သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆြယ္စည္းရံုးမႈမ်ား က်န္းမာေရးညီမညီစစ္ေဆးဖို႔ UEC ကို တိုက္တြန္း


ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ (USDP) နဲ႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ တို႔ကို ေထာက္ခံသူ တခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

COVID - 19 ကပ္ေရာဂါကာလတြင္း မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြမွာ က်န္းမာေရးၫႊန္ၾကားခ်က္ လိုက္နာမႈ အားနည္းေနတာေၾကာင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ဒါေတြအေပၚတာဝန္ယူေျဖရွင္းႏိုင္ဖို႔ ႏိုင္ငံေရးပါတီတခ်ိဳ႕နဲ႔ ေစာင့္ၾကည့္သူေတြက ေထာက္ျပေနတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ ကပ္ေရာဂါကာလ မဲဆြယ္စည္း႐ုံးေနတာ ဒီကေန႔ စက္တင္ဘာ ၉ ရက္မွာ ၂ ရက္ေျမာက္ရွိလာပါၿပီ။ ကိုဗစ္အတည္ျပဳလူနာ ေတြ႕ရွိႏႈန္း တိုးေနခ်ိန္ျဖစ္ေပမဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေတာ့ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ တႏိုင္ငံလုံးအတိုင္းအတာ ေ႐ြးေကာက္ပြဲကို အစီအစဥ္အတိုင္း က်င္းပသြားမယ္လို႔ ေျပာထားပါတယ္။

ကပ္ေရာဂါျဖစ္ေနတဲ့ ကာလမို႔ လူစုလူေဝးနဲ႔ မဲဆြယ္စည္း႐ုံးတာေတြကို ေရွာင္ၿပီး ကားနဲ႔လွည့္လည္တာ ပါတီဆိုင္းဘုတ္ေထာင္တာ၊ တဦးနဲ႔တဦး ထိေတြ႕မႈနည္းႏိုင္တဲ့ နည္းလမ္းေတြကိုသုံးဖို႔ ပါတီဝင္ေတြကို ညႊန္ၾကားထားတယ္လို႔ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက VOA ကိုေျပာပါတယ္။

“ကိုဗစ္ကူးစက္မႈ မရွိတဲ့ေနရာေတြ နယ္ၿမိဳ႕ေတြမွာေတာ့ ပုံမွန္အတိုင္းလုပ္တာေတြ ရွိပါလိမ့္မယ္။ ဒါေပမယ့္ ကိုဗစ္ကူးစက္မႈျမင့္တက္ေနတဲ့ ေနရာေတြမွာဆိုရင္ေတာ့ ကိုဗစ္အႏၲရာယ္ကိုထိန္းခ်ဳပ္ ကာကြယ္ႏိုင္ဖို႔က နံပါတ္ ၁ ဦးစားေပးျဖစ္တယ္လို႔ က်ေနာ့္ပါတီဝင္ေတြကိုလည္း ၫႊန္ၾကားထားပါတယ္။ အဓိကကေတာ့ ျပည္သူ႔က်န္းမာေရးေလာက္အေရးႀကီးတာ ဘာမွမရွိဘူး။ ေ႐ြးေကာက္ပြဲဆိုတာကေတာ့ ၅ႏွစ္ ၁ႀကိမ္ သြားေနမွာပဲ။ ၿပီးေတာ့လည္း အခုပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးေတာ့ အႀကံဉာဏ္ရယူဖို႔ တိုက္တြန္းထားတာ အႀကံျပဳစာ တႀကိမ္ပို႔ထားတာရွိတယ္။ ဘာမွ တရားဝင္ က်ေနာ္တို႔ကို အေၾကာင္းမျပန္ဘူး။

အခုက်ေနာ္တို႔ မေန႔ကထပ္ၿပီးေတာ့ ဒီကပ္ေရာဂါအေျခအေနနဲ႔ ေနာက္ေ႐ြးေကာက္ပြဲ လြတ္လပ္သန႔္ရွင္း မွ်တဖို႔အတြက္ ႏိုင္ငံေရးပါတီမ်ား၊ ေ႐ြးေကာက္ပြဲဆိုင္ရာအရပ္ဘက္အဖြဲ႕အစည္းမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ဆိုၿပီးေတာ့ ေကာ္မရွင္ကို တိုက္တြန္းတဲ့စာ ထပ္ၿပီးေတာ့တင္ထားပါတယ္ခင္ဗ်။ က်ေနာ္တို႔က အျပန္အလွန္ေဆြးေႏြး ညႇိႏႈိင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေပမယ့္လို႔ အခုခ်ိန္ထိကေတာ့ ေကာ္မရွင္ကေနၿပီးေတာ့ သူ႔ရဲ႕ ၫႊန္ၾကားခ်က္ေတြကို တဖက္သတ္ေပးပို႔ေနတာကလြဲၿပီးေတာ့ ဘာမွေဆြးေႏြးညႇိႏႈိင္းတာမ်ိဳး မရွိပါဘူးခင္ဗ်။”

လွည့္လည္မဲဆြယ္ စည္း႐ုံးရာမွာ လိုက္နာရမယ့္အခ်က္ေတြထဲ တဦးနဲ႔တဦး အနည္းဆုံး ၆ေပအကြာမွာ ရွိေနဖို႔နဲ႔ မဲဆြယ္စည္း႐ုံးသူေတြအေနနဲ႔ ျပည္သူလူထုကို လက္ဆြဲႏႈတ္ဆက္တာ ေပြ႕ဖက္တာ၊ အဲဒီလို လူအခ်င္းခ်င္းထိေတြ႕မႈကို ေရွာင္ၾကဥ္ဖို႔ က်န္းမာေရးဌာနက သတိေပးထားပါတယ္။ ဒီကေန႔ ေနျပည္ေတာ္ ျပည္ခိုင္ၿဖိဳး႐ုံးခ်ဳပ္မွာ ျပဳလုပ္တဲ့ ေအာင္ႏိုင္ေရး အလံတင္အခမ္းအနားအၿပီးမွာေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ၿပိဳင္ဘက္ပါတီအေနနဲ႔ မဲဆြယ္စည္း႐ုံးရာမွာ ကပ္ေရာဂါစည္းမ်ဥ္းေတြနဲ႔ ကိုက္ညီမႈမရွိဘူးလို႔ေျပာပါတယ္။

“က်ေနာ္ မေန႔က က်ေနာ့္နယ္ေျမထဲမွာ ႐ြာ ၂ ႐ြာေလာက္ သြားလိုက္ပါတယ္။ သြားတဲ့အခါမွာ တဘက္က အဓိကၿပိဳင္ဘက္ပါတီဟာ လူေတြရာေပါင္းမ်ားစြာ လႈပ္ရွားေနၾကတာေတြ႕တယ္။ ဘယ္လိုမွလည္းပဲ ကိုဗစ္ထုတ္ျပန္ခ်က္ေတြနဲ႔ မကိုက္ညီဘူး။ ဆိုင္ကယ္တစီးေပၚမွာ လူ ၃-၄ ေယာက္၊ ကားေတြေရာ လူေတြေရာ ရာနဲ႔ခ်ီၿပီးေတာ့ လႈပ္ရွားေနတာေတြဟာ ဒီေန႔ႀကိမ္ဖန္မ်ားစြာ ထိပ္ဆုံးက တာဝန္ရွိသူေတြေျပာေနတဲ့ ကိုဗစ္စည္းကမ္းနဲ႔အညီ ေ႐ြးေကာက္ပြဲ မဲဆြယ္မႈေတြ လုပ္ပါဆိုတာနဲ႔ ကိုက္ရဲ႕လား။ က်ေနာ္တို႔ ဒီေန႔စာထုတ္ၿပီးေတာ့ ဝန္ႀကီးဌာနကိုေမးမွာပါ - ဘယ္သူထိန္းမလဲ။ တိုင္းျပည္ကိုစည္းကမ္းနဲ႔ပတ္သက္လို႔ စံျပလုပ္ရမယ့္ပုဂၢိဳလ္ေတြ ကိုယ္တိုင္က မသိခ်င္ေယာင္ေဆာင္ေနရင္ေတာ့ ဒီေ႐ြးေကာက္ပြဲႀကီးဟာ မွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔ အင္မတန္ခက္လိမ့္မယ္။”

သူေျပာတဲ့ ၿပိဳင္ဘက္ပါတီဆိုတာ NLD ပါတီကို ရည္ၫႊန္းေျပာတာျဖစ္ပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေစေရးအပါအဝင္၊ ကိုဗစ္နဲ႔ ပတ္သက္တဲ့ ၫႊန္ၾကားခ်က္ေတြကို အေလးထား လိုက္နာေဆာင္႐ြက္ဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။ မဲဆြယ္စည္း႐ုံးေရးကာလအစ ၂ ရက္အတြင္းမွာေတာ့ က်န္းမာေရးၫႊန္ၾကားခ်က္ေတြကို လိုက္နာမႈအားနည္းတာေတြ ရွိေနတယ္လို႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ လႈပ္ရွားမႈအဖြဲ႕တခုျဖစ္တဲ့ ေအာက္ခ်င္းအဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးခ်န္လ်န္က ေျပာပါတယ္။

“ဒီ ၂ ရက္အတြင္းမွာ က်ေနာ္တို႔ေတြ႕ရွိခ်က္အရဆိုရင္ ေတာ္ေတာ္မ်ားမ်ား ဒီစည္းကမ္းလိုက္နာတဲ့အပိုင္းမွာ အင္မတန္အားနည္းတယ္။ အဲေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းမွာမွာ ဒီကိုဗစ္က ဝုန္းဒိုင္းဆိုၿပီး ထႂကြလာတဲ့အခါမွာ ေ႐ြးေကာက္ပြဲ ႏိုင္ငံေရးပါတီေတြ စည္း႐ုံးေရးကာလျဖစ္လာတဲ့အခါမွာ ဒီဟာက သတိမထားမိရင္ က်န္းမာေရးသတ္မွတ္ထားတဲ့ စံခ်ိန္စံၫႊန္းနဲ႔အညီ ဒါကိုမလိုက္နာဘူးဆိုရင္ ျပည္သူလူထုအတြက္ အင္မတန္စိတ္ပူစရာျဖစ္တယ္။ အဲေတာ့ ဒီဟာကေတာ့ သက္ဆိုင္ရာေကာ္မရွင္ကေန စည္းကမ္းပိုင္းကို ၾကပ္မတ္သင့္တယ္၊ ထိန္းသိမ္းသင့္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။”

လာမယ့္ေ႐ြးေကာက္ပြဲအတြက္ တသီးပုဂၢလနဲ႔ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆,၉၆၉ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါ။ ကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္စည္း႐ုံးေရးကာလကိုေတာ့ စက္တင္ဘာ ၈ ရက္ကေန ႏိုဝင္ဘာ ၆ရက္ေန႔အထိ ရက္ေပါင္း ၆၀ ခြင့္ျပဳထားၿပီး ကိုဗစ္ကာလမွာ ထုတ္ျပန္ထားတဲ့ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြကို လိုက္နာေဆာင္႐ြက္ဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆွယ်စည်းရုံးမှုများ ကျန်းမာရေးညီမညီစစ်ဆေးဖို့ UEC ကို တိုက်တွန်း

COVID - 19 ကပ်ရောဂါကာလတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ ကျန်းမာရေးညွှန်ကြားချက် လိုက်နာမှု အားနည်းနေတာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒါတွေအပေါ်တာဝန်ယူဖြေရှင်းနိုင်ဖို့ နိုင်ငံရေးပါတီတချို့နဲ့ စောင့်ကြည့်သူတွေက ထောက်ပြနေတဲ့အကြောင်း ပြောပြပေးပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကပ်ရောဂါကာလ မဲဆွယ်စည်းရုံးနေတာ ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ ၂ ရက်မြောက်ရှိလာပါပြီ။ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိနှုန်း တိုးနေချိန်ဖြစ်ပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ နိုဝင်ဘာ ၈ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပသွားမယ်လို့ ပြောထားပါတယ်။

ကပ်ရောဂါဖြစ်နေတဲ့ ကာလမို့ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေကို ရှောင်ပြီး ကားနဲ့လှည့်လည်တာ ပါတီဆိုင်းဘုတ်ထောင်တာ၊ တဦးနဲ့တဦး ထိတွေ့မှုနည်းနိုင်တဲ့ နည်းလမ်းတွေကိုသုံးဖို့ ပါတီဝင်တွေကို ညွှန်ကြားထားတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက VOA ကိုပြောပါတယ်။

“ကိုဗစ်ကူးစက်မှု မရှိတဲ့နေရာတွေ နယ်မြို့တွေမှာတော့ ပုံမှန်အတိုင်းလုပ်တာတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုဗစ်ကူးစက်မှုမြင့်တက်နေတဲ့ နေရာတွေမှာဆိုရင်တော့ ကိုဗစ်အန္တရာယ်ကိုထိန်းချုပ် ကာကွယ်နိုင်ဖို့က နံပါတ် ၁ ဦးစားပေးဖြစ်တယ်လို့ ကျနော့်ပါတီဝင်တွေကိုလည်း ညွှန်ကြားထားပါတယ်။ အဓိကကတော့ ပြည်သူ့ကျန်းမာရေးလောက်အရေးကြီးတာ ဘာမှမရှိဘူး။ ရွေးကောက်ပွဲဆိုတာကတော့ ၅နှစ် ၁ကြိမ် သွားနေမှာပဲ။ ပြီးတော့လည်း အခုပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အကြံဉာဏ်ရယူဖို့ တိုက်တွန်းထားတာ အကြံပြုစာ တကြိမ်ပို့ထားတာရှိတယ်။ ဘာမှ တရားဝင် ကျနော်တို့ကို အကြောင်းမပြန်ဘူး။

အခုကျနော်တို့ မနေ့ကထပ်ပြီးတော့ ဒီကပ်ရောဂါအခြေအနေနဲ့ နောက်ရွေးကောက်ပွဲ လွတ်လပ်သန့်ရှင်း မျှတဖို့အတွက် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီးတော့ ကော်မရှင်ကို တိုက်တွန်းတဲ့စာ ထပ်ပြီးတော့တင်ထားပါတယ်ခင်ဗျ။ ကျနော်တို့က အပြန်အလှန်ဆွေးနွေး ညှိနှိုင်းနိုင်ဖို့ မျှော်လင့်ပေမယ့်လို့ အခုချိန်ထိကတော့ ကော်မရှင်ကနေပြီးတော့ သူ့ရဲ့ ညွှန်ကြားချက်တွေကို တဖက်သတ်ပေးပို့နေတာကလွဲပြီးတော့ ဘာမှဆွေးနွေးညှိနှိုင်းတာမျိုး မရှိပါဘူးခင်ဗျ။”

လှည့်လည်မဲဆွယ် စည်းရုံးရာမှာ လိုက်နာရမယ့်အချက်တွေထဲ တဦးနဲ့တဦး အနည်းဆုံး ၆ပေအကွာမှာ ရှိနေဖို့နဲ့ မဲဆွယ်စည်းရုံးသူတွေအနေနဲ့ ပြည်သူလူထုကို လက်ဆွဲနှုတ်ဆက်တာ ပွေ့ဖက်တာ၊ အဲဒီလို လူအချင်းချင်းထိတွေ့မှုကို ရှောင်ကြဉ်ဖို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ ဒီကနေ့ နေပြည်တော် ပြည်ခိုင်ဖြိုးရုံးချုပ်မှာ ပြုလုပ်တဲ့ အောင်နိုင်ရေး အလံတင်အခမ်းအနားအပြီးမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြိုင်ဘက်ပါတီအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ ကပ်ရောဂါစည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ပြောပါတယ်။

“ကျနော် မနေ့က ကျနော့်နယ်မြေထဲမှာ ရွာ ၂ ရွာလောက် သွားလိုက်ပါတယ်။ သွားတဲ့အခါမှာ တဘက်က အဓိကပြိုင်ဘက်ပါတီဟာ လူတွေရာပေါင်းများစွာ လှုပ်ရှားနေကြတာတွေ့တယ်။ ဘယ်လိုမှလည်းပဲ ကိုဗစ်ထုတ်ပြန်ချက်တွေနဲ့ မကိုက်ညီဘူး။ ဆိုင်ကယ်တစီးပေါ်မှာ လူ ၃-၄ ယောက်၊ ကားတွေရော လူတွေရော ရာနဲ့ချီပြီးတော့ လှုပ်ရှားနေတာတွေဟာ ဒီနေ့ကြိမ်ဖန်များစွာ ထိပ်ဆုံးက တာဝန်ရှိသူတွေပြောနေတဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ လုပ်ပါဆိုတာနဲ့ ကိုက်ရဲ့လား။ ကျနော်တို့ ဒီနေ့စာထုတ်ပြီးတော့ ဝန်ကြီးဌာနကိုမေးမှာပါ - ဘယ်သူထိန်းမလဲ။ တိုင်းပြည်ကိုစည်းကမ်းနဲ့ပတ်သက်လို့ စံပြလုပ်ရမယ့်ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က မသိချင်ယောင်ဆောင်နေရင်တော့ ဒီရွေးကောက်ပွဲကြီးဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အင်မတန်ခက်လိမ့်မယ်။”

သူပြောတဲ့ ပြိုင်ဘက်ပါတီဆိုတာ NLD ပါတီကို ရည်ညွှန်းပြောတာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအပါအဝင်၊ ကိုဗစ်နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို အလေးထား လိုက်နာဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ မဲဆွယ်စည်းရုံးရေးကာလအစ ၂ ရက်အတွင်းမှာတော့ ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းတာတွေ ရှိနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့် လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ အောက်ချင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးချန်လျန်က ပြောပါတယ်။

“ဒီ ၂ ရက်အတွင်းမှာ ကျနော်တို့တွေ့ရှိချက်အရဆိုရင် တော်တော်များများ ဒီစည်းကမ်းလိုက်နာတဲ့အပိုင်းမှာ အင်မတန်အားနည်းတယ်။ အဲတော့ လွန်ခဲ့တဲ့ရက်ပိုင်းမှာမှာ ဒီကိုဗစ်က ဝုန်းဒိုင်းဆိုပြီး ထကြွလာတဲ့အခါမှာ ရွေးကောက်ပွဲ နိုင်ငံရေးပါတီတွေ စည်းရုံးရေးကာလဖြစ်လာတဲ့အခါမှာ ဒီဟာက သတိမထားမိရင် ကျန်းမာရေးသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ ဒါကိုမလိုက်နာဘူးဆိုရင် ပြည်သူလူထုအတွက် အင်မတန်စိတ်ပူစရာဖြစ်တယ်။ အဲတော့ ဒီဟာကတော့ သက်ဆိုင်ရာကော်မရှင်ကနေ စည်းကမ်းပိုင်းကို ကြပ်မတ်သင့်တယ်၊ ထိန်းသိမ်းသင့်တယ်လို့ပဲ ပြောချင်ပါတယ်။”

လာမယ့်ရွေးကောက်ပွဲအတွက် တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၉၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးကာလကိုတော့ စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားပြီး ကိုဗစ်ကာလမှာ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG