သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ တပ်မတော်စစ်ဆင်ရေးတွေ ရပ်တန့်ပေးဖို့ ANP တောင်းဆို


ရခိုင်ပြည်နယ်တွင်း ကင်းလှည့်နေတဲ့ မြန်မာ့တပ်မတော်သားများ။
ရခိုင်ပြည်နယ်တွင်း ကင်းလှည့်နေတဲ့ မြန်မာ့တပ်မတော်သားများ။

(Zawgyi / Unicode)

ရခိုင်ပြည်နယ်က အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပျက်စီးဆုံးရှုံးစေတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို အမြန်ဆုံး ရပ်တန့်ပေးဖို့ စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသားပါတီ (ANP) က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို လိပ်မူပြီး စက်တင်ဘာ ၅ ရက် နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင် ရေးသားလိုက်ပါတယ်။

တပ်မတော်က ကျေးရွာတွေထဲ ပစ်ခတ်ခြင်း၊ သံသယနဲ့ ဖမ်းဆီးသွားခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စတာတွေကြောင့် အပြစ်မဲ့ ရခိုင်အရပ်သား ပြည်သူတွေ နေအိမ်ကိုစွန့်ပြီး ထွက်ပြေးနေရတာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်ကြောင်း၊ ဒါတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိကြောင်း ANP ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ကိုဗစ်ကပ်ရောဂါ အခြေအနေကြားမှာပဲ ကျောက်တော်မြို့အတွင်း တပ်မတော်ရဲ့ လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သားပြည်သူတချို့ သေဆုံးတာ၊ ဒဏ်ရာရတာ ရှိခဲ့ကြောင်းကိုလည်း စာမှာဖော်ပြထားပြီး အဲဒီဒေသက နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်ရပ် အသေးစိတ်ကိုလည်း ဖော်ပြထားပါတယ်။

ဒါကြောင့် တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုကို ဥပဒေအရ အကာအကွယ်ပေးဖို့ နိုင်ငံ့အကြီးအကဲတွေကို စာရေးသားတောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရဘက်ကရော တပ်မတော်ဘက်ကပါ ခုချိန်ထိ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)






XS
SM
MD
LG