[Zawgyi/Unicode]
ကိုဗစ္ေရာဂါပိုး ျပည္တြင္းကူးစက္မႈႏႈန္း ျမင့္တက္လာေနတဲ့ ရန္ကုန္တုိင္းတြင္းက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ေရာဂါပိုးေတြ႕ထားသူေတြနဲ႔ ထိစပ္မႈရွိမရွိ ေျခရာေကာက္ စစ္ေဆးမႈေတြနဲ႔ က်န္းမာေရးေဆးစစ္မႈေတြ ဒီကေန႔လိုက္လံ လုပ္ေဆာင္ေနပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေမးျမန္းထားတာကို တင္ဆက္ေပးပါမယ္။
ကမာၻ႔ကပ္ေရာဂါ COVID 19 ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ဒီသီတင္းပတ္အတြင္းမွာကို ေန႔စဥ္ရက္စက္ဆိုသလို လူ ၁၀၀ ေက်ာ္ အုပ္စုလိုက္ပိုးေတြ႔ရွိမႈ ျမင့္တက္လာတာေၾကာင့္ ျမန္မာႏုိင္ငံတဝွမ္း ကူးစက္ခံရသူေပါင္း ၁,၆၀၀ ေက်ာ္ထိ ရွိသြားၿပီျဖစ္ပါတယ္။ ျပည္ပခရီးသြားရာဇဝင္မရွိ- ပိုးေတြ႔လူနာနဲ႔ တိုက္႐ိုက္ထိေတြ႔ ဆက္စပ္မႈမရွိသူေတြမွာပါ ကို႐ိုနာဗိုင္းရပ္စ္ ပိုး ကူးစက္လာေနတဲ့အတြက္ ျပည္သူလူထုအေနနဲ႔ အျပင္မထြက္ၾကဘဲ ေနအိမ္ေတြထဲမွာပဲေနၾကဖို႔ Stay at Home အမိန္႔ထုတ္တာ၊ အသြားအလာ ကန္႔သတ္မႈ Lock Down ခ်တာေတြ စတဲ့ ကာကြယ္မႈေတြ တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ေနတာပါ။
ဒီကေန႔မွာေတာ့ က်န္းမာေရးဝန္ၾကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာနနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ လူမႈအဖြဲ႔ေတြ ပူးေပါင္းၿပီး ရန္ကုန္တုိင္းတြင္းက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ကိုဗစ္၁၉ ကူးစက္ခံရသူနဲ႔ ထိေတြ႔မႈရွိ-မရွိ လူထုၾကား Contact Tracing ေျခရာေကာက္ စစ္ေဆးမႈေတြ စတင္ပါတယ္။ ဒီလိုလူထုၾကား ဘာေၾကာင့္ Contact Tracing အိမ္တိုင္ယာေရာက္ စစ္ေဆးေနရပါသလဲဆိုတာကိုေတာ့ ကိုဗစ္ကာလ ဖ်ားနာလူနာ အခမဲ့ကုသေပးေနတဲ့ Community Fever Clinic ရန္ကုန္ရဲ႕ တာဝန္ခံဆရာဝန္ေဒါက္တာေက်ာ္မင္းထြန္းက ရွင္းျပပါတယ္။
"အဓိက ကိုဗစ္ ၁၉ postive ျဖစ္တဲ့ၿမိဳ႕နယ္ Contact Tracing ကေလ က်ေနာ္တို႔ ကားၾကီးေတြနဲ႔ ရပ္ကြက္ေတြသြားမယ္။ အဖ်ားေတြ တုိင္းမယ္။Data ေလးေတြ ေကာက္မယ္ေပါ့။ ခရီးသြားရာဇဝင္ရွိလား မရွိဘူးလား။ ဖ်ားလား မဖ်ားဘူးလား။ COVID 19 ေရာဂါလကၡဏာ တူလား မတူဘူးလားေပါ့။ Contact Tracing အေနနဲ႔ ေပါ့စတစ္လူနာနဲ႔ ထိေတြ႔မႈရွိ-မရွိေပါ့ေနာ္။ ဒီ Hidden Case ေပါ့ေနာ္ ဒီျမဳပ္ေနတာေတြ အိမ္ေတြမွာ ေအာင္းေနတဲ့ ေက့စ္ေတြကို မစစ္မေနရ စစ္ရမယ့္ case ေတြ ထြက္လာမယ္ဆိုေတာ့ အိမ္မွာ ဘယ္ႏွစ္ေယာက္ ဖ်ားေနလဲထြက္လာမယ္ ၿပီးေတာ့ Contact ဘယ္ႏွစ္ေယာက္ရွိလဲ ထြက္လာမယ္။ ကိုဗစ္၁၉ ေပါ့စတစ္ျဖစ္ႏုိင္တဲ့ သံသယလူနာေတြထြက္လာႏိုင္ပါတယ္။ ေျပာမယ္ဆိုရင္ အားသာခ်က္ေတြကေတာ့ အမ်ားၾကီးပဲေပါ့ တခုပဲ အားနည္းခ်က္တခုကေတာ့ လူစုလူေဝး စုေဝးၾကသလိုပံုစံမ်ိဳးေတာ့ ျဖစ္သြားမယ္။ ဒါေၾကာင့္လာမယ္ဆိုရင္ အကာအကြယ္အျပည့္အစံုနဲ႔Mask တခုတည္းမဟုတ္ဘဲ Face Shield ေနာက္ အုပ္ေဆာင္းေတြ လက္အိတ္ေလးေတြနဲ႔ ျဖစ္ႏုိင္ရင္ Apron အေရွ႕မွာ ကာထားတဲ့ ဝတ္စံုေလးေတြနဲ႔ အကာအကြယ္အျပည့္အစံုနဲ႔ လာေရာက္စစ္ေဆးခံပါ။ ကိုယ္ျဖစ္ေနတာကို သတင္းအခ်က္အလက္ အမွန္အကန္အတိအက်ေပးပါ။ ဥပမာ ကိုယ္က ခရီးကျပန္လာတယ္ ကိုဗစ္နဲ႔ေရာဂါလကၡဏာတူတဲ့ အနံ႔မရဘူး၊ ေခ်ာင္းဆိုးတယ္၊ ေမာတယ္ တခုခုျဖစ္တယ္ဆိုရင္ သတင္းအခ်က္အလက္အမွန္ကန္ေလးေပးပါလို႔ အၾကံျပဳခ်င္ပါတယ္။"
ရန္ကုန္တိုင္းတြင္း ဒီကေန႔ ကိုဗစ္၁၉ ကူးစက္ခံရသူနဲ႔ ထိေတြ႔မႈရွိ-မရွိ လူထုၾကား Contact Tracing စတင္စစ္ေဆးမႈေတြထဲ ကနဦးၿမိဳ႕နယ္ တၿမိဳ႕နယ္ထဲ ပါဝင္တဲ့သကၤန္းကၽြန္းၿမိဳ႕နယ္ရဲ႕ စစ္ေဆးမႈအေျခအေနကို လူထုကို ေစတနာ့ဝန္ထမ္းေဆးကုသမႈေပးေနတဲ့ ဆရာဝန္ေဒါက္တာေက်ာ္စြာဦးက ေျပာျပပါတယ္။
"က်ေနာ္တို႔ သကၤန္းကၽြန္းကေတာ့ ဒါ ပထမဆံုး Pilot ေပါ့ေလ၊ ေရွးဦးအေနနဲ႔ စလုပ္ပါတယ္။ အားလံုး (၁၀) ရပ္ကြက္ပါ။အဓိကကေတာ့ အဖ်ားတိုင္းတဲ့ စက္ပါတဲ့ ကားၾကီးေတြနဲ႔ အဖ်ားတိုင္းၿပီး ရာဇဝင္ေတြေမးတာေပါ့ေနာ္။ စာရြက္ေလးေတြနဲ႔ ျဖည့္ခုိင္းတာေပါ့ေနာ္။ အဲ့ဒီ့အထဲမွာ ဥပမာ ဖ်ားတယ္တို႔ သံသယအေနနဲ႔ေတြ႔တယ္ဆိုရင္ ဆြဲထုတ္ၿပီး လိုအပ္လို႔ရွိရင္ သတ္မွတ္ထားတဲ့ Category ထဲ ဝင္တယ္ဆိုရင္Swab Test အာေခါင္တို႔ဖတ္ ႏွာေခါင္းတို႔ဖတ္ ယူမယ္ေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့လည္း လူစုလူေဝးနဲ႔ လာစစ္တာကို ေၾကာက္တာေပါ့ေနာ္ အဲ့လိုမ်ိဳးမစစ္ဘူး။ တခ်ိဳ႕က်ေတာ့လည္း အလုပ္ေတြဖ်က္လို႔မရတာ ခြင့္ယူလို႔မရတာေတြေနာက္ တခ်ိဳ႕ကလည္း တိုက္ခန္းေတြဆိုေတာ့ အသက္ၾကီးေတာ့ ေအာက္ဆင္းလို႔မရတာေတြ အဲ့တာေလးေတြေတာ့ရွိတာေပါ့ လာေတာ့လာစစ္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလို Surveillance လုပ္မွပဲ တခ်ိဳ႕ေက့စ္ေတြ ထြက္လာႏိုင္တာေပါ့ေနာ္။"
ရန္ကုန္တိုင္းက ၿမိဳ႕နယ္ ရပ္ကြက္အေတာ္ေတာ္မ်ားမ်ားမွာ ေနထိုင္တဲ့ရန္ကုန္ၿမိဳ႕ခံလူထုကို မျဖစ္မေန က်န္းမာေရးလာေရာက္ စစ္ေဆးၾကဖို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြရဲ႕ႏိုးေဆာ္ ေဆာ္ၾသခ်က္ေတြနဲ႔ လမ္းေတြတိုင္းလိုလိုမွာ ဒီကေန႔ Contact Tracing ကိုယ္တုိင္ သြားေရာက္စစ္ေဆးခံသူေတြထဲ က်မတို႔ရဲ႕ ဗီြအိုေအျမန္မာပိုင္းက V Log အစီအစဥ္တင္ဆက္သူ ေနာ္သဇင္လည္း ပါဝင္ပါတယ္။ ေနာ္သဇင္က လူေတြရာခ်ီ လမ္းမေတြထက္ စုေဝး အုပ္စုလိုက္ၾကီး အခ်ိန္ၾကာျမင့္စြာနဲ႔ ေစာင့္ဆိုင္း အစစ္ေဆးခံရမယ့္အစား အမ်ားျပည္သူလူထု ဒီ့ထက္ပိုအဆင္ေျပေအာင္ က်န္းမာေရးနဲ႔ ညီညႊတ္ေအာင္ ေရာဂါပိုးမကူးစက္ရေအာင္ အခ်ိန္သတ္မွတ္ခ်က္ေတြနဲ႔ လုပ္ေဆာင္သင့္တယ္လို႔ အၾကံျပဳပါတယ္။
"ဒီေန႔လုပ္မယ့္အစီအစဥ္ဆို မေန႔ညကတည္းက ေအာ္လံနဲ႔ လိုက္ေအာ္တာ။ အစက ညီမက မသြားေတာ့ဘူးလားေပါ့။ အိမ္မွာဆိုေတာ့ တျခား Contact လည္းမရွိဘူး။ Work From Home ပဲ လုပ္တာဆိုေတာ့ ေနာက္ မနက္ကတခါ ေအာ္လံေတြနဲ႔ လိုက္ေအာ္ျပန္ေတာ့ သြားလိုက္တယ္ေပါ့ေနာ္။ က်န္းမာေရးဝန္ၾကီးဌာနက လုပ္ေပးတယ္ေျပာတယ္။ ေစာင့္ရတာ ၁ နာရီေက်ာ္ေက်ာ္ေလာက္ၾကမယ္။ လူေတြက အမ်ားၾကီးပဲ ရာနဲ႔ခ်ီမယ္လို႔ထင္တယ္ တန္းစီေနၾကတာ။ လူေတြက ပူးေပါင္းပါဝင္မႈရွိတယ္ ရွိလြန္းလို႔ေတာင္ ခက္တယ္ေျပာရမယ္။ ကေလးေလး ပိစိေကြးေလးေတြကအစ လူၾကီး အသက္ၾကီးတဲ့သူေတြအထိ ပါဝင္လာၾကတယ္ဆိုေတာ့ ပူးေပါင္းပါဝင္မႈအားက ေကာင္းတယ္။ ဒါေပမဲ့ အႏၱရာယ္ရွိတဲ့အေျခအေနတခုလို႔ သဇင္ထင္တယ္။ တကယ္လို႔ အကုန္လံုး စစ္ေဆးမႈမွာ ပါေစခ်င္တယ္ လံုျခံဳေစခ်င္တယ္ဆိုရင္ ဥပမာ ေလးေထာင့္ကန္ဆို ဘယ္နွစ္နာရီေလာက္ လာပါ။ ၿပီးေတာ့ ေနာက္ထပ္တလမ္းဆို ဘယ္ႏွစ္နာရီေလာက္ လာပါေပါ့။ အပိုင္းလိုက္ နာရီလိုက္ခြဲၿပီး လာခိုင္းမယ္ဆိုရင္ ဒီကူးစက္မႈအႏၱရာယ္က ပိုၿပီးေတာ့နည္းမယ္လို႔ ထင္တယ္။"
ျမန္မာႏုိင္ငံတဝွမ္း ျပည္နယ္နဲ႔ တိုင္းေတြထဲ ကမာၻ႔ကပ္ေရာဂါကိုဗစ္ ၁၉ ကူးစက္မႈႏႈန္းမ်ားလာခ်ိန္မွာ၊ ပိုးေတြ႔လူနာသစ္ေတြ အုပ္စုလိုက္ ရွာေဖြေတြ႔ရွိေနတဲ့ ရန္ကုန္တုိင္းတြင္း ခရိုင္ၿမိဳ႕နယ္အလိုက္ ေရာဂါပိုးကူးစက္မႈ ၾကိဳတင္ကာကြယ္ေရး အစီအစဥ္ေတြကို အိမ္တိုင္ယာေရာက္ က်န္းမာေရးစစ္ေဆးမႈေတြကို အရွိန္အဟုန္ျမင့္လုပ္ေဆာင္ေနတာပါ။ ဒါေပမဲ့လည္း ဒီ ဒုတိယအႀကိမ္ တေက်ာ့ျပန္ကူးစက္မႈေတြၾကား တင္းၾကပ္ကန႔္သတ္မႈေတြ တိုးလာတဲ့အတြက္ျပည္သူေတြေန႔စဥ္လူေနမႈ အခက္အခဲႀကဳံလာၾကရတာေၾကာင့္ ဒီအေျခအေနအေပၚ ေရရွည္ထိန္းခ်ဳပ္ႏုိင္ပါ့မလားဆိုၿပီး ရန္ကုန္ၿမိဳ႕ခံလူထုဘက္ကေတာ့ စိုးရိမ္မႈေတြျမင့္တက္လာေနၾကပါတယ္။
[Unicode Version]
ရန်ကုန်တိုင်းတွင်း ကိုဗစ်ရောဂါပိုးခြေရာကောက်စစ်ဆေးမှုတွေ လုပ်ဆောင်
ကိုဗစ်ရောဂါပိုး ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့ ရန်ကုန်တိုင်းတွင်းက မြို့နယ်အတော်များများမှာ ရောဂါပိုးတွေ့ထားသူတွေနဲ့ ထိစပ်မှုရှိမရှိ ခြေရာကောက် စစ်ဆေးမှုတွေနဲ့ ကျန်းမာရေးဆေးစစ်မှုတွေ ဒီကနေ့လိုက်လံ လုပ်ဆောင်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က မေးမြန်းထားတာကို တင်ဆက်ပေးပါမယ်။
ကမ္ဘာ့ကပ်ရောဂါ COVID 19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဒီသီတင်းပတ်အတွင်းမှာကို နေ့စဉ်ရက်စက်ဆိုသလို လူ ၁၀၀ ကျော် အုပ်စုလိုက်ပိုးတွေ့ရှိမှု မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံတဝှမ်း ကူးစက်ခံရသူပေါင်း ၁,၆၀၀ ကျော်ထိ ရှိသွားပြီဖြစ်ပါတယ်။ ပြည်ပခရီးသွားရာဇဝင်မရှိ- ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိတွေ့ ဆက်စပ်မှုမရှိသူတွေမှာပါ ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်လာနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ အပြင်မထွက်ကြဘဲ နေအိမ်တွေထဲမှာပဲနေကြဖို့ Stay at Home အမိန့်ထုတ်တာ၊ အသွားအလာ ကန့်သတ်မှု Lock Down ချတာတွေ စတဲ့ ကာကွယ်မှုတွေ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေတာပါ။
ဒီကနေ့မှာတော့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ လူမှုအဖွဲ့တွေ ပူးပေါင်းပြီး ရန်ကုန်တိုင်းတွင်းက မြို့နယ်အတော်များများမှာ ကိုဗစ်၁၉ ကူးစက်ခံရသူနဲ့ ထိတွေ့မှုရှိ-မရှိ လူထုကြား Contact Tracing ခြေရာကောက် စစ်ဆေးမှုတွေ စတင်ပါတယ်။ ဒီလိုလူထုကြား ဘာကြောင့် Contact Tracing အိမ်တိုင်ယာရောက် စစ်ဆေးနေရပါသလဲဆိုတာကိုတော့ ကိုဗစ်ကာလ ဖျားနာလူနာ အခမဲ့ကုသပေးနေတဲ့ Community Fever Clinic ရန်ကုန်ရဲ့ တာဝန်ခံဆရာဝန်ဒေါက်တာကျော်မင်းထွန်းက ရှင်းပြပါတယ်။
"အဓိက ကိုဗစ် ၁၉ postive ဖြစ်တဲ့မြို့နယ် Contact Tracing ကလေ ကျနော်တို့ ကားကြီးတွေနဲ့ ရပ်ကွက်တွေသွားမယ်။ အဖျားတွေ တိုင်းမယ်။Data လေးတွေ ကောက်မယ်ပေါ့။ ခရီးသွားရာဇဝင်ရှိလား မရှိဘူးလား။ ဖျားလား မဖျားဘူးလား။ COVID 19 ရောဂါလက္ခဏာ တူလား မတူဘူးလားပေါ့။ Contact Tracing အနေနဲ့ ပေါ့စတစ်လူနာနဲ့ ထိတွေ့မှုရှိ-မရှိပေါ့နော်။ ဒီ Hidden Case ပေါ့နော် ဒီမြုပ်နေတာတွေ အိမ်တွေမှာ အောင်းနေတဲ့ ကေ့စ်တွေကို မစစ်မနေရ စစ်ရမယ့် case တွေ ထွက်လာမယ်ဆိုတော့ အိမ်မှာ ဘယ်နှစ်ယောက် ဖျားနေလဲထွက်လာမယ် ပြီးတော့ Contact ဘယ်နှစ်ယောက်ရှိလဲ ထွက်လာမယ်။ ကိုဗစ်၁၉ ပေါ့စတစ်ဖြစ်နိုင်တဲ့ သံသယလူနာတွေထွက်လာနိုင်ပါတယ်။ ပြောမယ်ဆိုရင် အားသာချက်တွေကတော့ အများကြီးပဲပေါ့ တခုပဲ အားနည်းချက်တခုကတော့ လူစုလူဝေး စုဝေးကြသလိုပုံစံမျိုးတော့ ဖြစ်သွားမယ်။ ဒါကြောင့်လာမယ်ဆိုရင် အကာအကွယ်အပြည့်အစုံနဲ့Mask တခုတည်းမဟုတ်ဘဲ Face Shield နောက် အုပ်ဆောင်းတွေ လက်အိတ်လေးတွေနဲ့ ဖြစ်နိုင်ရင် Apron အရှေ့မှာ ကာထားတဲ့ ဝတ်စုံလေးတွေနဲ့ အကာအကွယ်အပြည့်အစုံနဲ့ လာရောက်စစ်ဆေးခံပါ။ ကိုယ်ဖြစ်နေတာကို သတင်းအချက်အလက် အမှန်အကန်အတိအကျပေးပါ။ ဥပမာ ကိုယ်က ခရီးကပြန်လာတယ် ကိုဗစ်နဲ့ရောဂါလက္ခဏာတူတဲ့ အနံ့မရဘူး၊ ချောင်းဆိုးတယ်၊ မောတယ် တခုခုဖြစ်တယ်ဆိုရင် သတင်းအချက်အလက်အမှန်ကန်လေးပေးပါလို့ အကြံပြုချင်ပါတယ်။"
ရန်ကုန်တိုင်းတွင်း ဒီကနေ့ ကိုဗစ်၁၉ ကူးစက်ခံရသူနဲ့ ထိတွေ့မှုရှိ-မရှိ လူထုကြား Contact Tracing စတင်စစ်ဆေးမှုတွေထဲ ကနဦးမြို့နယ် တမြို့နယ်ထဲ ပါဝင်တဲ့သင်္ကန်းကျွန်းမြို့နယ်ရဲ့ စစ်ဆေးမှုအခြေအနေကို လူထုကို စေတနာ့ဝန်ထမ်းဆေးကုသမှုပေးနေတဲ့ ဆရာဝန်ဒေါက်တာကျော်စွာဦးက ပြောပြပါတယ်။
"ကျနော်တို့ သင်္ကန်းကျွန်းကတော့ ဒါ ပထမဆုံး Pilot ပေါ့လေ၊ ရှေးဦးအနေနဲ့ စလုပ်ပါတယ်။ အားလုံး (၁၀) ရပ်ကွက်ပါ။အဓိကကတော့ အဖျားတိုင်းတဲ့ စက်ပါတဲ့ ကားကြီးတွေနဲ့ အဖျားတိုင်းပြီး ရာဇဝင်တွေမေးတာပေါ့နော်။ စာရွက်လေးတွေနဲ့ ဖြည့်ခိုင်းတာပေါ့နော်။ အဲ့ဒီ့အထဲမှာ ဥပမာ ဖျားတယ်တို့ သံသယအနေနဲ့တွေ့တယ်ဆိုရင် ဆွဲထုတ်ပြီး လိုအပ်လို့ရှိရင် သတ်မှတ်ထားတဲ့ Category ထဲ ဝင်တယ်ဆိုရင်Swab Test အာခေါင်တို့ဖတ် နှာခေါင်းတို့ဖတ် ယူမယ်ပေါ့နော်။ တချို့ကျတော့လည်း လူစုလူဝေးနဲ့ လာစစ်တာကို ကြောက်တာပေါ့နော် အဲ့လိုမျိုးမစစ်ဘူး။ တချို့ကျတော့လည်း အလုပ်တွေဖျက်လို့မရတာ ခွင့်ယူလို့မရတာတွေနောက် တချို့ကလည်း တိုက်ခန်းတွေဆိုတော့ အသက်ကြီးတော့ အောက်ဆင်းလို့မရတာတွေ အဲ့တာလေးတွေတော့ရှိတာပေါ့ လာတော့လာစစ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို Surveillance လုပ်မှပဲ တချို့ကေ့စ်တွေ ထွက်လာနိုင်တာပေါ့နော်။"
ရန်ကုန်တိုင်းက မြို့နယ် ရပ်ကွက်အတော်တော်များများမှာ နေထိုင်တဲ့ရန်ကုန်မြို့ခံလူထုကို မဖြစ်မနေ ကျန်းမာရေးလာရောက် စစ်ဆေးကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့နိုးဆော် ဆော်သြချက်တွေနဲ့ လမ်းတွေတိုင်းလိုလိုမှာ ဒီကနေ့ Contact Tracing ကိုယ်တိုင် သွားရောက်စစ်ဆေးခံသူတွေထဲ ကျမတို့ရဲ့ ဗွီအိုအေမြန်မာပိုင်းက V Log အစီအစဉ်တင်ဆက်သူ နော်သဇင်လည်း ပါဝင်ပါတယ်။ နော်သဇင်က လူတွေရာချီ လမ်းမတွေထက် စုဝေး အုပ်စုလိုက်ကြီး အချိန်ကြာမြင့်စွာနဲ့ စောင့်ဆိုင်း အစစ်ဆေးခံရမယ့်အစား အများပြည်သူလူထု ဒီ့ထက်ပိုအဆင်ပြေအောင် ကျန်းမာရေးနဲ့ ညီညွှတ်အောင် ရောဂါပိုးမကူးစက်ရအောင် အချိန်သတ်မှတ်ချက်တွေနဲ့ လုပ်ဆောင်သင့်တယ်လို့ အကြံပြုပါတယ်။
"ဒီနေ့လုပ်မယ့်အစီအစဉ်ဆို မနေ့ညကတည်းက အော်လံနဲ့ လိုက်အော်တာ။ အစက ညီမက မသွားတော့ဘူးလားပေါ့။ အိမ်မှာဆိုတော့ တခြား Contact လည်းမရှိဘူး။ Work From Home ပဲ လုပ်တာဆိုတော့ နောက် မနက်ကတခါ အော်လံတွေနဲ့ လိုက်အော်ပြန်တော့ သွားလိုက်တယ်ပေါ့နော်။ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပေးတယ်ပြောတယ်။ စောင့်ရတာ ၁ နာရီကျော်ကျော်လောက်ကြမယ်။ လူတွေက အများကြီးပဲ ရာနဲ့ချီမယ်လို့ထင်တယ် တန်းစီနေကြတာ။ လူတွေက ပူးပေါင်းပါဝင်မှုရှိတယ် ရှိလွန်းလို့တောင် ခက်တယ်ပြောရမယ်။ ကလေးလေး ပိစိကွေးလေးတွေကအစ လူကြီး အသက်ကြီးတဲ့သူတွေအထိ ပါဝင်လာကြတယ်ဆိုတော့ ပူးပေါင်းပါဝင်မှုအားက ကောင်းတယ်။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့အခြေအနေတခုလို့ သဇင်ထင်တယ်။ တကယ်လို့ အကုန်လုံး စစ်ဆေးမှုမှာ ပါစေချင်တယ် လုံခြုံစေချင်တယ်ဆိုရင် ဥပမာ လေးထောင့်ကန်ဆို ဘယ်နှစ်နာရီလောက် လာပါ။ ပြီးတော့ နောက်ထပ်တလမ်းဆို ဘယ်နှစ်နာရီလောက် လာပါပေါ့။ အပိုင်းလိုက် နာရီလိုက်ခွဲပြီး လာခိုင်းမယ်ဆိုရင် ဒီကူးစက်မှုအန္တရာယ်က ပိုပြီးတော့နည်းမယ်လို့ ထင်တယ်။"
မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့ တိုင်းတွေထဲ ကမ္ဘာ့ကပ်ရောဂါကိုဗစ် ၁၉ ကူးစက်မှုနှုန်းများလာချိန်မှာ၊ ပိုးတွေ့လူနာသစ်တွေ အုပ်စုလိုက် ရှာဖွေတွေ့ရှိနေတဲ့ ရန်ကုန်တိုင်းတွင်း ခရိုင်မြို့နယ်အလိုက် ရောဂါပိုးကူးစက်မှု ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေကို အိမ်တိုင်ယာရောက် ကျန်းမာရေးစစ်ဆေးမှုတွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေတာပါ။ ဒါပေမဲ့လည်း ဒီ ဒုတိယအကြိမ် တကျော့ပြန်ကူးစက်မှုတွေကြား တင်းကြပ်ကန့်သတ်မှုတွေ တိုးလာတဲ့အတွက်ပြည်သူတွေနေ့စဉ်လူနေမှု အခက်အခဲကြုံလာကြရတာကြောင့် ဒီအခြေအနေအပေါ် ရေရှည်ထိန်းချုပ်နိုင်ပါ့မလားဆိုပြီး ရန်ကုန်မြို့ခံလူထုဘက်ကတော့ စိုးရိမ်မှုတွေမြင့်တက်လာနေကြပါတယ်။