သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ျဖစ္ေနတဲ့ ရခုိင္ျပည္သူေတြ စားဝတ္ေနေရး အခက္ႀကံဳမွာ စုိးရိမ္


ကိုဗစ္ကာလ စစ္ေတြၿမိဳ႕မွာ ရဲလံုၿခံဳေရးခ်ထားၿပီး ႏွာေခါင္းစည္းတပ္ သြားလာေနၾကတဲ့ ျမင္ကြင္းတခု။ (ၾသဂုတ္ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္မွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ တစစ တုိးလာေနတာေၾကာင့္ ေဒသခံျပည္သူေတြ ေန႔စဥ္ စားေသာက္ရွင္သန္ေရးကိစၥ အခက္ႀကဳံလာမွာကို စုိးရိမ္ေနၾကသလို ေရာဂါကာကြယ္ကုသေရး အပုိင္းမွာလည္း လိုအပ္ခ်က္ရွိေနတဲ့အေပၚ စိုးရိမ္မိေၾကာင္း ရခုိင္ႏိုင္ငံေရး အင္အားစုေတြက ေျပာပါတယ္။ ဒါေပမယ့္ ကာကြယ္ကုသေရး အပိုင္းမွာေရာ ျပည္သူေတြရဲ႕ စားနပ္ရိကၡာ အပိုင္းကုိပါ မၾကာခင္ ထပ္မံျဖည့္ဆည္း ပ့ံပုိးသြားဖို႔ရွိတယ္လို႔ ရခုိင္ျပည္နယ္အစိုးရ တာဝန္ရွိသူတဦးက တုံ႔ျပန္ေျပာဆိုတဲ့အေၾကာင္း ကုိဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ျပည္တြင္းက အခ်င္းခ်င္း ကုိဗစ္ကူးစက္မႈေတြ ခပ္မ်ားမ်ား စေတြ႔လာရတဲ့ ရခိုင္ျပည္နယ္မွာ အဓိကအားျဖင့္ ေက်ာက္ျဖဴၿမဳိ႕နဲ႔ စစ္ေတြၿမဳိ႕ေတြဟာ ကူးစက္မႈ အမ်ားဆုံးျဖစ္ေနၿပီး ကူးစက္ခံလူနာေတြနဲ႔ ေစာင့္ၾကည့္လူနာေတြကို ထားဖို႔ ေနရာအခက္အခဲ ျဖစ္လာသလို ကာကြယ္ကုသေရးဆုိင္ရာ အသုံးအေဆာင္ပစၥည္း အလုံအေလာက္ မရွိတာကလည္း စုိးရိမ္မႈႀကီးတရပ္ ျဖစ္တယ္လို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ရဲ႕ ေက်ာက္ျဖဴၿမဳိ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးဖိုးစံက ဗြီအိုေအကို ေျပာပါတယ္။

“ရခုိင္ျပည္မွာ ကူးစက္မႈ အဆုိးဆုံးကေတာ့ စစ္ေတြနဲ႔ ေက်ာက္ျဖဴပါပဲ။ တဦးနဲ႔တဦး ကူးစက္မႈေတြက ေန႔စဥ္လိုလိုရွိတယ္၊ နည္းတာရွိတယ္ မ်ားတာရွိတယ္။ အဲဒီေတာ့ အဲဒီေရာဂါပုိး ေတြ႔တဲ့သူေတြကို က်ေနာ္တုိ႔ ထားမယ့္ေနရာက နည္းနည္း အခက္အခဲ ျဖစ္သြားတယ္။ အဲဒါေၾကာင့္မို႔လုိ႔ ေဆး႐ုံမွာ မလုံေလာက္တဲ့အတြက္ အခု ပညာေရးေကာလိပ္မွာလည္းပဲ ကြာရမ္တင္းလူနာေတြ ထားတာရွိတယ္ခင္ဗ်။ အဲဒီကေနမွ အခု ၿမဳိ႕ေတာ္ခန္းမတို႔ ဘာတို႔ကို သုံးမယ္ဆုိၿပီးေတာ့ အလွဴရွင္ေတြဆီက ေငြေကာက္ခံၿပီး ကုတင္ေတြဘာေတြ ျပင္ဆင္ေနၾကတာ အဲလိုရွိတယ္။ ၿမဳိ႕ေတာ္ခန္းမဆိုတာကေတာ့ ေဆး႐ုံနဲ႔လည္းနီးတယ္၊ ဆရာဝန္ေတြလည္း အလြယ္တကူ လာလို႔ရတယ္ဆုိၿပီး တကယ္လို႔ လူနာတိုးလာလို႔ရွိရင္ အဲဒီေနရာမွာ ထားမယ္ဆုိၿပီး ဒီေနရာကို ေရြးခ်ယ္ၿပီး ႀကဳိလုပ္ထားတာပါခင္ဗ်။

“ေနာက္ ဒီမွာ က်န္းမာေရးဝန္ထမ္းေတြက ေတာ္ေတာ္ စုိးရိမ္ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်န္းမာေရးဝန္ထမ္းေတြက လိုအပ္တဲ့ ပစၥည္းပစၥယေတြ မစုံလင္ၾကဘူး။ PPE (Personal Protective Equipment) ဝတ္စုံဆုိလို႔ရွိရင္ တႀကိမ္သြားစစ္ေဆးၿပီးရင္ တႀကိမ္လဲပစ္ရမွာ၊ အခုက အဲလိုမဟုတ္ဘူး။ အကုန္လုံးျပည့္စုံေအာင္ မလုပ္ႏိုင္ဘူးဆိုေတာ့ လူနာတေယာက္ကုိ သြားစမ္းသပ္ၿပီးရင္ ေနာက္တေယာက္ကိုလည္း အဲဒီဝတ္စုံနဲ႔ပဲ သုံးစဲြရတယ္ဆိုေတာ့ ဝန္ထမ္းေတြမွာလည္း အခက္အခဲေတြ ရွိပါတယ္ေလ။ အဓိကေတာ့ ျပည့္စုံေအာင္ ႏိုင္ငံေတာ္အစိုးရက ပံ့ပိုးေပးႏိုင္ရင္ေတာ့ ပိုၿပီးေကာင္းမွာပါ။”

ကိုဗစ္ ကူးစက္မႈေၾကာင့္ ရခိုင္ျပည္နယ္မွာ လူေတြ ေနအိမ္မွာပဲေနၾကဖို႔ Stay at Home အမိန္႔ကို အစိုးရက ထုတ္ျပန္ထားပါတယ္။ ဒီအမိန္႔ ေရရွည္လာရင္ လူေတြ ေန႔စဥ္ စားေသာက္ရွင္သန္ေရးကိစၥ အခက္ႀကဳံလာမွာကို စုိးရိမ္ရတယ္လို႔ စစ္ေတြၿမဳိ႕ခံ ရခုိင္အမ်ဳိးသားပါတီ (ANP) ဥကၠ႒ ဦးသာထြန္းလွက ေျပာပါတယ္။

“လူထုၾကားမွာ ကူးစက္မႈမ်ားလာေတာ့ လူေတြကို Stay at Home သတ္မွတ္ထားတယ္။ အဲဒီလို သတ္မွတ္ထားတဲ့ အတြက္ေၾကာင့္ လူေတြကလည္း အလုပ္အကိုင္လုပ္ဖို႔ အဆင္မေျပေတာ့ဘူး။ အလုပ္အကိုင္မရွိရင္ ဝင္ေငြမရွိေတာ့ဘူးေလ။ ဝင္ေငြမရွိရင္ က်ေနာ္တုိ႔လူထု စားဝတ္ေနေရး အခက္အခဲ ရွိလာမွာကို က်ေနာ္တို႔ ပိုၿပီး စိုးရိမ္တယ္။ အစားအေသာက္နဲ႔ ပတ္သက္ၿပီး ဆန္ ဆီ ဆား င႐ုတ္ အဲလိုေပါ့ စားကုန္ေတြ၊ မီးဖိုေခ်ာင္သုံး ပစၥည္းေတြကို အစိုးရက ေထာက္ပ့ံတယ္လို႔ က်ေနာ္တို႔ ရခုိင္မွာ မၾကားရေသးဘူး။”

ရခုိင္ျပည္နယ္က ျပည္သူေတြ လက္ရွိရင္ဆိုင္ေနရတဲ့ အေျခအေနကို နားလည္ထားၿပီး ရခုိင္ျပည္နယ္ အစိုးရက ျပည္ေထာင္စုအစုိးရနဲ႔ ခ်ိတ္ဆက္ၿပီး ေဒသခံျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို အတတ္ႏုိင္ဆုံး ျဖည့္ဆည္းသြားဖို႔ ျပင္ဆင္ထားေၾကာင္း ရခုိင္ျပည္နယ္အစိုးရရဲ႕ ေျပာခြင့္ရပုဂၢဳိလ္ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ဗြီအုိေအကို ရွင္းျပပါတယ္။

“ကိုဗစ္ကာလ အစပိုင္းကတည္းကပဲ လက္လုပ္လက္စားေတြ အတိဒုကၡေရာက္ေနတဲ့ လူစာရင္းကို ေကာက္ခံထားတာ ရွိပါတယ္။ ဒီ လူတန္းစားေတြကို အဓိက ဦးစားေပးၿပီး က်ေနာ္တို႔ ျဖန္႔ေဝသြားမွာ ျဖစ္ပါတယ္။ သူတို႔ကို ေပးေဝတဲ့အခါမွာ စရိတ္စက အေတာ္မ်ားမ်ား အကုန္အက် မ်ားတဲ့အတြက္ေၾကာင့္ အခုကေတာ့ ေငြေၾကးပဲ ေထာက္ပံ့ပါတယ္။ ၂ ႀကိမ္ရွိပါၿပီ ေထာက္ပံ့တာ။ တအိမ္ေထာင္ကို က်ပ္ ၂၀,၀၀၀ ႏႈန္း သတ္မွတ္ခဲ့တာေပါ့ေနာ္။ အခုေတာ့ ဘယ္ေလာက္ပံ့ပိုးလာမလဲေတာ့ မသိေသးဘူးေပါ့။ က်ေနာ္တုိ႔က တြက္ခ်က္ၿပီးေတာ့ တင္ထားပါတယ္။ အားလုံးဆုိရင္ ရခိုင္ျပည္နယ္မွာ ပံ့ပိုးရမယ့္ဦးေရ အေျခခံလူတန္းစား ၃ သိန္းေက်ာ္ရွိပါတယ္။ ေနာက္ၿပီးေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ေဆးဝါးနဲ႔ ဆက္စပ္ပစၥည္းေတြကို ပုံမွန္ ေထာက္ပံ့ေပးေနပါတယ္။”

ၿပီးခဲ့တဲ့ရက္ပိုင္းထဲ ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ရခုိင္ျပည္နယ္အတြက္ စားနပ္ရိကၡာလမ္းေၾကာင္း ျပတ္ေတာက္မႈမရွိေအာင္ တာဝန္ယူမယ္လို႔ ဝန္ႀကီးခ်ဳပ္ ဦးညီပု အပါအဝင္ ေဆးပညာရွင္နဲ႔ ေစတနာ့ဝန္ထမ္းေတြ ပါဝင္တဲ့ အြန္လိုင္း ေဆြးေႏြးပဲြအတြင္း ေျပာဆိုထားတာပါ။

ဒါေပမယ့္လည္း ကပ္ေရာဂါအေျခအေနေၾကာင့္ ညမထြက္ရ ပုဒ္မ ၁၄၄ အမိန္႔ အပါအဝင္ ရခုိင္ျပည္နယ္တြင္း အသြားအလာ ပိတ္ပင္ကန္႔သတ္မႈက ၿမဳိ႕တခုနဲ႔တခု ေက်းရြာေတြအခ်င္းခ်င္းၾကားမွာ ေျပးဆြဲတဲ့ ဘတ္စ္ကားေတြ၊ စက္ေလွ ေရယာဥ္ေတြ မရွိေတာ့ဘဲ စားေသာက္ကုန္ဝယ္ယူဖို႔ အခက္အခဲ ျဖစ္လာသလို အခ်ဳိ႕ဆုိင္ေတြ ပိတ္ထားၿပီး စားဆီတပုလင္းဆုိရင္ အရင္ ၁,၀၀၀ က်ပ္ကေန အခု ၁,၅၀၀ က်ပ္ႏႈန္း၊ မုိဘိုင္းဖုန္းကတ္ တယူနစ္ကို ၁,၅၀၀ အထိ ေစ်းႏႈန္းေတြ တရိပ္ရိပ္ တက္လာေနတယ္လို႔ ေဒသခံေတြက ေျပာဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကိုဗစ်ဖြစ်နေတဲ့ ရခိုင်ပြည်သူတွေ စားဝတ်နေရေး အခက်ကြုံမှာ စိုးရိမ်

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တစစ တိုးလာနေတာကြောင့် ဒေသခံပြည်သူတွေ နေ့စဉ် စားသောက်ရှင်သန်ရေးကိစ္စ အခက်ကြုံလာမှာကို စိုးရိမ်နေကြသလို ရောဂါကာကွယ်ကုသရေး အပိုင်းမှာလည်း လိုအပ်ချက်ရှိနေတဲ့အပေါ် စိုးရိမ်မိကြောင်း ရခိုင်နိုင်ငံရေး အင်အားစုတွေက ပြောပါတယ်။ ဒါပေမယ့် ကာကွယ်ကုသရေး အပိုင်းမှာရော ပြည်သူတွေရဲ့ စားနပ်ရိက္ခာ အပိုင်းကိုပါ မကြာခင် ထပ်မံဖြည့်ဆည်း ပံ့ပိုးသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက တုံ့ပြန်ပြောဆိုတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

ပြည်တွင်းက အချင်းချင်း ကိုဗစ်ကူးစက်မှုတွေ ခပ်များများ စတွေ့လာရတဲ့ ရခိုင်ပြည်နယ်မှာ အဓိကအားဖြင့် ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တွေဟာ ကူးစက်မှု အများဆုံးဖြစ်နေပြီး ကူးစက်ခံလူနာတွေနဲ့ စောင့်ကြည့်လူနာတွေကို ထားဖို့ နေရာအခက်အခဲ ဖြစ်လာသလို ကာကွယ်ကုသရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်း အလုံအလောက် မရှိတာကလည်း စိုးရိမ်မှုကြီးတရပ် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်မှာ ကူးစက်မှု အဆိုးဆုံးကတော့ စစ်တွေနဲ့ ကျောက်ဖြူပါပဲ။ တဦးနဲ့တဦး ကူးစက်မှုတွေက နေ့စဉ်လိုလိုရှိတယ်၊ နည်းတာရှိတယ် များတာရှိတယ်။ အဲဒီတော့ အဲဒီရောဂါပိုး တွေ့တဲ့သူတွေကို ကျနော်တို့ ထားမယ့်နေရာက နည်းနည်း အခက်အခဲ ဖြစ်သွားတယ်။ အဲဒါကြောင့်မို့လို့ ဆေးရုံမှာ မလုံလောက်တဲ့အတွက် အခု ပညာရေးကောလိပ်မှာလည်းပဲ ကွာရမ်တင်းလူနာတွေ ထားတာရှိတယ်ခင်ဗျ။ အဲဒီကနေမှ အခု မြို့တော်ခန်းမတို့ ဘာတို့ကို သုံးမယ်ဆိုပြီးတော့ အလှူရှင်တွေဆီက ငွေကောက်ခံပြီး ကုတင်တွေဘာတွေ ပြင်ဆင်နေကြတာ အဲလိုရှိတယ်။ မြို့တော်ခန်းမဆိုတာကတော့ ဆေးရုံနဲ့လည်းနီးတယ်၊ ဆရာဝန်တွေလည်း အလွယ်တကူ လာလို့ရတယ်ဆိုပြီး တကယ်လို့ လူနာတိုးလာလို့ရှိရင် အဲဒီနေရာမှာ ထားမယ်ဆိုပြီး ဒီနေရာကို ရွေးချယ်ပြီး ကြိုလုပ်ထားတာပါခင်ဗျ။

“နောက် ဒီမှာ ကျန်းမာရေးဝန်ထမ်းတွေက တော်တော် စိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ မစုံလင်ကြဘူး။ PPE (Personal Protective Equipment) ဝတ်စုံဆိုလို့ရှိရင် တကြိမ်သွားစစ်ဆေးပြီးရင် တကြိမ်လဲပစ်ရမှာ၊ အခုက အဲလိုမဟုတ်ဘူး။ အကုန်လုံးပြည့်စုံအောင် မလုပ်နိုင်ဘူးဆိုတော့ လူနာတယောက်ကို သွားစမ်းသပ်ပြီးရင် နောက်တယောက်ကိုလည်း အဲဒီဝတ်စုံနဲ့ပဲ သုံးစွဲရတယ်ဆိုတော့ ဝန်ထမ်းတွေမှာလည်း အခက်အခဲတွေ ရှိပါတယ်လေ။ အဓိကတော့ ပြည့်စုံအောင် နိုင်ငံတော်အစိုးရက ပံ့ပိုးပေးနိုင်ရင်တော့ ပိုပြီးကောင်းမှာပါ။”

ကိုဗစ် ကူးစက်မှုကြောင့် ရခိုင်ပြည်နယ်မှာ လူတွေ နေအိမ်မှာပဲနေကြဖို့ Stay at Home အမိန့်ကို အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီအမိန့် ရေရှည်လာရင် လူတွေ နေ့စဉ် စားသောက်ရှင်သန်ရေးကိစ္စ အခက်ကြုံလာမှာကို စိုးရိမ်ရတယ်လို့ စစ်တွေမြို့ခံ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“လူထုကြားမှာ ကူးစက်မှုများလာတော့ လူတွေကို Stay at Home သတ်မှတ်ထားတယ်။ အဲဒီလို သတ်မှတ်ထားတဲ့ အတွက်ကြောင့် လူတွေကလည်း အလုပ်အကိုင်လုပ်ဖို့ အဆင်မပြေတော့ဘူး။ အလုပ်အကိုင်မရှိရင် ဝင်ငွေမရှိတော့ဘူးလေ။ ဝင်ငွေမရှိရင် ကျနော်တို့လူထု စားဝတ်နေရေး အခက်အခဲ ရှိလာမှာကို ကျနော်တို့ ပိုပြီး စိုးရိမ်တယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ဆန် ဆီ ဆား ငရုတ် အဲလိုပေါ့ စားကုန်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေကို အစိုးရက ထောက်ပံ့တယ်လို့ ကျနော်တို့ ရခိုင်မှာ မကြားရသေးဘူး။”

ရခိုင်ပြည်နယ်က ပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို နားလည်ထားပြီး ရခိုင်ပြည်နယ် အစိုးရက ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းသွားဖို့ ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဗွီအိုအေကို ရှင်းပြပါတယ်။

“ကိုဗစ်ကာလ အစပိုင်းကတည်းကပဲ လက်လုပ်လက်စားတွေ အတိဒုက္ခရောက်နေတဲ့ လူစာရင်းကို ကောက်ခံထားတာ ရှိပါတယ်။ ဒီ လူတန်းစားတွေကို အဓိက ဦးစားပေးပြီး ကျနော်တို့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ သူတို့ကို ပေးဝေတဲ့အခါမှာ စရိတ်စက အတော်များများ အကုန်အကျ များတဲ့အတွက်ကြောင့် အခုကတော့ ငွေကြေးပဲ ထောက်ပံ့ပါတယ်။ ၂ ကြိမ်ရှိပါပြီ ထောက်ပံ့တာ။ တအိမ်ထောင်ကို ကျပ် ၂၀,၀၀၀ နှုန်း သတ်မှတ်ခဲ့တာပေါ့နော်။ အခုတော့ ဘယ်လောက်ပံ့ပိုးလာမလဲတော့ မသိသေးဘူးပေါ့။ ကျနော်တို့က တွက်ချက်ပြီးတော့ တင်ထားပါတယ်။ အားလုံးဆိုရင် ရခိုင်ပြည်နယ်မှာ ပံ့ပိုးရမယ့်ဦးရေ အခြေခံလူတန်းစား ၃ သိန်းကျော်ရှိပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပုံမှန် ထောက်ပံ့ပေးနေပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းထဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာလမ်းကြောင်း ပြတ်တောက်မှုမရှိအောင် တာဝန်ယူမယ်လို့ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဆေးပညာရှင်နဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့ အွန်လိုင်း ဆွေးနွေးပွဲအတွင်း ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း ကပ်ရောဂါအခြေအနေကြောင့် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့် အပါအဝင် ရခိုင်ပြည်နယ်တွင်း အသွားအလာ ပိတ်ပင်ကန့်သတ်မှုက မြို့တခုနဲ့တခု ကျေးရွာတွေအချင်းချင်းကြားမှာ ပြေးဆွဲတဲ့ ဘတ်စ်ကားတွေ၊ စက်လှေ ရေယာဉ်တွေ မရှိတော့ဘဲ စားသောက်ကုန်ဝယ်ယူဖို့ အခက်အခဲ ဖြစ်လာသလို အချို့ဆိုင်တွေ ပိတ်ထားပြီး စားဆီတပုလင်းဆိုရင် အရင် ၁,၀၀၀ ကျပ်ကနေ အခု ၁,၅၀၀ ကျပ်နှုန်း၊ မိုဘိုင်းဖုန်းကတ် တယူနစ်ကို ၁,၅၀၀ အထိ ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG