ့၊ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ၿမိဳ.နယ္၊ ရပ္ကြက္၊ ေက်းရြာေဒသေတြမွာ လွည့္လည္မဲဆြယ္စည္းရံုးျခင္း၊ ျပင္ပေနရာေတြ၊ အေဆာက္အဦးေတြအတြင္းမဲဆြယ္စည္းရံုးျခင္းနဲ႔ အိမ္တိုင္ရာေရာက္မဲဆြယ္စည္းရံုးျခင္းလုပ္ငန္းေတြကို၊ လံုးဝ (လံုးဝ) ေဆာင္ရြက္ျခင္းမျပဳရဘူးဆိုၿပီးေတာ့ ေဖာ္ျပထားပါတယ္။"

ကိုဝင္းမင္း။ ။ အဲ့ဒီေတာ့ အခု ရခိုင္ျပည္ရဲ့အခု ကိုဗစ္အျဖစ္မ်ားေနတဲ့ အေနအထားမွာ၊ ဒါက ဘယ္လိုသက္ေရာက္မႈ ျဖစ္လာမလဲ။

ဦးထြန္းေအာင္ေက်ာ္။ ။ ကၽြန္ေတာ္တို႔ ရခိုင္ျပည္နယ္မွာ ၿမိဳ.နယ္ ၁၇ ၿမိဳ.နယ္မွာ အခု ရမ္းၿဗဲၿမိဳ႕ နယ္ကလြဲလို႔၊ က်န္တဲ့ ၁၆ ၿမိဳ.နယ္မွာ ေတာ္ေတာ္ႀကီးကို ေရာဂါပ်ံ႔ႏွံ႔မူရွိတယ္။ပိုးေတြ႔တာနဲ႔ကို အဲ့ဒီလမ္းတို႔၊ ရပ္ကြက္တို႔ကို Lockdown လုပ္တာပဲ။ေနာက္လိုအပ္သလို Home Stay ေနရမွာတို႔၊ အဲ့လိုအခ်က္ေတြနဲ႔ေၾကညာထားတယ္ဆိုေတာ့၊ ဒီလိုေၾကညာခ်က္နဲ႔လြတ္ကင္းတဲ့ ၿမိဳ႔နယ္က၊ ရခိုင္ျပည္နယ္မွာ ရမ္းၿဗဲၿမိဳ.နယ္ တစ္ခုထဲရွိတဲ့အတြက္၊ ကၽြန္ေတာ္တို႔အေနနဲ႔ မဲဆြယ္စည္းရံုးေရး မလုပ္ရဘူးလို႔ မေျပာရံုပဲရွိတယ္။

ကိုဝင္းမင္း။ ။ အဲ့ဒီေတာ့ အခုလိုျဖစ္လာႏိုင္ေျခကို ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ႀကိဳတင္ အေၾကာင္းၾကားတာ၊ တိုင္ပင္တာ၊ ဘယ္လိုတျခားနည္းေတြနဲ႔ လုပ္ခြင့္ရွိတယ္ဆိုတာကိုေရာ၊ ညိႈႏိႈင္းခဲ့ႏိုင္တဲ့ အေနအထားရွိခဲ့လား။

ဦးထြန္းေအာင္ေက်ာ္။ ။ အဲ့ဒီလို သက္ဆိုင္တဲ့ ကြန္ေတာ္တို႔ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ကေရာ၊ ေနာက္ကၽြန္ေတာ္တို႔နဲ႔ ထိေတြ႔ေနတဲ့ ခရိုင္ေကာ္မရွင္ေတြကေရာ၊ အဲ့ဒိလို ႀကိဳတင္ၿပီးေတာ့၊ ျဖစ္လာႏိုင္ေျခ ရွိတယ္၊ ဘယ္လို ဘယ္လိုဆိုၿပီးေတာ့၊ ကၽြန္ေတာ္တို႔ကို ေခၚယူညိႏႈိင္းတာ လံုးဝ မရွိခဲ့ပါဘူး။ကၽြန္ေတာ္တို႔ကေတာ့ သတင္းစာရွင္းပြဲေတြကေန သိရတဲ့အတိုင္းပဲ၊ ဒါခန္႔မွန္းေျခေပါ့၊ ၅ ၿမိဳ႕နယ္ေလာက္ပဲ ျဖစ္မယ္တို႔ ဘာတို႔ညာတို႔ အဲ့လိုပဲ ေလ့လာေနတယ္။ေနာက္တစ္ခုကလည္း တစ္နည္းနည္းနဲ႔ကေတာ့၊ ဘယ္အခ်ိန္မွာျဖင့္၊ ၁ ပတ္ျဖစျ္ဖစ္ ၃ ပတ္ျဖစ္ျဖစ္၊ ဒါေရာဂါအေနနဲ႔ကေတာ့ ဒီ Lockdown လုပ္ထားတဲ့ ေဒသ၊ လမ္းေတြမွာ သက္သာသြားရင္ စည္းရံုးမူေတြ၊ လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတာ။ဒါေပမဲ့ ဒီလို အစိတ္အပိုင္းေလးေတြတင္ မကဘဲနဲ႔၊ ၿမိဳ.နယ္တို႔ ျပည္နယ္တို႔ တိုင္းေဒသႀကီးတို႔၊ အဲ့ဒီလို ေနရာက်ယ္က်ယ္ျပန္႔ျပန္႔ကို ခုလိုမလုပ္ရဘူးဆိုေတာ့၊ ကန္႔သတ္လိုက္တယ္ဆိုေတာ့၊ ကၽြန္ေတာ္တို႔လည္း ဘယ္လိုလုပ္ရမလဲဆိုတာ ခုထိ ေသေသခ်ာခ်ာ စဥ္းစားလို႔မရေသးဘူး။ဒါေပမဲ့ သက္ဆိုင္တဲ့ ခရိုင္ေကာ္မရွင္ေတြနဲ႔၊ ျပည္နယ္ေကာ္မရွင္ေတြနဲ႔ကေတာ့၊ ကၽြန္ေတာ္တို႔ ႏိုင္ငံေရးပါတီနဲ႔ မျဖစ္မေန ေတြ႔ဆံုၿပီးေတာ့၊ ေမးျမန္းဖို႔ေတာ့ လိုအပ္ေနၿပီ။

ကိုဝင္းမင္း။ ။ ကိုယ့္ဘက္ကေရာ ေကာ္မရွင္ကို သြားေတြ႔ဖို႔ရွိလား။

ဦးထြန္းေအာင္ေက်ာ္။ ။ ရွိပါတယ္ ခင္ဗ်။အစထဲကလည္း ေရြးေကာက္ပြဲကာလမွာ ေဒသႏၱရ အမိန္႔ေတြကလည္း၊ ေန႔စဥ္နဲ႔အမွ် ၃၊ ၄၊ ၅ ႀကိမ္ လွည့္ပတ္ၿပီးေတာ့၊ အသံခ်ဲ႕စက္ေတြနဲ႔ ေအာ္ေနတာဆိုေတာ့၊ ဒီလိုဒီလိုျဖစ္လာရင္ေတာ့၊ ဘယ္လို ကၽြန္ေတာ္တို႔လည္း လုပ္ကိုင္ေဆာင္ရြက္ႏိုင္မလဲ၊ ခၽြင္းခ်က္ေလးေတြမ်ား ရွိသလားဆိုၿပီးေတာ့၊ သြားဖို႔ ေမးဖို႔ေတာ့ စီစဥ္ေနတာ။အဲ့ဒီၾကားထဲမွာ ခုလိုထြက္လာတယ္ဆိုေတာ့၊ သြားကို သြားရမွာ။

ကိုဝင္းမင္း။ ။ အဲ့ဒိေတာ့ ခုနက အစိုးရဘက္ကေန ေလာ္စပီကာနဲ႔ လိုက္ေအာ္သလိုေပါ့ေနာ္၊ လူေတြမစုပဲနဲ႔ ေအာ္ႏိုင္တာမ်ိဳးကိုေဆြးေႏြးမွာအျပင္၊ ေနာက္ထပ္ေရာ ဘယ္လိုနည္းေတြကို ေဆြးေႏြးဖို႔ စဥ္းစားထားလဲ။

ဦးထြန္းေအာင္ေက်ာ္။ ။ တစ္ေယာက္ခ်င္း ေတြ႔လို႔ေတာ့ ရႏိုင္မယ္ထင္ပါတယ္။ဥပမာ ေစ်းလာဝယ္တဲ့ အခ်ိန္မွာျဖစ္ျဖစ္၊ တျခားကိစၥတစ္ခုနဲ႔လာတဲ့ ဟို၊ တစ္အိမ္က တစ္ေယာက္ေတာ့ ထြက္ေနရတယ္။အဲ့ဒီလိုအခ်ိန္မွာ တစ္ဦးခ်င္းကို၊ ကိုယ့္ပါတီဝင္ေတြကတစ္ဆင့္၊ စည္းရံုးလို႔ ရႏိုင္မလား၊အဲ့ဒီအခ်က္ေတြကိုလည္း ပြင့္ပြင့္လင္းလင္း ခရိုင္ေကာ္မရွင္တို႔၊ ျပည္နယ္ေကာ္မရွင္တို႔ကို ေမးရပါလိမ့္မယ္။

ကိုဝင္းမင္း။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ဦးထြန္းေအာင္ေက်ာ္။

လက္ရွိ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပဲြ ကို ရခိုင္ျပည္သူေတြ စိတ္၀င္စားမႈ မရွိသေလာက္ျဖစ္ေနတယ္လို႔လည္း ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။ ဒါေၾကာင့္ ျပည္သူေတြ ေရြးေကာက္ပဲြမွာ မဲေပးလာေအာင္ ရခိုင္မွာ ႏိုင္ငံေရးလႈပ္ရွားမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ကိုင္ခြင့္ေပးဖို႔လည္း အစိုးရကို သူက တိုက္တြန္းသြားပါတယ္။


..............

COVID-19 ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ ရခိုင်မှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် မရှိသလောက်ဖြစ်နေ

(Unicode)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့က စတင်ခွင့်ပြုလိုက်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ COVID-19 ကြောင့် စည်းကမ်းချက်တွေ ပြင်းပြင်းထန်ထန် သတ်မှတ်ထားပါတယ်။

အထူးသဖြင့် ရောဂါကူးစက်မှုနှုန်း အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်လိုနေရာမှာ

နေအိမ်တွေမှာပဲနေဖို့၊ မဲဆွယ်စည်းရုံးတာမျိုး မလုပ်ဖို့ သတ်မှတ်ချက်တွေရှိနေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ ဘယ်လောက်ထိရှိနေလဲ။ ရွေးကောက်ပွဲကို ဘယ်လို ရိုက်ခတ်နိုင်သလဲ။

ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းအောင်ကျော်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ နိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်အနေနဲ့၊ အခုနိုဝင်ဘာ (၈) ရက်ရွေးကောက်ပွဲမှာ၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၃) ကနေ ဝင်ပြိုင်၊ မဲဆွယ်တော့မှာမို့၊ ဒီအခက်အခဲကို မနေ့ကမှ စတွေ့တဲ့အကြောင်း ခုလိုစရှင်းပြပါတယ်။

" ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ လိုက်နာဖို့အချက်တွေဆိုပြီးတော့၊ အဲ့ဒိအထဲမှာ ဟို နံပါတ် (၃) မှင်အနီနဲ့ပေါ့၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့အမိန့်နဲ့ညွှန်ကြားချက်တွေ၊ ထပ်မံပြီးထုတ်ပြန်မယ့် အမိန့်နဲ့ညွှန်ကြားချက်တွေ၊ နောက် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ ထုတ်ပြန်လာတဲ့ ဒေသန္တရအမိန့်တွေနဲ့ အညီ ဆောင်ရွက်ဖို့လိုတယ်ဆိုပြီးတော့ ပါပါတယ်။အဲ့ဒီမှာတခါ နေအိမ်မှာနေထိုင်ဖို့အတွက် Stay at Home ဆိုပြီးတော့ သတ်မှတ်ထားတဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို.နယ်၊ ရပ်ကွက်၊ ကျေးရွာဒေသတွေမှာ လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာတွေ၊ အဆောက်အဦးတွေအတွင်းမဲဆွယ်စည်းရုံးခြင်းနဲ့ အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို၊ လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရဘူးဆိုပြီးတော့ ဖော်ပြထားပါတယ်။"

ကိုဝင်းမင်း။ ။ အဲ့ဒီတော့ အခု ရခိုင်ပြည်ရဲ့အခု ကိုဗစ်အဖြစ်များနေတဲ့ အနေအထားမှာ၊ ဒါက ဘယ်လိုသက်ရောက်မှု ဖြစ်လာမလဲ။

ဦးထွန်းအောင်ကျော်။ ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ မြို.နယ် ၁၇ မြို.နယ်မှာ အခု ရမ်းဗြဲမြို့ နယ်ကလွဲလို့၊ ကျန်တဲ့ ၁၆ မြို.နယ်မှာ တော်တော်ကြီးကို ရောဂါပျံ့နှံ့မူရှိတယ်။ပိုးတွေ့တာနဲ့ကို အဲ့ဒီလမ်းတို့၊ ရပ်ကွက်တို့ကို Lockdown လုပ်တာပဲ။နောက်လိုအပ်သလို Home Stay နေရမှာတို့၊ အဲ့လိုအချက်တွေနဲ့ကြေညာထားတယ်ဆိုတော့၊ ဒီလိုကြေညာချက်နဲ့လွတ်ကင်းတဲ့ မြို့နယ်က၊ ရခိုင်ပြည်နယ်မှာ ရမ်းဗြဲမြို.နယ် တစ်ခုထဲရှိတဲ့အတွက်၊ ကျွန်တော်တို့အနေနဲ့ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ မပြောရုံပဲရှိတယ်။

ကိုဝင်းမင်း။ ။ အဲ့ဒီတော့ အခုလိုဖြစ်လာနိုင်ခြေကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင် အကြောင်းကြားတာ၊ တိုင်ပင်တာ၊ ဘယ်လိုတခြားနည်းတွေနဲ့ လုပ်ခွင့်ရှိတယ်ဆိုတာကိုရော၊ ညှိုနှိုင်းခဲ့နိုင်တဲ့ အနေအထားရှိခဲ့လား။

ဦးထွန်းအောင်ကျော်။ ။ အဲ့ဒီလို သက်ဆိုင်တဲ့ ကွန်တော်တို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကရော၊ နောက်ကျွန်တော်တို့နဲ့ ထိတွေ့နေတဲ့ ခရိုင်ကော်မရှင်တွေကရော၊ အဲ့ဒိလို ကြိုတင်ပြီးတော့၊ ဖြစ်လာနိုင်ခြေ ရှိတယ်၊ ဘယ်လို ဘယ်လိုဆိုပြီးတော့၊ ကျွန်တော်တို့ကို ခေါ်ယူညိနှိုင်းတာ လုံးဝ မရှိခဲ့ပါဘူး။ကျွန်တော်တို့ကတော့ သတင်းစာရှင်းပွဲတွေကနေ သိရတဲ့အတိုင်းပဲ၊ ဒါခန့်မှန်းခြေပေါ့၊ ၅ မြို့နယ်လောက်ပဲ ဖြစ်မယ်တို့ ဘာတို့ညာတို့ အဲ့လိုပဲ လေ့လာနေတယ်။နောက်တစ်ခုကလည်း တစ်နည်းနည်းနဲ့ကတော့၊ ဘယ်အချိန်မှာဖြင့်၊ ၁ ပတ်ဖြြစ်ဖစ် ၃ ပတ်ဖြစ်ဖြစ်၊ ဒါရောဂါအနေနဲ့ကတော့ ဒီ Lockdown လုပ်ထားတဲ့ ဒေသ၊ လမ်းတွေမှာ သက်သာသွားရင် စည်းရုံးမူတွေ၊ လုပ်နိုင်မယ်လို့ မျှော်လင့်ထားတာ။ဒါပေမဲ့ ဒီလို အစိတ်အပိုင်းလေးတွေတင် မကဘဲနဲ့၊ မြို.နယ်တို့ ပြည်နယ်တို့ တိုင်းဒေသကြီးတို့၊ အဲ့ဒီလို နေရာကျယ်ကျယ်ပြန့်ပြန့်ကို ခုလိုမလုပ်ရဘူးဆိုတော့၊ ကန့်သတ်လိုက်တယ်ဆိုတော့၊ ကျွန်တော်တို့လည်း ဘယ်လိုလုပ်ရမလဲဆိုတာ ခုထိ သေသေချာချာ စဉ်းစားလို့မရသေးဘူး။ဒါပေမဲ့ သက်ဆိုင်တဲ့ ခရိုင်ကော်မရှင်တွေနဲ့၊ ပြည်နယ်ကော်မရှင်တွေနဲ့ကတော့၊ ကျွန်တော်တို့ နိုင်ငံရေးပါတီနဲ့ မဖြစ်မနေ တွေ့ဆုံပြီးတော့၊ မေးမြန်းဖို့တော့ လိုအပ်နေပြီ။

ကိုဝင်းမင်း။ ။ ကိုယ့်ဘက်ကရော ကော်မရှင်ကို သွားတွေ့ဖို့ရှိလား။

ဦးထွန်းအောင်ကျော်။ ။ ရှိပါတယ် ခင်ဗျ။အစထဲကလည်း ရွေးကောက်ပွဲကာလမှာ ဒေသန္တရ အမိန့်တွေကလည်း၊ နေ့စဉ်နဲ့အမျှ ၃၊ ၄၊ ၅ ကြိမ် လှည့်ပတ်ပြီးတော့၊ အသံချဲ့စက်တွေနဲ့ အော်နေတာဆိုတော့၊ ဒီလိုဒီလိုဖြစ်လာရင်တော့၊ ဘယ်လို ကျွန်တော်တို့လည်း လုပ်ကိုင်ဆောင်ရွက်နိုင်မလဲ၊ ချွင်းချက်လေးတွေများ ရှိသလားဆိုပြီးတော့၊ သွားဖို့ မေးဖို့တော့ စီစဉ်နေတာ။အဲ့ဒီကြားထဲမှာ ခုလိုထွက်လာတယ်ဆိုတော့၊ သွားကို သွားရမှာ။

ကိုဝင်းမင်း။ ။ အဲ့ဒိတော့ ခုနက အစိုးရဘက်ကနေ လော်စပီကာနဲ့ လိုက်အော်သလိုပေါ့နော်၊ လူတွေမစုပဲနဲ့ အော်နိုင်တာမျိုးကိုဆွေးနွေးမှာအပြင်၊ နောက်ထပ်ရော ဘယ်လိုနည်းတွေကို ဆွေးနွေးဖို့ စဉ်းစားထားလဲ။

ဦးထွန်းအောင်ကျော်။ ။ တစ်ယောက်ချင်း တွေ့လို့တော့ ရနိုင်မယ်ထင်ပါတယ်။ဥပမာ ဈေးလာဝယ်တဲ့ အချိန်မှာဖြစ်ဖြစ်၊ တခြားကိစ္စတစ်ခုနဲ့လာတဲ့ ဟို၊ တစ်အိမ်က တစ်ယောက်တော့ ထွက်နေရတယ်။အဲ့ဒီလိုအချိန်မှာ တစ်ဦးချင်းကို၊ ကိုယ့်ပါတီဝင်တွေကတစ်ဆင့်၊ စည်းရုံးလို့ ရနိုင်မလား၊အဲ့ဒီအချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ခရိုင်ကော်မရှင်တို့၊ ပြည်နယ်ကော်မရှင်တို့ကို မေးရပါလိမ့်မယ်။

ကိုဝင်းမင်း။ ။ ကျေးဇူးအများကြီးတင်ပါတယ်၊ ဦးထွန်းအောင်ကျော်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကို ရခိုင်ပြည်သူတွေ စိတ်ဝင်စားမှု မရှိသလောက်ဖြစ်နေတယ်လို့လည်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။ ဒါကြောင့် ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးလာအောင် ရခိုင်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပေးဖို့လည်း အစိုးရကို သူက တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG