(Zawgyi / Unicode)
ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာလ ၆ ရက္ ည ၈ နာရီ ထုတ္ျပန္ေၾကညာခ်က္အရ COVID-19 လူနာသစ္ အေယာက္ ၁၀၀ ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ ကူးစက္သူ စုစုေပါင္း ၁,၄၁၉ ဦး ရွိပါတယ္။
စက္တင္ဘာလ ၆ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာ ၂၀၂၀ ခုကို စစ္ေဆးခဲ့ၿပီး အခုလို အေယာက္ ၁၀၀ အတည္ျပဳလိုက္တာပါ။
ဓာတ္ခြဲအတည္ျပဳ လူနာအသစ္ေတြနဲ႔ ပတ္သက္တဲ့ အေသးစိတ္ အခ်က္လက္ေတြကို ဆက္လက္ထုတ္ျပန္ေပးသြားမယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
မေန႔ စက္တင္ဘာလ ၅ ရက္ေန႔ ညေနပိုင္းမွာ ဆီးခ်ိဳေရာဂါအခံရွိတဲ့ အသက္ ၆၇ ႏွစ္အရြယ္ ဓာတ္ခြဲအတည္ျပဳလူနာ အမွတ္ ၁၂၃၆ ဟာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္႐ွဴလမ္းေၾကာင္း ပ်က္စီး၊ နာတာရွည္ ေက်ာက္ကပ္ပ်က္စီးၿပီး ေသဆုံးသြားခဲ့တဲ့အတြက္ ျမန္မာႏုိင္ငံမွာ အခုထိ COVID-19 ေၾကာင့္ ေသဆုံးသူ ၈ ဦးရွိၿပီျဖစ္ပါတယ္။
စက္တင္ဘာလ ၆ ရက္ေန႔ တရက္တည္းအတြက္ အတည္ျပဳလူနာ စုစုေပါင္း ၁၆၆ ေယာက္ရွိၿပီး ေစာင့္ၾကည့္လူနာက ၁၄၂ ေယာက္ရွိပါတယ္။ အတည္ျပဳလူနာေတြထဲ ေရာဂါပိုးကင္းစင္လာသူက ၃၈၅ ေယာက္ ရွိပါတယ္။
----------------------------
(Unicode)
မြန်မာကိုဗစ်အတည်ပြု ၁၀၀ ထပ်တိုးပြီး သေဆုံးသူ ၈ ဦးရှိလာ
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ကြေညာချက်အရ COVID-19 လူနာသစ် အယောက် ၁၀၀ ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၁,၄၁၉ ဦး ရှိပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၀၂၀ ခုကို စစ်ဆေးခဲ့ပြီး အခုလို အယောက် ၁၀၀ အတည်ပြုလိုက်တာပါ။
ဓာတ်ခွဲအတည်ပြု လူနာအသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်လက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ ဆီးချိုရောဂါအခံရှိတဲ့ အသက် ၆၇ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၂၃၆ ဟာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီး၊ နာတာရှည် ကျောက်ကပ်ပျက်စီးပြီး သေဆုံးသွားခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ အခုထိ COVID-19 ကြောင့် သေဆုံးသူ ၈ ဦးရှိပြီဖြစ်ပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ တရက်တည်းအတွက် အတည်ပြုလူနာ စုစုပေါင်း ၁၆၆ ယောက်ရှိပြီး စောင့်ကြည့်လူနာက ၁၄၂ ယောက်ရှိပါတယ်။ အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူက ၃၈၅ ယောက် ရှိပါတယ်။