သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အြန္လိုင္းေရြးေကာက္ပဲြစည္းရံုးေရး မွ်တမႈမရွိမွာ စိုးရိမ္


၂၀၁၈ ဒီဇင္ဘာလက လက္ဖက္ရည္ဆိုင္တခုမွာ ဖုန္းသံုးေနသူတခ်ိဳ႕။ (ဒီဇင္ဘာလ ၁၈၊ ၂၀၁၈)

[Zawgyi/Unicode]

ကိုဗစ္ ကပ္ေရာဂါကူးစက္မႈျမင့္ေနဆဲမို႔ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးပိုင္းေတြမွာ အြန္လိုင္းမီဒီယာကို အားကိုး လာရတဲ့ ပါတီေတြအတြက္ တိက်တဲ့ထုတ္ျပန္မႈ မရွိတာမို႔ ပါတီတခုနဲ႔တခုၾကား ၿပိဳင္ဆိုင္မႈမွာ မညီမွွ်မႈေတြ၊ အသံုးစရိတ္ကြာျခားမႈေတြျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္လည္း တိက်တဲ့ၫႊန္ၾကားခ်က္ထုတ္ျပန္ေပးဖို႔ ပါတီငယ္တခ်ိဳ႕ လိုလားေနတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေမးျမန္းတင္ဆက္ေပးပါမယ္။

မၾကာမီ က်င္းပေတာ့မယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ရက္ေပါင္း ၆ဝ မဲဆြယ္ကာလသတ္မွတ္ခ်က္အရ စက္တင္ဘာ ၈ ရက္ကေန ႏိုဝင္ဘာ ၆ ရက္ထိ ပါတီအသီးသီးက ပါတီေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးလႈပ္ရွားမႈမ်ား စတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ တေက်ာ့ျပန္ ကိုဗစ္ေရာဂါကူးစက္မႈကလည္း ျပင္းထန္ေနဆဲကာလျဖစ္တာမို႔ မဲဆြယ္စည္း႐ုံးေရးပိုင္းမွာ ပါတီေတာ္ေတာ္မ်ားမ်ားဟာ လွည့္လည္စည္း႐ုံးမႈမ်ားထက္ အြန္လိုင္းကေနတဆင့္ အဓိကထား မဲဆြယ္မႈေတြ လုပ္လာၾကပါတယ္။

ဒီလိုျဖစ္လာေပမယ့္ အြန္လိုင္းကေန မဲဆြယ္မႈပိုင္းနဲ႔ပတ္သတ္လို႔ တိက်တဲ့ ထုတ္ျပန္မႈမရွိတာမို႔ အျငင္းပြားစရာေတြ ျဖစ္လာႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္လာမွာကို ပါတီေတြဘက္က စိုးရိမ္လာၾကပါတယ္။ လူ႔ေဘာင္သစ္ပါတီဥကၠ႒ ဦးေအာင္မိုးေဇာ္ကေတာ့ အြန္လိုင္းမဲဆြယ္မႈပိုင္းႀကဳံရတဲ့ စိန္ေခၚမႈတခုနဲ႔ ပတ္သတ္လို႔ လက္ရွိေ႐ြးေကာက္ပြဲ အခင္းအက်င္းက အဘက္ဘက္က မွ်တမႈမရွိတဲ့ ၿပိဳင္ပြဲတခုလို႔ သူကေျပာပါတယ္။

"ဒီအေပၚမွာေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေသေသခ်ာခ်ာ စကားေျပာဖို႔လိုတယ္။ ဒါေပမဲ့ ေကာ္မရွင္ဘက္က ဘယ္သူမွ အဖက္လုပ္တာ မဟုတ္ဘူး။ စၿပီးေတာ့ ေ႐ြးေကာက္ပြဲလုပ္ဖို႔ ျပင္ဆင္ကတည္းကိုက အခြင့္အေရးတူမွ မရတာ။ က်ေနာ္တို႔ ဒီမိုကေရစီအေျခအေနဟာ ေတာ္ေတာ္ေလး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနၿပီ။"

ကိုဗစ္ကာလမွာ ေ႐ြးေကာက္ပြဲက်င္းပၾကတဲ့ ႏိုင္ငံတကာက တခ်ိဳ႕ႏိုင္ငံေတြမွာ မဲဆြယ္စည္း႐ုံးေရးပိုင္းကို ဆိုရွယ္မီဒီယာကေနတဆင့္ လုပ္ေဆာင္တာေတြ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္လာတာမို႔ ျမန္မာႏိုင္ငံမွာလည္း ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အရင္ႏွစ္ေတြနဲ႔ မတူဘဲ ဆိုရွယ္မီဒီယာကို ပိုမိုအသုံးျပဳလာၾကတာေတြရွိပါတယ္။ မဲဆြယ္စည္း႐ုံးေရး တရားဝင္ခြင့္ မျပဳခင္ထဲက ဆိုရွယ္မီဒီယာကေန ပါတီမိတ္ ဆက္ေတြနဲ႔ လူထုၾကားထိုးေဖာက္လာတာပါ။ အရင္က Facebook မွာ စာမ်က္ႏွာတစ္ခုဖြင့္ၿပီး ပါတီလုပ္ေဆာင္မႈေတြကို တင္ျပၾကေပမယ့္ ေနာက္ပိုင္းမွာ Facebook ကို အခေၾကး ေငြေပးသြင္းၿပီး လူပိုသိေအာင္ေၾကျငာတဲ့ နည္းလမ္းကို အသုံးျပဳလာၾကပါတယ္။

အြန္လိုင္းဆက္သြယ္မႈပိုင္းက အရင္ကထက္တိုးတက္လာေပမဲ့ ၿမိဳ႕ေပၚ ၿမိဳ႕နယ္တခုနဲ႔ တခုမွာေတာင္ ဆက္သြယ္ ရရွိမႈက မညီမွ်တာေတြ ရွိေနပါေသးတယ္။ ၿမိဳ႕ေပၚမွာေတာင္ဒီ ျပႆနာ ရင္ဆိုင္ေနရဆဲမို႔ ေဝးလ်ံခါင္းဖ်ား တိုင္းရင္းသားေဒသေတြကို ကိုယ္စားျပဳယွဥ္ၿပိဳင္ရတဲ့ ပါတီေတြအတြက္က ႀကီးမားတဲ့ စိန္ေခၚမႈနဲ႔ မညီမွ်တဲ့ ယွဥ္ၿပိဳင္မႈကို ျဖစ္ေစတယ္လို႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က စိုင္းလိတ္က သံုးသပ္ပါတယ္။

"တိက်တဲ့ ျပဌာန္းခ်က္ေတြ ျပဌာန္းမထားေတာ့ ေငြေၾကးတတ္ႏိုင္ရင္ တတ္ႏိုင္သေလာက္ေပါ့ေနာ္ ... မိန္းမီဒီယာေတြကို ဩဇာလႊမ္းမိုးရင္ လႊမ္းမိုးႏိုင္သေလာက္ သူတို႔က အသုံးခ်သြားႏိုင္တယ္။ ဒုတိယလိႈင္း၊ တတိယလိႈင္းလာမယ္ဆိုတာကို အားလံုးကိ ၾကိဳတင္တြက္ဆထားၿပီးသားျဖစ္တယ္။ လိုအပ္တဲ့ ျပင္ဆင္မႈ စည္းကမ္းသတ္မွတ္မႈေတြကို အားလံုး တေျပးညီလိုက္နာႏိုင္ေအာင္ တိတိက်က်ေဖာ္ျပ ျပဌာန္းသင့္တယ္ေပါ့ေနာ္။"

ေနာက္ထပ္ အခက္အခဲကေတာ့ အြန္လိုင္းအသုံးျပဳၿပီး မဲဆြယ္တာမွာ နည္းပညာပိုင္းနဲ႔ ေငြေၾကး အခက္အခဲေတြပါ။ ရန္ပံုေငြအားနည္းတဲ့ပါတီနဲ႔ တသီးပုဂၢလ ၿပိဳင္သူေတြအတြက္ အြန္လိုင္းအသုံးျပဳၿပီး မဲဆြယ္ဖို႔ ဆိုတာ ႀကီးမားတဲ့ စိန္ေခၚမႈတခုျဖစ္ေနတာပါ။

တခ်ိဳ႕ဖြံ႕ၿဖိဳးၿပီး အင္တာနက္ ျမန္ႏႈန္းျမင့္သုံးႏိုင္တဲ့ ႏိုင္ငံတကာက တခ်ိဳ႕ႏိုင္ငံတကာမွာေတာင္ အြန္လိုင္းမဲဆြယ္မႈပိုင္းမွာေ႐ြးေကာက္ပြဲအႀကိဳကာလ အျငင္းပြားမႈေတြ၊ ျပႆနာ အေသးစားေတြကအစ ႀကီးမားတဲ့ ပဋိပကၡမ်ိဳးအထိ ႀကဳံရတာေတြ ရွိလို႔ ေကာ္မရွင္အေနနဲ႔ အျမန္ဆုံး သုံးသပ္လုပ္ေဆာင္မႈဖို႔ အြန္လိုင္း မီဒီယာပိုင္းကိုေလ့လာေစာင့္ၾကည့္မႈေတြ လုပ္ေနတဲ့ ဦးျမတ္သူက ေျပာပါတယ္။

"လက္ရွိအေနအထားအရဆိုရင္ အမ်ားႀကီး ရႈပ္ေထြးတယ္။ UEC ဘက္ကေနၿပီးေတာ့ ဒီေရြးေကာက္ပဲြတခုလံုးကို ႀကီးၾကပ္ဖို႔ဆိုတဲ့ လံုေလာက္မႈစြမ္းရည္မရွိဘူးလို႔ က်ေနာ္ျမင္တယ္။ အမ်ားႀကီးျပင္ဆင္မႈလုပ္ဖို႔လိုတယ္။ ေနာက္ဒါနဲ႔ပတ္သတ္လို႔ဝင္ၿပိဳင္တာမွာ ပါတီေတြက တကယ္ပဲ ဒီ page ကို အသံုးျပဳေနတာလား။ investigation လိုလုပ္တာမွာ UEC ဘက္က တာဝန္ခံဖို႔ လိုအပ္တယ္။ သူတို႔ကိုယ္တိုင္ကလည္း ဒါမ်ိဳးေတြ ပါ၀င္ၿပီး တာ၀န္ခံမေနဘူး။ ဆိုေတာ့ က်ေနာ္တို႔က ေရြးေကာက္ပဲြမွာ ကိုယ္ျမင္ေနရတဲ့ စာမ်က္ႏွာေတြက ဘယ္သူတာဝန္ခံမွာလဲ။ အဲလိုဟာေတြက ေ႐ြးေကာက္ပြဲအျငင္းပြားမႈ ျဖစ္ေစလိမ့္မယ္။ က်ေနာ္တို႔ ႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲဟာ ေတာ္ေတာ္ ရႈပ္ေထြးလိမ့္မယ္။ process ျပန္စမ္းစစ္ဖို႔လိုမယ္။"

ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရး က်င့္ဝတ္အျဖစ္ ပုဂၢိဳလ္ေရး၊ ဘာသာေရး၊ က်ားမ ျဖစ္တည္မႈ စတာေတြနဲ႔ ပတ္သက္ၿပီး ပုတ္ခတ္ေျပာဆိုစည္း႐ုံးတာေတြ မလုပ္ဖို႔၊ ပါတီေတြလိုက္နာရမယ့္ စည္းမ်ဥ္းအတိုင္း လိုက္နာဖို႔နဲ႔ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္ေတြအတိုင္းမဲဆြယ္ဖို႔ ေကာ္မရွင္ဘက္က ၫႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အွန်လိုင်းရွေးကောက်ပွဲစည်းရုံးရေး မျှတမှုမရှိမှာ စိုးရိမ်

ကိုဗစ် ကပ်ရောဂါကူးစက်မှုမြင့်နေဆဲမို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပိုင်းတွေမှာ အွန်လိုင်းမီဒီယာကို အားကိုး လာရတဲ့ ပါတီတွေအတွက် တိကျတဲ့ထုတ်ပြန်မှု မရှိတာမို့ ပါတီတခုနဲ့တခုကြား ပြိုင်ဆိုင်မှုမှာ မညီမျှမှုတွေ၊ အသုံးစရိတ်ကွာခြားမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း တိကျတဲ့ညွှန်ကြားချက်ထုတ်ပြန်ပေးဖို့ ပါတီငယ်တချို့ လိုလားနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက မေးမြန်းတင်ဆက်ပေးပါမယ်။

မကြာမီ ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရက်ပေါင်း ၆ဝ မဲဆွယ်ကာလသတ်မှတ်ချက်အရ စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်ထိ ပါတီအသီးသီးက ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးလှုပ်ရှားမှုများ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ တကျော့ပြန် ကိုဗစ်ရောဂါကူးစက်မှုကလည်း ပြင်းထန်နေဆဲကာလဖြစ်တာမို့ မဲဆွယ်စည်းရုံးရေးပိုင်းမှာ ပါတီတော်တော်များများဟာ လှည့်လည်စည်းရုံးမှုများထက် အွန်လိုင်းကနေတဆင့် အဓိကထား မဲဆွယ်မှုတွေ လုပ်လာကြပါတယ်။

ဒီလိုဖြစ်လာပေမယ့် အွန်လိုင်းကနေ မဲဆွယ်မှုပိုင်းနဲ့ပတ်သတ်လို့ တိကျတဲ့ ထုတ်ပြန်မှုမရှိတာမို့ အငြင်းပွားစရာတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာမှာကို ပါတီတွေဘက်က စိုးရိမ်လာကြပါတယ်။ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ အွန်လိုင်းမဲဆွယ်မှုပိုင်းကြုံရတဲ့ စိန်ခေါ်မှုတခုနဲ့ ပတ်သတ်လို့ လက်ရှိရွေးကောက်ပွဲ အခင်းအကျင်းက အဘက်ဘက်က မျှတမှုမရှိတဲ့ ပြိုင်ပွဲတခုလို့ သူကပြောပါတယ်။

"ဒီအပေါ်မှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သေသေချာချာ စကားပြောဖို့လိုတယ်။ ဒါပေမဲ့ ကော်မရှင်ဘက်က ဘယ်သူမှ အဖက်လုပ်တာ မဟုတ်ဘူး။ စပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်ကတည်းကိုက အခွင့်အရေးတူမှ မရတာ။ ကျနော်တို့ ဒီမိုကရေစီအခြေအနေဟာ တော်တော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။"

ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကျင်းပကြတဲ့ နိုင်ငံတကာက တချို့နိုင်ငံတွေမှာ မဲဆွယ်စည်းရုံးရေးပိုင်းကို ဆိုရှယ်မီဒီယာကနေတဆင့် လုပ်ဆောင်တာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာတာမို့ မြန်မာနိုင်ငံမှာလည်း ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ အရင်နှစ်တွေနဲ့ မတူဘဲ ဆိုရှယ်မီဒီယာကို ပိုမိုအသုံးပြုလာကြတာတွေရှိပါတယ်။ မဲဆွယ်စည်းရုံးရေး တရားဝင်ခွင့် မပြုခင်ထဲက ဆိုရှယ်မီဒီယာကနေ ပါတီမိတ် ဆက်တွေနဲ့ လူထုကြားထိုးဖောက်လာတာပါ။ အရင်က Facebook မှာ စာမျက်နှာတစ်ခုဖွင့်ပြီး ပါတီလုပ်ဆောင်မှုတွေကို တင်ပြကြပေမယ့် နောက်ပိုင်းမှာ Facebook ကို အခကြေး ငွေပေးသွင်းပြီး လူပိုသိအောင်ကြေငြာတဲ့ နည်းလမ်းကို အသုံးပြုလာကြပါတယ်။

အွန်လိုင်းဆက်သွယ်မှုပိုင်းက အရင်ကထက်တိုးတက်လာပေမဲ့ မြို့ပေါ် မြို့နယ်တခုနဲ့ တခုမှာတောင် ဆက်သွယ် ရရှိမှုက မညီမျှတာတွေ ရှိနေပါသေးတယ်။ မြို့ပေါ်မှာတောင်ဒီ ပြဿနာ ရင်ဆိုင်နေရဆဲမို့ ဝေးလျံခါင်းဖျား တိုင်းရင်းသားဒေသတွေကို ကိုယ်စားပြုယှဉ်ပြိုင်ရတဲ့ ပါတီတွေအတွက်က ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ မညီမျှတဲ့ ယှဉ်ပြိုင်မှုကို ဖြစ်စေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က စိုင်းလိတ်က သုံးသပ်ပါတယ်။

"တိကျတဲ့ ပြဌာန်းချက်တွေ ပြဌာန်းမထားတော့ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလောက်ပေါ့နော် ... မိန်းမီဒီယာတွေကို ဩဇာလွှမ်းမိုးရင် လွှမ်းမိုးနိုင်သလောက် သူတို့က အသုံးချသွားနိုင်တယ်။ ဒုတိယလှိုင်း၊ တတိယလှိုင်းလာမယ်ဆိုတာကို အားလုံးကိ ကြိုတင်တွက်ဆထားပြီးသားဖြစ်တယ်။ လိုအပ်တဲ့ ပြင်ဆင်မှု စည်းကမ်းသတ်မှတ်မှုတွေကို အားလုံး တပြေးညီလိုက်နာနိုင်အောင် တိတိကျကျဖော်ပြ ပြဌာန်းသင့်တယ်ပေါ့နော်။"

နောက်ထပ် အခက်အခဲကတော့ အွန်လိုင်းအသုံးပြုပြီး မဲဆွယ်တာမှာ နည်းပညာပိုင်းနဲ့ ငွေကြေး အခက်အခဲတွေပါ။ ရန်ပုံငွေအားနည်းတဲ့ပါတီနဲ့ တသီးပုဂ္ဂလ ပြိုင်သူတွေအတွက် အွန်လိုင်းအသုံးပြုပြီး မဲဆွယ်ဖို့ ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်နေတာပါ။

တချို့ဖွံ့ဖြိုးပြီး အင်တာနက် မြန်နှုန်းမြင့်သုံးနိုင်တဲ့ နိုင်ငံတကာက တချို့နိုင်ငံတကာမှာတောင် အွန်လိုင်းမဲဆွယ်မှုပိုင်းမှာရွေးကောက်ပွဲအကြိုကာလ အငြင်းပွားမှုတွေ၊ ပြဿနာ အသေးစားတွေကအစ ကြီးမားတဲ့ ပဋိပက္ခမျိုးအထိ ကြုံရတာတွေ ရှိလို့ ကော်မရှင်အနေနဲ့ အမြန်ဆုံး သုံးသပ်လုပ်ဆောင်မှုဖို့ အွန်လိုင်း မီဒီယာပိုင်းကိုလေ့လာစောင့်ကြည့်မှုတွေ လုပ်နေတဲ့ ဦးမြတ်သူက ပြောပါတယ်။

"လက်ရှိအနေအထားအရဆိုရင် အများကြီး ရှုပ်ထွေးတယ်။ UEC ဘက်ကနေပြီးတော့ ဒီရွေးကောက်ပွဲတခုလုံးကို ကြီးကြပ်ဖို့ဆိုတဲ့ လုံလောက်မှုစွမ်းရည်မရှိဘူးလို့ ကျနော်မြင်တယ်။ အများကြီးပြင်ဆင်မှုလုပ်ဖို့လိုတယ်။ နောက်ဒါနဲ့ပတ်သတ်လို့ဝင်ပြိုင်တာမှာ ပါတီတွေက တကယ်ပဲ ဒီ page ကို အသုံးပြုနေတာလား။ investigation လိုလုပ်တာမှာ UEC ဘက်က တာဝန်ခံဖို့ လိုအပ်တယ်။ သူတို့ကိုယ်တိုင်ကလည်း ဒါမျိုးတွေ ပါဝင်ပြီး တာဝန်ခံမနေဘူး။ ဆိုတော့ ကျနော်တို့က ရွေးကောက်ပွဲမှာ ကိုယ်မြင်နေရတဲ့ စာမျက်နှာတွေက ဘယ်သူတာဝန်ခံမှာလဲ။ အဲလိုဟာတွေက ရွေးကောက်ပွဲအငြင်းပွားမှု ဖြစ်စေလိမ့်မယ်။ ကျနော်တို့ နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ တော်တော် ရှုပ်ထွေးလိမ့်မယ်။ process ပြန်စမ်းစစ်ဖို့လိုမယ်။"

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကျင့်ဝတ်အဖြစ် ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ ကျားမ ဖြစ်တည်မှု စတာတွေနဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုစည်းရုံးတာတွေ မလုပ်ဖို့၊ ပါတီတွေလိုက်နာရမယ့် စည်းမျဉ်းအတိုင်း လိုက်နာဖို့နဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေအတိုင်းမဲဆွယ်ဖို့ ကော်မရှင်ဘက်က ညွှန်ကြားထားပါတယ်။

XS
SM
MD
LG