သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ ၾကားနာပြဲနဲ႔ပတ္သက္လို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ လူထုကုိ အစီရင္ခံမည္


ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (သတင္းဓါတ္ပံု - ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ ၁၄ ရက္ေန႔ )

(Zawgyi/Unicode)

ရိုဟင္ဂ်ာ မူဆလင္ေတြ အေပၚ ျမန္မာဘက္က လူမ်ိဳးတံုး သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ႔ စြပ္စြဲခ်က္ကို ႏိုင္ငံတကာ တရားရံုးမွာ ဦးေဆာင္ ေလွ်ာက္လဲခဲ႔တဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၾကားနာမႈနဲ႔ ပတ္သက္ၿပီး ျမန္မာ စံေတာ္ခ်ိန္ ဗုဒၶဟူးေန႔ ည ၈ နာရီမွာ ျပည္သူကုိ ရွင္းလင္းတင္ျပဖို႔ ရွိေနပါတယ္။

ICJ ၾကားနာမႈ ဆိုင္ရာ အေတြ႔အႀကံဳေတြနဲ႔ ပတ္သက္ၿပီး ျပည္သူ လူထုကို အစီရင္ခံ တင္ျပမယ့္ မိန္႔ခြန္းကိုေတာ့ ျမန္မာ့ ရုပ္ျမင္သံၾကားနဲ႔ ျမန္မာ့ အသံ ေရဒီယိုတို႔ကေန ဒီဇင္ဘာလ ၁၈ ရက္ေန႔ ည ၈ နာရီမွာ ထုတ္လႊင့္မယ္လို႔ အစိုးရက ေၾကညာထားပါတယ္။ ရိုဟင္ဂ်ာေတြ အေပၚ လူမ်ိဳးတံုး သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုၿပီး ဂမ္ဘီယာ ႏုိင္ငံက ကုလသမဂၢရဲ႕ အျမင့္ဆံုး တရားရံုး ICJ မွာ အမႈဖြင့္ခဲ႔တာ ျဖစ္ၿပီး ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး အဖြဲ႔ရဲ႕ ေတြ႔ရွိခ်က္ေတြကို အဓိက ကိုးကားၿပီး ေလွ်ာက္ထားခဲ႔တာပါ။ ႏုိင္ငံတကာ တရားရံုး ICJ မွာ ျမန္မာဘက္က ကိုယ္စားလွယ္ အေနနဲ႔ ႏိုဘဲလ္ၿငိမ္းခ်မ္းေရး ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ ေလွ်ာက္လဲ ခဲ႔တ႔ဲ အေပၚ ႏုိင္ငံတကာဘက္က ေ၀ဖန္ၾကေပမယ္လို႔လည္း ျပည္တြင္းမွာေတာ့ တခဲနက္ ေထာက္ခံမႈကို ရထားပါတယ္။

ျမန္မာဘက္က ေလွ်ာက္လဲခ်က္မွာေတာ့ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို မသံုးခဲ႔ပါဘူး။ ဒါေပမယ့္ ရခုိင္ျပည္နယ္တြင္းက နယ္ေျမရွင္းလင္းတဲ႔ စစ္ဆင္ေရး လုပ္ရပ္ေတြနဲ႔ ပတ္သက္ ဆက္စပ္ၿပီး အဲဒါေတြကိုလည္း စစ္ခံုရံုးဖြင့္ ေဆာင္ရြက္ေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ထုေခ် ေလွ်ာက္လဲ ခဲ႔ပါတယ္။ အဓိက အခ်က္ကေတာ့ ျမန္မာဘက္က လူမ်ိဳးတံုး သတ္ျဖတ္မႈ မက်ဴးလြန္ဘူးဆိုတာကို ေလွ်ာက္လဲခဲ႔ၿပီး တရားရံုး အေနနဲ႔ ျမန္မာႏုိင္ငံတြင္း ညီညြတ္ေရး၊ ဖြံ႔ၿဖိဳးတိုးတက္ေရး၊ ၿငိမ္းခ်မ္းေရးအတြက္ စိိန္ေခၚခ်က္မ်ားကို ေက်ာ္လႊားေရးမွာ အေထာက္အကူ ျပဳတဲ႔ ဆံုးျဖတ္ခ်က္မ်ိဳး ခ်မွတ္ေပးဖို႔ လည္း ေတာင္းဆိုခဲ႔ပါတယ္။

ဒါ႔အျပင္ ဂမ္ဘီယာ ႏုိင္ငံကေန ျမန္မာႏုိင္ငံကို တိုင္ၾကားထားတဲ႔ အမႈကို တရားရံုး စာရင္းကေန ပယ္ဖ်က္ေပးဖို႔၊ ဒါမွမဟုတ္လည္း ဂမ္ဘီယာဘက္က ေလွ်ာက္ထားတဲ႔ ၾကားျဖတ္ အစီအမံ ေဆာင္ရြက္ခ်က္ကို ပယ္ခ်ေပးဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ရံုးေတာ္မွာ ေလွ်ာက္ထားခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ICJ ကြားနာပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုကို အစီရင်ခံမည်

(Unicode)

ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မြန်မာဘက်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတကာ တရားရုံးမှာ ဦးဆောင် လျှောက်လဲခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားနာမှုနဲ့ ပတ်သက်ပြီး မြန်မာ စံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၈ နာရီမှာ ပြည်သူကို ရှင်းလင်းတင်ပြဖို့ ရှိနေပါတယ်။

ICJ ကြားနာမှု ဆိုင်ရာ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပြည်သူ လူထုကို အစီရင်ခံ တင်ပြမယ့် မိန့်ခွန်းကိုတော့ မြန်မာ့ ရုပ်မြင်သံကြားနဲ့ မြန်မာ့ အသံ ရေဒီယိုတို့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီမှာ ထုတ်လွှင့်မယ်လို့ အစိုးရက ကြေညာထားပါတယ်။ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ICJ မှာ အမှုဖွင့်ခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို အဓိက ကိုးကားပြီး လျှောက်ထားခဲ့တာပါ။ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာဘက်က ကိုယ်စားလှယ် အနေနဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် လျှောက်လဲ ခဲ့တဲ့ အပေါ် နိုင်ငံတကာဘက်က ဝေဖန်ကြပေမယ်လို့လည်း ပြည်တွင်းမှာတော့ တခဲနက် ထောက်ခံမှုကို ရထားပါတယ်။

မြန်မာဘက်က လျှောက်လဲချက်မှာတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မသုံးခဲ့ပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းက နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေး လုပ်ရပ်တွေနဲ့ ပတ်သက် ဆက်စပ်ပြီး အဲဒါတွေကိုလည်း စစ်ခုံရုံးဖွင့် ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထုချေ လျှောက်လဲ ခဲ့ပါတယ်။ အဓိက အချက်ကတော့ မြန်မာဘက်က လူမျိုးတုံး သတ်ဖြတ်မှု မကျူးလွန်ဘူးဆိုတာကို လျှောက်လဲခဲ့ပြီး တရားရုံး အနေနဲ့ မြန်မာနိုင်ငံတွင်း ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် စိန်ခေါ်ချက်များကို ကျော်လွှားရေးမှာ အထောက်အကူ ပြုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့ လည်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာ နိုင်ငံကနေ မြန်မာနိုင်ငံကို တိုင်ကြားထားတဲ့ အမှုကို တရားရုံး စာရင်းကနေ ပယ်ဖျက်ပေးဖို့၊ ဒါမှမဟုတ်လည်း ဂမ်ဘီယာဘက်က လျှောက်ထားတဲ့ ကြားဖြတ် အစီအမံ ဆောင်ရွက်ချက်ကို ပယ်ချပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရုံးတော်မှာ လျှောက်ထားခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG