(Zawgyi/Unicode)
ေ႐ြးေကာက္ပြဲနီးလာခ်ိန္ အင္တာနက္အြန္လိုင္းေပၚက သတင္းတု သတင္းမွားေတြ မ်ားစြာထြက္လာတာကို အစိုးရက ထိန္းခ်ဳပ္ကိုင္တြယ္မယ္လို႔ဆိုေနပေပမယ့္ တလကို အနည္းဆံုး သတင္းအမွားေတြတင္တဲ့ Facebook ပို႔စ္ေပါင္း ၂၀၀ ေလာက္ ရွိေနတယ္လို႔ ေရြးေကာက္ပဲြေစာင့္ၾကည့္သူေတြက ဗီြအိုေအကိုေျပာပါတယ္။ စံုစမ္းေမးျမန္းထားတဲ့ ရန္ကုန္အေျခစိုက္ ဗီြအိုေအ သတင္းေထာက္ ေမခက အေၾကာင္းစံုကို ေျပာျပမွာပါ။
ျမန္မာႏိုင္ငံမွာ အသုံးျပဳသူသန္း ၂၀ ေက်ာ္အထိရွိလာတဲ့ Facebook လူမႈကြန္ရက္ဟာ သတင္းျဖန႔္ေဝမႈ အတြက္ အေရးပါဆုံး ေနရာတခုျဖစ္ပါတယ္။ ေန႔စဥ္လူမႈဘဝအတြက္ အေရးပါလာသလိုပဲ ၊ အမုန္းစကား လႈံ႕ေဆာ္မႈေတြနဲ႔ သတင္းတု သတင္းမွားေတြ အမ်ားဆုံးေပၚေပါက္ရာေနရာတခုလည္းျဖစ္လာေနပါတယ္။
အထူးသျဖင့္ လူမႈကြန္ရက္ေတြေပၚမွာ ႏိုင္ငံေရးအျမတ္ထုတ္လိုသူေတြရဲ႕ လုပ္ေဆာင္မႈကို အစိုးရ ဘက္က ထိန္းသိမ္းမႈပိုင္း အားနည္းမႈေတြရွိေနတယ္လို႔ ေဝဖန္မႈေတြရွိေနပါတယ္။
ေ႐ြးေကာက္ပြဲ သတင္းေတြ ျပန႔္ႏွံမႈနဲ႔ပတ္သတ္ၿပီး ေလ့လာေစာင့္ၾကည့္မႈေတြ လုပ္ေနတဲ့ "ဟုတ္တယ္ မဟုတ္ဘူး" အဖြဲ႕ရဲ႕ အခ်က္အလက္ ေလ့လာေစာင့္ၾကည့္သူ ဦးသက္မင္းကေတာ့ လက္ရွိ လူမႈမီဒီယာမွာ သတင္းတု သတင္းမွားေတြ ျပန႔္ႏွံေနမႈနဲ႔ပတ္သတ္လို႔ အထူးသတိရွိဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။
ႏိုင္ငံေရးပါတီေတြၾကား တစ္ဖက္နဲ႔တစ္ဖက္ ႏိုင္ငံေရးအရ တိုက္ခိုက္ေနတဲ့ သတင္းတု သတင္းမွားေတြကို ေ႐ြးေကာက္ပြဲကာလ နီးလာတာနဲ႔အမွ် ခပ္စိပ္စိပ္ ေတြ႕လာရသလို တလ တလရာခ်ီတဲ့ သတင္းတု၊ သတင္းမွားေတြ ထြက္ေပၚေနတယ္လို႔ သူကဆိုပါတယ္။
"တလအတြင္းဆို အနည္းဆုံး ၂၀၀ေက်ာ္ေလာက္ေတြ႕ရတယ္။ ခုကာလပိုဆိုးလာတယ္။ သတင္းမွားေတြ သတင္းအၾကမ္းေတြ ၊အတည္မျပဳရတာေတြကိုတင္ေနၾကတယ္။ ပိုျပန႔္ျမန္လာတယ္။ ျပန႔္လာတဲ့ အခါမွာ သက္ေရာက္မႈပိုမ်ားလာတယ္.ပါတီေတြဘက္က သတင္းမွားသုံးေဖာ္ျပတာထပ္စာရင္ တဖက္ဖက္ကိုေထာက္ခံသူေတြဘက္က တဖက္ပါတီကို အမွားေတြ အမုန္းသကားေတြ ထိုက္ခိုက္ေဝဖန္တာမ်ိဳးေတြမ်ားပါတယ္။"
လူမႈကြန္ယက္ Facebook ဘက္ကလည္း သူတို႔ခ်မွတ္ထားတဲ့ လူမႈစံႏႈန္းနဲ႔ မညီတဲ့ အေၾကာင္းအရာ ေတြကို ျဖဳတ္ခ်အေရးယူမႈေတြလုပ္ေဆာင္သြားမယ္လို႔လည္းထုတ္ျပန္ထားေပမယ့္ ႏိုင္ငံေရး၊ လူမႈေရးနဲ႔ ဘာသာေရးအရ လုပ္ေဆာင္မႈပိုင္းေတြမွာ ဘက္လိုက္မႈေတြရွိတယ္လို႔ ေဝဖန္ေနၾကပါတယ္။
Facebook အေနနဲ႔ကေတာ့ ျမန္မာႏိုင္ငံက လူမႈကြန္ရက္အသုံးျပဳသူေတြအတြက္ သီးသန႔္မူဝါဒခ် လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) နဲ႔ လည္း ပူးေပါင္းေဆာင္႐ြက္ေနၿပီး ေကာ္မရွင္အတြက္ အေထာက္အကူျဖစ္မယ့္ နည္းပညာေတြ အသုံးခ်တတ္ေစဖို႔ လမ္းၫႊန္ေပးတာေတြ လုပ္ေနတယ္လို႔ ဆိုထားပါတယ္။
အမုန္းစကား၊ သတင္းတု၊ သတင္းမွားေတြ ျဖစ္လာရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ေခ်ာေခ်ာေမာေမာ ေအာင္ ျမင္ဖို႔ ခက္ခဲႏိုင္တယ္လို႔ ဆိုလာသူကေတာ့ PACE အဖြဲ႕က စိုင္းရဲေက်ာ္စြာျမင့္ပါ။
"စိတ္ပူစရာေကာင္းတယ္။ အဓိကကေတာ့ လြတ္လပ္စြာထုတ္ေဖာ္ခြင့္နဲ႔ သတင္း တု၊သတင္းမွားနဲ႔ကိုေတာ့ခြဲျခားႏိုင္ဖို႔လိုတယ္။ အဲဒါကိုေရာေထြးအေရးယူတာမ်ိဳးေတာ့လက္မခံဘူး။ အဲ ၂ခုကေတာ့ ခြဲႏိုင္ဖို႔လိုတယ္။ ေဖ့ဘုတ္ေပၚမွာေတာ့ သူစည္းမ်ဥ္းဆိုတာမ်ိဳးရွိတာေပါ့ေလ. အဲ၂ခုကိုသတိႀကီးႀကီးနဲ႔ကိုင္တြယ္ရမယ္။မဟုတ္ရင္လြတ္လပ္စြာေျပာဆိုခြင့္ထိခိုက္ႏိုင္တယ္။"
လတ္တေလာ ေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ အမုန္းစကားနဲ႔ သတင္းတု သတင္းမွားေတြကို Facebook ေပၚ ျဖန႔္ေဝၿပီး ႏိုင္ငံေရးအျမတ္ထုတ္တာေတြ ရွိေနတာမို႔ ဒီအပိုင္းကိုေသခ်ာကိုင္တြယ္ႏိုင္ဖို႔ အစိုးရဘက္က ႀကိဳးစားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက ၿပီးခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။
ေ႐ြးေကာက္ပြဲအတြက္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ အုပ္စုတစ္စုက ေငြပုံေပးကာ Facebook Group မ်ား Page မ်ားဖြင့္ သတင္းတု၊ သတင္းမွားျဖန႔္ေဝေနမႈကို စစ္ေဆးေတြ႕ရွိရၿပီး ပါဝင္ပတ္သက္သူမ်ားကို ေဖာ္ထုတ္ အေရးယူသြားမယ္လို႔လည္း ဆိုထားပါတယ္။
မၾကာခင္မွာ ႏိုင္ငံေရးပါတီေတြ တရားဝင္မဲဆြယ္စည္း႐ုံးခြင့္ ရလာေတာ့မွာျဖစ္လို႔ Facebook လူမႈကြန္ ရက္ေပၚမွာ ၿပိဳင္ဆိုင္မႈေတြ ပိုျပင္းထန္လာဖြယ္ ရွိပါတယ္။
လက္ရွိကာလမွာ ကိုဗစ္ကူးစက္မႈ ျမင့္ေနတာေၾကာင့္ မဲဆြယ္စည္း႐ုံးေရးပိုင္းကို ဆိုရွယ္မီဒီယာေတြက ေန လုပ္ေဆာင္ဖို႔ႀကိဳးစားလာတာေတြ ရွိေနခ်ိန္မွာ ေ႐ြးေကာက္ပြဲဆိုင္ရာသတင္းတု၊ သတင္းမွားေတြပိုမ်ား လာႏိုင္တာေၾကာင့္ အစိုးရအေနနဲ႔ေကာေကာ္မရွင္အေနနဲ႔ပါ ဒီအေပၚ ထိထိေရာက္ေရာက္ကိုင္တြယ္ဖို႔ ေလ့ လာေစာင့္ၾကည့္သူေတြက ေထာက္ျပေနၾကပါတယ္။
..................
(Unicode)
ရွေးကောက်ပွဲနီးလာချိန် အင်တာနက်အွန်လိုင်းပေါ်က သတင်းတု သတင်းမှားတွေ များစွာထွက်လာတာကို အစိုးရက ထိန်းချုပ်ကိုင်တွယ်မယ်လို့ဆိုနေပပေမယ့် တလကို အနည်းဆုံး သတင်းအမှားတွေတင်တဲ့ Facebook ပို့စ်ပေါင်း ၂၀၀ လောက် ရှိနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ဗွီအိုအေကိုပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် မေခက အကြောင်းစုံကို ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ အသုံးပြုသူသန်း ၂၀ ကျော်အထိရှိလာတဲ့ Facebook လူမှုကွန်ရက်ဟာ သတင်းဖြန့်ဝေမှု အတွက် အရေးပါဆုံး နေရာတခုဖြစ်ပါတယ်။ နေ့စဉ်လူမှုဘဝအတွက် အရေးပါလာသလိုပဲ ၊ အမုန်းစကား လှုံ့ဆော်မှုတွေနဲ့ သတင်းတု သတင်းမှားတွေ အများဆုံးပေါ်ပေါက်ရာနေရာတခုလည်းဖြစ်လာနေပါတယ်။
အထူးသဖြင့် လူမှုကွန်ရက်တွေပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေရဲ့ လုပ်ဆောင်မှုကို အစိုးရ ဘက်က ထိန်းသိမ်းမှုပိုင်း အားနည်းမှုတွေရှိနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
ရွေးကောက်ပွဲ သတင်းတွေ ပြန့်နှံမှုနဲ့ပတ်သတ်ပြီး လေ့လာစောင့်ကြည့်မှုတွေ လုပ်နေတဲ့ "ဟုတ်တယ် မဟုတ်ဘူး" အဖွဲ့ရဲ့ အချက်အလက် လေ့လာစောင့်ကြည့်သူ ဦးသက်မင်းကတော့ လက်ရှိ လူမှုမီဒီယာမှာ သတင်းတု သတင်းမှားတွေ ပြန့်နှံနေမှုနဲ့ပတ်သတ်လို့ အထူးသတိရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီတွေကြား တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးအရ တိုက်ခိုက်နေတဲ့ သတင်းတု သတင်းမှားတွေကို ရွေးကောက်ပွဲကာလ နီးလာတာနဲ့အမျှ ခပ်စိပ်စိပ် တွေ့လာရသလို တလ တလရာချီတဲ့ သတင်းတု၊ သတင်းမှားတွေ ထွက်ပေါ်နေတယ်လို့ သူကဆိုပါတယ်။
"တလအတွင်းဆို အနည်းဆုံး ၂၀၀ကျော်လောက်တွေ့ရတယ်။ ခုကာလပိုဆိုးလာတယ်။ သတင်းမှားတွေ သတင်းအကြမ်းတွေ ၊အတည်မပြုရတာတွေကိုတင်နေကြတယ်။ ပိုပြန့်မြန်လာတယ်။ ပြန့်လာတဲ့ အခါမှာ သက်ရောက်မှုပိုများလာတယ်.ပါတီတွေဘက်က သတင်းမှားသုံးဖော်ပြတာထပ်စာရင် တဖက်ဖက်ကိုထောက်ခံသူတွေဘက်က တဖက်ပါတီကို အမှားတွေ အမုန်းသကားတွေ ထိုက်ခိုက်ဝေဖန်တာမျိုးတွေများပါတယ်။"
လူမှုကွန်ယက် Facebook ဘက်ကလည်း သူတို့ချမှတ်ထားတဲ့ လူမှုစံနှုန်းနဲ့ မညီတဲ့ အကြောင်းအရာ တွေကို ဖြုတ်ချအရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ထားပေမယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေးအရ လုပ်ဆောင်မှုပိုင်းတွေမှာ ဘက်လိုက်မှုတွေရှိတယ်လို့ ဝေဖန်နေကြပါတယ်။
Facebook အနေနဲ့ကတော့ မြန်မာနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေအတွက် သီးသန့်မူဝါဒချ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ လည်း ပူးပေါင်းဆောင်ရွက်နေပြီး ကော်မရှင်အတွက် အထောက်အကူဖြစ်မယ့် နည်းပညာတွေ အသုံးချတတ်စေဖို့ လမ်းညွှန်ပေးတာတွေ လုပ်နေတယ်လို့ ဆိုထားပါတယ်။
အမုန်းစကား၊ သတင်းတု၊ သတင်းမှားတွေ ဖြစ်လာရင် ၂၀၂၀ ရွေးကောက်ပွဲ ချောချောမောမော အောင် မြင်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုလာသူကတော့ PACE အဖွဲ့က စိုင်းရဲကျော်စွာမြင့်ပါ။
"စိတ်ပူစရာကောင်းတယ်။ အဓိကကတော့ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ သတင်း တု၊သတင်းမှားနဲ့ကိုတော့ခွဲခြားနိုင်ဖို့လိုတယ်။ အဲဒါကိုရောထွေးအရေးယူတာမျိုးတော့လက်မခံဘူး။ အဲ ၂ခုကတော့ ခွဲနိုင်ဖို့လိုတယ်။ ဖေ့ဘုတ်ပေါ်မှာတော့ သူစည်းမျဉ်းဆိုတာမျိုးရှိတာပေါ့လေ. အဲ၂ခုကိုသတိကြီးကြီးနဲ့ကိုင်တွယ်ရမယ်။မဟုတ်ရင်လွတ်လပ်စွာပြောဆိုခွင့်ထိခိုက်နိုင်တယ်။"
လတ်တလော ရွေးကောက်ပွဲနီးလာချိန်မှာ အမုန်းစကားနဲ့ သတင်းတု သတင်းမှားတွေကို Facebook ပေါ် ဖြန့်ဝေပြီး နိုင်ငံရေးအမြတ်ထုတ်တာတွေ ရှိနေတာမို့ ဒီအပိုင်းကိုသေချာကိုင်တွယ်နိုင်ဖို့ အစိုးရဘက်က ကြိုးစားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိဖြင့် အုပ်စုတစ်စုက ငွေပုံပေးကာ Facebook Group များ Page များဖွင့် သတင်းတု၊ သတင်းမှားဖြန့်ဝေနေမှုကို စစ်ဆေးတွေ့ရှိရပြီး ပါဝင်ပတ်သက်သူများကို ဖော်ထုတ် အရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။
မကြာခင်မှာ နိုင်ငံရေးပါတီတွေ တရားဝင်မဲဆွယ်စည်းရုံးခွင့် ရလာတော့မှာဖြစ်လို့ Facebook လူမှုကွန် ရက်ပေါ်မှာ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာဖွယ် ရှိပါတယ်။
လက်ရှိကာလမှာ ကိုဗစ်ကူးစက်မှု မြင့်နေတာကြောင့် မဲဆွယ်စည်းရုံးရေးပိုင်းကို ဆိုရှယ်မီဒီယာတွေက နေ လုပ်ဆောင်ဖို့ကြိုးစားလာတာတွေ ရှိနေချိန်မှာ ရွေးကောက်ပွဲဆိုင်ရာသတင်းတု၊ သတင်းမှားတွေပိုများ လာနိုင်တာကြောင့် အစိုးရအနေနဲ့ကောကော်မရှင်အနေနဲ့ပါ ဒီအပေါ် ထိထိရောက်ရောက်ကိုင်တွယ်ဖို့ လေ့ လာစောင့်ကြည့်သူတွေက ထောက်ပြနေကြပါတယ်။