သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းပိုးေတြ႕လူနာတိုးလာတဲ့အေပၚ ႏိုင္ငံေတာ္အတိုင္ပင္ခံ သတိေပး


ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ (ဓာတ္ပံု - Aung San Suu Kyi's Official Facebook - စက္တင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈက စံခ်ိန္တင္ ျမင့္တက္လာေနၿပီး ကုိဗစ္ေရာဂါ ႏွိမ္နင္းေရးအတြက္ ျပည္သူေတြ ပူးေပါင္းပါဝင္ဖို႔ လိုအပ္တယ္လို႔ ဒီေန႔အြန္လိုင္းေဆြးေႏြးပြဲမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ၏ ပုဂၢဳိလ္က ေျပာဆိုလိုက္တဲ့ အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာတစ္ႏုိင္ငံလံုး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕စက္တင္ဘာလ ၇ ရက္ မြန္းလြဲ ၁ နာရီခြဲထိ ထုတ္ျပန္ေၾကညာခ်က္အရ COVID-19 ေရာဂါပိုး ဓါတ္ခဲြေတြ႕ရွိသူ အေယာက္ ၁၄၅ ေယာက္ ထပ္ၿပီး အတည္ျပဳလိုက္တာေၾကာင့္ ျမန္မာႏိုင္ငံမွာ အတည္ျပဳေရာဂါပိုးကူးစက္ခံရသူ ၁,၄၆၄ ေယာက္ျဖစ္သြားပါတယ္။

ဒီေနာက္ပိုင္း ပိုးေတြ႔လူနာေတြမွာ ျပည္ပခရီးသြားရာဇဝင္လည္း မရွိ၊ အတည္ျပဳလူနာနဲ႔ ထိစပ္မႈမရွိဘဲ ေရာဂါပိုးေတြ႔လာတာေၾကာင္း အျပည္သူေတြ ပိုမိုသတိထားဖို႔ ဒီေန႔ အြန္လိုင္းေဆြးေႏြးပြဲ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢဳိလ္က သတိေပး ေျပာဆိုပါတယ္။

“ဘာမဆို လြန္ကဲႏုိင္တယ္၊ သတိကေတာ့ လြန္ကဲတယ္ဆိုတာ မရွိဘူး၊ သတိထားေစခ်င္တာ အခုက ေနာက္ဆံုးက်ေတာ့ ကိုဗစ္က တစ္ေယာက္ခ်င္း၊ တစ္ေယာက္ခ်င္း စည္းကမ္းထိန္းသိမ္းရင္ ျပႆနာမရွိေတာ့ဘူး၊ အခုဆိုလို႔ရွိရင္ပြားတယ္လို႔သာ ေျပာတာ ဘယ္သူ႔ဆီက ဘယ္သူ႔ဆီပြားမွန္း မသိဘူး။”

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြျဖစ္ပြားၿပီးတဲ့ေနာက္ အခုဆိုရင္ ရန္ကုန္အပါအဝင္ တျခားေဒသေတြပါ ပ်ံ႕ႏွံ႔လာပါတယ္။ အဲ့ဒီေနာက္ပိုင္း စစ္ေတြကေန ရန္ကုန္ ေလယာဥ္ခရီးစဥ္နဲ႔ ျပန္လာသူေတြက သက္ဆိုင္ရာဌာနေတြကို အေၾကာင္းၾကားအသိေပးဖို႔ နိုင္ငံပိုင္းသတင္းထဲမွာလည္း ေၾကညာထားတာပါ။ ယခုခ်ိန္ထိ တစ္ဝက္ေလာက္ ဆက္သြယ္မလာေသးတာေၾကာင့္ ေရာဂါထိန္းခ်ဳပ္ဖို႔အတြက္ ရက္ပိုင္းေလာက္အခ်ိန္ေပးသြားမွာျဖစ္ၿပီး လိုက္နာမႈမရွိရင္ ဥပေဒေၾကာင္းအရ အေရးယူသြားမယ္လို႔ ဒီိေန႔ အြန္လိုင္းေဆြးေႏြးရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက ေျပာဆိုသြားပါတယ္။

“ဒီကိစၥက်ေတာ့ က်မတို႔ လႊတ္ထားလို႔ မရဘူး၊ အခ်ိန္တိုင္းတာထိ ေပးပါမယ္၊ အမ်ားႀကီးလည္း မဟုတ္ဘူး ရက္ပိုင္းေပးမယ္၊ အဲ့ဒီအတြင္းမွာမွ ကိုယ့္ဘာသာကုိယ္ ကိုယ့္ရဲ႕သေဘာဆႏၵအရ မဆက္သြယ္ဘဲနဲ႔ ေနာက္မွဒီလို ဘာမွန္းသိလို႔ရိွရင္ က်မတို႔ အေရးယူရပါလိမ့္္မယ္၊ အေရးယူတဲ့ဆိုတာလည္း ဒဏ္ေပးခ်င္တဲ့ စိတ္နဲ႔ မဟုတ္ဘူး၊ သတိေပးခ်င္တဲ့ စိတ္နဲ႔ ဒီလို မလုပ္လို႔ကေတာ့ ရန္ကုန္လို ေနရာမ်ဳိးမွာ အျမန္ႀကီး ျပန္႔သြားႏိုင္ပါတယ္၊ ဒါအားလံုးကေနၿပီးေတာ့ အခုခ်ိန္မွာ အထူးသတိထားရမွာေပါ့ေနာ္။”

ဗိုင္းရပ္စ္ျပန္႔ပြားထိန္းခ်ဳပ္ႏိုင္ရန္နဲ႔ ေရာဂါပိုးကူးေနပါက ျမန္ျမန္ေဆးကုႏိုင္ရန္အတြက္ လုပ္ေဆာင္ရတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ရခုိင္ကေန ေလယာဥ္ခရီးစဥ္နဲ႔ ျပန္လာသူေတြ လူဦးေရ ၄,၅၀၀ ေလာက္ သက္ဆိုင္ရာက်န္းမာေရးဌာနကို သတင္းေပးဖို႔ ပ်က္ကြက္ေနတယ္လို႔လည္း ရန္ကုန္တိုင္း ဒုတိယျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴးေဒါက္တာခ်စ္ကိုဟန္ ေျပာပါတယ္။

“က်ေနာ္တို႔က လူဦးေရကလည္း ၄,၅၀၀ ေက်ာ္ေလာက္ သတင္းပို႔ဖို႔ လိုအပ္တာကိုး။ က်ေနာ္တို႔က သူတို႔ကို Quarantine ထဲကို ခ်က္ခ်င္းသြင္းမွာ မဟုတ္ပါဘူး၊ မိမိအိမ္မွာ မိမိေနထိုင္ပါ၊ က်ေနာ္တို႔ကလည္း သူတို႔ေရာက္လာတဲ့ ရက္ကေနၿပီးေတာ့ေနာ္ သူတို႔ ကူးစက္ႏိုင္တဲ့ ကာလ ၂၁ ရက္အတြင္းမွာ ရွိေနတဲ့ လူေတြလား၊ ၂၁ ရက္ေက်ာ္သြားတဲ့ လူေတြလား၊ ဒီလူေတြအေပၚမူတည္ၿပီးေတာ့ က်ေနာ္တို႔က ဦးစားေပးအစီအစဥ္နဲ႔ က်ေနာ္တို႔ စစ္ေဆးတာေတြ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ ဘာမွလည္း စိုးရိမ္ပူပင္စရာမရွိပါဘူး။ တခ်ဳိ႕ကလည္း ဒီလိုစစ္ေဆးမယ္ဆိုတာကို ေၾကာက္တာလည္း ျဖစ္ခ်င္ျဖစ္မွာပါ၊ မိမိေရာဂါရွိတာကိုး သိလိုက္ရမွာ ေၾကာက္တာမ်ဳိးလည္း က်ေနာ္တို႔လူေတြမွာ ရွိတတ္ပါတယ္ခင္ဗ်ာ။”

စက္တင္ဘာလ ၇ ရက္ေန႔ မြန္းလြဲ ၁နာရီခြဲထိ ျမန္မာႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၈ ဦးရွိၿပီျဖစ္ပါတယ္။ ေရာဂါပိုးရွိတယ္လို႔ ဓါတ္ခဲြအတည္ျပဳလူနာေတြထဲ ေရာဂါပိုးကင္းစင္လာသူက ၃၈၅ ေယာက္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်တွင်းပိုးတွေ့လူနာတိုးလာတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံ သတိပေး

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုက စံချိန်တင် မြင့်တက်လာနေပြီး ကိုဗစ်ရောဂါ နှိမ်နင်းရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ဒီနေ့အွန်လိုင်းဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံ၏ ပုဂ္ဂိုလ်က ပြောဆိုလိုက်တဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁ နာရီခွဲထိ ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါပိုး ဓါတ်ခွဲတွေ့ရှိသူ အယောက် ၁၄၅ ယောက် ထပ်ပြီး အတည်ပြုလိုက်တာကြောင့် မြန်မာနိုင်ငံမှာ အတည်ပြုရောဂါပိုးကူးစက်ခံရသူ ၁,၄၆၄ ယောက်ဖြစ်သွားပါတယ်။

ဒီနောက်ပိုင်း ပိုးတွေ့လူနာတွေမှာ ပြည်ပခရီးသွားရာဇဝင်လည်း မရှိ၊ အတည်ပြုလူနာနဲ့ ထိစပ်မှုမရှိဘဲ ရောဂါပိုးတွေ့လာတာကြောင်း အပြည်သူတွေ ပိုမိုသတိထားဖို့ ဒီနေ့ အွန်လိုင်းဆွေးနွေးပွဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေး ပြောဆိုပါတယ်။

“ဘာမဆို လွန်ကဲနိုင်တယ်၊ သတိကတော့ လွန်ကဲတယ်ဆိုတာ မရှိဘူး၊ သတိထားစေချင်တာ အခုက နောက်ဆုံးကျတော့ ကိုဗစ်က တစ်ယောက်ချင်း၊ တစ်ယောက်ချင်း စည်းကမ်းထိန်းသိမ်းရင် ပြဿနာမရှိတော့ဘူး၊ အခုဆိုလို့ရှိရင်ပွားတယ်လို့သာ ပြောတာ ဘယ်သူ့ဆီက ဘယ်သူ့ဆီပွားမှန်း မသိဘူး။”

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေဖြစ်ပွားပြီးတဲ့နောက် အခုဆိုရင် ရန်ကုန်အပါအဝင် တခြားဒေသတွေပါ ပျံ့နှံ့လာပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်တွေကနေ ရန်ကုန် လေယာဉ်ခရီးစဉ်နဲ့ ပြန်လာသူတွေက သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားအသိပေးဖို့ နိုင်ငံပိုင်းသတင်းထဲမှာလည်း ကြေညာထားတာပါ။ ယခုချိန်ထိ တစ်ဝက်လောက် ဆက်သွယ်မလာသေးတာကြောင့် ရောဂါထိန်းချုပ်ဖို့အတွက် ရက်ပိုင်းလောက်အချိန်ပေးသွားမှာဖြစ်ပြီး လိုက်နာမှုမရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဒီနေ့ အွန်လိုင်းဆွေးနွေးရာမှာ နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုသွားပါတယ်။

“ဒီကိစ္စကျတော့ ကျမတို့ လွှတ်ထားလို့ မရဘူး၊ အချိန်တိုင်းတာထိ ပေးပါမယ်၊ အများကြီးလည်း မဟုတ်ဘူး ရက်ပိုင်းပေးမယ်၊ အဲ့ဒီအတွင်းမှာမှ ကိုယ့်ဘာသာကိုယ် ကိုယ့်ရဲ့သဘောဆန္ဒအရ မဆက်သွယ်ဘဲနဲ့ နောက်မှဒီလို ဘာမှန်းသိလို့ရှိရင် ကျမတို့ အရေးယူရပါလိမ့်မယ်၊ အရေးယူတဲ့ဆိုတာလည်း ဒဏ်ပေးချင်တဲ့ စိတ်နဲ့ မဟုတ်ဘူး၊ သတိပေးချင်တဲ့ စိတ်နဲ့ ဒီလို မလုပ်လို့ကတော့ ရန်ကုန်လို နေရာမျိုးမှာ အမြန်ကြီး ပြန့်သွားနိုင်ပါတယ်၊ ဒါအားလုံးကနေပြီးတော့ အခုချိန်မှာ အထူးသတိထားရမှာပေါ့နော်။”

ဗိုင်းရပ်စ်ပြန့်ပွားထိန်းချုပ်နိုင်ရန်နဲ့ ရောဂါပိုးကူးနေပါက မြန်မြန်ဆေးကုနိုင်ရန်အတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ရခိုင်ကနေ လေယာဉ်ခရီးစဉ်နဲ့ ပြန်လာသူတွေ လူဦးရေ ၄,၅၀၀ လောက် သက်ဆိုင်ရာကျန်းမာရေးဌာနကို သတင်းပေးဖို့ ပျက်ကွက်နေတယ်လို့လည်း ရန်ကုန်တိုင်း ဒုတိယပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာချစ်ကိုဟန် ပြောပါတယ်။

“ကျနော်တို့က လူဦးရေကလည်း ၄,၅၀၀ ကျော်လောက် သတင်းပို့ဖို့ လိုအပ်တာကိုး။ ကျနော်တို့က သူတို့ကို Quarantine ထဲကို ချက်ချင်းသွင်းမှာ မဟုတ်ပါဘူး၊ မိမိအိမ်မှာ မိမိနေထိုင်ပါ၊ ကျနော်တို့ကလည်း သူတို့ရောက်လာတဲ့ ရက်ကနေပြီးတော့နော် သူတို့ ကူးစက်နိုင်တဲ့ ကာလ ၂၁ ရက်အတွင်းမှာ ရှိနေတဲ့ လူတွေလား၊ ၂၁ ရက်ကျော်သွားတဲ့ လူတွေလား၊ ဒီလူတွေအပေါ်မူတည်ပြီးတော့ ကျနော်တို့က ဦးစားပေးအစီအစဉ်နဲ့ ကျနော်တို့ စစ်ဆေးတာတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဘာမှလည်း စိုးရိမ်ပူပင်စရာမရှိပါဘူး။ တချို့ကလည်း ဒီလိုစစ်ဆေးမယ်ဆိုတာကို ကြောက်တာလည်း ဖြစ်ချင်ဖြစ်မှာပါ၊ မိမိရောဂါရှိတာကိုး သိလိုက်ရမှာ ကြောက်တာမျိုးလည်း ကျနော်တို့လူတွေမှာ ရှိတတ်ပါတယ်ခင်ဗျာ။”

စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁နာရီခွဲထိ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၈ ဦးရှိပြီဖြစ်ပါတယ်။ ရောဂါပိုးရှိတယ်လို့ ဓါတ်ခွဲအတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူက ၃၈၅ ယောက် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG