သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမာင္ေတာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ဝင္ တစ္ဦးေသဆုံး၊ တစ္ဦးေပ်ာက္ေနဆဲ


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္က နယ္ျခားေစာင့္ရဲတပ္ဖဲြ႔၀င္ ႏွစ္ဦး။ (ႏို၀င္ဘာ ၁၂၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ သရက္အုပ္ရဲကင္းစခန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္သားႏွစ္ဦး ေပ်ာက္ဆုံးရာကေန ရဲတပ္သားတဦးရဲ့အေလာင္းကို ေတြ႕ရွိခဲ့တယ္လို႔တပ္မေတာ္ဘက္က ထုတ္ျပန္ထားသလို ရြာသားေတြကို မသကၤာလို႔ ဖမ္းဆီးစစ္ေဆးေနတဲ့အေၾကာင္း တင္ဆက္ေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ေမာင္ေတာၿမိဳ႕နယ္၊ သရက္အုပ္ရဲကင္းစခန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ ရဲတပ္သား ေဇယ်ာမ်ိဳးႏွင့္ ရဲတပ္သား ျမင့္သိန္းတို႔ ႏွစ္ဦးဟာ စက္တင္ဘာ ၅ ရက္ ညေနပိုင္းမွာ မိသားစုရွိရာ ရြက္ညိဳေတာင္ေက်းရြာကို လက္နက္ခဲ ယမ္းေတြနဲ႔အတူအျပန္ လမ္းခရီးမွာေပ်ာက္ဆုံးသြားခဲ့တာပါ။

စက္တင္ဘာ ၇ ရက္ေန႔မွာေတာ့ ရြက္ညိဳေတာင္ေက်းရြာအနီး ပုစြန္ကန္ေဟာင္းေနရာ ရႊံ႕ႏြံအတြင္းမွာ ရဲတပ္သား ေဇယ်ာမ်ိဳးရဲ႕ အေလာင္းကို ေတြ႕ရွိရၿပီး ႏွိပ္စက္ထားတဲ့ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ေသဆုံးတာေတြ႕ရွိရတယ္လို႔ တပ္မေတာ္သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႕က စက္တင္ဘာ ၈ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

ရဲတပ္သား ႏွစ္ဦးေပ်ာက္ဆုံး ေသဆုံးတဲ့ကိစၥ ပဏာမ စုံစမ္းခ်က္အရ AA ႏွင့္ ARSA လက္နက္ကိုင္အုပ္စုက အလစ္ အငိုက္ေခ်ာင္းေျမာင္းသတ္ျဖတ္ျခင္းျဖစ္တယ္လို႔ တပ္မေတာ္ဖက္က သတင္းထုတ္ျပန္ထားပါတယ္။

တပ္မေတာ္ရဲ့ထုတ္ျပန္ခ်က္အေပၚ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက အခုလိုျငင္းဆိုထားပါတယ္။

"အဲဒီရဲတပ္သား ၂ ေယာက္က အရပ္ထဲမွာ သူတို႔နဲ႔စီးပြားေရး လုပ္ေဖၚကိုင္ဖက္ေတြအၾကားမွာ ေငြေရးေၾကးေရး အရႈပ္အရွင္းေတြ အဲဒီကိစၥေတြေၾကာင့္ေနၿပီးေတာ့ လူမႈေရးအရႈပ္အရွင္းေတြၾကားမွာ သူတို႔သတ္ျဖတ္ခံရတာ ျဖစ္နိုင္တယ္။ အဲဒီကိစၥကေတာ့ က်ေနာ္တို႔နဲ႔ ဘာမွပတ္သက္မႈမရွိဘူး။”

ေသဆုံးေနတဲ့ ရဲတပ္သားေဇယ်ာမ်ိဳးအေလာင္းကို စက္တင္ဘာ ၇ ရက္ေန႔ သရက္အုပ္ရဲကင္းစခန္းနဲ႔မနီးမေဝး ရြက္ညိဳေတာင္ေက်းရြာအနီး ပုစြန္ကန္အေဟာင္းမွာ ေတြ႕ရွိခဲ့လို႔ ပုဇြန္ကန္ပိုင္ရွင္ ဦးေမာင္ထြန္းစိန္ကိုလဲ လူသတ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ နဲ႔ ငါးခူရနယ္ေျမရဲစခန္းမွာ မေန႔က ဖမ္းဆီးအမႈဖြင့္လွစ္ထားပါတယ္။

ဒီအေျခအေနကို ရြက္ညိဳေတာင္ရြာသားတဦးက အခုလိုေျပာပါတယ္။

"စစ္သားႏွစ္ဦးေပ်ာက္သြားတယ္လို႔ က်ေနာ္တို႔ အဲဒီလိုသတင္းစကားၾကားသိရပါတယ္။ မေန႔ကေတာ့ အေလာင္း တေလာင္း ရတယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ ၾကားသိရပါတယ္။ အဲဒီအေလာင္းကေတာ့ က်ေနာ္တို႔ ရြက္ညိဳေတာင္ရြာရဲ႕ အေရွ႕ပိုင္းမွာ ပုဇြန္ကန္ေတြရွိတယ္။ ပုဇြန္ကန္မွာ ေမ်ာေနတယ္လို႔ သတင္းရပါတယ္။ ပုဇြန္ကန္ပိုင္ရွင္က ရြက္ညိဳေတာင္ရြာက က်ေနာ္တို႔ တိုင္းရင္းသား ရခိုင္ပိုင္ရွင္ တဦးျဖစ္ပါတယ္။ ပုဇြန္ကန္က ပိုင္ရွင္ကိုေတာ့ အခု ငါးခူရနယ္ေျမက အဲဒီလိုထိန္းသိမ္းထားပါတယ္။”

အေလာင္းေတြ႕ရွိရာ ပုဇြန္ကန္ဟာ ၂၀၁၇ ေမာင္ေတာေဒသအၾကမ္းဖက္ျဖစ္စဥ္ကတည္းက အလုပ္သမားေတြ မရွိလို႔ မလုပ္ဘဲ ပစ္ထားတာလို႔ အဖမ္းခံရသူ ဦးေမာင္ထြန္းစိန္ရဲ့ မိသားစုဝင္တဦးက ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ေတြ မၾကာခဏ တိုက္ခိုက္ခံရသလို တိုက္ခိုက္ခံရတိုင္း AA ႏွင့္ ARSA လက္နက္ကိုင္အုပ္စုလက္ခ်က္လို႔ တပ္မေတာ္ဘက္ကထုတ္ျပန္ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ တစ်ဦးပျောက်နေဆဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားနှစ်ဦး ပျောက်ဆုံးရာကနေ ရဲတပ်သားတဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့တပ်မတော်ဘက်က ထုတ်ပြန်ထားသလို ရွာသားတွေကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ ရဲတပ်သား ဇေယျာမျိုးနှင့် ရဲတပ်သား မြင့်သိန်းတို့ နှစ်ဦးဟာ စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ မိသားစုရှိရာ ရွက်ညိုတောင်ကျေးရွာကို လက်နက်ခဲ ယမ်းတွေနဲ့အတူအပြန် လမ်းခရီးမှာပျောက်ဆုံးသွားခဲ့တာပါ။

စက်တင်ဘာ ၇ ရက်နေ့မှာတော့ ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်ဟောင်းနေရာ ရွှံ့နွံအတွင်းမှာ ရဲတပ်သား ဇေယျာမျိုးရဲ့ အလောင်းကို တွေ့ရှိရပြီး နှိပ်စက်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးတာတွေ့ရှိရတယ်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရဲတပ်သား နှစ်ဦးပျောက်ဆုံး သေဆုံးတဲ့ကိစ္စ ပဏာမ စုံစမ်းချက်အရ AA နှင့် ARSA လက်နက်ကိုင်အုပ်စုက အလစ် အငိုက်ချောင်းမြောင်းသတ်ဖြတ်ခြင်းဖြစ်တယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ရဲ့ထုတ်ပြန်ချက်အပေါ် ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက အခုလိုငြင်းဆိုထားပါတယ်။

"အဲဒီရဲတပ်သား ၂ ယောက်က အရပ်ထဲမှာ သူတို့နဲ့စီးပွားရေး လုပ်ဖေါ်ကိုင်ဖက်တွေအကြားမှာ ငွေရေးကြေးရေး အရှုပ်အရှင်းတွေ အဲဒီကိစ္စတွေကြောင့်နေပြီးတော့ လူမှုရေးအရှုပ်အရှင်းတွေကြားမှာ သူတို့သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်။ အဲဒီကိစ္စကတော့ ကျနော်တို့နဲ့ ဘာမှပတ်သက်မှုမရှိဘူး။”

သေဆုံးနေတဲ့ ရဲတပ်သားဇေယျာမျိုးအလောင်းကို စက်တင်ဘာ ၇ ရက်နေ့ သရက်အုပ်ရဲကင်းစခန်းနဲ့မနီးမဝေး ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်အဟောင်းမှာ တွေ့ရှိခဲ့လို့ ပုဇွန်ကန်ပိုင်ရှင် ဦးမောင်ထွန်းစိန်ကိုလဲ လူသတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ ငါးခူရနယ်မြေရဲစခန်းမှာ မနေ့က ဖမ်းဆီးအမှုဖွင့်လှစ်ထားပါတယ်။

ဒီအခြေအနေကို ရွက်ညိုတောင်ရွာသားတဦးက အခုလိုပြောပါတယ်။

"စစ်သားနှစ်ဦးပျောက်သွားတယ်လို့ ကျနော်တို့ အဲဒီလိုသတင်းစကားကြားသိရပါတယ်။ မနေ့ကတော့ အလောင်း တလောင်း ရတယ်ဆိုပြီးတော့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒီအလောင်းကတော့ ကျနော်တို့ ရွက်ညိုတောင်ရွာရဲ့ အရှေ့ပိုင်းမှာ ပုဇွန်ကန်တွေရှိတယ်။ ပုဇွန်ကန်မှာ မျောနေတယ်လို့ သတင်းရပါတယ်။ ပုဇွန်ကန်ပိုင်ရှင်က ရွက်ညိုတောင်ရွာက ကျနော်တို့ တိုင်းရင်းသား ရခိုင်ပိုင်ရှင် တဦးဖြစ်ပါတယ်။ ပုဇွန်ကန်က ပိုင်ရှင်ကိုတော့ အခု ငါးခူရနယ်မြေက အဲဒီလိုထိန်းသိမ်းထားပါတယ်။”

အလောင်းတွေ့ရှိရာ ပုဇွန်ကန်ဟာ ၂၀၁၇ မောင်တောဒေသအကြမ်းဖက်ဖြစ်စဉ်ကတည်းက အလုပ်သမားတွေ မရှိလို့ မလုပ်ဘဲ ပစ်ထားတာလို့ အဖမ်းခံရသူ ဦးမောင်ထွန်းစိန်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံရသလို တိုက်ခိုက်ခံရတိုင်း AA နှင့် ARSA လက်နက်ကိုင်အုပ်စုလက်ချက်လို့ တပ်မတော်ဘက်ကထုတ်ပြန်လေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG