သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ အင္တာနက္ဖြင့္ေပးဖို႔ေတာင္းဆိုသူ ေမာင္ေဆာင္းခ ဒဏ္ေငြခ်မွတ္ခံရ


လြတ္လပ္စြာ ေျပာဆိုခြင့္ တက္ႂကြလႈပ္ရွားသူ ကဗ်ာဆရာ ေမာင္ေဆာင္းခကို ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ုံးမွာ ေတြ႔ရ။ (ဇူလိုင္ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ေတြ ပိတ္ထားတာ အဆုံးသတ္ဖုိ႔ ေတာင္းဆုိဆႏၵျပခဲ့တဲ့ ကဗ်ာဆရာေမာင္ေဆာင္းခကုိ တရား႐ုံးက ဒဏ္ေငြ ေပးေဆာင္ဖုိ႔ စီရင္ခ်က္ခ်လုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ ဆက္သြယ္မႈေတြ ပိတ္ထားတာေတြကုိ ျပန္ဖြင့္ေပးဖုိ႔ ဇြန္လ ၂၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပလႈပ္ရွားခဲ့တဲ့ လြတ္လပ္စြာထုတ္ေဖာ္ခြင့္အေရး လႈပ္ရွားသူ ကဗ်ာဆရာေမာင္ေဆာင္းခကုိ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မ ၁၉ ခ်ဳိးေဖာက္မႈအတြက္ ေငြဒဏ္ က်ပ္ ၃၀,၀၀၀ ေပးေဆာင္ဖို႔ ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ုံးက ဒီေန႔ပဲ အမိန္႔ခ်လုိက္တာပါ။ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ လုံၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ အာဏာပုိင္ေတြက ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ေတြ ျဖတ္ေတာက္ထားတာဟာ လူသတ္မႈေတြနဲ႔ စစ္ရာဇ၀တ္မႈေတြကုိ ဖုံးကြယ္ဖုိ႔လားဆုိတဲ့ စာတမ္းပါ ပိတ္စေတြကုိ ဆူးေလဘုရားအနီး ဂုံးေက်ာ္တံတားေပၚမွာ ခ်ိတ္ဆဲြ ဆႏၵျပခဲ့တဲ့ လႈပ္ရွားမႈအတြက္ ျပစ္ဒဏ္ခ်မွတ္လုိက္တာလည္း ျဖစ္ပါတယ္။ ေမာင္ေဆာင္းခကေတာ့ တရား႐ုံး ဆုံးျဖတ္ခ်က္ဟာ မမွ်တဘူးလုိ႔ ဒီကေန႔ စီရင္ခ်က္အၿပီးမွာပဲ ဗြီအုိေအကုိ ေျပာဆုိခဲ့ပါတယ္။

“က်ေနာ္တို႔က ဒီအမိန္႔အေပၚမွာ ေက်နပ္စရာအေၾကာင္း မရွိဘူး၊ ဘာျဖစ္လဲဆိုေတာ့ နံမွတ္ ၁ က ၿငိမ္းစုစီေျပာရေအာင္လည္း က်ေနာ္တို႔က စုေဝးခဲ့တာ၊ စီတန္းလွည့္လည္ခဲ့တာ၊ အက်င့္ပ်က္ ရင္ဆိုင္ခဲ့တာ မဟုတ္ဘူး၊ ဒီဟာနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕ထင္ျမင္ ယူဆမႈ၊ ကုိယ့္ရဲ႕ ေတာင္းဆိုတဲ့ ဟာကိုေပါ့ေနာ္ ... ပိတ္စေပၚမွာ ေရးၿပီးေတာ့ လူကူးဂုံတံတားမွာ သြားေရာက္ခ်ိတ္ဆြဲခဲ့တာပဲျဖစ္တယ္။ က်ေနာ္အေနနဲ႔ကေတာ့ ဒါဟာ ဥပေဒလမ္းေၾကာင္းအရ မွားယြင္းေသာ တရားစြဲဆိုမႈျဖစ္တယ္လို႔ က်ေနာ္က သံုုးသပ္တယ္။ အဲ့ဒီေတာ့ ဒီေန႔တရား႐ုံးအမိန္႔အေပၚမွာ က်ေနာ္ဘက္က ေက်နပ္မႈ မရွိဘူးေပါ့ေနာ္။ ေက်နပ္စရာ မရွိပါဘူး။”

တရား႐ုံးဆုံးျဖတ္ခ်က္အရ ေမာင္ေဆာင္းခက ဒဏ္ေငြ ၃၀,၀၀၀ ေပးေဆာင္ရမွာျဖစ္ၿပီး မေပးဘူးဆုိရင္ေတာ့ ေထာင္ဒဏ္ ၁၅ ရက္ က်ခံရမွာ ျဖစ္ပါတယ္။ ေမာင္ေဆာင္းခကေတာ့ တရား႐ုံးစီရင္ခ်က္ကုုိ သေဘာမတူေပမဲ့ ဆုံးျဖတ္ခ်က္အတုိင္း ဒဏ္ေငြေပးေဆာင္ခဲ့တယ္လုိ႔ ေျပာပါတယ္။ တရား႐ုံးက အျပစ္ရွိေၾကာင္းဆုံးျဖတ္ၿပီး ျပစ္ဒဏ္ခ်မွတ္ခဲ့ေပမဲ့လည္း လြတ္လပ္ခြင့္ေတြရေရး ဆက္လက္ လႈပ္ရွားသြားမယ္လုိ႔လည္း လြတ္လပ္စြာထုတ္ေဖာ္ေျပာဆုိခြင့္ေတြအတြက္ လႈပ္ရွားေနတဲ့ အသံအဖဲြ႔ အမႈေဆာင္ဒါ႐ုိက္တာလည္းျဖစ္တဲ့ ေမာင္ေဆာင္းခက ေျပာပါတယ္။

“တဘက္မွာက လူ႔အခြင့္အေရးခ်ဳိးေဖာက္ခံရမႈ ရွိတယ္။ အဲ့လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈကို ေဖာ္ထုတ္ေျပာၾကားတဲ့ လူေတြက လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ ဆက္ခံရတယ္။ အဲ့ဒီေတာ့ သူတို႔ရဲ႕ မူလေျပာၾကားခ်က္ေတြေပၚမွာ အစိုးရက ဂရုမစိုက္ဘူး၊ လ်စ္လ်ဳ႐ႈခ်င္တယ္။ ၿပီးေတာ့ ဒီလိုေျပာတဲ့ လူေတြကို ေနာက္မေျပာရဲေအာင္၊ ဒီလိုေျပာဆိုမႈေတြ ရပ္တန္႔သြားေအာင္၊ ဒီလို မတရားတဲ့ ဥပေဒေတြကုိ လက္ဆက္သံုးစြဲၿပီးေတာ့ ဖမ္းဆီးေထာင္ခ်တာေတြ လုပ္တယ္လို႔ပဲ က်ေနာ္က ျမင္တယ္။ အဲဒီေတာ့ ဒီကိစၥအေပၚမွာ အစိုးရအေနနဲ႔ တကယ္ဒီမိုကေရစီကို တကယ္သြားခ်င္တယ္၊ ေနာက္တခုက လူ႔အခြင့္အေရးကိစၥရပ္ေတြေပၚမွာ အေလးအနက္ထားခ်င္တယ္ဆိုရင္ လူထုရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို အျပည့္အ၀ ကာကြယ္ေပးဖို႔လိုအပ္မယ္လို႔ က်ေနာ္ျမင္ပါတယ္။”

အမႈမွာ ကဗ်ာဆရာေမာင္ေဆာင္းခအတြက္ လုိက္ပါအက်ဳိးေဆာင္ေပးခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္ကလည္း ေျပာပါတယ္။

“ဒီမိုကေရစီကို သြားေနတဲ့ အစိုးရတစ္ရပ္အေနနဲ႔ ႏိုင္ငံေရး အေရထူဖို႔လိုမယ္။ ေတာင္းဆိုခ်က္ေတြက ႏိုင္ငံသားေတြအတြက္ ေတာင္းဆိုတာလား၊ အက်ိဳးရွိဖို႔အတြက္ ေတာင္းဆိုတာလား၊ အက်ိဳးမဲ့ေအာင္ ေတာင္းဆိုတာလား။ ဒီအေပၚသုံးသပ္ၿပီးေတာ့ ဒီဥပေဒေတြကို ျပင္ဆင္သင့္ရင္ ျပင္ဆင္ရမွာေပါ့။ ဒီလြတ္လပ္စြာ ထုတ္ေဖာ္ခြင့္နဲ႔ ပတ္သက္တာ ၿငိမ္းစုစီဥပေဒအပါအဝင္ တျခားေသာ ဥပေဒေတြ ျပန္ျပင္ရမယ့္ဟာေတြ အမ်ားႀကီးရွိတယ္။”

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ တႏွစ္ေက်ာ္ၾကာ အင္တာနက္ အဆက္အသြယ္ေတြ ျဖတ္ေတာက္ထားတာေတြကုိ အစုိးရက ျပန္ဖြင့္ေပးလုိက္ေပမဲ့ ျမန္ႏႈန္းျမင့္ 4G အစား၊ 2G သာ ရတဲ့အတြက္ အင္တာနက္ ဆက္သြယ္မႈေတြ မရသေလာက္ ျဖစ္ေနဆဲပါ။ ေမာင္ေဆာင္းခကေတာ့ အင္တာနက္ ၀န္ေဆာင္မႈေတြ အျပည့္အဝရတဲ့ အထိ ဆက္လက္ လႈပ္ရွားသြားမယ္လို႔လည္း ေျပာပါတယ္။

ဒီသီတင္းပတ္ အေစာပုိင္းမွာပဲ လြတ္လပ္စြာ ေျပာဆိုခြင့္ တက္ႂကြလႈပ္ရွားသူ ကဗ်ာဆရာ ေမာင္ေဆာင္းခအေပၚ တရားစြဲဆို ထားတာကို ႐ုပ္သိမ္းေပးဖုိ႔လည္း လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ ၇ ဖဲြ႔ ပူးတဲြၿပီး ေတာင္းဆုိခဲ့ၾကပါတယ္။ ေမာင္ေဆာင္းခအေပၚ အေရးယူတဲ့ လုပ္ရပ္ဟာ လြတ္လပ္စြာေ၀ဖန္မႈေတြ ၿငိမ္းခ်မ္းတဲ့ ကန္႔ကြက္ဆႏၵျပမႈေတြအေပၚ သည္းမခံႏုိင္တဲ့ ျမန္မာအစုိးရရဲ႕ လုပ္ရပ္ကုိ သက္ေသျပသရာေရာက္တဲ့ လုပ္ရပ္ျဖစ္ေၾကာင္းလည္း ပူးတဲြေၾကညာခ်က္မွာ ပါ၀င္တဲ့ FORUM-ASIA အဖဲြ႔ အမႈေဆာင္ဒါ႐ုိက္တာ Shamini Darshni Kaliemuthu ကေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ အင်တာနက်ဖွင့်ပေးဖို့တောင်းဆိုသူ မောင်ဆောင်းခ ဒဏ်ငွေချမှတ်ခံရ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက်တွေ ပိတ်ထားတာ အဆုံးသတ်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ကဗျာဆရာမောင်ဆောင်းခကို တရားရုံးက ဒဏ်ငွေ ပေးဆောင်ဖို့ စီရင်ချက်ချလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဆက်သွယ်မှုတွေ ပိတ်ထားတာတွေကို ပြန်ဖွင့်ပေးဖို့ ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်အရေး လှုပ်ရှားသူ ကဗျာဆရာမောင်ဆောင်းခကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ချိုးဖောက်မှုအတွက် ငွေဒဏ် ကျပ် ၃၀,၀၀၀ ပေးဆောင်ဖို့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ပဲ အမိန့်ချလိုက်တာပါ။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာပိုင်တွေက ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက်တွေ ဖြတ်တောက်ထားတာဟာ လူသတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့လားဆိုတဲ့ စာတမ်းပါ ပိတ်စတွေကို ဆူးလေဘုရားအနီး ဂုံးကျော်တံတားပေါ်မှာ ချိတ်ဆွဲ ဆန္ဒပြခဲ့တဲ့ လှုပ်ရှားမှုအတွက် ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ မောင်ဆောင်းခကတော့ တရားရုံး ဆုံးဖြတ်ချက်ဟာ မမျှတဘူးလို့ ဒီကနေ့ စီရင်ချက်အပြီးမှာပဲ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က ဒီအမိန့်အပေါ်မှာ ကျေနပ်စရာအကြောင်း မရှိဘူး၊ ဘာဖြစ်လဲဆိုတော့ နံမှတ်၁ က ငြိမ်းစုစီပြောရအောင်လည်း ကျနော်တို့က စုဝေးခဲ့တာ၊ စီတန်းလှည့်လည်ခဲ့တာ၊ အကျင့်ပျက် ရင်ဆိုင်ခဲ့တာ မဟုတ်ဘူး၊ ဒီဟာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ထင်မြင် ယူဆမှု၊ ကိုယ့်ရဲ့ တောင်းဆိုတဲ့ ဟာကိုပေါ့နော် ... ပိတ်စပေါ်မှာ ရေးပြီးတော့ လူကူးဂုံတံတားမှာ သွားရောက်ချိတ်ဆွဲခဲ့တာပဲဖြစ်တယ်။ ကျနော်အနေနဲ့ကတော့ ဒါဟာ ဥပဒေလမ်းကြောင်းအရ မှားယွင်းသော တရားစွဲဆိုမှုဖြစ်တယ်လို့ ကျနော်က သုံးသပ်တယ်။ အဲ့ဒီတော့ ဒီနေ့တရားရုံးအမိန့်အပေါ်မှာ ကျနော်ဘက်က ကျေနပ်မှု မရှိဘူးပေါ့နော်။ ကျေနပ်စရာ မရှိပါဘူး။”

တရားရုံးဆုံးဖြတ်ချက်အရ မောင်ဆောင်းခက ဒဏ်ငွေ ၃၀,၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး မပေးဘူးဆိုရင်တော့ ထောင်ဒဏ် ၁၅ ရက် ကျခံရမှာ ဖြစ်ပါတယ်။ မောင်ဆောင်းခကတော့ တရားရုံးစီရင်ချက်ကို သဘောမတူပေမဲ့ ဆုံးဖြတ်ချက်အတိုင်း ဒဏ်ငွေပေးဆောင်ခဲ့တယ်လို့ ပြောပါတယ်။ တရားရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့လည်း လွတ်လပ်ခွင့်တွေရရေး ဆက်လက် လှုပ်ရှားသွားမယ်လို့လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ မောင်ဆောင်းခက ပြောပါတယ်။

“တဘက်မှာက လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိတယ်။ အဲ့လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို ဖော်ထုတ်ပြောကြားတဲ့ လူတွေက လူ့အခွင့်အရေးချိုးဖောက်မှု ဆက်ခံရတယ်။ အဲ့ဒီတော့ သူတို့ရဲ့ မူလပြောကြားချက်တွေပေါ်မှာ အစိုးရက ဂရုမစိုက်ဘူး၊ လျစ်လျုရှုချင်တယ်။ ပြီးတော့ ဒီလိုပြောတဲ့ လူတွေကို နောက်မပြောရဲအောင်၊ ဒီလိုပြောဆိုမှုတွေ ရပ်တန့်သွားအောင်၊ ဒီလို မတရားတဲ့ ဥပဒေတွေကို လက်ဆက်သုံးစွဲပြီးတော့ ဖမ်းဆီးထောင်ချတာတွေ လုပ်တယ်လို့ပဲ ကျနော်က မြင်တယ်။ အဲဒီတော့ ဒီကိစ္စအပေါ်မှာ အစိုးရအနေနဲ့ တကယ်ဒီမိုကရေစီကို တကယ်သွားချင်တယ်၊ နောက်တခုက လူ့အခွင့်အရေးကိစ္စရပ်တွေပေါ်မှာ အလေးအနက်ထားချင်တယ်ဆိုရင် လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အ၀ ကာကွယ်ပေးဖို့လိုအပ်မယ်လို့ ကျနော်မြင်ပါတယ်။”

အမှုမှာ ကဗျာဆရာမောင်ဆောင်းခအတွက် လိုက်ပါအကျိုးဆောင်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကလည်း ပြောပါတယ်။

“ဒီမိုကရေစီကို သွားနေတဲ့ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံရေး အရေထူဖို့လိုမယ်။ တောင်းဆိုချက်တွေက နိုင်ငံသားတွေအတွက် တောင်းဆိုတာလား၊ အကျိုးရှိဖို့အတွက် တောင်းဆိုတာလား၊ အကျိုးမဲ့အောင် တောင်းဆိုတာလား။ ဒီအပေါ်သုံးသပ်ပြီးတော့ ဒီဥပဒေတွေကို ပြင်ဆင်သင့်ရင် ပြင်ဆင်ရမှာပေါ့။ ဒီလွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်တာ ငြိမ်းစုစီဥပဒေအပါအဝင် တခြားသော ဥပဒေတွေ ပြန်ပြင်ရမယ့်ဟာတွေ အများကြီးရှိတယ်။”

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တနှစ်ကျော်ကြာ အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်ထားတာတွေကို အစိုးရက ပြန်ဖွင့်ပေးလိုက်ပေမဲ့ မြန်နှုန်းမြင့် 4G အစား၊ 2G သာ ရတဲ့အတွက် အင်တာနက် ဆက်သွယ်မှုတွေ မရသလောက် ဖြစ်နေဆဲပါ။ မောင်ဆောင်းခကတော့ အင်တာနက် ဝန်ဆောင်မှုတွေ အပြည့်အဝရတဲ့ အထိ ဆက်လက် လှုပ်ရှားသွားမယ်လို့လည်း ပြောပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာပဲ လွတ်လပ်စွာ ပြောဆိုခွင့် တက်ကြွလှုပ်ရှားသူ ကဗျာဆရာ မောင်ဆောင်းခအပေါ် တရားစွဲဆို ထားတာကို ရုပ်သိမ်းပေးဖို့လည်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ၇ ဖွဲ့ ပူးတွဲပြီး တောင်းဆိုခဲ့ကြပါတယ်။ မောင်ဆောင်းခအပေါ် အရေးယူတဲ့ လုပ်ရပ်ဟာ လွတ်လပ်စွာဝေဖန်မှုတွေ ငြိမ်းချမ်းတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေအပေါ် သည်းမခံနိုင်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ကို သက်သေပြသရာရောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ FORUM-ASIA အဖွဲ့ အမှုဆောင်ဒါရိုက်တာ Shamini Darshni Kaliemuthu ကပြောဆိုထားပါတယ်။

XS
SM
MD
LG