သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမပုံၿမိဳ႕နယ္အနီး အရပ္သား ၄ ဦး ေသဆုံးမႈအေပၚ Save the Children အဖြဲ႔ ရႈတ္ခ်


ရခိုင္ျပည္နယ္တေနရာ (ဓါတ္ပံု-Save the Children)

(Zawgyi/Unicode)

ရခုိင္ျပည္နယ္မွာ ကေလးငယ္ ၂ ဦးနဲ႔ အနည္းဆုံး လူႀကီး ၂ ဦးတို႔ အေၾကာင္းမဲ့ ေသဆုံးခဲ့ရတဲ့ကိစၥအတြက္ Save the Children အဖဲြ႔က လြန္စြာ စိတ္ထိခိုက္ရၿပီး ၊ ခံျပင္းေဒါသ ထြက္ရတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အမ္းနဲ႔ ေျမပုံၿမဳိ႕နယ္အၾကား ေညာင္ခက္ကန္ ေက်းရ ြာက အသက္ (၅) ႏွစ္အရြယ္သာ ရွိေသးတဲ့ ကေလးႏွစ္ဦးဟာ အေျမာက္ဆံ အပိုင္းစ ျဖစ္ဖြယ္ရွိတဲ့ အရာေတြ စက္တင္ဘာ ၈ ရက္ အဂၤါေန႔က ထိမွန္ခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္ ကေလး ၈ ဦးဟာလည္း အလားတူ ဒဏ္ရာရရွိ သြားၿပီး ၊ ဒီဒုကၡသည္ မိသားစုေတြနဲ႔အတူ ဝမ္းနည္း ေၾကကဲြရေၾကာင္း ေျပာၾကားထားပါတယ္။

ရခုိင္ျပည္နယ္က စစ္ေရးပဋိပကၡေတြေၾကာင့္ စာနာမႈ လိုအပ္ေနရတဲ့ အေပၚ စိုးရိမ္မကင္း ျဖစ္ေၾကာင္းနဲ႔ ပဋိပကၡမွာ ပါဝင္ေနတဲ့ လက္နက္ကိုင္တပ္ဖဲြ႕ ႏွစ္ဖက္စလုံးက ႏုိင္ငံတကာ စာနာမႈဥပေဒကို ေလးစားဖို႔ ၊ အရပ္သားေတြကိုလည္း အကာကြယ္ေပးဖို႔ ကုလသမဂၢအဖဲြ႕က ထုတ္ျပန္လိုက္တဲ့ ေန႔မွာပဲ ဒီလို ေသဆုံးမႈေတြ ျဖစ္ပြားခဲ့ရတာပါ။

အဲဒီထုတ္ျပန္ခ်က္ထဲမွာ COVID-19 ကပ္ေရာဂါေၾကာင့္ တကမၻာလုံး အပစ္ခတ္ရပ္စဲဖို႔ ကုလအတြင္းေရးမႉးခ်ဳပ္ရဲ႕ ပန္ၾကားခ်က္ကို လိုက္နာၾကဖို႔လည္း ေဆာ္ၾသထားတာ ျဖစ္ပါတယ္။

ရခုိင္နဲ႔ ခ်င္းျပည္နယ္က စစ္ေရး ပဋိပကၡေတြေၾကာင့္ ၂၀၁၈ ဒီဇင္ဘာကေန ခုခ်ိန္ထိ ခန္႔မွန္းေျခ အရပ္သား (၃၀၀)ခန္႔ ေသဆုံးၿပီးနဲ႔ (၆၅၀)ခန္႔ ဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီထဲမွာ ကေလးသူငယ္ အမ်ားအျပားလည္း ပါဝင္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြေပုံမြို့နယ်အနီး အရပ်သား ၄ ဦး သေဆုံးမှုအပေါ် Save the Children အဖွဲ့ ရှုတ်ချ
(Unicode)

ရခိုင်ပြည်နယ်မှာ ကလေးငယ် ၂ ဦးနဲ့ အနည်းဆုံး လူကြီး ၂ ဦးတို့ အကြောင်းမဲ့ သေဆုံးခဲ့ရတဲ့ကိစ္စအတွက်Save the Children အဖွဲ့က လွန်စွာ စိတ်ထိခိုက်ရပြီး ၊ ခံပြင်းဒေါသ ထွက်ရတယ်လို့ ပြောကြားလိုက်ပါတယ်။

အမ်းနဲ့ မြေပုံမြို့နယ်အကြား ညောင်ခက်ကန် ကျေးရ ွာက အသက် (၅) နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးနှစ်ဦးဟာ အမြောက်ဆံ အပိုင်းစ ဖြစ်ဖွယ်ရှိတဲ့ အရာတွေ စက်တင်ဘာ ၈ ရက် အင်္ဂါနေ့က ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ကလေး ၈ ဦးဟာလည်း အလားတူ ဒဏ်ရာရရှိ သွားပြီး ၊ ဒီဒုက္ခသည် မိသားစုတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရကြောင်း ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကြောင့် စာနာမှု လိုအပ်နေရတဲ့ အပေါ် စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်စလုံးက နိုင်ငံတကာ စာနာမှုဥပဒေကို လေးစားဖို့ ၊ အရပ်သားတွေကိုလည်း အကာကွယ်ပေးဖို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်လိုက်တဲ့ နေ့မှာပဲ ဒီလို သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတာပါ။

အဲဒီထုတ်ပြန်ချက်ထဲမှာ COVID-19 ကပ်ရောဂါကြောင့် တကမ္ဘာလုံး အပစ်ခတ်ရပ်စဲဖို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပန်ကြားချက်ကို လိုက်နာကြဖို့လည်း ဆော်သြထားတာ ဖြစ်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်က စစ်ရေး ပဋိပက္ခတွေကြောင့် ၂၀၁၈ ဒီဇင်ဘာကနေ ခုချိန်ထိ ခန့်မှန်းခြေ အရပ်သား (၃၀၀)ခန့် သေဆုံးပြီးနဲ့ (၆၅၀)ခန့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ကလေးသူငယ် အများအပြားလည်း ပါဝင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG