သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ Fever Clinic ေတြမွာ ကိုဗစ္ေရာဂါ အထူးသတိထား စစ္ေဆးေန


ရန္ကုန္ၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ Fever Clinic တခု။ (ဓာတ္ပုံ - Community Fever Clinic Yangon Network)

(Zawgyi / Unicode)

ကပ္ေရာဂါ COVID-19 ျပည္တြင္းကူးစက္မႈ တိုင္းနဲ႔ျပည္နယ္ ေတာ္ေတာ္မ်ားမ်ားမွာပါ ကူးစက္ပ်ံ႕ႏွံ႔တာေတြ ပိုမ်ားလာတဲ့အတြက္ ျပည္သူလူထုအေနနဲ႔ အထူးသတိထား ႀကိဳတင္ကာကြယ္ၾကဖို႔ ေဆးပညာရွင္ေတြက သတိေပးလိုက္ပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ကမာၻ႔ကပ္ေရာဂါ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ဒီသီတင္းပတ္အတြင္းမွာကို အုပ္စုလိုက္ ပုိးေတြ႔ရွိမႈ ျမင့္တက္လာတာေၾကာင့္ ျမန္မာႏုိင္ငံတဝန္း ကူးစက္ခံရသူေပါင္း ၁,၂၀၀ ေက်ာ္အထိ ရွိသြားၿပီျဖစ္ပါတယ္။ ျပည္ပခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႔လူနာနဲ႔ တိုက္႐ိုက္ထိေတြ႔ ဆက္စပ္မႈ မရွိသူေတြမွာပါ ပိုးကူးစက္လာတဲ့အတြက္ လူထုၾကားမွာ စိုးရိမ္မႈေတြ ပိုတိုးလာသလို က်န္းမာေရးေစာင့္ေရွာက္မႈ ေပးေနတဲ့ ဆရာဝန္ ဆရာမေတြ ေဆးပညာရွင္ေတြ ဘက္ကလည္း လူထုအေနနဲ႔ ေရာဂါအကူးမခံရေအာင္ ဂ႐ုစိုက္ၾကဖို႔ အထူးသတိေပး ႏႈိးေဆာ္ေနတာပါ။

ျပည္တြင္းကူးစက္မႈ အမ်ားဆံုးျဖစ္လာေနတဲ့ ရခိုင္ျပည္နယ္အျပင္ ရန္ကုန္တုိင္းေဒသႀကီးမွာလည္း ပိုးေတြ႔ရွိသူေတြ မ်ားလာတဲ့အတြက္ ကိုဗစ္ကာလ ဖ်ားနာလူနာေတြကို အခမဲ့ ေဆးကုသမႈေပးေနတဲ့ Community Fever Clinic ေတြမွာ ခရီးသြားရာဇဝင္ရွိသူေတြ အပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ သံသယရွိသူေတြကို အထူးသတိထား စစ္ေဆးေပးေနတယ္လို႔ Community Fever Clinic ကြန္ရက္ရဲ႕ ဦးေဆာင္ဆရာဝန္တဦးျဖစ္တဲ့ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာျပပါတယ္။

“ၿပီးခဲ့တဲ့ ေသာၾကာေန႔ကဆိုရင္ လူနာေတြထဲကေန ၂ ေယာက္ လႊဲရတယ္။ ဒီေန႔ဆို ရန္ကင္းမွာ ၃ ေယာက္လႊဲရတယ္။ လႊဲတယ္ဆိုတာက လံုးဝကြန္ဖမ္းျဖစ္တယ္၊ ကိုဗစ္လို႔ သံသယရွိတယ္ (Suspect နဲ႔ Confirm Case) ေသခ်ာႏုိင္တဲ့သူေတြကို က်ေနာ္တို႔ လႊဲတာေပါ့ေနာ္။ တခါတည္း တိုက္႐ိုက္ ေဆး႐ုံကို ပို႔လိုက္တယ္။ ေဆး႐ုံမွာ ေပါ့စတစ္လို႔ ေသခ်ာၿပီဆိုရင္ သူ႔ရဲ႕မိသားစုဝင္ေတြကို က်ေနာ္တို႔ Result အေျဖထြက္ထြက္ခ်င္းမွာပဲ တခါတည္းေခၚၿပီး ကြာရမ္တင္းဆိုက္ကို ပို႔တယ္ေပါ့ေနာ္။ ၿမိဳ႕နယ္က်န္းမာေရး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးနဲ႔ ေဆးခန္းေပါင္းၿပီး စီစဥ္ေပးေနတာပါ။ က်ေနာ္တို႔ Fever Clinic မွာ အခ်က္ ၃ ခ်က္ေပါ့ေနာ္၊ ခရီးသြားရာဇဝင္ရွိတဲ့သူကို က်ေနာ္တို႔ ရွာေဖြေပးတယ္။ ေနာက္ COVID-19 (Confirm Case) အတည္ျပဳလူနာ ဒါမွမဟုတ္ (Suspect Case) သံသယလူနာေတြကို ရွာေဖြေပးၿပီးေတာ့ COVID-19 Swab Test ယူလို႔ရတဲ့ အေနအထားျဖစ္ေအာင္ ဖန္တီးေပးပါတယ္။

“နယ္ကသူေတြ အထူးသျဖင့္ ရခုိင္ကလာတဲ့သူေတြကို Fever Clinic မွာ လႊဲေပးၿပီးေတာ့ ကြာရမ္တင္းေခၚတာတို႔ ကိုဗစ္စစ္တာတို႔ လုပ္တာေပါ့ေနာ္။ ေနာက္ လူနာေတြဘက္က လာျပၿပီးေတာ့ က်ေနာ္ က်မကေတာ့ ေက့စ္နံပါတ္ ဘယ္ေလာက္နဲ႔ ထိေတြ႔မႈရွိခဲ့တယ္၊ က်မက ဘယ္လူနာနဲ႔ ကားတစီးတည္း ေလယာဥ္တစီးတည္း စီးခဲ့ဖူးတယ္။ ကိုဗစ္ေပ့ါစတစ္နဲ႔ ႐ံုးတ႐ုံးတည္းမွာ အလုပ္လုပ္ဖူးတယ္ဆိုရင္ Primary Contact ဆိုရင္ ကိုဗစ္စစ္ဖို႔ တခါတည္း စီစဥ္ေပးပါတယ္။ ေနာက္တခ်က္က တုိက္႐ိုက္လူနာလာျပတယ္၊ ဖ်ားတယ္၊ အနံ႔မရဘူး၊ ကိုဗစ္ Symptom လကၡဏာရွိတာရွိမယ္၊ မရွိတာလည္း ရွိမယ္ေပါ့။ အဲ့ဒီ့မွာ ျပန္ခြဲလုိက္ၿပီး ကိုဗစ္ျဖစ္ႏုိင္တယ္ဆိုရင္ အနီးဆံုးေဆး႐ံုေတြကို ျပန္ခ်ိတ္ဆက္တယ္ေပါ့ေနာ္။”

အခုဆိုရင္ ျပည္တြင္းကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ ရန္ကုန္တုိင္းေဒသႀကီးက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ အသြားအလာ အဝင္အထြက္ ကန္႔သတ္တာ ေနအိမ္ေတြထဲမွာပဲေနဖို႔ အမိန္႔ေၾကညာခ်က္ေတြ ထုတ္ျပန္ၿပီး ကူးစက္ကာကြယ္ႏုိင္ေရး တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ေနခ်ိန္ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ ခရီးသြားအဝင္အထြက္ရွိၿပီး လူဦးေရ ထူထပ္မ်ားျပားတဲ့ ဧရာဝတီတိုင္း အတြင္းမွာလည္း COVID-19 ကူးစက္မႈကာကြယ္ေရး အထူးၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ေနပါတယ္လို႔ ဧရာဝတီတုိင္း က်န္းမာေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြဋ္ေအာင္က ေျပာျပပါတယ္။

“က်ေနာ္တို႔ကေတာ့ ရန္ကုန္တုိင္းနဲ႔လည္း နီးတယ္။ ရခိုင္ျပည္နယ္နဲ႔လည္း နီးတယ္ေပါ့ေနာ္။ ဆိုေတာ့ လူအဝင္အထြက္ ေနာက္ လူထုၾကားမွာျဖစ္ေနတဲ့ ေရာဂါေတြကို အထူးသျဖင့္ Surveillance System ကို ေသခ်ာေလး အေျချပဳၿပီး ခ်မွတ္ၿပီးေတာ့ လုပ္ပါတယ္။ Surveillance Team ဖြဲ႔ထားၿပီး ခ်ထားတယ္။ ေနာက္တခုက ကိုယ့္ျပည္နယ္ထဲကို ဝင္လာတဲ့ ဝင္ေပါက္ေတြျဖစ္တဲ့ ရန္ကုန္တုိင္းဝင္ေပါက္ ရခိုင္ျပည္နယ္ ဝင္ေပါက္ေတြမွာလည္း ေသခ်ာကို စစ္ေဆးမႈေတြ လုပ္ပါတယ္။ စစ္ေဆးမႈေတြ လုပ္တယ္ဆိုတာ အထူးသျဖင့္ လကၡဏာရွိတဲ့သူေတြ၊ ေနာက္ၿပီး Contact ေတြနဲ႔ထိေတြ႔ၿပီး ျပန္လာတဲ့သူေတြ အတြက္ Points of Entry ေတြမွာ ဂိတ္ေပါက္ေတြမွာ Surveillance System လုပ္တယ္။

“ေနာက္ ကုသေရးအတြက္ကိုလည္း Quarantine Facility ေတြ အမ်ားႀကီး လုပ္ထားပါတယ္။ ေဆး႐ုံမွာလည္း ကုသေရးကုိ ႀကိဳတင္ၿပီးေတာ့ ျပင္ဆင္ထားပါတယ္။ အဓိကကေတာ့ လူထုဘက္က တဦးခ်င္း လိုက္နာဖို႔ လိုပါတယ္။ တဦးခ်င္း Sincere ျဖစ္ဖို႔လိုပါတယ္။ ကိုယ္က ေရာဂါျဖစ္ပြားေနတဲ့ ေနရာက ျပန္လာတယ္ဆိုရင္ ဒါကိုလည္း ေသခ်ာေလး သတင္းေပးရပါမယ္။ ကူးစက္မခံရေအာင္ Mask တပ္ရမယ္၊ လက္ေဆးရမယ္၊ အခ်ိန္တိုင္း အၿမဲတမ္း လိုက္နာဖို႔လိုပါတယ္။ ဥပေဒနဲ႔ ထုတ္ျပန္ထားတဲ့ ေဒသႏၱရ အမိန္႔ေတြကိုလည္း စနစ္တက် လုိက္နာဖို႔လိုပါတယ္။ အေရးယူဖို႔ဆိုတာထက္ လူထုၾကား ေဘးကင္းေအာင္ ေရာဂါမကူးစက္ရေအာင္ တားတယ္ဆိုတာသိၿပီး မိမိကိုယ္တုိင္လည္း လိုက္နာပါ၊ တျခားသူပါ လုိက္နာေအာင္ ကူညီေပးပါလို႔ က်ေနာ့္အေနနဲ႔ မွာၾကားလိုပါတယ္။”

အခုခ်ိန္အထိ ျပည္တြင္းကူးစက္္မႈႏႈန္းက ျမင့္တက္ေနဆဲျဖစ္တာမို႔ ကုသထိန္းခ်ဳပ္နိုင္ေအာင္ ျပည္သူလူထုဘက္ကလည္း တကယ္လို႔ မိမိ ဒါမွမဟုတ္ မိသားစုဝင္ထဲ ပံုမွန္မဟုတ္တဲ့ ေရာဂါလကၡဏာနဲ႔ ဖ်ားနာလာရင္ ခ်က္ခ်င္း အခ်ိန္မဆိုင္းဘဲ ဖ်ားနာလူနာေတြ အထူးကုသေပးေနတဲ့ Community Fever Clinic အပါအဝင္ ေဆး႐ံုေဆးခန္းေတြဆီကို အျမန္ဆံုး ဆက္သြယ္ျပသၾကဖို႔ကိုလည္း ေဒါက္တာေက်ာ္မင္းထြန္းက တိုက္တြန္းပါတယ္။

“အဓိက ကိုယ့္မိသားစုမွာ သံသယရွိတယ္ဆိုရင္ Community Fever Clinic ရန္ကုန္နက္ဝပ္ကို ခ်က္ခ်င္းဆက္သြယ္ၿပီး သတင္းအခ်က္အလက္ေတြ ေျပာျပလို႔ရတယ္။ ကိုယ့္ခံစားရတဲ့ ေဝဒနာကို ခ်က္ခ်င္း ပြင့္ပြင့္လင္းလင္း ေျပာျပပါ။ သိုသိုသိပ္သိပ္လုပ္ၿပီး ႀကိတ္ၿပီးေတာ့ မကုပါနဲ႔။ ပြင့္ပြင့္လင္းလင္းရွိမွ က်ေနာ္တို႔ဘက္ကလည္း ကုသလို႔ရမယ္။ အဲဒါမွ ျမန္ျမန္ က်ေနာ္တို႔ ဒီေရာဂါကို ထိန္းႏုိင္မယ္။ အဲဒါမွ ကူးစက္မႈႏႈန္း Transmission Rate ကို ထိန္းႏုိင္မယ္။ ႏုိ႔မို႔ ေသခ်ာမကုဘူး၊ ေသခ်ာပြင့္ပြင့္လင္းလင္း မေျပာဘူးဆိုရင္ ဆရာဝန္ေတြဘက္က ကုသမႈပိုင္းမွာ အားနည္းၿပီး ဒီလူနာကို မကုႏုိင္ဘူးဆိုရင္ သူကေနတဆင့္ မိသားစု၊ မိသားစုကေန ရပ္ကြက္၊ ရပ္ကြက္ကေန ၿမိဳ႕နယ္အထိ ကူးစက္မႈျမင့္သြားမယ္။

“ဒါေၾကာင့္ အႀကံေပးခ်င္တာက တဦးတေယာက္အေနနဲ႔ တစံုတရာ ေရာဂါလကၡဏာ ျဖစ္ခဲ့ရင္ ဖ်ားတာပဲျဖစ္ျဖစ္ အနံ႔မရတာပဲျဖစ္ျဖစ္ ကိုဗစ္ Contact နဲ႔ ထိေတြ႔မိတာပဲျဖစ္ျဖစ္ သတင္းအခ်က္အလက္ကို အတိအက် မွန္မွန္ကန္ကန္ေပးပါ။ အဲဒါမွ က်ေနာ္တို႔ ဆရာဝန္ေတြဘက္က ေနာက္ထပ္လိုအပ္တဲ့ စစ္ေဆးကုသမႈေတြကို လုပ္ေပးလို႔ရမယ္လို႔ အႀကံေပးခ်င္ပါတယ္။ အခုဆိုရင္ Fever Clinic မွာပဲ Swab Test ယူလို႔ရေအာင္ လုပ္ေနပါၿပီ။ အင္းစိန္ Fever Clinic မွာ လာမယ့္အပတ္ေလာက္မွာ လုပ္ႏုိင္ေအာင္ Plan အစီအစဥ္ ဆြဲေနပါတယ္။ ေသခ်ာရင္ ထပ္ၿပီး ေၾကညာ အေၾကာင္းၾကားပါမယ္။”

လတ္တေလာအေျခအေနမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနဘက္က ျပည္တြင္းကူးစက္မႈ ဆက္တိုက္ျမင့္တက္လာတဲ့ အေျခအေနကို ထိိန္းခ်ဳပ္ႏုိင္ေရး ေရာဂါကူးစက္ႏုိင္ေျခ အႏၱရာယ္မ်ားတဲ့ ေဒသေတြနဲ႔ ထိေတြ႔ဆက္စပ္ခဲ့သူေတြကို ဆက္သြယ္စံုစမ္းၿပီး လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေနသလို လူထုၾကား ကူးစက္မႈ ကာကြယ္ေရး အစီအစဥ္ေတြမွာလည္း ျပည္သူလူထုအေနနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ကိုလည္း တုိက္တြန္းႏႈိးေဆာ္ပါတယ္။

ဒါေပမယ့္ ကူးစက္မႈမ်ားေနတဲ့ ရခုိင္ျပည္နယ္နဲ႔ ရန္ကုန္လူထုၾကားမွာေတာ့ ရပ္ကြက္ၿမိဳ႕နယ္ေတြထဲ အမိန္႔အာဏာသုံး အသြားအလာေတြ ကန္႔သတ္လိုက္တာ၊ ေနအိမ္ေတြထဲမွာပဲ ေနခိုင္းတာ အပါအဝင္ သံသယရွိသူေတြကို စစ္ေဆးမႈေတြကို အင္အားသံုး ေဆာင္ရြက္ေနတဲ့အတြက္ လူထုၾကား စိုးရိမ္မႈေတြ ပိုျမင့္တက္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရန်ကုန် Fever Clinic တွေမှာ ကိုဗစ်ရောဂါ အထူးသတိထား စစ်ဆေးနေ

ကပ်ရောဂါ COVID-19 ပြည်တွင်းကူးစက်မှု တိုင်းနဲ့ပြည်နယ် တော်တော်များများမှာပါ ကူးစက်ပျံ့နှံ့တာတွေ ပိုများလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးသတိထား ကြိုတင်ကာကွယ်ကြဖို့ ဆေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဒီသီတင်းပတ်အတွင်းမှာကို အုပ်စုလိုက် ပိုးတွေ့ရှိမှု မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံတဝန်း ကူးစက်ခံရသူပေါင်း ၁,၂၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။ ပြည်ပခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိတွေ့ ဆက်စပ်မှု မရှိသူတွေမှာပါ ပိုးကူးစက်လာတဲ့အတွက် လူထုကြားမှာ စိုးရိမ်မှုတွေ ပိုတိုးလာသလို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆရာဝန် ဆရာမတွေ ဆေးပညာရှင်တွေ ဘက်ကလည်း လူထုအနေနဲ့ ရောဂါအကူးမခံရအောင် ဂရုစိုက်ကြဖို့ အထူးသတိပေး နှိုးဆော်နေတာပါ။

ပြည်တွင်းကူးစက်မှု အများဆုံးဖြစ်လာနေတဲ့ ရခိုင်ပြည်နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးမှာလည်း ပိုးတွေ့ရှိသူတွေ များလာတဲ့အတွက် ကိုဗစ်ကာလ ဖျားနာလူနာတွေကို အခမဲ့ ဆေးကုသမှုပေးနေတဲ့ Community Fever Clinic တွေမှာ ခရီးသွားရာဇဝင်ရှိသူတွေ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယရှိသူတွေကို အထူးသတိထား စစ်ဆေးပေးနေတယ်လို့ Community Fever Clinic ကွန်ရက်ရဲ့ ဦးဆောင်ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းက ပြောပြပါတယ်။

“ပြီးခဲ့တဲ့ သောကြာနေ့ကဆိုရင် လူနာတွေထဲကနေ ၂ ယောက် လွှဲရတယ်။ ဒီနေ့ဆို ရန်ကင်းမှာ ၃ ယောက်လွှဲရတယ်။ လွှဲတယ်ဆိုတာက လုံးဝကွန်ဖမ်းဖြစ်တယ်၊ ကိုဗစ်လို့ သံသယရှိတယ် (Suspect နဲ့ Confirm Case) သေချာနိုင်တဲ့သူတွေကို ကျနော်တို့ လွှဲတာပေါ့နော်။ တခါတည်း တိုက်ရိုက် ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံမှာ ပေါ့စတစ်လို့ သေချာပြီဆိုရင် သူ့ရဲ့မိသားစုဝင်တွေကို ကျနော်တို့ Result အဖြေထွက်ထွက်ချင်းမှာပဲ တခါတည်းခေါ်ပြီး ကွာရမ်တင်းဆိုက်ကို ပို့တယ်ပေါ့နော်။ မြို့နယ်ကျန်းမာရေး၊ မြို့နယ်အုပ်ချုပ်ရေးနဲ့ ဆေးခန်းပေါင်းပြီး စီစဉ်ပေးနေတာပါ။ ကျနော်တို့ Fever Clinic မှာ အချက် ၃ ချက်ပေါ့နော်၊ ခရီးသွားရာဇဝင်ရှိတဲ့သူကို ကျနော်တို့ ရှာဖွေပေးတယ်။ နောက် COVID-19 (Confirm Case) အတည်ပြုလူနာ ဒါမှမဟုတ် (Suspect Case) သံသယလူနာတွေကို ရှာဖွေပေးပြီးတော့ COVID-19 Swab Test ယူလို့ရတဲ့ အနေအထားဖြစ်အောင် ဖန်တီးပေးပါတယ်။

“နယ်ကသူတွေ အထူးသဖြင့် ရခိုင်ကလာတဲ့သူတွေကို Fever Clinic မှာ လွှဲပေးပြီးတော့ ကွာရမ်တင်းခေါ်တာတို့ ကိုဗစ်စစ်တာတို့ လုပ်တာပေါ့နော်။ နောက် လူနာတွေဘက်က လာပြပြီးတော့ ကျနော် ကျမကတော့ ကေ့စ်နံပါတ် ဘယ်လောက်နဲ့ ထိတွေ့မှုရှိခဲ့တယ်၊ ကျမက ဘယ်လူနာနဲ့ ကားတစီးတည်း လေယာဉ်တစီးတည်း စီးခဲ့ဖူးတယ်။ ကိုဗစ်ပေ့ါစတစ်နဲ့ ရုံးတရုံးတည်းမှာ အလုပ်လုပ်ဖူးတယ်ဆိုရင် Primary Contact ဆိုရင် ကိုဗစ်စစ်ဖို့ တခါတည်း စီစဉ်ပေးပါတယ်။ နောက်တချက်က တိုက်ရိုက်လူနာလာပြတယ်၊ ဖျားတယ်၊ အနံ့မရဘူး၊ ကိုဗစ် Symptom လက္ခဏာရှိတာရှိမယ်၊ မရှိတာလည်း ရှိမယ်ပေါ့။ အဲ့ဒီ့မှာ ပြန်ခွဲလိုက်ပြီး ကိုဗစ်ဖြစ်နိုင်တယ်ဆိုရင် အနီးဆုံးဆေးရုံတွေကို ပြန်ချိတ်ဆက်တယ်ပေါ့နော်။”

အခုဆိုရင် ပြည်တွင်းကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အတော်များများမှာ အသွားအလာ အဝင်အထွက် ကန့်သတ်တာ နေအိမ်တွေထဲမှာပဲနေဖို့ အမိန့်ကြေညာချက်တွေ ထုတ်ပြန်ပြီး ကူးစက်ကာကွယ်နိုင်ရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ခရီးသွားအဝင်အထွက်ရှိပြီး လူဦးရေ ထူထပ်များပြားတဲ့ ဧရာဝတီတိုင်း အတွင်းမှာလည်း COVID-19 ကူးစက်မှုကာကွယ်ရေး အထူးကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်လို့ ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်က ပြောပြပါတယ်။

“ကျနော်တို့ကတော့ ရန်ကုန်တိုင်းနဲ့လည်း နီးတယ်။ ရခိုင်ပြည်နယ်နဲ့လည်း နီးတယ်ပေါ့နော်။ ဆိုတော့ လူအဝင်အထွက် နောက် လူထုကြားမှာဖြစ်နေတဲ့ ရောဂါတွေကို အထူးသဖြင့် Surveillance System ကို သေချာလေး အခြေပြုပြီး ချမှတ်ပြီးတော့ လုပ်ပါတယ်။ Surveillance Team ဖွဲ့ထားပြီး ချထားတယ်။ နောက်တခုက ကိုယ့်ပြည်နယ်ထဲကို ဝင်လာတဲ့ ဝင်ပေါက်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဝင်ပေါက် ရခိုင်ပြည်နယ် ဝင်ပေါက်တွေမှာလည်း သေချာကို စစ်ဆေးမှုတွေ လုပ်ပါတယ်။ စစ်ဆေးမှုတွေ လုပ်တယ်ဆိုတာ အထူးသဖြင့် လက္ခဏာရှိတဲ့သူတွေ၊ နောက်ပြီး Contact တွေနဲ့ထိတွေ့ပြီး ပြန်လာတဲ့သူတွေ အတွက် Points of Entry တွေမှာ ဂိတ်ပေါက်တွေမှာ Surveillance System လုပ်တယ်။

“နောက် ကုသရေးအတွက်ကိုလည်း Quarantine Facility တွေ အများကြီး လုပ်ထားပါတယ်။ ဆေးရုံမှာလည်း ကုသရေးကို ကြိုတင်ပြီးတော့ ပြင်ဆင်ထားပါတယ်။ အဓိကကတော့ လူထုဘက်က တဦးချင်း လိုက်နာဖို့ လိုပါတယ်။ တဦးချင်း Sincere ဖြစ်ဖို့လိုပါတယ်။ ကိုယ်က ရောဂါဖြစ်ပွားနေတဲ့ နေရာက ပြန်လာတယ်ဆိုရင် ဒါကိုလည်း သေချာလေး သတင်းပေးရပါမယ်။ ကူးစက်မခံရအောင် Mask တပ်ရမယ်၊ လက်ဆေးရမယ်၊ အချိန်တိုင်း အမြဲတမ်း လိုက်နာဖို့လိုပါတယ်။ ဥပဒေနဲ့ ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်တွေကိုလည်း စနစ်တကျ လိုက်နာဖို့လိုပါတယ်။ အရေးယူဖို့ဆိုတာထက် လူထုကြား ဘေးကင်းအောင် ရောဂါမကူးစက်ရအောင် တားတယ်ဆိုတာသိပြီး မိမိကိုယ်တိုင်လည်း လိုက်နာပါ၊ တခြားသူပါ လိုက်နာအောင် ကူညီပေးပါလို့ ကျနော့်အနေနဲ့ မှာကြားလိုပါတယ်။”

အခုချိန်အထိ ပြည်တွင်းကူးစက်မှုနှုန်းက မြင့်တက်နေဆဲဖြစ်တာမို့ ကုသထိန်းချုပ်နိုင်အောင် ပြည်သူလူထုဘက်ကလည်း တကယ်လို့ မိမိ ဒါမှမဟုတ် မိသားစုဝင်ထဲ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာနဲ့ ဖျားနာလာရင် ချက်ချင်း အချိန်မဆိုင်းဘဲ ဖျားနာလူနာတွေ အထူးကုသပေးနေတဲ့ Community Fever Clinic အပါအဝင် ဆေးရုံဆေးခန်းတွေဆီကို အမြန်ဆုံး ဆက်သွယ်ပြသကြဖို့ကိုလည်း ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းပါတယ်။

“အဓိက ကိုယ့်မိသားစုမှာ သံသယရှိတယ်ဆိုရင် Community Fever Clinic ရန်ကုန်နက်ဝပ်ကို ချက်ချင်းဆက်သွယ်ပြီး သတင်းအချက်အလက်တွေ ပြောပြလို့ရတယ်။ ကိုယ့်ခံစားရတဲ့ ဝေဒနာကို ချက်ချင်း ပွင့်ပွင့်လင်းလင်း ပြောပြပါ။ သိုသိုသိပ်သိပ်လုပ်ပြီး ကြိတ်ပြီးတော့ မကုပါနဲ့။ ပွင့်ပွင့်လင်းလင်းရှိမှ ကျနော်တို့ဘက်ကလည်း ကုသလို့ရမယ်။ အဲဒါမှ မြန်မြန် ကျနော်တို့ ဒီရောဂါကို ထိန်းနိုင်မယ်။ အဲဒါမှ ကူးစက်မှုနှုန်း Transmission Rate ကို ထိန်းနိုင်မယ်။ နို့မို့ သေချာမကုဘူး၊ သေချာပွင့်ပွင့်လင်းလင်း မပြောဘူးဆိုရင် ဆရာဝန်တွေဘက်က ကုသမှုပိုင်းမှာ အားနည်းပြီး ဒီလူနာကို မကုနိုင်ဘူးဆိုရင် သူကနေတဆင့် မိသားစု၊ မိသားစုကနေ ရပ်ကွက်၊ ရပ်ကွက်ကနေ မြို့နယ်အထိ ကူးစက်မှုမြင့်သွားမယ်။

“ဒါကြောင့် အကြံပေးချင်တာက တဦးတယောက်အနေနဲ့ တစုံတရာ ရောဂါလက္ခဏာ ဖြစ်ခဲ့ရင် ဖျားတာပဲဖြစ်ဖြစ် အနံ့မရတာပဲဖြစ်ဖြစ် ကိုဗစ် Contact နဲ့ ထိတွေ့မိတာပဲဖြစ်ဖြစ် သတင်းအချက်အလက်ကို အတိအကျ မှန်မှန်ကန်ကန်ပေးပါ။ အဲဒါမှ ကျနော်တို့ ဆရာဝန်တွေဘက်က နောက်ထပ်လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို လုပ်ပေးလို့ရမယ်လို့ အကြံပေးချင်ပါတယ်။ အခုဆိုရင် Fever Clinic မှာပဲ Swab Test ယူလို့ရအောင် လုပ်နေပါပြီ။ အင်းစိန် Fever Clinic မှာ လာမယ့်အပတ်လောက်မှာ လုပ်နိုင်အောင် Plan အစီအစဉ် ဆွဲနေပါတယ်။ သေချာရင် ထပ်ပြီး ကြေညာ အကြောင်းကြားပါမယ်။”

လတ်တလောအခြေအနေမှာတော့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြည်တွင်းကူးစက်မှု ဆက်တိုက်မြင့်တက်လာတဲ့ အခြေအနေကို ထိန်းချုပ်နိုင်ရေး ရောဂါကူးစက်နိုင်ခြေ အန္တရာယ်များတဲ့ ဒေသတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေကို ဆက်သွယ်စုံစမ်းပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေသလို လူထုကြား ကူးစက်မှု ကာကွယ်ရေး အစီအစဉ်တွေမှာလည်း ပြည်သူလူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ပါတယ်။

ဒါပေမယ့် ကူးစက်မှုများနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်လူထုကြားမှာတော့ ရပ်ကွက်မြို့နယ်တွေထဲ အမိန့်အာဏာသုံး အသွားအလာတွေ ကန့်သတ်လိုက်တာ၊ နေအိမ်တွေထဲမှာပဲ နေခိုင်းတာ အပါအဝင် သံသယရှိသူတွေကို စစ်ဆေးမှုတွေကို အင်အားသုံး ဆောင်ရွက်နေတဲ့အတွက် လူထုကြား စိုးရိမ်မှုတွေ ပိုမြင့်တက်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG