သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

COVID – 19 ေၾကာင့္ ပထမဆံုး မဲဆြယ္စည္းရံုးေရးခရီးစဥ္ ေဒၚေအာင္ဆန္းစုၾကည္ဖ်က္သိမ္း


ဓါတ္ပံု-Myanmar State Counsellor Office

(Zawgyi/Unicode)

နိုင္ငံတြင္း COVID – 19 ကူးစက္မႈ ျမင့္တက္လာေနတာေၾကာင့္ နိုဝင္ဘာလမွာ က်င္းပမယ့္ အေထြေထြ ေရြးေကာက္ပြဲအတြက္ ပထမဆုံး အႀကိမ္ မဲဆြယ္စည္း႐ုံးမယ့္ အစီအစဥ္ကို ပယ္ဖ်က္လိုက္တယ္လို႔ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာပါတယ္။

"ကၽြန္မကလည္း မူလကဆိုရင္ ရန္ကုန္ကို ဒီေန႔မွာ ဆင္းၿပီးေတာ့ မဲဆႏၵနယ္ျဖစ္တဲ့ ေကာ့မႉးကို ဆင္းဖို႔ ေနာက္ ဆိပ္ႀကီး ခေနာင္တို မွာ လည္း နိုင္ငံေတာ္ အလုပ္တစ္ခုေပါ့ေနာ္ လုပ္ဖို႔ ရွိပါတယ္။ ဒါေပမဲ့ အဲဒါကို က်န္းမာေရး ဝန္ႀကီးက ခရီးသြားတာ သေဘာမတူဘူး ဆိုလို႔ကၽြန္မ ဖ်က္သိမ္းလိုက္ပါတယ္။ အခု ဒီအခ်ိန္မွာ အဓိကက ကၽြန္မတို႔ နိုင္ငံမွာ အာဏာ အရွိဆုံးက က်န္းမာေရးဝန္ႀကီး ဌာန ျဖစ္ေနတယ္။ က်န္းမာေရး ဝန္ႀကီးဌာနရဲ့ ညႊန္ၾကားခ်က္ကို ကၽြန္မတို႔ တိတိက်က် လိုက္နာဖို႔ လိုတယ္။ "

နိုင္ငံေတာ္ အတိုင္ပင္ခံက စက္တင္ဘာလ ၇ ရက္ေန႔က Facebook ကေနတိုက္ရိုက္ ထုတ္လႊင့္တဲ့ ေဆြးေႏြးပြဲမွာ ေျပာသြားတာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔က ျမန္မာနိုင္ငံမွာ ကူးစက္သူ ၁၆၆ ရွိတယ္လို႔ အတည္ျပဳေၾကညာခဲ့ၿပီးေနာက္မွာ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္က အခု လို မဲဆြယ္ စည္း႐ုံးေရး ခရီးစဥ္ ဖ်က္သိမ္းေၾကာင္း ေၾကညာခဲ့တာပါ။

အာဏာရ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အန္အယ္လ္ဒီ ပါတီရဲ့ ေျပာခြင့္ရ ဦးမ်ိဳးညြန္႔ကေတာ့ မဲဆြယ္ စည္း႐ုံးေရး လုပ္ငန္းေတြ ဆက္လက္လုပ္ကိုင္ေနေၾကာင္း၊ ပါတီအေနနဲ႔ တစ္အိမ္ဝင္ တစ္အိမ္ထြက္ ပါတီအလံေတြနဲ႔ စည္း႐ုံးေရး လက္ကမ္းစာေစာင္ေတြကို ျဖန္႔ခ်ိ သြားမွာ ျဖစ္ေၾကာင္း၊ ဒါေပမဲ့ မဲဆြယ္ မိန္႔ခြန္းသြားေရာက္ ေျပာၾကားတာမ်ိဳးကိုေတာ့ မ်ားမ်ားစားစား လုပ္နိုင္မွာ မဟုတ္ေၾကာင္း ရိုက္တာ သတင္းကို ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ ဩဂုတ္လလယ္ေလာက္အထိ COVID-19 ျပည္တြင္း ကူးစက္မႈ မရွိဘဲ ေနရာက အခုအခါ ကူးစက္မႈ ၁၅၀၀ ေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။ တနလၤာေန႔ ညပိုင္းတုန္းကလည္း COVID-19 ကူးစက္သူ ၅၄ ေယာက္ ထပ္မံ ေတြ႕ရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး ဌာနက ထုတ္ျပန္ထားပါတယ္။

အတည္ျပဳလူနာသစ္ေတြက ရခိုင္ျပည္နယ္၊ မႏၲေလးတိုင္း၊ ရန္ကုန္တိုင္း၊ မြန္ျပည္နယ္ေတြက ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အပတ္ကလည္း ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေနအိမ္က ဝန္ထမ္းတစ္ဦး ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ ရတာကို ေတြ႕ရွိခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာ စစ္အစိုးရလက္ထက္မွာ ဆယ္စုႏွစ္မ်ားစြာ လစ္လ်ဴရႈခံထားခဲ့ရလို႔ က်န္မားေရ ေစာင့္ေရွာက္မႈ စနစ္က အားနည္း ေနတာေၾကာင့္ တိုင္းျပည္အတြင္း ကူးစက္မႈႀကီး ျဖစ္ပြားမွာကို စိုးရိမ္ေနရတယ္လို႔လည္း ဆရာဝန္ေတြက ေျပာေၾကာင္း ရိုက္တာ သတင္းက ေျပာပါတယ္။

အခုအခ်ိန္အထိ ျမန္မာနိုင္ငံမွာ ကိုဗစ္ အတည္ျပဳလူနာ ၁,၅၁၈ ေယာက္၊ ပိုးေတြ႕ၿပီး ျပန္လည္ ေနေကာင္းသြားသူ ၃၈၈ ေယာက္နဲ႔ ေသဆုံးသူ ၈ ေယာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

COVID – 19 ကြောင့် ပထမဆုံး မဲဆွယ်စည်းရုံးရေးခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်ဖျက်သိမ်း

(Unicode)

နိုင်ငံတွင်း COVID – 19 ကူးစက်မှု မြင့်တက်လာနေတာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပထမဆုံး အကြိမ် မဲဆွယ်စည်းရုံးမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

"ကျွန်မကလည်း မူလကဆိုရင် ရန်ကုန်ကို ဒီနေ့မှာ ဆင်းပြီးတော့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးကို ဆင်းဖို့ နောက် ဆိပ်ကြီး ခနောင်တို မှာ လည်း နိုင်ငံတော် အလုပ်တစ်ခုပေါ့နော် လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကျန်းမာရေး ဝန်ကြီးက ခရီးသွားတာ သဘောမတူဘူး ဆိုလို့ကျွန်မ ဖျက်သိမ်းလိုက်ပါတယ်။ အခု ဒီအချိန်မှာ အဓိကက ကျွန်မတို့ နိုင်ငံမှာ အာဏာ အရှိဆုံးက ကျန်းမာရေးဝန်ကြီး ဌာန ဖြစ်နေတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ကျွန်မတို့ တိတိကျကျ လိုက်နာဖို့ လိုတယ်။ "

နိုင်ငံတော် အတိုင်ပင်ခံက စက်တင်ဘာလ ၇ ရက်နေ့က Facebook ကနေတိုက်ရိုက် ထုတ်လွှင့်တဲ့ ဆွေးနွေးပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ကူးစက်သူ ၁၆၆ ရှိတယ်လို့ အတည်ပြုကြေညာခဲ့ပြီးနောက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခု လို မဲဆွယ် စည်းရုံးရေး ခရီးစဉ် ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီရဲ့ ပြောခွင့်ရ ဦးမျိုးညွန့်ကတော့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေကြောင်း၊ ပါတီအနေနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် ပါတီအလံတွေနဲ့ စည်းရုံးရေး လက်ကမ်းစာစောင်တွေကို ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မဲဆွယ် မိန့်ခွန်းသွားရောက် ပြောကြားတာမျိုးကိုတော့ များများစားစား လုပ်နိုင်မှာ မဟုတ်ကြောင်း ရိုက်တာ သတင်းကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်လောက်အထိ COVID-19 ပြည်တွင်း ကူးစက်မှု မရှိဘဲ နေရာက အခုအခါ ကူးစက်မှု ၁၅၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ တနင်္လာနေ့ ညပိုင်းတုန်းကလည်း COVID-19 ကူးစက်သူ ၅၄ ယောက် ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

အတည်ပြုလူနာသစ်တွေက ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တွေက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ရန်ကုန်မြို့မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်က ဝန်ထမ်းတစ်ဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရတာကို တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်မှာ ဆယ်စုနှစ်များစွာ လစ်လျူရှုခံထားခဲ့ရလို့ ကျန်မားရေ စောင့်ရှောက်မှု စနစ်က အားနည်း နေတာကြောင့် တိုင်းပြည်အတွင်း ကူးစက်မှုကြီး ဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့လည်း ဆရာဝန်တွေက ပြောကြောင်း ရိုက်တာ သတင်းက ပြောပါတယ်။

အခုအချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၁,၅၁၈ ယောက်၊ ပိုးတွေ့ပြီး ပြန်လည် နေကောင်းသွားသူ ၃၈၈ ယောက်နဲ့ သေဆုံးသူ ၈ ယောက်ရှိပါတယ်။

XS
SM
MD
LG