သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ဒုတိယလိႈင္းနဲ႔ လူထုအခက္အခဲ


ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုမွာ ေစ်း၀ယ္ေနသူတခ်ိဳ႕ ေတြ႔ရတဲ့ ျမင္ကြင္း။ (ေမ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာမွာ ကိုဗစ္ကပ္ေရာဂါ ဒုတိယအႀကိမ္ တေက်ာ့ျပန္ကူးစက္မႈေတြေၾကာင့္ အသြားအလာ တင္းၾကပ္ကန႔္သတ္မႈေတြ တိုးလာတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္ၿပီး ျပည္သူေတြ အခက္အခဲႀကဳံလာၾကရပါတယ္။ လုပ္ငန္းထိခိုက္မႈေတြေၾကာင့္ အခက္အခဲႀကဳံေနၾကရသူတခ်ိဳ႕ရဲ႕ ေျပာဆိုခ်က္ေတြကို မအိမ့္သႏၲာထြန္းက စုစည္းတင္ဆက္ထားပါတယ္။

"က်မကေတာ့ စက္ခ်ဳပ္ပါတယ္ရွင့္။ အခုက ေက်ာင္းေတြကလည္း ပိတ္ထားတယ္ဆိုေတာ့ က်မစီးပြားေရးက ေတာ္ေတာ္ေလး ထိခိုက္နစ္နာပါတယ္။ ေက်ာင္းေတြက ပိတ္ထားတယ္။ ဒီရာသီက ေက်ာင္းေတြ ဖြင့္ေတာ့ ဆရာမေတြ အက်ၤီေရာ၊ ေက်ာင္းသားေတြ ဝတ္စုံေရာ ခ်ဳပ္ေနၾကရတဲ့ အခ်ိန္ျဖစ္တယ္။ ခုလည္း ေက်ာင္းေတြ ပိတ္ထားတယ္ဆိုေတာ့ က်မအေနနဲ႔က စီးပြားေရးမွာ ေတာ္ေတာ္ေလး နစ္နာတာေပါ့ရွင္။ ေထာက္ပံ့ေၾကးကေတာ့ ၃ ႀကိမ္ရဖူးပါတယ္။ ပထမ ဆီ၊ ဆန္၊ ဆားတုန္းကလည္း ရဖူးပါတယ္။ ေနာက္တစ္ေခါက္ ဒုတိယအႀကိမ္တုန္းကလည္း ရဖူးပါတယ္။ တတိယအသုတ္တုန္းကလည္း ရပါတယ္ရွင့္။"

"အင္း...ဘယ္ေလာက္ရွိသလဲဆိုတာေတာ့ ေျပာလို႔ မရဘူး၊ ထိခိုက္မႈကေတာ့ ရွိတာေပါ့။ အရင္ကနဲ႔ အခုနဲ႔ဆိုေတာ့ ကြာတာေပါ့။ ေတာ္ေတာ္ႀကီးကြာတယ္။ ၃ ပုံ ပုံရင္ ၂ ပုံေလာက္က တစ္ပုံေလာက္ပဲရွိတယ္ ေလာေလာဆယ္က။ ေခ်းေငြ ဘာညာဆိုတာကလည္း လိုင္စင္နဲ႔ လုပ္တာေတြပဲ ရတာေလ လိုင္စင္မရွိေတာ့ မရဘူး။ ဒါက ကိုယ့္ဟာကို တစ္ပိုင္တစ္ႏိုင္လုပ္ငန္းေတြဆိုေတာ့လည္း မရွိဘူး။"

"က်ေနာ္က Tourist Guide လုပ္တဲ့ခါက်ေတာ့ သူက ကိုဗစ္ ဒီမွာမျဖစ္ခင္ကတည္းက ဒီျမန္မာမွာ မျဖစ္ခင္ကတည္းက က်ေနာ္တို႔လုပ္ငန္းေတြက ရပ္သြားတာကိုး။ လုံးလုံးမရွိဘဲနဲ႔ ရပ္သြားတာဆိုေတာ့ ထိခိုက္သြားတာေပါ့။ ထိခိုက္သြားတာဆို ကိုယ္တစ္ေယာက္တည္းမဟုတ္ဘူး၊ အကုန္လုံးေလ။ အစိုးရဘက္က ေထာက္ပံ့ေပးတာေလးေတြရွိတယ္ေလ၊ ၂၀,၀၀၀။ ၂ ခါရဖူးတယ္။ က်ေနာ္တို႔ မွန္းထားတာကေတာ့ ဒီ ဒုတိယလႈိင္းေလး ျမန္ျမန္ၿပီးသြားလို႔ရွိရင္ ပုဂံေညာင္ဦးကေတာ့ ခရီးသြားလုပ္ငန္းကို အဓိကထားတဲ့ခါက်ေတာ့ ကိုဗစ္ၿငိမ္သြားလို႔ရွိရင္ ခရီးသြားလာမယ္၊ ႏိုင္ငံျခား ခရီးသြားမလာရင္ေတာင္ ျမန္မာခရီးသြားလာမယ္ေပါ့။ အဲ့ဒါဆိုရင္ သူ႔ဟာနဲ႔သူ အထိုက္အေလ်ာက္ ေငြေၾကးလည္ပတ္သြားမယ္။ စီးပြားေရးလည္ပတ္မႈေလးေတြ ျပန္ျဖစ္လာလို႔ရွိရင္ ေကာင္းမယ္ဆိုၿပီး ေမွ်ာ္လင့္ၿပီး ဒီဒုတိယလႈိင္းျမန္ျမန္ေလးၿပီးေအာင္ေတာ့ ေမွ်ာ္ေနၾကတာေပါ့။"

ျမန္မာ ကိုဗစ္ဒုတိယလိႈင္းနဲ႔ လူထုအခက္အခဲ
please wait

No media source currently available

0:00 0:02:04 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ကိုဗစ်ဒုတိယလှိုင်းနဲ့ လူထုအခက်အခဲ

မြန်မာမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယအကြိမ် တကျော့ပြန်ကူးစက်မှုတွေကြောင့် အသွားအလာ တင်းကြပ်ကန့်သတ်မှုတွေ တိုးလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပြီး ပြည်သူတွေ အခက်အခဲကြုံလာကြရပါတယ်။ လုပ်ငန်းထိခိုက်မှုတွေကြောင့် အခက်အခဲကြုံနေကြရသူတချို့ရဲ့ ပြောဆိုချက်တွေကို မအိမ့်သန္တာထွန်းက စုစည်းတင်ဆက်ထားပါတယ်။

"ကျမကတော့ စက်ချုပ်ပါတယ်ရှင့်။ အခုက ကျောင်းတွေကလည်း ပိတ်ထားတယ်ဆိုတော့ ကျမစီးပွားရေးက တော်တော်လေး ထိခိုက်နစ်နာပါတယ်။ ကျောင်းတွေက ပိတ်ထားတယ်။ ဒီရာသီက ကျောင်းတွေ ဖွင့်တော့ ဆရာမတွေ အင်္ကျီရော၊ ကျောင်းသားတွေ ဝတ်စုံရော ချုပ်နေကြရတဲ့ အချိန်ဖြစ်တယ်။ ခုလည်း ကျောင်းတွေ ပိတ်ထားတယ်ဆိုတော့ ကျမအနေနဲ့က စီးပွားရေးမှာ တော်တော်လေး နစ်နာတာပေါ့ရှင်။ ထောက်ပံ့ကြေးကတော့ ၃ ကြိမ်ရဖူးပါတယ်။ ပထမ ဆီ၊ ဆန်၊ ဆားတုန်းကလည်း ရဖူးပါတယ်။ နောက်တစ်ခေါက် ဒုတိယအကြိမ်တုန်းကလည်း ရဖူးပါတယ်။ တတိယအသုတ်တုန်းကလည်း ရပါတယ်ရှင့်။"

"အင်း...ဘယ်လောက်ရှိသလဲဆိုတာတော့ ပြောလို့ မရဘူး၊ ထိခိုက်မှုကတော့ ရှိတာပေါ့။ အရင်ကနဲ့ အခုနဲ့ဆိုတော့ ကွာတာပေါ့။ တော်တော်ကြီးကွာတယ်။ ၃ ပုံ ပုံရင် ၂ ပုံလောက်က တစ်ပုံလောက်ပဲရှိတယ် လောလောဆယ်က။ ချေးငွေ ဘာညာဆိုတာကလည်း လိုင်စင်နဲ့ လုပ်တာတွေပဲ ရတာလေ လိုင်စင်မရှိတော့ မရဘူး။ ဒါက ကိုယ့်ဟာကို တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေဆိုတော့လည်း မရှိဘူး။"

"ကျနော်က Tourist Guide လုပ်တဲ့ခါကျတော့ သူက ကိုဗစ် ဒီမှာမဖြစ်ခင်ကတည်းက ဒီမြန်မာမှာ မဖြစ်ခင်ကတည်းက ကျနော်တို့လုပ်ငန်းတွေက ရပ်သွားတာကိုး။ လုံးလုံးမရှိဘဲနဲ့ ရပ်သွားတာဆိုတော့ ထိခိုက်သွားတာပေါ့။ ထိခိုက်သွားတာဆို ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ အကုန်လုံးလေ။ အစိုးရဘက်က ထောက်ပံ့ပေးတာလေးတွေရှိတယ်လေ၊ ၂၀,၀၀၀။ ၂ ခါရဖူးတယ်။ ကျနော်တို့ မှန်းထားတာကတော့ ဒီ ဒုတိယလှိုင်းလေး မြန်မြန်ပြီးသွားလို့ရှိရင် ပုဂံညောင်ဦးကတော့ ခရီးသွားလုပ်ငန်းကို အဓိကထားတဲ့ခါကျတော့ ကိုဗစ်ငြိမ်သွားလို့ရှိရင် ခရီးသွားလာမယ်၊ နိုင်ငံခြား ခရီးသွားမလာရင်တောင် မြန်မာခရီးသွားလာမယ်ပေါ့။ အဲ့ဒါဆိုရင် သူ့ဟာနဲ့သူ အထိုက်အလျောက် ငွေကြေးလည်ပတ်သွားမယ်။ စီးပွားရေးလည်ပတ်မှုလေးတွေ ပြန်ဖြစ်လာလို့ရှိရင် ကောင်းမယ်ဆိုပြီး မျှော်လင့်ပြီး ဒီဒုတိယလှိုင်းမြန်မြန်လေးပြီးအောင်တော့ မျှော်နေကြတာပေါ့။"

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG