သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တုိင္းက ၂၇ ဦး အပါအဝင္ ကိုဗစ္ကူးစက္သူ ၃၇ ဦးထပ္တိုး


ရန္ကုန္ၿမိဳ႕ လႈိင္တကၠသိုလ္ထဲက ကြာရမ္တင္းစင္တာမွာ COVID-19 စစ္ေဆးဖုိ႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း တိုင္းေဒသႀကီး ၃ ခု၊ ျပည္နယ္ ၂ ခုနဲ႔ ေနျပည္ေတာ္တို႔မွာ ကိုဗစ္ေရာဂါ ကူးစက္သူ ေနာက္ထပ္ ၃၇ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီေက်ာ္မွာ သတင္းထုတ္ျပန္ပါတယ္။

ဓာတ္ခြဲနမူနာ စုစုေပါင္း ၁,၆၉၁ ခုကို စစ္ေဆးခဲ့တာမွာ အခုလို ေနာက္ထပ္ကူးစက္သူေတြ ေတြ႔ရတာေၾကာင့္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၁,၂၅၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၅ ရက္၊ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၅ ရက္၊ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)

အခု ၃၇ ဦးမွာ ရန္ကုန္တိုင္းက ၂၇ ဦး၊ ရခိုင္ျပည္နယ္က ၆ ဦး၊ မႏၲေလးတိုင္း၊ ဧရာဝတီတိုင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းနဲ႔ ေနျပည္ေတာ္တို႔က ၁ ဦးစီ ပါဝင္ပါတယ္။

အဲဒီထဲမွာ ရန္ကုန္တိုင္း၊ ပန္းဘဲတန္းၿမိဳ႕နယ္က ၁ ဦးဟာ ျပည္ပႏုိင္ငံက ျပန္လည္ေရာက္ရွိလာသူျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးမွာ အသြားအလာ ကန္႔သတ္ထားသူ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕နယ္က ၁ ဦးကေတာ့ ရခုိင္ျပည္နယ္ ခရီးသြားရာဇဝင္ရွိသူျဖစ္ၿပီး လား႐ိႈးၿမိဳ႕မွာ အသြားအလာ ကန္႔သတ္ထားသူ ျဖစ္တယ္လုိ႔ က်န္းမာေရးဌာနက ေျပာပါတယ္။

က်န္တဲ့ ၃၅ ဦးကေတာ့ ျပည္ပနဲ႔ ရခိုင္ျပည္နယ္ ခရီးသြားမွတ္တမ္း မရွိသူေတြျဖစ္ၿပီး ေရာဂါပိုး ကူးစက္ခံထားရသူေတြနဲ႔ ထိေတြ႔ထားသူေတြ ပါသလား ဆိုတာကေတာ့ အတိအက် မသိရေသးပါဘူး။

အခု ကူးစက္သူ ၃၇ ဦးနဲ႔ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ထပ္ၿပီး ထုတ္ျပန္သြားမယ္လုိ႔ က်န္းမာေရးဌာနက ေျပာထားပါတယ္။

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္းေတြထဲက ဓာတ္ခြဲစစ္ေဆးမႈ ၂ ႀကိမ္ဆက္တိုက္ ပိုးမေတြ႔သူ ၁၂ ဦး ထပ္တိုးတာေၾကာင့္ အခုခ်ိန္ထိဆိုရင္ စုစုေပါင္း ၃၇၁ ဦး ေရာဂါပိုး ကင္းစင္သြားၿပီျဖစ္ပါတယ္။

ကုိဗစ္ေရာဂါ ကူးစက္ခံထားရတဲ့ ဓာတ္ခြဲအတည္ျပဳ လူနာေတြထဲမွာ ေသဆံုးသူက ၇ ဦး ရွိပါတယ္။

-----------------------------

(Unicode)

ရန်ကုန်တိုင်းက ၂၇ ဦး အပါအဝင် ကိုဗစ်ကူးစက်သူ ၃၇ ဦးထပ်တိုး

မြန်မာနိုင်ငံတွင်း တိုင်းဒေသကြီး ၃ ခု၊ ပြည်နယ် ၂ ခုနဲ့ နေပြည်တော်တို့မှာ ကိုဗစ်ရောဂါ ကူးစက်သူ နောက်ထပ် ၃၇ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီကျော်မှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၆၉၁ ခုကို စစ်ဆေးခဲ့တာမှာ အခုလို နောက်ထပ်ကူးစက်သူတွေ တွေ့ရတာကြောင့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁,၂၅၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

အခု ၃၇ ဦးမှာ ရန်ကုန်တိုင်းက ၂၇ ဦး၊ ရခိုင်ပြည်နယ်က ၆ ဦး၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ နေပြည်တော်တို့က ၁ ဦးစီ ပါဝင်ပါတယ်။

အဲဒီထဲမှာ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်က ၁ ဦးဟာ ပြည်ပနိုင်ငံက ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အသွားအလာ ကန့်သတ်ထားသူ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က ၁ ဦးကတော့ ရခိုင်ပြည်နယ် ခရီးသွားရာဇဝင်ရှိသူဖြစ်ပြီး လားရှိုးမြို့မှာ အသွားအလာ ကန့်သတ်ထားသူ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ကျန်တဲ့ ၃၅ ဦးကတော့ ပြည်ပနဲ့ ရခိုင်ပြည်နယ် ခရီးသွားမှတ်တမ်း မရှိသူတွေဖြစ်ပြီး ရောဂါပိုး ကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ထားသူတွေ ပါသလား ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။

အခု ကူးစက်သူ ၃၇ ဦးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်ပြီး ထုတ်ပြန်သွားမယ်လို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဓာတ်ခွဲစစ်ဆေးမှု ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၁၂ ဦး ထပ်တိုးတာကြောင့် အခုချိန်ထိဆိုရင် စုစုပေါင်း ၃၇၁ ဦး ရောဂါပိုး ကင်းစင်သွားပြီဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ ဓာတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးသူက ၇ ဦး ရှိပါတယ်။

XS
SM
MD
LG