သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ေျမပံုၿမိဳ႕နယ္တြင္း အရပ္သားေလးဦးလက္နက္ႀကီးထိမွန္ေသဆံုး


ေျမပုံၿမိဳ႕နယ္ ေညာင္ကန္က်း႐ြာမွာ ေသဆုံးတဲ့ သားျဖစ္သူကို ထမ္းၿပီး ေျပးလာတဲ့ အေဖျဖစ္သူရဲ႕ ျမင္ကြင္း။ (ဓာတ္ပံု - ေမာင္ခ်ယ္ရီ Facebook - စက္တင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္မွာ လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေဒသခံ ၄ ဦး ေသဆံုးၿပီး ဆယ္ဦး ထက္မနည္း ဒဏ္ရာရသြားတဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈအမ်ား ရွိေနတဲ့ ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္ထိ ပစ္ခတ္မႈေတြရွိေနသလို ေဒသခံအရပ္သားေတြ ေသဆံုးဒဏ္ရာရတာေတြလည္း တိုးလာေနပါတယ္။

ဒီကေန႔မနက္ပိုင္းကလည္း ရခိုင္ေျမာက္ပိုင္းက ေျမပံုၿမိဳ႕နယ္ ေညာင္ကန္ေက်းရြာမွာ လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲၿပီးေတာ့ မူလတန္းက ဆရာမတစ္ဦးအပါအဝင္ ကေလးႏွစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေသဆံုးသူေတြနဲ႔ ဒဏ္ရာရသူေတြကို ကမ္းေထာင္းႀကီးေဆးရံုကို ပို႔ေဆာင္ထားတယ္လို႔ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"ဒီေန႔မနက္ ၉ နာရီေက်ာ္ေလာက္ေပါ့ေနာ္။ ေျမပံုၿမိဳ႕နယ္ ေညာင္ကန္ေက်းရြာကို လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲၿပီးေတာ့ ၄ ေယာက္ကေတာ့ ပြဲရွင္းၿပီးေသတယ္။ က်န္ က်ား ၆ေယာက္နဲ႔ မေလးေယာက္ကေတာ့ ဒဏ္ရာရသြားတယ္။ သူတို႔အကုန္လံုးကို အနီးအနားမွာရွိတဲ့ ကမ္းေထာင္းႀကီး ေဆးရံုကို အေလာင္းေတြေရာ လူနာေတြေရာ ေရာက္ေနၾကတယ္လို႔ သိရပါတယ္။"

ေညာင္းကန္ေက်းရြာဟာေျမပံုၿမိဳ႕နယ္နဲ႔ အမ္းၿမိဳ႕နယ္ၾကားမွာ တည္ရွိတဲ့ ကၽြန္းဆြယ္ေက်းရြာ တစ္ခု ျဖစ္ၿပီး အဲဒီေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ပြားတာေတြမရွိဘူးလို႔လည္း ဦးေဖသန္းကေျပာပါတယ္။

"ေဒသခံေတြ ေျပာျပခ်က္အရကေတာ့ အဲဒီေနရာမွာ ႏွစ္ဘက္တို္က္ပြဲျဖစ္တာ မရွိဘူး။ အဲဒီမွာ AA အဖြဲ႔ရဲ႕ သြားလာလႈပ္ရွားမႈကလည္း မရွိဘူးေပါ့ သူတို႔အေျပာအရ။ ဘယ္ကပစ္တာလည္းဆိုေတာ့ သူက အမ္းၿမိဳ႕နယ္အပိုင္ ရြာေတြနဲ႔နီးတယ္။ ဆိုေတာ့ အဲဒီအမ္းၿမိဳ႕နယ္ တပ္မေတာ္စခန္း တစ္ခုခုက အေျမာက္က်ည္ဆံနဲ႔ ပစ္တာပဲျဖစ္မယ္လို႔ သူတို႔ကေတာ့ ေျပာျပတယ္ေပါ့။ ဘာျဖစ္လို႔လည္းဆိုေတာ့ အဲမွာက ႏွစ္ဘက္တိုက္ပြဲျဖစ္တာ မရွိဘူးလို႔ သူတို႔ေျပာျပတယ္။"

ေျမပံုၿမိဳ႕နယ္အတြင္း ပစ္ခတ္မႈေတြဟာ တပ္မေတာ္ဘက္က ပစ္တာျဖစ္တယ္လို႔ ေဒသခံေတြယူ ဆၾကေပမဲ့ တပ္မေတာ္ဘက္ကေတာ့ ပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီး တစ္စံုတစ္ရာထုတ္ျပန္ထားတာ မရွိသလို ဒီအေၾကာင္းေမးျမန္းဖို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ေျပာခြင့္ရသူေတြကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမဲ့လည္း ဖုန္းလက္ခံေျပဆိုခဲ့ျခင္း မရွိတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ေညာင္းကန္ေက်းရြာေဒသခံ ၂,၀၀၀ ေက်ာ္ေလာက္ဟာ ပစ္မႈေၾကာင့္ နီးစပ္ရြာေက်း ရြာေတြကို ထြက္ေျပးေနၾကရတယ္လို႔ ေညာင္းကန္ေက်းရြာ ေဒသခံတစ္ဦး ကေျပာပါတယ္။

"ရြာသားေတြ အကုန္လံုးက ထြက္ေျပးေနၾကတယ္။ အိမ္ေျခ ၃၀၀ ေက်ာ္ရွိတယ္။ လူဦးေရကေတာ့ ၂,၀၀၀ ေက်ာ္ရွ္ိတယ္။ ေဒသခံေတြကေတာ့ လက္နက္ႀကီးက်ၿပီး ေသဆံုးတာေတြ မ်က္လံုးေရွ႕မွာ ျမင္ရေတာ့ ေၾကာက္လန္႔ၿပီးထြက္ေျပးၾကတာေပါ့။"

ၿပီးခဲ့ရက္ပိုင္းေတြမွာလည္း ရခိုင္ေျမာက္ပိုင္းေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ေက်းရြာေတြမီးရိႈ႕ခံရတာရွိသလို ေဒသခံႏွစ္ဦးလည္း ေသဆံုးခဲ့ပါတယ္။

ရခုိင္ျပည္နယ္မွာ မၾကာေသးခင္ကစလုိ႔ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာရာက ျပည္နယ္တစ္ခုလုံး မလုိအပ္ရင္ အျပင္မထြက္ၾကဖုိ႔နဲ႔ ျပည္နယ္တစ္ခုလုံးနီးပါး ညမထြက္ရ အမိန္႔ထုတ္ျပန္ထားရပါတယ္။ ကပ္ေရာဂါကူးစက္မႈေတြ အမ်ားဆုံးႀကံဳေနရတဲ့ ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ေဒသခံေတြ ဒုကၡေရာက္မယ့္အေရး ျပည္တြင္းျပည္ပက သတိေပးေနခ်ိန္မွာပဲ တုိက္ခုိက္မႈေတြ ဆက္လက္ျဖစ္ပြားေနတာပါ။

ျမန္မာႏုိင္ငံ အေျခစုိက္ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး႐ုံးကေတာ့ ကပ္ေဘးသင့္ေနခ်ိန္ တုိက္ခုိက္မႈေတြ ရပ္စဲဖုိ႔ ဒီကေန႔ပဲ ထပ္မံတုိက္တြန္းထားပါတယ္။ ကမာၻတ၀န္း ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ တုိက္ခုိက္မႈေတြ ရပ္စဲၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တုိက္တြန္းခ်က္ကုိ နားေထာင္ဖုိ႔နဲ႔ ကပ္ေရာဂါေရာ စစ္ေဘးဒဏ္ပါခံေနရတဲ့ ရခုိင္ျပည္နယ္မွာ ေဒသခံေတြ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိႏုိင္ေအာင္ အင္တာနက္၀န္ေဆာင္မႈေတြ အျပည့္အ၀ ျပန္ဖြင့္ေပးဖုိ႔လည္း တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် မြေပုံမြို့နယ်တွင်း အရပ်သားလေးဦးလက်နက်ကြီးထိမှန်သေဆုံး

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ဆယ်ဦး ထက်မနည်း ဒဏ်ရာရသွားတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ ပစ်ခတ်မှုတွေရှိနေသလို ဒေသခံအရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေလည်း တိုးလာနေပါတယ်။

ဒီကနေ့မနက်ပိုင်းကလည်း ရခိုင်မြောက်ပိုင်းက မြေပုံမြို့နယ် ညောင်ကန်ကျေးရွာမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီးတော့ မူလတန်းက ဆရာမတစ်ဦးအပါအဝင် ကလေးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကမ်းထောင်းကြီးဆေးရုံကို ပို့ဆောင်ထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"ဒီနေ့မနက် ၉ နာရီကျော်လောက်ပေါ့နော်။ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီးတော့ ၄ ယောက်ကတော့ ပွဲရှင်းပြီးသေတယ်။ ကျန် ကျား ၆ယောက်နဲ့ မလေးယောက်ကတော့ ဒဏ်ရာရသွားတယ်။ သူတို့အကုန်လုံးကို အနီးအနားမှာရှိတဲ့ ကမ်းထောင်းကြီး ဆေးရုံကို အလောင်းတွေရော လူနာတွေရော ရောက်နေကြတယ်လို့ သိရပါတယ်။"

ညောင်းကန်ကျေးရွာဟာမြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်ကြားမှာ တည်ရှိတဲ့ ကျွန်းဆွယ်ကျေးရွာ တစ်ခု ဖြစ်ပြီး အဲဒီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘူးလို့လည်း ဦးဖေသန်းကပြောပါတယ်။

"ဒေသခံတွေ ပြောပြချက်အရကတော့ အဲဒီနေရာမှာ နှစ်ဘက်တိုက်ပွဲဖြစ်တာ မရှိဘူး။ အဲဒီမှာ AA အဖွဲ့ရဲ့ သွားလာလှုပ်ရှားမှုကလည်း မရှိဘူးပေါ့ သူတို့အပြောအရ။ ဘယ်ကပစ်တာလည်းဆိုတော့ သူက အမ်းမြို့နယ်အပိုင် ရွာတွေနဲ့နီးတယ်။ ဆိုတော့ အဲဒီအမ်းမြို့နယ် တပ်မတော်စခန်း တစ်ခုခုက အမြောက်ကျည်ဆံနဲ့ ပစ်တာပဲဖြစ်မယ်လို့ သူတို့ကတော့ ပြောပြတယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲမှာက နှစ်ဘက်တိုက်ပွဲဖြစ်တာ မရှိဘူးလို့ သူတို့ပြောပြတယ်။"

မြေပုံမြို့နယ်အတွင်း ပစ်ခတ်မှုတွေဟာ တပ်မတော်ဘက်က ပစ်တာဖြစ်တယ်လို့ ဒေသခံတွေယူ ဆကြပေမဲ့ တပ်မတော်ဘက်ကတော့ ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသလို ဒီအကြောင်းမေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံပြေဆိုခဲ့ခြင်း မရှိတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ညောင်းကန်ကျေးရွာဒေသခံ ၂,၀၀၀ ကျော်လောက်ဟာ ပစ်မှုကြောင့် နီးစပ်ရွာကျေး ရွာတွေကို ထွက်ပြေးနေကြရတယ်လို့ ညောင်းကန်ကျေးရွာ ဒေသခံတစ်ဦး ကပြောပါတယ်။

"ရွာသားတွေ အကုန်လုံးက ထွက်ပြေးနေကြတယ်။ အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ လူဦးရေကတော့ ၂,၀၀၀ ကျော်ရှိတယ်။ ဒေသခံတွေကတော့ လက်နက်ကြီးကျပြီး သေဆုံးတာတွေ မျက်လုံးရှေ့မှာ မြင်ရတော့ ကြောက်လန့်ပြီးထွက်ပြေးကြတာပေါ့။"

ပြီးခဲ့ရက်ပိုင်းတွေမှာလည်း ရခိုင်မြောက်ပိုင်းကျောက်တော်မြို့နယ်မှာ ကျေးရွာတွေမီးရှို့ခံရတာရှိသလို ဒေသခံနှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာသေးခင်ကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက ပြည်နယ်တစ်ခုလုံး မလိုအပ်ရင် အပြင်မထွက်ကြဖို့နဲ့ ပြည်နယ်တစ်ခုလုံးနီးပါး ညမထွက်ရ အမိန့်ထုတ်ပြန်ထားရပါတယ်။ ကပ်ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်မယ့်အရေး ပြည်တွင်းပြည်ပက သတိပေးနေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကတော့ ကပ်ဘေးသင့်နေချိန် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဒီကနေ့ပဲ ထပ်မံတိုက်တွန်းထားပါတယ်။ ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို နားထောင်ဖို့နဲ့ ကပ်ရောဂါရော စစ်ဘေးဒဏ်ပါခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အ၀ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG