သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေပုံမြို့နယ်အနီး အရပ်သား ၄ ဦး သေဆုံးမှုအပေါ် Save the Children အဖွဲ့ ရှုတ်ချ

ရခိုင်ပြည်နယ်တနေရာ (ဓါတ်ပုံ-Save the Children)
ရခိုင်ပြည်နယ်တနေရာ (ဓါတ်ပုံ-Save the Children)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်မှာ ကလေးငယ် ၂ ဦးနဲ့ အနည်းဆုံး လူကြီး ၂ ဦးတို့ အကြောင်းမဲ့ သေဆုံးခဲ့ရတဲ့ကိစ္စအတွက် Save the Children အဖွဲ့က လွန်စွာ စိတ်ထိခိုက်ရပြီး ၊ ခံပြင်းဒေါသ ထွက်ရတယ်လို့ ပြောကြားလိုက်ပါတယ်။

အမ်းနဲ့ မြေပုံမြို့နယ်အကြား ညောင်ခက်ကန် ကျေးရ ွာက အသက် (၅) နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးနှစ်ဦးဟာ အမြောက်ဆံ အပိုင်းစ ဖြစ်ဖွယ်ရှိတဲ့ အရာတွေ စက်တင်ဘာ ၈ ရက် အင်္ဂါနေ့က ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ကလေး ၈ ဦးဟာလည်း အလားတူ ဒဏ်ရာရရှိ သွားပြီး ၊ ဒီဒုက္ခသည် မိသားစုတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရကြောင်း ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကြောင့် စာနာမှု လိုအပ်နေရတဲ့ အပေါ် စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်စလုံးက နိုင်ငံတကာ စာနာမှုဥပဒေကို လေးစားဖို့ ၊ အရပ်သားတွေကိုလည်း အကာကွယ်ပေးဖို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်လိုက်တဲ့ နေ့မှာပဲ ဒီလို သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတာပါ။

အဲဒီထုတ်ပြန်ချက်ထဲမှာ COVID-19 ကပ်ရောဂါကြောင့် တကမ္ဘာလုံး အပစ်ခတ်ရပ်စဲဖို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပန်ကြားချက်ကို လိုက်နာကြဖို့လည်း ဆော်သြထားတာ ဖြစ်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်က စစ်ရေး ပဋိပက္ခတွေကြောင့် ၂၀၁၈ ဒီဇင်ဘာကနေ ခုချိန်ထိ ခန့်မှန်းခြေ အရပ်သား (၃၀၀)ခန့် သေဆုံးပြီးနဲ့ (၆၅၀)ခန့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ကလေးသူငယ် အများအပြားလည်း ပါဝင်တာ ဖြစ်ပါတယ်။

မြေပုံမြို့နယ်အနီး အရပ်သား ၄ ဦး သေဆုံးမှုအပေါ် Save the Children အဖွဲ့ ရှုတ်ချ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်


.............

မွပေုံမွို့နယျအနီး အရပျသား ၄ ဦး သဆေုံးမှုအပေါျ Save the Children အဖှဲ့ ရှုတျခြ
(Unicode)







​
XS
SM
MD
LG