သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာက လူ႔အခြင့္အေရး Website ကုိ ပိတ္ခုိင္းျခင္း Article 19 ရႈတ္ခ်


Justice for myanmar Website ကို ျမန္မာအစိုးရပိတ္ (ဓါတ္ပံု -Article 19)

(Zawgyi/Unicode)

လူ႔အခြင့္အေရး လႈပ္ရွားသူေတြရဲ့ ဝက္ဘ္ဆိုဒ္တစ္ခုကို ပိတ္ခိုင္းတဲ့ ျမန္မာ အစိုးရရဲ့ အမိန္႔ဟာ လြတ္လပ္စြာ ေျပာဆိုခြင့္ နဲ႔ သတင္း အခ်က္အလက္ေတြ ရယူခြင့္ေတြကို ခ်ိဳးေဖာက္တာ ျဖစ္ေၾကာင္းနဲ႔ ဒီ အမိန္႔ဟာ ျမန္မာစစ္တပ္ကို ေဝဖန္ေျပာဆိုေနတာေတြကို ဖိႏွိပ္ ဖို႔ ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့တာ ျဖစ္ေၾကာင္း ARTICLE 19 အဖြဲ႕က ေျပာပါတယ္။

ၿဗိတိန္နိုင္ငံ အေျခစိုက္ သတင္းလြတ္လပ္ခြင့္နဲ႔ သတင္းရယူနိုင္ခြင့္ရွိေရး လႈပ္ရွားမႈ အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ARTICLE 19 အဖြဲ႕ရဲ့အာရွ ေဒသခြဲ အႀကီးအကဲ Matthew Bugher က ျမန္မာ အစိုးရဟာ ေဝဖန္ ေျပာဆိုမႈေတြကို ႏႈတ္ဆိတ္ေအာင္ လုပ္ရာမွာ တျဖည္းျဖည္း နဲ႔ ပိုၿပီး ရဲတင္းလာတယ္လို႔လည္း ေျပာပါတယ္။

မမွန္သတင္းေတြ တင္ေနတယ္ဆိုၿပီး Justice for Myanmar ဝက္ဘ္ဆိုဒ္ကို ပိတ္ခိုင္းတဲ့ ညႊန္ၾကားလႊာကို ဩဂုတ္လ ၂၇ ရက္ေန႔က အင္တာနက္ ဆက္သြယ္ေရး ကုမၸဏီေတြကလက္ခံရရွိခဲ့တာလို႔လည္း စက္တင္ ဘာ ၂ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ARTICLE 19 ရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ Justice for Myanmar ဝက္ဘ္ဆိုဒ္ဟာ ျမန္မာ စစ္တပ္ရဲ့ စီးပြားေရး လုပ္ငန္းေတြနဲ႔ ျခစားမႈေတြကို ထုတ္ေဖာ္ ေရးသားေနတဲ့ ဝက္ဘ္ဆိုဒ္ျဖစ္ပါတယ္။

ျမန္မာစစ္တပ္နဲ႔ဆက္ႏြယ္ေနတဲ့ လူမႈမီဒီယာ ေစာင့္ၾကည့္ေရး အဖြဲ႕တစ္ဖြဲ႕ရဲ့ တိုင္ၾကားခ်က္ ကို အေျခခံၿပီး Justice for Myanmar ရဲ့ ဝက္ဘ္ဆိုဒ္ကို ပိတ္ခိုင္းတဲ့ အမိန္႔ကို ထုတ္ျပန္ရတာလို႔ ျမန္မာအစိုးရ ေျပာခြင့္ရက ေျပာထား ခဲ့တာပါ။

အလားတူပဲ မတ္လတုန္းကလည္း မမွန္သတင္းေတြထုတ္ျပန္တယ္ဆိုၿပီး တိုင္းရင္းသား သတင္းဝက္ဘ္ဆိုဒ္ေတြကို ပိတ္ခိုင္းတဲ့ညႊန္ၾကားခ်က္ေတြကို ထုတ္ျပန္ခဲ့ေသးေၾကာင္း၊ မမွန္သတင္းေတြကို ပိတ္ပင္ဖို႔ ရည္ရြယ္တာေတြဟာ မၾကာခဏဆိုသလို သတင္းလြတ္လပ္ခြင့္ကို ခ်ိဳးေဖာက္တာေတြကို ေတြ႕ရွိရေၾကာင္း လည္း ARTICLE 19 အဖြဲ႕က ေျပာပါတယ္။

Justice for Myanmar သတင္း ဝက္ဘ္ဆိုဒ္ကို ပိတ္ပင္ရာမွာလည္း ဝက္ဘ္ဆိုဒ္မွာ ေဖာ္ျပထားတဲ့ သတင္းတစ္ခုခ်င္းစီကို ကိုင္တြယ္ ေျဖရွင္းလို႔ ရနိုင္ရဲ့သားနဲ႔ ဝက္ဘ္ဆိုဒ္ တစ္ခုလုံးကို ပိတ္ပင္ခဲ့တာကို ေတြ႕ရေၾကာင္း၊​ ဝက္ဘ္ဆိုဒ္ တစ္ခုလုံးကို ပိတ္ပင္ခဲ့တာက သိပ္ ျပင္းထန္လြန္းတဲ့ အေရးယူ ေဆာင္ရြက္ခ်က္ ျဖစ္ေၾကာင္း၊ ပုံမွန္အားျဖင့္ ဝက္ဘ္ဆိုဒ္ေတြကို ပိတ္ပင္တာက တရား႐ုံး ဒါမွမဟုတ္ လြတ္လပ္ၿပီး ဘက္မလိုက္တဲ့ တရားစီရင္ေရးအဖြဲ႕တစ္ခုက လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း၊ ဘယ္လိုပဲျဖစ္ျဖစ္ ပါဝင္ ပတ္သက္တဲ့ အင္တာနက္ ဆက္သြယ္ေရး ကုမၸဏီ၊ ဝက္ဘ္ဆိုဒ္ကို ကိုင္တြယ္ေနသူေတြနဲ႔ လူမႈ အဖြဲ႕အစည္းေတြအေနနဲ႔ တရား႐ုံးမွာ ေျဖၾကား ေလၽွာက္ထားခြင့္ ရွိရမွာ ျဖစ္ေၾကာင္း ARTICLE 19က ေထာက္ျပထားပါတယ္။

အလားတူပဲ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ HRW ကလည္း ရာဇဝတ္မႈဆိုင္ရာ ဥပေဒေတြကို အသုံးျပဳၿပီး ဝက္ဘ္ဆိုဒ္ေတြကို ပိတ္ပစ္တာနဲ႔ ရခိုင္ျပည္နယ္အတြင္းက သတင္းဌာနႏွစ္ခုကို ခြင့္ျပဳခ်က္လိုင္စင္မေပးဘဲ ေႏွာင္ေႏွးေအာင္ လုပ္ေနတာေတြကို ျမန္မာ အစိုးရ အေနနဲ႔ရပ္ဆိုင္းေပးဖို႔ စက္တင္ ဘာလ ၁ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္



..............

(Unicode)

လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကို ပိတ်ခိုင်းတဲ့ မြန်မာ အစိုးရရဲ့ အမိန့်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် နဲ့ သတင်း အချက်အလက်တွေ ရယူခွင့်တွေကို ချိုးဖောက်တာ ဖြစ်ကြောင်းနဲ့ ဒီ အမိန့်ဟာ မြန်မာစစ်တပ်ကို ဝေဖန်ပြောဆိုနေတာတွေကို ဖိနှိပ် ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ARTICLE 19 အဖွဲ့က ပြောပါတယ်။

ဗြိတိန်နိုင်ငံ အခြေစိုက် သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရယူနိုင်ခွင့်ရှိရေး လှုပ်ရှားမှု အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ARTICLE 19 အဖွဲ့ရဲ့အာရှ ဒေသခွဲ အကြီးအကဲ Matthew Bugher က မြန်မာ အစိုးရဟာ ဝေဖန် ပြောဆိုမှုတွေကို နှုတ်ဆိတ်အောင် လုပ်ရာမှာ တဖြည်းဖြည်း နဲ့ ပိုပြီး ရဲတင်းလာတယ်လို့လည်း ပြောပါတယ်။

မမှန်သတင်းတွေ တင်နေတယ်ဆိုပြီးJustice for Myanmar ဝက်ဘ်ဆိုဒ်ကို ပိတ်ခိုင်းတဲ့ ညွှန်ကြားလွှာကို ဩဂုတ်လ ၂၇ ရက်နေ့က အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီတွေကလက်ခံရရှိခဲ့တာလို့လည်း စက်တင် ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ARTICLE 19 ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Justice for Myanmar ဝက်ဘ်ဆိုဒ်ဟာ မြန်မာ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ခြစားမှုတွေကို ထုတ်ဖော် ရေးသားနေတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ လူမှုမီဒီယာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ရဲ့ တိုင်ကြားချက် ကို အခြေခံပြီး Justice for Myanmar ရဲ့ ဝက်ဘ်ဆိုဒ်ကို ပိတ်ခိုင်းတဲ့ အမိန့်ကို ထုတ်ပြန်ရတာလို့ မြန်မာအစိုးရ ပြောခွင့်ရက ပြောထား ခဲ့တာပါ။

အလားတူပဲ မတ်လတုန်းကလည်း မမှန်သတင်းတွေထုတ်ပြန်တယ်ဆိုပြီး တိုင်းရင်းသား သတင်းဝက်ဘ်ဆိုဒ်တွေကို ပိတ်ခိုင်းတဲ့ညွှန်ကြားချက်တွေကို ထုတ်ပြန်ခဲ့သေးကြောင်း၊ မမှန်သတင်းတွေကို ပိတ်ပင်ဖို့ ရည်ရွယ်တာတွေဟာ မကြာခဏဆိုသလို သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တာတွေကို တွေ့ရှိရကြောင်း လည်း ARTICLE 19 အဖွဲ့က ပြောပါတယ်။

Justice for Myanmar သတင်း ဝက်ဘ်ဆိုဒ်ကို ပိတ်ပင်ရာမှာလည်း ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ သတင်းတစ်ခုချင်းစီကို ကိုင်တွယ် ဖြေရှင်းလို့ ရနိုင်ရဲ့သားနဲ့ ဝက်ဘ်ဆိုဒ် တစ်ခုလုံးကို ပိတ်ပင်ခဲ့တာကို တွေ့ရကြောင်း၊ ဝက်ဘ်ဆိုဒ် တစ်ခုလုံးကို ပိတ်ပင်ခဲ့တာက သိပ် ပြင်းထန်လွန်းတဲ့ အရေးယူ ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ဝက်ဘ်ဆိုဒ်တွေကို ပိတ်ပင်တာက တရားရုံး ဒါမှမဟုတ် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးအဖွဲ့တစ်ခုက လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် ပါဝင် ပတ်သက်တဲ့ အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီ၊ ဝက်ဘ်ဆိုဒ်ကို ကိုင်တွယ်နေသူတွေနဲ့ လူမှု အဖွဲ့အစည်းတွေအနေနဲ့ တရားရုံးမှာ ဖြေကြား လျှောက်ထားခွင့် ရှိရမှာ ဖြစ်ကြောင်း ARTICLE 19က ထောက်ပြထားပါတယ်။

အလားတူပဲ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေကို အသုံးပြုပြီး ဝက်ဘ်ဆိုဒ်တွေကို ပိတ်ပစ်တာနဲ့ ရခိုင်ပြည်နယ်အတွင်းက သတင်းဌာနနှစ်ခုကို ခွင့်ပြုချက်လိုင်စင်မပေးဘဲ နှောင်နှေးအောင် လုပ်နေတာတွေကို မြန်မာ အစိုးရ အနေနဲ့ရပ်ဆိုင်းပေးဖို့ စက်တင် ဘာလ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

XS
SM
MD
LG