သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံတဝန္း ကုိဗစ္ကူးစက္သူ ၆၆ ဦးတုိး၊ ၁ ဦးေသ


ရခုိင္ျပည္နယ္ စစ္ေတြေဆး႐ုံႀကီး အဝင္ဝမွာ ကုိယ္အပူခ်ိန္ တုိင္းတာေပးေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၆၆ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္းနဲ႔ ေသဆုံးသူ ၁ ဦးရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္တင္ဘာ ၆ ရက္၊ တနဂၤေႏြေန႔မနက္ ၈ နာရီခြဲမွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၁,၃၁၉ ဦးနဲ႔ ေသဆုံးသူ စုစုေပါင္း ၈ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၆ ရက္ မနက္ ၈း၃၀ အခ်ိန္ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၆ ရက္ မနက္ ၈း၃၀ အခ်ိန္ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)

အခု ေသဆုံးသြားတဲ့သူဟာ သဃၤန္းကၽြန္း စံျပေဆး႐ုံႀကီးမွာ တက္ေရာက္ကုသမႈ ခံယူေနတဲ့ အသက္ ၄၆ ႏွစ္အရြယ္ ဓာတ္ခြဲအတည္ျပဳလူနာ အမွတ္ ၁,၂၃၆ ျဖစ္ၿပီး ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္႐ွဴလမ္းေၾကာင္း ပ်က္စီးျခင္း၊ နာတာရွည္ ေက်ာက္ကပ္ပ်က္စီးျခင္းနဲ႔ ဆီးခ်ိဳေရာဂါ အခံရွိၿပီး စက္တင္ဘာလ ၅ ရက္ေန႔ ညေန ၃ နာရီထုိးခါနီးမွာ ကြယ္လြန္သြားခဲ့တာလုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ အသစ္ေတြ႔ရွိတဲ့ လူနာေတြထဲမွာ ရန္ကုန္တုိင္းက လူနာ ၆၀ ဦးန႔ဲ အမ်ားဆုံးျဖစ္ၿပီး ရခုိင္ျပည္နယ္က ၃ ဦး၊ ဧရာဝတီတုိင္းက ၂ ဦးနဲ႔ ကရင္ျပည္နယ္က ၁ ဦး အသီးသီး ျဖစ္ၾကပါတယ္။

စက္တင္ဘာလ ၅ ရက္ေန႔က ဓာတ္ခြဲမႈနမူနာ ၃,၁၆၅ ခု စစ္ေဆးအၿပီးမွာ အခုလူနာ ၆၆ ဦး စမ္းသပ္ ေတြ႔ရွိခဲ့တာလုိ႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ မေန႔ စေနည ၈ နာရီ ထုတ္ျပန္ ေၾကညာခ်က္မွာ ေနျပည္ေတာ္ အပါအဝင္ ျမန္မာႏုိင္ငံတဝန္း COVID-19 ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၇ ေယာက္ ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ မေန႔ကတရက္တည္း စုစုေပါင္း COVID-19 ဗုိင္းရပ္စ္ကူးစက္သူ ၁၀၃ ဦး ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံတဝန္း COVID-19 ကူးစက္သူ လူနာ စုစုေပါင္း ၁,၃၁၉ ဦး ရွိတဲ့အထဲက ကုသမႈခံယူၿပီး ေရာဂါပုိးကင္းစင္လာသူ ၃၇၁ ဦးနဲ႔ ေသဆုံးစု ၈ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ဒုတိယလႈိင္းအသြင္နဲ႔ ျပန္လည္ကူးစက္ေနတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ဟာ ျပည္ပခရီးသြားရာဇဝင္မရွိတဲ့ ျပည္တြင္းကူးစက္မႈေတြ ျဖစ္တာေၾကာင့္ အမ်ားျပည္သူအေနနဲ႔ က်န္းမာေရးကုိ အထူးဂ႐ုစုိက္ၾကဖုိ႔၊ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ သက္ဆုိင္ရာ အာဏာပုိင္ေတြက ျပ႒ာန္းထားတဲ့ ကပ္ေရာဂါဆုိင္ရာ ကန္႔သတ္ခ်က္ေတြကုိ အထူးလုိက္နာၾကဖုိ႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ ကုိဗစ္ျဖစ္တယ္လုိ႔ သံသယရွိသူေတြ အေနနဲ႔ ကုိယ့္သေဘာနဲ႔ကုိယ္ ႀကိတ္ၿပီး ေဆးကုတာမ်ဳိး မလုပ္ဘဲ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းေတြမွာ အခ်ိန္မီျပသၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြကလည္း သတိေပး ေျပာဆုိေနၾကပါတယ္။

------------------------------------

(Unicode)

နိုင်ငံတဝန်း ကိုဗစ်ကူးစက်သူ ၆၆ ဦးတိုး၊ ၁ ဦးသေ

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနဲ့ သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့မနက် ၈ နာရီခွဲမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁,၃၁၉ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။

အခု သေဆုံးသွားတဲ့သူဟာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ အသက် ၄၆ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁,၂၃၆ ဖြစ်ပြီး ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းနဲ့ ဆီးချိုရောဂါ အခံရှိပြီး စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီထိုးခါနီးမှာ ကွယ်လွန်သွားခဲ့တာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အသစ်တွေ့ရှိတဲ့ လူနာတွေထဲမှာ ရန်ကုန်တိုင်းက လူနာ ၆၀ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၃ ဦး၊ ဧရာဝတီတိုင်းက ၂ ဦးနဲ့ ကရင်ပြည်နယ်က ၁ ဦး အသီးသီး ဖြစ်ကြပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ဓာတ်ခွဲမှုနမူနာ ၃,၁၆၅ ခု စစ်ဆေးအပြီးမှာ အခုလူနာ ၆၆ ဦး စမ်းသပ် တွေ့ရှိခဲ့တာလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ စနေည ၈ နာရီ ထုတ်ပြန် ကြေညာချက်မှာ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတဝန်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် မနေ့ကတရက်တည်း စုစုပေါင်း COVID-19 ဗိုင်းရပ်စ်ကူးစက်သူ ၁၀၃ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း COVID-19 ကူးစက်သူ လူနာ စုစုပေါင်း ၁,၃၁၉ ဦး ရှိတဲ့အထဲက ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၃၇၁ ဦးနဲ့ သေဆုံးစု ၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယလှိုင်းအသွင်နဲ့ ပြန်လည်ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ပြည်တွင်းကူးစက်မှုတွေ ဖြစ်တာကြောင့် အများပြည်သူအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြဋ္ဌာန်းထားတဲ့ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို အထူးလိုက်နာကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ဖြစ်တယ်လို့ သံသယရှိသူတွေ အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိတ်ပြီး ဆေးကုတာမျိုး မလုပ်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်မီပြသကြဖို့ ကျန်းမာရေးပညာရှင်တွေကလည်း သတိပေး ပြောဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG