သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သြားလာမႈအကန္႔အသတ္ေၾကာင့္ ရခိုင္ဒုကၡသည္ေတြ စာနပ္ရိကၡာအခက္အခဲရွိ


ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့ေသာစစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ ရခိုင္ဒုကၡသည္အမ်ိဳးသမီးနဲ႔ ကေလးငယ္တဦးကို ေတြ႔ရ။ (ေအာက္တိုဘာ ၁၅၊၂၀၁၆)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္တြင္း ကိုဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈ မ်ားျပားတာေၾကာင့္ ျပည္နယ္တစ္ခုလုံး အသြားအလာကန႔္သတ္မႈေတြ ရွိေနတဲ့အတြက္ စစ္ေရွာင္စခန္းေတြမွာ ရိကၡာမလုံေလာက္မႈေတြႀကဳံေနၾကရတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကိုဗစ္အတည္ျပဳလူနာအေရအတြက္ ျမင့္တက္ေနတဲ့ ရခိုင္ျပည္နယ္မွာ ျပည္နယ္တစ္ခုလုံးကို အသြားအလာ ကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ထားတာေၾကာင့္ စစ္ေရွာင္စခန္းေတြကို ရိကၡာေထာက္ပံ့မႈေတြ မလုံေလာက္တဲ့အတြက္ အခက္အခဲေတြ ရွိေနၾကတယ္လို႔ စခန္းတာဝန္ရွိသူေတြက ေျပာပါတယ္။

လက္ရွိမွာ အစိုးရက စစ္ေရွာင္ေတြကို တစ္အိမ္ေထာင္ကို ၄၀,၀၀၀ စီေထာက္ပံ့ေပးတယ္ဆိုေပမဲ့ အျပည့္အဝမရၾကသူေတြအမ်ားႀကီး ရွိေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“စခန္းအကုန္လုံးနီးပါးက အခက္အခဲ ရွိေနၾကတာပါ။ အနည္းငယ္ေလာက္ အဆင္ေျပတယ္ဆိုတာကေတာ့ အရမ္းနည္းပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဆိုးဆိုးရြားရြား အခက္အခဲရွိေနၾကတာပါ။ စစ္ေဘးေရွာင္စခန္းေတြမွာ ေနထိုင္ၾကတဲ့ IDP ေတြ ဆိုလို႔ရွိရင္ေတာ့ လူကယ္ျပန္ဌာနက ေနၿပီးေတာ့ ၄၀,၀၀၀ က်ပ္ေပးေနတာေပါ့ေႏွာ္။ ဒီလိုေပးတဲ့အခါမွာ မိသားစုေတြဆီကို တစ္ဖြဲ႕ခ်င္းက မိသားစုေတြဆီကို သြားေပးတာမ်ိဳး မဟုတ္ဘဲနဲ႔ ဒီသက္ဆိုင္ရာ ရပ္ေက်းအသင္းအုပ္ခ်ဳပ္ေရးမွဴးေတြကေနတဆင့္ ေပးရမယ္ဆိုၿပီးေတာ့ အဲ့လို လမ္းၫႊန္ခ်က္ေတြရွိပါတယ္။ ဒါေပမဲ့ ဒီလို လုပ္လိုက္တဲ့ အတြက္ေၾကာင့္မို႔လို႔ တစ္ဘက္မွာေတာ့ ထိေတြ႕မႈေတြ သိပ္မျဖစ္ေအာင္ ကာကြယ္တယ္ဆိုေပမဲ့လည္း တျခားတဘက္မွာက်ေတာ့ ဒီအလြဲသုံးစားမႈေတြေနာက္ လာဘ္ေပးလာဘ္ယူမႈေတြကေတာ့ အမ်ားႀကီးျဖစ္သြားတာေပါ့ေႏွာ္။ ဒီလိုအေျခအေနေတြေၾကာင္မို႔လို႔ ေထာက္ပံ့တဲ့ပစၥည္းေတြ ေထာက္ပံ့တဲ့ ေငြေတြက အရမ္းကို နည္းပါးသြားတာ ရွိပါတယ္။၂၀,၀၀၀ ဆိုေပမဲ့လည္း တခ်ိဳ႕ ၁၀,၀၀၀ ရတဲ့သူရွိတယ္။ ၈,၀၀၀ ရတဲ့သူရွိတယ္။ ၁၅,၀၀၀ ရတဲ့သူရွိတယ္။ အျပည့္အဝရတဲ့သူေတြက မရွိသေလာက္ရွားပါတယ္ ခင္ဗ်။ ဒီလို အေျခအေနႀကဳံေနရတာျဖစ္ပါတယ္။”

ဒီလို ေထာက္ပံ့ေၾကးေပးတဲ့ ကိစၥကို REC က က်န္းမာေရးသတ္မွတ္ခ်က္ေတြနဲ႔ ေစာင့္ၾကည့္ဖို႔ ခြင့္ေတာင္းေပးမယ့္ ေစာင့္ၾကည့္ခြင့္မျပဳခဲ့ဘူးလို႔ ကိုေဇာ္ေဇာ္ထြန္းက ဆိုပါတယ္။

ကိုဗစ္ေၾကာင့္ ကန႔္သတ္မႈေတြ လုပ္ထားတဲ့အခ်ိန္မွာပဲ တိုက္ပြဲေတြ ပဋိပကၡေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္သူေတြ ထပ္ေရာက္လာတာေၾကာင့္ စားေရ ရိကၡာ အခက္အခဲျဖစ္ေနၾကတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္း တာဝန္ခံ ကိုခိုင္မ်ိဳးေအာင္က ေျပာပါတယ္။

“လုံေလာက္မႈေတာ့ မရွိပါဘူး။ က်ေနာ္တို႔ ဘယ္လိုပုံစံနဲ႔ထားလဲဆိုေတာ့ အရင္ရွိၿပီးသားအိမ္ေထာင္ စုေတြက်ေတာ့ က်ေနာ္တို႔ သူတို႔ အိမ္ေထာင္စုလိုက္ သူတို႔ အိမ္ေထာင္စုလိုက္ ရွာၿပီးေတာ့ စားေနၾကတယ္။ က်ေနာ္တို႔ ခုလက္ရွိေရာက္လာတဲ့ အိမ္ေထာင္စုေတြကိုေတာ့ က်ေနာ္တို႔ရဲ႕ ေညာင္ ေခ်ာင္းဘုန္းေတာ္ႀကီးေက်ာင္းမွာ ေနၿပီးေတာ့ ထားတယ္။ သူတို႔႔ကို သူတို႔ကို တစ္ဦးခ်င္းစီ က်ေနာ္တို႔ ရွာၿပီးေတာ့ မစားခိုင္ဘူးေပါ့။ က်ေနာ္တို႔အကုန္လုံး ဝိုင္းၿပီးေတာ့မွ ရွိတဲ့ဟာေလးေတြနဲ႔ ေကြၽးတယ္ေပါ့၊ အဲ့လို အေနအထားျဖစ္ေနပါတယ္။”

ကိုဗစ္ကာလအတြင္းျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာၾကရတဲ့သူေတြ စားေသာက္ေရးအတြက္ ရပ္႐ြာက အလွဴရွင္ေတြရဲ႕ေထာက္ပံ့မႈနဲ႔ ေျဖရွင္းေနရတယ္လို႔ ကိုခိုင္မ်ိဳးေအာင္က ေျပာျပပါတယ္။

ေညာင္ေခ်ာင္းစစ္ေရွာင္စခန္းမွာ ကိုဗစ္ကာလအတြင္းက တိုက္ပြဲေတြေၾကာင့္ ေရွာင္တိမ္းလာၾကရ သူေတြမပါဘဲ အရင္ရွိၿပီးသား စစ္ေရွာင္ အိမ္ေထာင္စု ၇၀၀ ေလာက္အတြက္ WFP က ရိကၡာေထာက္ ပံ့ေပးဖို႔ အေၾကာင္းၾကားထားတယ္လို႔လည္း ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္မျဖစ္ခင္ ကာလေတြကတည္းက လမ္းပန္းဆက္သြယ္ေရး ဆိုး႐ြားမႈေတြေၾကာင့္ စစ္ေဘးေရွာင္ေတြအတြက္ အေထာက္အပံ့ေတြ အျပည့္အဝမရခဲ့သလို ခုလို ကိုဗစ္ေၾကာင့္ ကန႔္သတ္မႈေတြ ရွိေနတဲ့ အခ်ိန္မွာ စစ္ေရွာင္ေတြအေနနဲ႔ စားေသာက္ေရး ပိုၿပီးခက္ခဲလာတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက ေျပာပါတယ္။

“ႏိုင္ငံေတာ္က ေနၿပီးေတာ့ အထူးသျဖင့္ အစိုးရက မငတ္ေစရဘူး၊ စားနပ္ရိကၡာနဲ႔ ပတ္သက္ၿပီးေတာ့ အကုန္လုံးပံ့ပိုးေနပါတယ္လို႔ ဘယ္လိုပဲေျပာေျပာ တကယ္တမ္း လိုအပ္ခ်က္ေတြမ်ားစြာရွိပါတယ္။ အစိုးရရဲ႕ ထိပ္ပိုင္းေတြက ေျပာေနၾကတယ္ ရခိုင္ျပည္ကို ဘယ္လို မျဖစ္ရပါဘူး။ အစာေရစာ မျပတ္ရဘူးလို႔ ေျပာတာနဲ႔ ေျမျပင္မွာ တျခားစီျဖစ္ေနပါတယ္ရွင္။ ဘယ္ေလာက္ထိဆိုးသလဲလို႔ ဆိုလို႔ရွိရင္ က်မတို႔ေတြက လူတစ္ဦးတစ္ေယာက္မွာ အေျခခံက်က်စားရမယ့္ အစားအေသာက္နဲ႔ အာဟာရ ေသခ်ာပါတယ္၊ မျပည့္ဝတာေတာ့ ေသခ်ာပါတယ္။ ကိုဗစ္လို အခ်ိန္အခါမ်ိဳးမွာေနၿပီးေတာ့ ရခိုင္ျပည္နယ္မွာ ဘတ္ဂ်က္ကို ေပးပါမယ္။ တင္ထားပါၿပီ။ ဝန္ႀကီးခ်ဳပ္ရဲ႕ ေဆြးေႏြးခ်က္ေတြမွာလည္း ေတြ႕ရပါတယ္။ ဘတ္ဂ်က္ေတြတင္ထားပါၿပီ၊ ခ်ေပးပါမယ္။ လုပ္ေပးပါမယ္လို႔ ေျပာေပမဲ့ တကယ္တမ္းလက္ေတြ႕မွာ မလုပ္ေပးပါဘူးရွင့္။ ထိပ္ပိုင္းမွာေဆြးေႏြးေနၾကတာ လူမႈကြန္ယက္မွာ ေဆြးေႏြးေနၾကတာနဲ႔ တကယ့္လက္ေတြ႕ရခိုင္ျပည္နယ္မွာ စစ္ေဘးေရွာင္ေဒသေတြမွာ ခံစားေနရတာ ေတြက တျခားစီပါရွင့္”

ျမန္မာႏိုင္ငံ အေျခစိုက္ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး႐ုံးကေတာ့ ကပ္ေဘးသင့္ေနခ်ိန္ တိုက္ခိုက္မႈေတြ ရပ္စဲဖို႔ အဂၤါေန႔ကပဲ ထပ္မံတိုက္တြန္းထားပါတယ္။ ကမာၻတဝန္း ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ တိုက္ခိုက္မႈေတြ ရပ္စဲၾကဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္ကို နားေထာင္ဖို႔နဲ႔ ကပ္ေရာဂါေရာ စစ္ေဘးဒဏ္ပါခံေနရတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံေတြအတြက္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိႏိုင္ေအာင္ အင္တာနက္ ဝန္ေဆာင္မႈေတြ အျပည့္အ၀ ျပန္ဖြင့္ေပးဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သွားလာမှုအကန့်အသတ်ကြောင့် ရခိုင်ဒုက္ခသည်တွေ စာနပ်ရိက္ခာအခက်အခဲရှိ

ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှု များပြားတာကြောင့် ပြည်နယ်တစ်ခုလုံး အသွားအလာကန့်သတ်မှုတွေ ရှိနေတဲ့အတွက် စစ်ရှောင်စခန်းတွေမှာ ရိက္ခာမလုံလောက်မှုတွေကြုံနေကြရတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကိုဗစ်အတည်ပြုလူနာအရေအတွက် မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်တစ်ခုလုံးကို အသွားအလာ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတာကြောင့် စစ်ရှောင်စခန်းတွေကို ရိက္ခာထောက်ပံ့မှုတွေ မလုံလောက်တဲ့အတွက် အခက်အခဲတွေ ရှိနေကြတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ အစိုးရက စစ်ရှောင်တွေကို တစ်အိမ်ထောင်ကို ၄၀,၀၀၀ စီထောက်ပံ့ပေးတယ်ဆိုပေမဲ့ အပြည့်အဝမရကြသူတွေအများကြီး ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“စခန်းအကုန်လုံးနီးပါးက အခက်အခဲ ရှိနေကြတာပါ။ အနည်းငယ်လောက် အဆင်ပြေတယ်ဆိုတာကတော့ အရမ်းနည်းပါတယ်။ တော်တော်များများကတော့ ဆိုးဆိုးရွားရွား အခက်အခဲရှိနေကြတာပါ။ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ IDP တွေ ဆိုလို့ရှိရင်တော့ လူကယ်ပြန်ဌာနက နေပြီးတော့ ၄၀,၀၀၀ ကျပ်ပေးနေတာပေါ့နှော်။ ဒီလိုပေးတဲ့အခါမှာ မိသားစုတွေဆီကို တစ်ဖွဲ့ချင်းက မိသားစုတွေဆီကို သွားပေးတာမျိုး မဟုတ်ဘဲနဲ့ ဒီသက်ဆိုင်ရာ ရပ်ကျေးအသင်းအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ပေးရမယ်ဆိုပြီးတော့ အဲ့လို လမ်းညွှန်ချက်တွေရှိပါတယ်။ ဒါပေမဲ့ ဒီလို လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ တစ်ဘက်မှာတော့ ထိတွေ့မှုတွေ သိပ်မဖြစ်အောင် ကာကွယ်တယ်ဆိုပေမဲ့လည်း တခြားတဘက်မှာကျတော့ ဒီအလွဲသုံးစားမှုတွေနောက် လာဘ်ပေးလာဘ်ယူမှုတွေကတော့ အများကြီးဖြစ်သွားတာပေါ့နှော်။ ဒီလိုအခြေအနေတွေကြောင်မို့လို့ ထောက်ပံ့တဲ့ပစ္စည်းတွေ ထောက်ပံ့တဲ့ ငွေတွေက အရမ်းကို နည်းပါးသွားတာ ရှိပါတယ်။၂၀,၀၀၀ ဆိုပေမဲ့လည်း တချို့ ၁၀,၀၀၀ ရတဲ့သူရှိတယ်။ ၈,၀၀၀ ရတဲ့သူရှိတယ်။ ၁၅,၀၀၀ ရတဲ့သူရှိတယ်။ အပြည့်အဝရတဲ့သူတွေက မရှိသလောက်ရှားပါတယ် ခင်ဗျ။ ဒီလို အခြေအနေကြုံနေရတာဖြစ်ပါတယ်။”

ဒီလို ထောက်ပံ့ကြေးပေးတဲ့ ကိစ္စကို REC က ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ စောင့်ကြည့်ဖို့ ခွင့်တောင်းပေးမယ့် စောင့်ကြည့်ခွင့်မပြုခဲ့ဘူးလို့ ကိုဇော်ဇော်ထွန်းက ဆိုပါတယ်။

ကိုဗစ်ကြောင့် ကန့်သတ်မှုတွေ လုပ်ထားတဲ့အချိန်မှာပဲ တိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ ထပ်ရောက်လာတာကြောင့် စားရေ ရိက္ခာ အခက်အခဲဖြစ်နေကြတယ်လို့ ရသေ့တောင်မြို့နယ် ညောင်ချောင်းစစ်ရှောင်စခန်း တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“လုံလောက်မှုတော့ မရှိပါဘူး။ ကျနော်တို့ ဘယ်လိုပုံစံနဲ့ထားလဲဆိုတော့ အရင်ရှိပြီးသားအိမ်ထောင် စုတွေကျတော့ ကျနော်တို့ သူတို့ အိမ်ထောင်စုလိုက် သူတို့ အိမ်ထောင်စုလိုက် ရှာပြီးတော့ စားနေကြတယ်။ ကျနော်တို့ ခုလက်ရှိရောက်လာတဲ့ အိမ်ထောင်စုတွေကိုတော့ ကျနော်တို့ရဲ့ ညောင် ချောင်းဘုန်းတော်ကြီးကျောင်းမှာ နေပြီးတော့ ထားတယ်။ သူတို့ကို သူတို့ကို တစ်ဦးချင်းစီ ကျနော်တို့ ရှာပြီးတော့ မစားခိုင်ဘူးပေါ့။ ကျနော်တို့အကုန်လုံး ဝိုင်းပြီးတော့မှ ရှိတဲ့ဟာလေးတွေနဲ့ ကျွေးတယ်ပေါ့၊ အဲ့လို အနေအထားဖြစ်နေပါတယ်။”

ကိုဗစ်ကာလအတွင်းဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတဲ့သူတွေ စားသောက်ရေးအတွက် ရပ်ရွာက အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ဖြေရှင်းနေရတယ်လို့ ကိုခိုင်မျိုးအောင်က ပြောပြပါတယ်။

ညောင်ချောင်းစစ်ရှောင်စခန်းမှာ ကိုဗစ်ကာလအတွင်းက တိုက်ပွဲတွေကြောင့် ရှောင်တိမ်းလာကြရ သူတွေမပါဘဲ အရင်ရှိပြီးသား စစ်ရှောင် အိမ်ထောင်စု ၇၀၀ လောက်အတွက် WFP က ရိက္ခာထောက် ပံ့ပေးဖို့ အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်မဖြစ်ခင် ကာလတွေကတည်းက လမ်းပန်းဆက်သွယ်ရေး ဆိုးရွားမှုတွေကြောင့် စစ်ဘေးရှောင်တွေအတွက် အထောက်အပံ့တွေ အပြည့်အဝမရခဲ့သလို ခုလို ကိုဗစ်ကြောင့် ကန့်သတ်မှုတွေ ရှိနေတဲ့ အချိန်မှာ စစ်ရှောင်တွေအနေနဲ့ စားသောက်ရေး ပိုပြီးခက်ခဲလာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

“နိုင်ငံတော်က နေပြီးတော့ အထူးသဖြင့် အစိုးရက မငတ်စေရဘူး၊ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးတော့ အကုန်လုံးပံ့ပိုးနေပါတယ်လို့ ဘယ်လိုပဲပြောပြော တကယ်တမ်း လိုအပ်ချက်တွေများစွာရှိပါတယ်။ အစိုးရရဲ့ ထိပ်ပိုင်းတွေက ပြောနေကြတယ် ရခိုင်ပြည်ကို ဘယ်လို မဖြစ်ရပါဘူး။ အစာရေစာ မပြတ်ရဘူးလို့ ပြောတာနဲ့ မြေပြင်မှာ တခြားစီဖြစ်နေပါတယ်ရှင်။ ဘယ်လောက်ထိဆိုးသလဲလို့ ဆိုလို့ရှိရင် ကျမတို့တွေက လူတစ်ဦးတစ်ယောက်မှာ အခြေခံကျကျစားရမယ့် အစားအသောက်နဲ့ အာဟာရ သေချာပါတယ်၊ မပြည့်ဝတာတော့ သေချာပါတယ်။ ကိုဗစ်လို အချိန်အခါမျိုးမှာနေပြီးတော့ ရခိုင်ပြည်နယ်မှာ ဘတ်ဂျက်ကို ပေးပါမယ်။ တင်ထားပါပြီ။ ဝန်ကြီးချုပ်ရဲ့ ဆွေးနွေးချက်တွေမှာလည်း တွေ့ရပါတယ်။ ဘတ်ဂျက်တွေတင်ထားပါပြီ၊ ချပေးပါမယ်။ လုပ်ပေးပါမယ်လို့ ပြောပေမဲ့ တကယ်တမ်းလက်တွေ့မှာ မလုပ်ပေးပါဘူးရှင့်။ ထိပ်ပိုင်းမှာဆွေးနွေးနေကြတာ လူမှုကွန်ယက်မှာ ဆွေးနွေးနေကြတာနဲ့ တကယ့်လက်တွေ့ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဒေသတွေမှာ ခံစားနေရတာ တွေက တခြားစီပါရှင့်”

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကတော့ ကပ်ဘေးသင့်နေချိန် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ အင်္ဂါနေ့ကပဲ ထပ်မံတိုက်တွန်းထားပါတယ်။ ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို နားထောင်ဖို့နဲ့ ကပ်ရောဂါရော စစ်ဘေးဒဏ်ပါခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက် ဝန်ဆောင်မှုတွေ အပြည့်အ၀ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG