သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ တရားစြဲမႈ လူငယ္အခ်ိဳ႕ ေထာက္ခံလႈပ္ရွား


ICJ တရားခြင္ျမင္ကြင္း။

(Zawgyi / Unicode)

လူ႔ဂုဏ္သိကၡာမဲ့ေလာက္ေအာင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံခဲ့ရတဲ့ အဖိႏွိပ္ခံေတြနဲ႔ သူတို႔နစ္နာမႈေတြအတြက္ တရားမွ်တမႈရဖို႔နဲ႔ စစ္မွန္တဲ့အမွန္တရား ေပၚေပါက္ေစခ်င္တဲ့ လူသားဆန္တဲ့ စိတ္တခုတည္းနဲ႔ ရပ္တည္လႈပ္ရွားခဲ့တာပါလို႔ I Stand Against Genocide in Myanmar လႈပ္ရွားမႈမွာ ဦးေဆာင္ခဲ့သူ လူငယ္အမ်ိဳးသမီး မအိသၪၨာေမာင္က ေျပာဆိုလုိက္ပါတယ္။ ရခုိင္ျပည္နယ္တြင္းက ႐ိုဟင္ဂ်ာမြတ္စလင္ေတြ အပါအဝင္ တုိင္းရင္းေဒသေတြမွာ က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္ျပစ္မႈေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး က်ဴးလြန္ခဲ့သူေတြကို ကာကြယ္ေပးစရာ မလိုဘဲ တာဝန္ခံမႈ တာဝန္ယူမႈ အျပည့္ရွိၾကဖို႔ တိုက္တြန္းႏႈိးေဆာ္မႈ သက္သက္သာ ျဖစ္တယ္လို႔လည္း ဆႏၵျပခဲ့သူ အမ်ိဳးသမီးက ေျပာပါတယ္။

႐ုိဟင္ဂ်ာမြတ္စလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ဂမ္ဘီယာႏိုင္ငံက ICJ ႏိုင္ငံတကာတရား႐ံုးမွာ ျမန္မာႏုိင္ငံအေပၚ တရားစြဲဆိုတဲ့ အမႈကိစၥအေပၚ ႀကိဳဆိုေထာက္ခံေၾကာင္း ရပ္တည္မႈကို ျပခဲ့တဲ့ လူငယ္တခ်ိဳ႕က ရန္ကုန္ၿမိဳ႕လယ္မွာ ထုတ္ျပန္ခ်က္ေတြ ေဝငွ လႈပ္ရွားခဲ့ၾကတာပါ။ I Stand Against Genocide in Myanmar လႈပ္ရွားမႈ ဘာေၾကာင့္ ေဆာင္ရြက္ခဲ့ပါသလဲ ဆိုတာကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းတဲ့အခါမွာ ဦးေဆာင္လႈပ္ရွားခဲ့သူ လူ႔ေဘာင္သစ္လူငယ္တဦးျဖစ္တဲ့ မအိသၪၨာေမာင္က အခုလိုစေျဖပါတယ္။

အိသၪၨာေမာင္ - “ညီမတို႔ရပ္တည္ခ်က္၊ တန္ဖိုးထားမႈကို ေျပာခ်င္ပါတယ္။ Value ေပါ့ ညီမတို႔ Freedom, Justice, Equality ဆိုတဲ့အေပၚမွာ ရပ္တည္တယ္ဆိုတဲ့ ရပ္တည္ခ်က္ကို ျပခ်င္တာေပါ့ေနာ္။ ေနာက္တခ်က္က ႏိုင္ငံတကာရဲ႕အျမင္မွာ ညီမတို႔တႏိုင္ငံလံုးက အားေပးေထာက္ခံေနတယ္ ဆုိၿပီးေတာ့ ျမင္တယ္။ ညီမတို႔ ေျပာခ်င္တာက တႏုိင္ငံလံုးလည္း မဟုတ္ေသးဘူး၊ ဒီႏိုင္ငံထဲမွာ တရားမွ်တမႈကို လိုလားတဲ့ လူနည္းစုအုပ္စုေတြ ရွိေသးတယ္။ ဒီႏုိင္ငံထဲမွာ က်မတို႔လို လြတ္လပ္မႈ တရားမွ်တမႈတို႔ တန္းတူေရးကို လိုလားတဲ့သူေတြ ရွိေသးတယ္ဆိုတာကို ေျပာခ်င္တာပါ။

မဆုမြန္ - အခုလက္ရွိ ဂမ္ဘီယာႏုိင္ငံက တရားစြဲထားတာကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး ျမန္မာအစုိးရဘက္က သြားၿပီးေတာ့မွ ရွင္းေနရတဲ့ အေနအထားရွိတယ္။ ဂမ္ဘီယာဘက္ကလည္း သက္ေသ အေထာက္အထားေတြ အခ်က္အလက္ေတြနဲ႔ ဒါမ်ဳိးျဖစ္ခဲ့တယ္ ဆုိတဲ့ဟာမ်ဳိး တရားစြဲဆုိမႈ ရွိခဲ့တယ္ဆုိေတာ့ ဒီလိုအေနအထား အေပၚမွာေရာ မအိသၪၨာေမာင္တုိ႔ရဲ႕ ရပ္တည္ခ်က္၊ ဒီအေပၚမွာ ဘယ္လိုမ်ား သုံးသပ္ခ်က္ ရွိပါသလဲ။

အိသၪၨာေမာင္ - “ေလာေလာဆယ္ တုိင္းရင္းသားေဒသေတြမွာဆုိလည္း တပ္မေတာ္က ေတာက္ေလွ်ာက္က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ အဲဒီတုန္းကေတာ့ Genocide ဆုိၿပီး တရားစြဲလို႔ ရတာမ်ဳိးေတာ့ မရွိခဲ့ဘူးေပါ့။ ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ တကယ္ပဲ စစ္တပ္က က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြပါပဲ။ ဒီအတြက္ ခုံ႐ုံးတင္ခံရတာပဲေလ။ တကယ္ေတာ့ ႏုိင္ငံေရးသမားေတြရဲ႕ စဥ္းစား ဆုံးျဖတ္မႈနဲ႔ သက္ဆုိင္တာပဲ။ ဒီႏိုင္ငံကုိ ဦးေဆာင္ေနတဲ့ အဖြဲ႔အစည္းေတြ၊ ဦးစီးဦးေဆာင္ျပဳေနတဲ့ ေခါင္းေဆာင္ေတြက ကုိယ့္ႏုိင္ငံ ဘယ္လမ္းေၾကာင္းေပၚ သြားေနလဲဆုိတဲ့ဟာနဲ႔ပဲ သက္ဆုိင္ပါတယ္။ လူထုကုိ ဘယ္လိုမ်ဳိး Carry လုပ္မွာလဲ ဆုိတာနဲ႔ပဲ သက္ဆုိင္ပါတယ္။ အဓိကက ကုိယ္ကပဲ တာဝန္ယူမႈ တာဝန္ခံမႈ ရွိလို႔ပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ လူထုကိုပါ ၾကားထဲက ဆြဲေခၚသြားမလား ဆုိတဲ့ဟာကေတာ့ ႏုိင္ငံေရးသမားေတြနဲ႔ လုံးဝကုိ သက္ဆုိင္ေနၿပီ။ ကုိယ့္ႏုိင္ငံကို ဘယ္လိုႏုိင္ငံမ်ဳိး ျဖစ္ေစခ်င္လဲ၊ အနာဂတ္မွာ ဘယ္လိုႏုိင္ငံမ်ဳိး အေနနဲ႔ ဦးေဆာင္သြားေစခ်င္လဲ ဆုိတာ လက္ရွိ ဦးေဆာင္ေနတဲ့ သူေတြနဲ႔ အမ်ားႀကီး သက္ဆုိင္သြားၿပီ။ လက္ရွိမွာေတာ့ တကယ့္တကယ္ က်ဴးလြန္ခဲ့တဲ့ သူေတြကေတာ့ လုံးဝ ေအးေအးေဆးေဆး ျဖစ္သြားၿပီ။ သူတုိ႔အစား ဒီဘက္က ဒီမုိကရက္ ဘက္ေတာ္သားလို႔ ကုိယ့္ကုိယ္ကုိယ္ ထင္ေနတဲ့သူေတြက သူတုိ႔ေျပာၿပီး လတ္တေလာမွာ တရားခံမေပၚဘဲ ျဖစ္ေနၿပီးေတာ့မွ ႏုိင္ငံေရးသမားေတြက ပုိၿပီး စဥ္းစားရမယ့္ အခ်ိန္ ေရာက္လာၿပီ။ ကုိယ့္ႏုိင္ငံကို ဘယ္လိုပုံစံျပင္မလဲ ဆုိတဲ့ဟာေတြက ဆုံးျဖတ္ရမယ့္ အခ်ိန္ေရာက္ေနၿပီလို႔ ထင္တယ္။”

မဆုမြန္ - အဲေတာ့ ညီမတုိ႔ အခု လႈပ္ရွားမႈ ရပ္တည္မႈေတြ ျပတဲ့အခါမွာ ေဝဖန္မႈေတြလည္း ရွိတယ္ေပါ့။ အမ်ားစုကေတာ့ ဒါနဲ႔ပတ္သက္ၿပီး အျမင္သေဘာထား တမ်ဳိးရွိတယ္။ ညီမတို႔ရဲ႕ ခံယူခ်က္ ရပ္တည္ခ်က္ကေတာ့ အျမင္သေဘာထား တမ်ဳိးရွိတယ္။ ဒီအေပၚမွာ ေဝဖန္မႈေတြ ေျပာဆုိမႈေတြလည္း ရွိတယ္။ ဒီအေပၚမွာေရာ မအိသၪၨာေမာင္ရဲ႕ သေဘာထား ဘယ္လိုရွိပါသလဲ။

အိသၪၨာေမာင္ - “ေဝဖန္တာေတာ့ ခံရမွာပဲ။ ဒါ က်မတို႔ႏုိင္ငံရဲ႕ အက်င့္ႀကီးလုိ ျဖစ္ေနတာပဲ။ ေဝဖန္တာေတာ့ ညီမလက္ခံတယ္။ ကိစၥမရွိဘူး။ ဒါေပမယ့္ ညီမအေနနဲ႔ေတာ့ သူတုိ႔မွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ ရွိတာပဲ။ သူတုိ႔ အၾကမ္းဖက္မႈ မလႈံ႔ေဆာ္သေရြ႕ေတာ့ သူတုိ႔အေနနဲ႔ ေျပာလုိ႔ရပါတယ္။ ညီမအေနနဲ႔ကလည္း ညီမရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္အရ ညီမလုပ္တာ။ သူတုိ႔လည္း သူတုိ႔ ေျပာဆုိခြင့္အရ ေျပာပါေစ ဘာမွမျဖစ္ဘူး။ ညီမအသား ပဲ့ပါသြားတဲ့ကိစၥလည္း မဟုတ္ဘူး။”

မဆုမြန္ - ေနာက္ဆုံးအေနနဲ႔ အခု ဂမ္ဘီယာႏုိင္ငံက တရားစြဲဆုိထားတဲ့ကိစၥ ICJ မွာလည္း မၾကာခင္မွာ တစုံတရာ ဆုံးျဖတ္ခ်က္ခ်ဖို႔ ရွိတယ္ဆုိေတာ့ ညီမအေနနဲ႔ ဘာေမွ်ာ္လင့္ပါလဲ။ စီရင္ခ်က္ခ်ဖို႔ အေနအထားနဲ႔ ပတ္သက္ၿပီးေတာ့။

အိသၪၨာေမာင္ - “ေတာက္ေလွ်ာက္ ညီမ ေရွ႕မွာလည္း ေျပာခဲ့ၿပီးၿပီ။ ညီမတို႔ တုိင္းရင္းသားေတြ တအားခံစားခဲ့ရတယ္။ အခု ရခုိင္မွာဆုိရင္လည္း တကယ္အသတ္ခံေနရတာပဲ လူေတြ။ ဒီလိုကိစၥေတြကုိ လုပ္ခဲ့တဲ့ တရားခံေတြက လတ္တေလာမွာ ေအးေအးေဆးေဆး ေနေနရၿပီး ညီမတို႔က ဘာကိစၥ သူတို႔ကုိ ကာကြယ္ေပးရမွာလဲ။ ညီမတို႔က အျပစ္ေပးႏုိင္တဲ့ အေနအထားမ်ဳိးမွာ မရွိခဲ့ဘူး။ ဒါေပမယ့္ အခု ICJ မွာ သူတုိ႔ကုိ အျပစ္ေပးဖို႔ လုပ္ေနၾကတဲ့ ကိစၥေလ။ အဲေတာ့ အဆုံးအျဖတ္က လက္ရွိ အခင္းအက်င္းကို ဘယ္လိုပုံေဖာ္မလဲဆုိတာနဲ႔ သက္ဆုိင္သြားၿပီ။ ဒီျဖစ္ရပ္ကုိ ကိုယ္မဲရဖုိ႔ တခုအတြက္ပဲ လုပ္မွာလား။ ဒါမွမဟုတ္ တကယ္ခံစားခဲ့ရတဲ့ လူေတြအတြက္ တကယ္နစ္နာခဲ့ရတဲ့ လူေတြအတြက္ တရားမွ်တမႈကို ရွာေပးမလား။ ဒါပဲရွိတာပဲ။ ညီမအေနနဲ႔ကေတာ့ ရွင္းတယ္။ အဖိႏွိပ္ခံရတဲ့ သူေတြနဲ႔ ဖိႏွိပ္ေနတဲ့သူေတြနဲ႔ ဘယ္ဘက္က ရပ္မလဲ။ ဒီကိစၥက အမွားအမွန္ အရမ္းရွင္းတယ္။ ဒီလုိကိစၥမ်ဳိးမွာ ၾကားဝင္တယ္ ဆုိတာမ်ဳိးကေတာ့ မျဖစ္သင့္ဘူးလို႔ ထင္တယ္။ ဖိႏွိပ္ခံေတြဘက္က ရပ္မလား၊ ဖိႏွိပ္သူေတြဘက္က ရပ္မလား၊ တုိင္းျပည္ကုိ ဦးေဆာင္ေနတဲ့ လူေတြအေနနဲ႔ ဘယ္ဘက္ကရပ္မလဲဆုိတာ ရွင္းရွင္းလင္းလင္း လုပ္သင့္ေနၿပီလို႔ ထင္တယ္။”

----------------------------------

(Unicode)

ICJ တရားစွဲမှု လူငယ်အချို့ ထောက်ခံလှုပ်ရှား

လူ့ဂုဏ်သိက္ခာမဲ့လောက်အောင် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ အဖိနှိပ်ခံတွေနဲ့ သူတို့နစ်နာမှုတွေအတွက် တရားမျှတမှုရဖို့နဲ့ စစ်မှန်တဲ့အမှန်တရား ပေါ်ပေါက်စေချင်တဲ့ လူသားဆန်တဲ့ စိတ်တခုတည်းနဲ့ ရပ်တည်လှုပ်ရှားခဲ့တာပါလို့ I Stand Against Genocide in Myanmar လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူ လူငယ်အမျိုးသမီး မအိသဉ္ဇာမောင်က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမွတ်စလင်တွေ အပါအဝင် တိုင်းရင်းဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်ပြစ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့သူတွေကို ကာကွယ်ပေးစရာ မလိုဘဲ တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိကြဖို့ တိုက်တွန်းနှိုးဆော်မှု သက်သက်သာ ဖြစ်တယ်လို့လည်း ဆန္ဒပြခဲ့သူ အမျိုးသမီးက ပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုတဲ့ အမှုကိစ္စအပေါ် ကြိုဆိုထောက်ခံကြောင်း ရပ်တည်မှုကို ပြခဲ့တဲ့ လူငယ်တချို့က ရန်ကုန်မြို့လယ်မှာ ထုတ်ပြန်ချက်တွေ ဝေငှ လှုပ်ရှားခဲ့ကြတာပါ။ I Stand Against Genocide in Myanmar လှုပ်ရှားမှု ဘာကြောင့် ဆောင်ရွက်ခဲ့ပါသလဲ ဆိုတာကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဦးဆောင်လှုပ်ရှားခဲ့သူ လူ့ဘောင်သစ်လူငယ်တဦးဖြစ်တဲ့ မအိသဉ္ဇာမောင်က အခုလိုစဖြေပါတယ်။

အိသဉ္ဇာမောင် - “ညီမတို့ရပ်တည်ချက်၊ တန်ဖိုးထားမှုကို ပြောချင်ပါတယ်။ Value ပေါ့ ညီမတို့ Freedom, Justice, Equality ဆိုတဲ့အပေါ်မှာ ရပ်တည်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ပြချင်တာပေါ့နော်။ နောက်တချက်က နိုင်ငံတကာရဲ့အမြင်မှာညီမတို့တနိုင်ငံလုံးက အားပေးထောက်ခံနေတယ် ဆိုပြီးတော့ မြင်တယ်။ ညီမတို့ ပြောချင်တာက တနိုင်ငံလုံးလည်း မဟုတ်သေးဘူး၊ ဒီနိုင်ငံထဲမှာ တရားမျှတမှုကို လိုလားတဲ့ လူနည်းစုအုပ်စုတွေ ရှိသေးတယ်။ ဒီနိုင်ငံထဲမှာ ကျမတို့လို လွတ်လပ်မှု တရားမျှတမှုတို့ တန်းတူရေးကို လိုလားတဲ့သူတွေ ရှိသေးတယ်ဆိုတာကို ပြောချင်တာပါ။

မဆုမွန် - အခုလက်ရှိ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာအစိုးရဘက်က သွားပြီးတော့မှ ရှင်းနေရတဲ့ အနေအထားရှိတယ်။ ဂမ်ဘီယာဘက်ကလည်း သက်သေ အထောက်အထားတွေ အချက်အလက်တွေနဲ့ ဒါမျိုးဖြစ်ခဲ့တယ် ဆိုတဲ့ဟာမျိုး တရားစွဲဆိုမှု ရှိခဲ့တယ်ဆိုတော့ ဒီလိုအနေအထား အပေါ်မှာရော မအိသဉ္ဇာမောင်တို့ရဲ့ ရပ်တည်ချက်၊ ဒီအပေါ်မှာ ဘယ်လိုများ သုံးသပ်ချက် ရှိပါသလဲ။

အိသဉ္ဇာမောင် - “လောလောဆယ် တိုင်းရင်းသားဒေသတွေမှာဆိုလည်း တပ်မတော်က တောက်လျှောက်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ Genocide ဆိုပြီး တရားစွဲလို့ ရတာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့် ဒီအချိန်မှာတော့ တကယ်ပဲ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေပါပဲ။ ဒီအတွက် ခုံရုံးတင်ခံရတာပဲလေ။ တကယ်တော့ နိုင်ငံရေးသမားတွေရဲ့ စဉ်းစား ဆုံးဖြတ်မှုနဲ့ သက်ဆိုင်တာပဲ။ ဒီနိုင်ငံကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ဦးစီးဦးဆောင်ပြုနေတဲ့ ခေါင်းဆောင်တွေက ကိုယ့်နိုင်ငံ ဘယ်လမ်းကြောင်းပေါ် သွားနေလဲဆိုတဲ့ဟာနဲ့ပဲ သက်ဆိုင်ပါတယ်။ လူထုကို ဘယ်လိုမျိုး Carry လုပ်မှာလဲ ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ အဓိကက ကိုယ်ကပဲ တာဝန်ယူမှု တာဝန်ခံမှု ရှိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူထုကိုပါ ကြားထဲက ဆွဲခေါ်သွားမလား ဆိုတဲ့ဟာကတော့ နိုင်ငံရေးသမားတွေနဲ့ လုံးဝကို သက်ဆိုင်နေပြီ။ ကိုယ့်နိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်လဲ၊ အနာဂတ်မှာ ဘယ်လိုနိုင်ငံမျိုး အနေနဲ့ ဦးဆောင်သွားစေချင်လဲ ဆိုတာ လက်ရှိ ဦးဆောင်နေတဲ့ သူတွေနဲ့ အများကြီး သက်ဆိုင်သွားပြီ။ လက်ရှိမှာတော့ တကယ့်တကယ် ကျူးလွန်ခဲ့တဲ့ သူတွေကတော့ လုံးဝ အေးအေးဆေးဆေး ဖြစ်သွားပြီ။ သူတို့အစား ဒီဘက်က ဒီမိုကရက် ဘက်တော်သားလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့သူတွေက သူတို့ပြောပြီး လတ်တလောမှာ တရားခံမပေါ်ဘဲ ဖြစ်နေပြီးတော့မှ နိုင်ငံရေးသမားတွေက ပိုပြီး စဉ်းစားရမယ့် အချိန် ရောက်လာပြီ။ ကိုယ့်နိုင်ငံကို ဘယ်လိုပုံစံပြင်မလဲ ဆိုတဲ့ဟာတွေက ဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီလို့ ထင်တယ်။”

မဆုမွန် - အဲတော့ ညီမတို့ အခု လှုပ်ရှားမှု ရပ်တည်မှုတွေ ပြတဲ့အခါမှာ ဝေဖန်မှုတွေလည်း ရှိတယ်ပေါ့။ အများစုကတော့ ဒါနဲ့ပတ်သက်ပြီး အမြင်သဘောထား တမျိုးရှိတယ်။ ညီမတို့ရဲ့ ခံယူချက် ရပ်တည်ချက်ကတော့ အမြင်သဘောထား တမျိုးရှိတယ်။ ဒီအပေါ်မှာ ဝေဖန်မှုတွေ ပြောဆိုမှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော မအိသဉ္ဇာမောင်ရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

အိသဉ္ဇာမောင် - “ဝေဖန်တာတော့ ခံရမှာပဲ။ ဒါ ကျမတို့နိုင်ငံရဲ့ အကျင့်ကြီးလို ဖြစ်နေတာပဲ။ ဝေဖန်တာတော့ ညီမလက်ခံတယ်။ ကိစ္စမရှိဘူး။ ဒါပေမယ့် ညီမအနေနဲ့တော့ သူတို့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတာပဲ။ သူတို့ အကြမ်းဖက်မှု မလှုံ့ဆော်သရွေ့တော့ သူတို့အနေနဲ့ ပြောလို့ရပါတယ်။ ညီမအနေနဲ့ကလည်း ညီမရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ညီမလုပ်တာ။ သူတို့လည်း သူတို့ ပြောဆိုခွင့်အရ ပြောပါစေ ဘာမှမဖြစ်ဘူး။ ညီမအသား ပဲ့ပါသွားတဲ့ကိစ္စလည်း မဟုတ်ဘူး။”

မဆုမွန် - နောက်ဆုံးအနေနဲ့ အခု ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ကိစ္စ ICJ မှာလည်း မကြာခင်မှာ တစုံတရာ ဆုံးဖြတ်ချက်ချဖို့ ရှိတယ်ဆိုတော့ ညီမအနေနဲ့ ဘာမျှော်လင့်ပါလဲ။ စီရင်ချက်ချဖို့ အနေအထားနဲ့ ပတ်သက်ပြီးတော့။

အိသဉ္ဇာမောင် - “တောက်လျှောက် ညီမ ရှေ့မှာလည်း ပြောခဲ့ပြီးပြီ။ ညီမတို့ တိုင်းရင်းသားတွေ တအားခံစားခဲ့ရတယ်။ အခု ရခိုင်မှာဆိုရင်လည်း တကယ်အသတ်ခံနေရတာပဲ လူတွေ။ ဒီလိုကိစ္စတွေကို လုပ်ခဲ့တဲ့ တရားခံတွေက လတ်တလောမှာ အေးအေးဆေးဆေး နေနေရပြီး ညီမတို့က ဘာကိစ္စ သူတို့ကို ကာကွယ်ပေးရမှာလဲ။ ညီမတို့က အပြစ်ပေးနိုင်တဲ့ အနေအထားမျိုးမှာ မရှိခဲ့ဘူး။ ဒါပေမယ့် အခု ICJ မှာ သူတို့ကို အပြစ်ပေးဖို့ လုပ်နေကြတဲ့ ကိစ္စလေ။ အဲတော့ အဆုံးအဖြတ်က လက်ရှိ အခင်းအကျင်းကို ဘယ်လိုပုံဖော်မလဲဆိုတာနဲ့ သက်ဆိုင်သွားပြီ။ ဒီဖြစ်ရပ်ကို ကိုယ်မဲရဖို့ တခုအတွက်ပဲ လုပ်မှာလား။ ဒါမှမဟုတ် တကယ်ခံစားခဲ့ရတဲ့ လူတွေအတွက် တကယ်နစ်နာခဲ့ရတဲ့ လူတွေအတွက် တရားမျှတမှုကို ရှာပေးမလား။ ဒါပဲရှိတာပဲ။ ညီမအနေနဲ့ကတော့ ရှင်းတယ်။ အဖိနှိပ်ခံရတဲ့ သူတွေနဲ့ ဖိနှိပ်နေတဲ့သူတွေနဲ့ ဘယ်ဘက်က ရပ်မလဲ။ ဒီကိစ္စက အမှားအမှန် အရမ်းရှင်းတယ်။ ဒီလိုကိစ္စမျိုးမှာ ကြားဝင်တယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဖိနှိပ်ခံတွေဘက်က ရပ်မလား၊ ဖိနှိပ်သူတွေဘက်က ရပ်မလား၊ တိုင်းပြည်ကို ဦးဆောင်နေတဲ့ လူတွေအနေနဲ့ ဘယ်ဘက်ကရပ်မလဲဆိုတာရှင်းရှင်းလင်းလင်း လုပ်သင့်နေပြီလို့ ထင်တယ်။”

ICJ တရားစြဲမႈ လူငယ္အခ်ိဳ႕ ေထာက္ခံလႈပ္ရွား
please wait

No media source currently available

0:00 0:05:17 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG