သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တိုက္႐ိုက္ထိေတြ႕သူမ်ား ေရာဂါပိုးမေတြ႕


ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ျဖစ္ေစ ဆက္စပ္သူအားလုံးကို မေန႔ကနဲ႔ ဒီေန႔ COVID-19 ေရာဂါစစ္ေဆးတာမွာ ဘယ္သူ႔မွာမွ ေရာဂါပိုးကူးစက္ထားတာ မေတြ႔ရဘူးလို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္႐ံုး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက သမၼတအိမ္ေတာ္ သတင္းေထာက္ေတြအတြက္ ဒီကေန႔ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

သမၼတေရာ၊ အတိုင္ပင္ခံပုဂၢိဳလ္ပါ က်န္းမာေရးေကာင္းမြန္ၿပီး လုပ္ငန္းတာဝန္ေတြ ပံုမွန္အတိုင္း လုပ္ေဆာင္ေနတယ္လုိ႔လည္း ဆုိပါတယ္။

သမၼတအိမ္ေတာ္နဲ႔ သမၼတ႐ံုးက ဌာနေတြအားလံုး အလုပ္မပိတ္ဘဲ ဝန္ထမ္းအင္အား တဝက္စီခြဲ ႐ံုးတက္တဲ့စနစ္နဲ႔ လုပ္ကိုင္ေနၾကၿပီးေတာ့ ယႏၲရားေတြ ပံုမွန္အတိုင္း လည္ပတ္ေနတယ္လုိ႔ ေျပာပါတယ္။

သမၼတအိမ္ေတာ္က သူအပါအဝင္ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ႏွစ္ဦးနဲ႔ ဓာတ္ပံုဆရာတစ္ဦးတို႔ စစ္ေဆးတာမွာလည္း ေရာဂါပိုး ကင္းရွင္းတယ္လုိ႔ ေျပာပါတယ္။

သူတို႔ဌာနေတြထဲက ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သတင္းထြက္ထားသူဟာ အရာရွိႀကီးအဆင့္မဟုတ္ဘဲ လက္ေထာက္ၫႊန္ၾကားေရးမွဴး တစ္ဦးသာျဖစ္ၿပီးေတာ့ လူႀကီးေတြနဲ႔ တိုက္႐ိုက္ထိေတြ႔ရသူ မဟုတ္ဘူးလုိ႔ ဦးေဇာ္ေဌးကေျပာပါတယ္။

အဲဒီ လက္ေထာက္ၫႊန္ၾကားေရးမွဴးနဲ႔ ဌာနတူ ဝန္ထမ္း ၁၁ ဦးကို စစ္ေဆးတာမွာ အားလံုး ေရာဂါကင္းရွင္းၿပီး သူနဲ႔ ေတြ႔ထားသူ၊ မေတြ႔ေပမယ့္လည္း အေနနီးထားသူအားလံုးကုိ သီးျခားခြဲေနခုိင္းၿပီး စစ္ေဆးတာလို႔လည္း ေျပာပါတယ္။

သမၼတအိမ္ေတာ္ သတင္းေထာက္ေတြထဲက ဓာတ္ခြဲနမူနာယူ စစ္ေဆးခံရမယ့္ သတင္းေထာက္ေတြအေနနဲ႔ စိတ္မပူၾကဖို႔နဲ႔ က်န္းမာေရးစည္းမ်ဥ္းေတြကို ဂ႐ုျပဳလိုက္နာၾကဖို႔ ဦးေဇာ္ေဌးက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်ရိုက်ထိတွေ့သူများ ရောဂါပိုးမတွေ့

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်သူအားလုံးကို မနေ့ကနဲ့ ဒီနေ့ COVID-19 ရောဂါစစ်ဆေးတာမှာ ဘယ်သူ့မှာမှ ရောဂါပိုးကူးစက်ထားတာ မတွေ့ရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သမ္မတအိမ်တော် သတင်းထောက်တွေအတွက် ဒီကနေ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

သမ္မတရော၊ အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ကျန်းမာရေးကောင်းမွန်ပြီး လုပ်ငန်းတာဝန်တွေ ပုံမှန်အတိုင်း လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

သမ္မတအိမ်တော်နဲ့ သမ္မတရုံးက ဌာနတွေအားလုံး အလုပ်မပိတ်ဘဲ ဝန်ထမ်းအင်အား တဝက်စီခွဲ ရုံးတက်တဲ့စနစ်နဲ့ လုပ်ကိုင်နေကြပြီးတော့ ယန္တရားတွေ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ပြောပါတယ်။

သမ္မတအိမ်တော်က သူအပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦးနဲ့ ဓာတ်ပုံဆရာတစ်ဦးတို့ စစ်ဆေးတာမှာလည်း ရောဂါပိုး ကင်းရှင်းတယ်လို့ ပြောပါတယ်။

သူတို့ဌာနတွေထဲက ရောဂါပိုးကူးစက်ခံထားရတယ်လို့ သတင်းထွက်ထားသူဟာ အရာရှိကြီးအဆင့်မဟုတ်ဘဲ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးသာဖြစ်ပြီးတော့ လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ရသူ မဟုတ်ဘူးလို့ ဦးဇော်ဌေးကပြောပါတယ်။

အဲဒီ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဌာနတူ ဝန်ထမ်း ၁၁ ဦးကို စစ်ဆေးတာမှာ အားလုံး ရောဂါကင်းရှင်းပြီး သူနဲ့ တွေ့ထားသူ၊ မတွေ့ပေမယ့်လည်း အနေနီးထားသူအားလုံးကို သီးခြားခွဲနေခိုင်းပြီး စစ်ဆေးတာလို့လည်း ပြောပါတယ်။

သမ္မတအိမ်တော် သတင်းထောက်တွေထဲက ဓာတ်ခွဲနမူနာယူ စစ်ဆေးခံရမယ့် သတင်းထောက်တွေအနေနဲ့ စိတ်မပူကြဖို့နဲ့ ကျန်းမာရေးစည်းမျဉ်းတွေကို ဂရုပြုလိုက်နာကြဖို့ ဦးဇော်ဌေးက တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG