သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆြယ္စည္းရံုးမႈ ကပ္ေဘးေၾကာင့္ အခက္အခဲရွိေန


ေရြးေကာက္ပဲြ မဲဆြယ္စည္းရံုးေရးစတင္တဲ့ေန႔မွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကို ေထာက္ခံသူတခ်ိဳ႕နဲ႔ တက္ၾကြလႈပ္ရွားသူတဦးအား ကိုယ္အပူခ်ိန္တိုင္းေပးေနသူတဦးကို ရန္ကုန္ၿမိဳ႕မွာေတြ႔ရ။ (စက္တင္ဘာ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးေတြ စလုပ္ခြင့္ရတဲ့ ဒီေန႔ စက္တင္ဘာ ၈ ရက္မွာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကပ္ေရာဂါ ၫႊန္ၾကားခ်က္၊ ကန႔္သတ္ခ်က္ေတြနဲ႔ ပါတီေတြ ဘယ္လိုမဲဆြယ္ၾကပါလဲ၊ သူတို႔ေျပာျပတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္တဲ့အခါ လိုက္နာရမယ့္ စည္းကမ္းေတြကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕ COVID ကပ္ေရာဂါ ကာကြယ္ေရး ကန႔္သတ္ခ်က္ေတြနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ဒီအတြက္ တကယ္တမ္းေျမျပင္မွာ စည္း႐ုံးေရးလုပ္ငန္းေတြဟာ ခက္ခဲေၾကာင္း ပါတီတခ်ိဳ႕က ေဝဖန္ၾကပါတယ္။

ပါတီအႏိုင္ရေရးထက္ ျပည္သူလူထုရဲ႕ က်န္းမာေရးကို အေလးထားၿပီးမွ မဲဆြယ္ရတာျဖစ္လို႔ ပါတီစည္း႐ုံးေရးက ခက္ခဲေၾကာင္း ကမာ႐ြတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာဝင္ၿပိဳင္မယ့္ ျပည္သူ႔ပါတီက ဦးေနယံဦးက ေျပာပါတယ္။

“က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို က်ေနာ္တို႔ လိုက္နာမယ္၊ လိုက္နာတာ ျဖစ္တဲ့အတြက္ ေျမျပင္ ကြင္းဆင္းေရးအလုပ္ကိုေတာ့ ခဲယဥ္းတယ္ဗ်၊ လက္ေတြ႕မွာ ၆ ေပအကြာဆိုတာ တကယ္ကို မလြယ္တာပါ။ လူစုလူေဝးအရ က်ေနာ္တို႔ မဲဆြယ္စည္း႐ုံးဖို႔ဆိုတာ အရမ္ကိုမွ ခက္ခဲပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔က နည္းလမ္းေလးေတြေတာ့ ရွာရမွာေပါ့ဗ်ာ အြန္လိုင္းကိုသုံးမယ္၊ လူမစုဘဲ ႏွစ္ေယာက္တတြဲ ခြဲသြားမယ္၊ ခြဲပစ္မယ္ေပါ့ ဒီလိုနည္းလမ္းေလးေတြသုံးမယ္။ ျပန္ခ်ဳံ႕ရမယ္ဆိုရင္ က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းကမ္းေတြ လိုက္နာသြားဖို႔ရွိပါတယ္။”

မႏၲေလး၊ အမရပူရၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းျဖစ္တဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီ PPP ဥကၠ႒ ဦးဇာနည္ေအာင္ေအာင္ကေတာ့ မဲဆြယ္စည္း႐ုံးေရးအခက္အခဲေတြေၾကာင့္ လူမႈကြန္ရက္ကို အသုံးျပဳမဲဆြယ္သြားဖို႔ရွိတယ္လို႔ေျပာပါတယ္။

“အခုဟာက COVID ကာလျဖစ္တဲ့အတြက္ က်ေနာ္တို႔မွာ စိန္ေခၚမႈက မ်ားပါတယ္ဗ်၊ လူကလည္း ကန႔္သတ္ခ်က္ေတြလည္း ရွိတဲ့အတြက္ က်ေနာ္တို႔ အခုလုပ္တာေတာင္မွ ေဒသႏၲရအမိန႔္တို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အမိန႔္ေတြကို လိုက္နာၿပီး ေဆာင္႐ြက္ေနရတာ ျဖစ္ပါတယ္ဗ်။ ဒီ COVID ကာလအေျခအေနေပၚ မူတည္ၿပီးေတာ့ social media ကိုပဲ အားျပဳၿပီးေတာ့ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္ခင္ဗ်။”

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ ပါတီအားလုံးက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအတိုင္း လုပ္ရမွာျဖစ္လို႔ မဲဆြယ္စည္း႐ုံးေရးဟာ ညီတူညီမွ် အေျခအေနသာျဖစ္တယ္လို႔ မီဒီယာေတြကို ေျပာခဲ့တာပါ။

“အဲဒီေတာ့ COVID-19 ကလည္း ဒီဟာက စိန္ေခၚမႈအသစ္ဗ်၊ က်ေနာ္တို႔မွ စိန္ေခၚမႈအသစ္မဟုတ္ဘူး၊ အေမရိကားအတြက္လည္း ေ႐ြးေကာက္ပြဲရွိတယ္။ စိန္ေခၚမႈအသစ္။ အဲဒီေတာ့ ပါတီတိုင္း အသစ္ပါ ဘယ္သူမွ အသာရတာ မရွိဘူး။ Pandemic ျဖစ္ေနတဲ့ ေရာဂါကာလ အခ်ိန္ႀကီးတခုမွာ စည္း႐ုံးေရးလုပ္တယ္၊ ေ႐ြးေကာက္ပြဲျဖစ္တယ္၊ မျဖစ္တယ္ ဆိုတာကေတာ့ အစိုးရေရာ၊ ျပည္သူေရာ၊ က်န္းမာေရးဌာနေပါ့ သက္ဆိုင္ရာ ဌာနေတြအားလုံးက ဒီ COVID ကို ဘယ္ေလာက္ တားႏိုင္သလဲဆိုတဲ့ အေပၚမွာလည္း မူတည္မယ္နဲ႔ တူပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲကေတာ့ ၿပိဳင္ဆိုင္မႈႀကီးမားမယ္၊ ျပႆနာေတြလည္း အရင္ကထက္ ပိုရႈပ္ႏိုင္တယ္ စိန္ေခၚမႈ အသစ္ျဖစ္ေနလို႔။”

က်န္းမာေရးဝန္ႀကီးဌာနက “ အိမ္မွာေန” ၫႊန္ၾကားခ်က္ထုတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ ပါတီကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္ခြင့္မရပါဘူး။ မဲဆြယ္စည္း႐ုံးေရး လွည့္လည္သူေတြလိုက္နာဖို႔၊ အင္တာနက္ကိုသုံးၿပီး မဲဆြယ္တာမွာလိုက္နာဖို႔၊ အိမ္တိုင္ရာေရာက္မဲဆြယ္တာမွာ လူ ၁၅ ေယာက္ထက္ မပိုဖို႔ ဒါေတြကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။ ဒါေတြက ပါတီႀကီးေတြအတြက္ အခက္အခဲမရွိေပမဲ့ ပါတီငယ္ေတြ၊ လူမ်ိဳးစုပါတီေတြအတြက္ေတာ့ စိန္ေခၚမႈျဖစ္မယ္လို႔ ေျပာၾကတာလည္းရွိပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္ ရန္ကုန္တိုင္းလႊတ္ေတာ္ေနရာ ဝင္ၿပိဳင္မယ့္ ျပည္သူ႔ပါတီက ဦးရဲႏိုင္ေအာင္ကေတာ့ ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈကေန အေျဖရွာႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

“ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္သည္ တိုင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာကို လႊဲေပးရမယ့္ လုပ္ငန္းစဥ္ ျဖစ္တဲ့အတြက္ လြတ္လပ္မွ်တပါတယ္ဆိုတဲ့ အေျခခံစံႏႈန္းေတာ့ ျပည့္စုံဖို႔လိုတယ္၊ ဒါသည္က်ေနာ္တို႔ ပကတိလိုအပ္ခ်က္ ဒီမိုကေရစီစံႏႈန္းအရ လိုအပ္ခ်က္ ျဖစ္တဲ့အတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမယ္ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ အမွန္တကယ္ ေဆြးေႏြးၿပီးေတာ့ လုပ္သင့္လုပ္ထိုက္တဲ့ လုပ္ငန္းေတြကို ေဆာင္႐ြက္မယ္၊ ခ်မွတ္မယ္ဆိုရင္ က်ေနာ္တို႔ ျပည္သူ႔ပါတီသည္ တျခားႏိုင္ငံေရးပါတီေတြအားလုံးနဲ႔ တန္းတူ ေက်ာ္ျဖတ္ရမယ့္၊ ေက်ာ္ျဖတ္သင့္တဲ့ အခက္အခဲမွန္သမွ်ကို ေက်ာ္ျဖတ္ၿပီးေတာ့ ျပည္သူလူထုရဲ႕ ေထာက္ခံမႈရေအာင္ သႏၵိဌာန္ခ်ထားပါတယ္။”

ႏိုဝင္ဘာ ၈ ရက္မွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲကို တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္က ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၆,၉၆၉ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆွယ်စည်းရုံးမှု ကပ်ဘေးကြောင့် အခက်အခဲရှိနေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ စလုပ်ခွင့်ရတဲ့ ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကပ်ရောဂါ ညွှန်ကြားချက်၊ ကန့်သတ်ချက်တွေနဲ့ ပါတီတွေ ဘယ်လိုမဲဆွယ်ကြပါလဲ၊ သူတို့ပြောပြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID ကပ်ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် တကယ်တမ်းမြေပြင်မှာ စည်းရုံးရေးလုပ်ငန်းတွေဟာ ခက်ခဲကြောင်း ပါတီတချို့က ဝေဖန်ကြပါတယ်။

ပါတီအနိုင်ရရေးထက် ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးထားပြီးမှ မဲဆွယ်ရတာဖြစ်လို့ ပါတီစည်းရုံးရေးက ခက်ခဲကြောင်း ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာဝင်ပြိုင်မယ့် ပြည်သူ့ပါတီက ဦးနေယံဦးက ပြောပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကျနော်တို့ လိုက်နာမယ်၊ လိုက်နာတာ ဖြစ်တဲ့အတွက် မြေပြင် ကွင်းဆင်းရေးအလုပ်ကိုတော့ ခဲယဉ်းတယ်ဗျ၊ လက်တွေ့မှာ ၆ ပေအကွာဆိုတာ တကယ်ကို မလွယ်တာပါ။ လူစုလူဝေးအရ ကျနော်တို့ မဲဆွယ်စည်းရုံးဖို့ဆိုတာ အရမ်ကိုမှ ခက်ခဲပါတယ်။ အဲဒီတော့ ကျနော်တို့က နည်းလမ်းလေးတွေတော့ ရှာရမှာပေါ့ဗျာ အွန်လိုင်းကိုသုံးမယ်၊ လူမစုဘဲ နှစ်ယောက်တတွဲ ခွဲသွားမယ်၊ ခွဲပစ်မယ်ပေါ့ ဒီလိုနည်းလမ်းလေးတွေသုံးမယ်။ ပြန်ချုံ့ရမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာသွားဖို့ရှိပါတယ်။”

မန္တလေး၊ အမရပူရမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌ ဦးဇာနည်အောင်အောင်ကတော့ မဲဆွယ်စည်းရုံးရေးအခက်အခဲတွေကြောင့် လူမှုကွန်ရက်ကို အသုံးပြုမဲဆွယ်သွားဖို့ရှိတယ်လို့ပြောပါတယ်။

“အခုဟာက COVID ကာလဖြစ်တဲ့အတွက် ကျနော်တို့မှာ စိန်ခေါ်မှုက များပါတယ်ဗျ၊ လူကလည်း ကန့်သတ်ချက်တွေလည်း ရှိတဲ့အတွက် ကျနော်တို့ အခုလုပ်တာတောင်မှ ဒေသန္တရအမိန့်တို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်တွေကို လိုက်နာပြီး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်ဗျ။ ဒီ COVID ကာလအခြေအနေပေါ် မူတည်ပြီးတော့ social media ကိုပဲ အားပြုပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကတော့ ပါတီအားလုံးက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအတိုင်း လုပ်ရမှာဖြစ်လို့ မဲဆွယ်စည်းရုံးရေးဟာ ညီတူညီမျှ အခြေအနေသာဖြစ်တယ်လို့ မီဒီယာတွေကို ပြောခဲ့တာပါ။

“အဲဒီတော့ COVID-19 ကလည်း ဒီဟာက စိန်ခေါ်မှုအသစ်ဗျ၊ ကျနော်တို့မှ စိန်ခေါ်မှုအသစ်မဟုတ်ဘူး၊ အမေရိကားအတွက်လည်း ရွေးကောက်ပွဲရှိတယ်။ စိန်ခေါ်မှုအသစ်။ အဲဒီတော့ ပါတီတိုင်း အသစ်ပါ ဘယ်သူမှ အသာရတာ မရှိဘူး။ Pandemic ဖြစ်နေတဲ့ ရောဂါကာလ အချိန်ကြီးတခုမှာ စည်းရုံးရေးလုပ်တယ်၊ ရွေးကောက်ပွဲဖြစ်တယ်၊ မဖြစ်တယ် ဆိုတာကတော့ အစိုးရရော၊ ပြည်သူရော၊ ကျန်းမာရေးဌာနပေါ့ သက်ဆိုင်ရာ ဌာနတွေအားလုံးက ဒီ COVID ကို ဘယ်လောက် တားနိုင်သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်မယ်နဲ့ တူပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကတော့ ပြိုင်ဆိုင်မှုကြီးမားမယ်၊ ပြဿနာတွေလည်း အရင်ကထက် ပိုရှုပ်နိုင်တယ် စိန်ခေါ်မှု အသစ်ဖြစ်နေလို့။”

ကျန်းမာရေးဝန်ကြီးဌာနက “ အိမ်မှာနေ” ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်တွေမှာ ပါတီကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ခွင့်မရပါဘူး။ မဲဆွယ်စည်းရုံးရေး လှည့်လည်သူတွေလိုက်နာဖို့၊ အင်တာနက်ကိုသုံးပြီး မဲဆွယ်တာမှာလိုက်နာဖို့၊ အိမ်တိုင်ရာရောက်မဲဆွယ်တာမှာ လူ ၁၅ ယောက်ထက် မပိုဖို့ ဒါတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒါတွေက ပါတီကြီးတွေအတွက် အခက်အခဲမရှိပေမဲ့ ပါတီငယ်တွေ၊ လူမျိုးစုပါတီတွေအတွက်တော့ စိန်ခေါ်မှုဖြစ်မယ်လို့ ပြောကြတာလည်းရှိပါတယ်။

ကမာရွတ်မြို့နယ် ရန်ကုန်တိုင်းလွှတ်တော်နေရာ ဝင်ပြိုင်မယ့် ပြည်သူ့ပါတီက ဦးရဲနိုင်အောင်ကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှုကနေ အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

“ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လွှဲပေးရမယ့် လုပ်ငန်းစဉ် ဖြစ်တဲ့အတွက် လွတ်လပ်မျှတပါတယ်ဆိုတဲ့ အခြေခံစံနှုန်းတော့ ပြည့်စုံဖို့လိုတယ်၊ ဒါသည်ကျနော်တို့ ပကတိလိုအပ်ချက် ဒီမိုကရေစီစံနှုန်းအရ လိုအပ်ချက် ဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမှန်တကယ် ဆွေးနွေးပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်မယ်၊ ချမှတ်မယ်ဆိုရင် ကျနော်တို့ ပြည်သူ့ပါတီသည် တခြားနိုင်ငံရေးပါတီတွေအားလုံးနဲ့ တန်းတူ ကျော်ဖြတ်ရမယ့်၊ ကျော်ဖြတ်သင့်တဲ့ အခက်အခဲမှန်သမျှကို ကျော်ဖြတ်ပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုရအောင် သန္ဒိဌာန်ချထားပါတယ်။”

နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်က ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆,၉၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG