သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္မႈ ဆိုးေနတဲ့ ေဒသနဲ႔ အဝင္အထြက္လုပ္သူေတြ စစ္ေဆးခံၾကဖို႔ က်န္းမာေရးဝန္ႀကီး အေရးတႀကီးတိုက္တြန္း


COVID-19 ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕က လူသြားလူလာ ရွင္းလင္းေနတဲ့ လမ္းမတခု။ (ၾသဂုတ္ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္မႈႏႈန္း အရမ္းျမန္လာေနၿပီး ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ အလြန္အေရးႀကီးေနေၾကာင္း က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးက သတိေပး ေျပာၾကားလိုက္ပါတယ္။ ကာကြယ္ေရးလုပ္ငန္းေတြ ထိေရာက္ဖို႔ အထူးသျဖင့္ ေရာဂါကူးစက္မႈ ျမန္ေနတဲ့ ရခိုင္ျပည္နယ္နဲ႔ အဝင္အထြက္ လုပ္ၾကသူေတြအေနနဲ႔ ကိုယ္တိုင္လာေရာက္ သတင္းပို႔ ေဆးစစ္ၾကဖို႔ သူက ေျပာပါတယ္။

တႏုိင္ငံလံုး အတိုင္းအတာအရ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ ေနာက္ဆံုးအေျခအေနေၾကာင္း ကိုဝင္းမင္းက က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးကို သီးသန္႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

ကုိဝင္းမင္း - ေဒါက္တာျမင့္ေထြးခင္ဗ်ာ၊ လက္ရွိ အေရးႀကီးဆံုး ဘာလုပ္ထားလဲဆရာ။

ေဒါက္တာျမင့္ေထြး - အဲ့ဒိီေတာ့ ဟုတ္တယ္။ အခုက ဒီ ကူးစက္ေရာဂါပိုးေတြ႔သူေတြ ဂရပ္ဖ္မ်ဥ္းက ေထာင္တက္တဲ့အပိုင္း ျဖစ္ေနတယ္ေလ၊ ဆိုေတာ့ ဒါကို တက္ေနတာ။ ဒါေပမယ့္ တက္တာက နည္းနည္းေလး ထိုးေထာင္မတ္ေနတာ ျဖစ္တယ္။ ဒီလိုျဖစ္တယ္ဆိုတာက ၇၀ ဒီဂရီေလာက္ျဖစ္တာေပါ့။ ဒါကို ၃၀ - ၄၀ ဒီဂရီေလာက္က်ေအာင္ ျပန္ခ်ဖို႔လိုမယ္။ အဓိကကေတာ့ စစ္ေတြဘက္က၊ ရခိုင္ဘက္ကလာတဲ့ ေလယာဥ္ေတြမွာ ပါတဲ့လူေတြက အကုန္လံုးက သတင္းမပို႔ဘူး။ တခ်ိဳ႕ေတြက ဆက္သြယ္လုိ႔မရဘူး ျဖစ္ေနတယ္။ အဲဒါကို မနက္ျဖန္ တနည္းတလမ္းနဲ႔ က်ေနာ္ လုပ္ဖို႔႔ အစီအစဥ္ရွိပါတယ္။ သူတို႔ေတြက ဒီကိုေရာက္ေနတဲ့အခါမွာ ပိုးရွိသူေတြ ဘယ္ေလာက္ထိ ပ်ံ႕ေနတယ္ဆိုတာကို က်ေနာ္တုိ႔က မသိႏုိင္ဘူးေလ။ သူတို႔ သတင္းပို႔ရင္ေတာ့ ပို႔တဲ့သူကို က်ေနာ္တုိ႔က စစ္ၿပီးေတာ့ ပိုးေတြ႔လို႔ Quarantine ထားလိုက္မယ္ဆိုရင္ အျပင္မွာ မကူးစက္ရေအာင္ အတြင္းမွာ ထိန္းထားတာ လုပ္လို႔ရတာေပါ့။”

ကုိဝင္းမင္း - ေနာက္ထပ္ေရာ။

ေဒါက္တာျမင့္ေထြး - အခုလည္း ေဆး႐ုံေတြမွာ က်န္ေနတဲ့ ရွိတဲ့သူေတြက မ်ားေတာ့ ေဆး႐ုံဆင္းခြင့္ သတ္မွတ္ခ်က္ကိုလည္း က်ေနာ္တုိ႔က မနက္ျဖန္ကစၿပီး ျပင္ေတာ့မယ္ေလ။ အခု အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC) နဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ေတြ ေတြ႔ရွိခ်က္ေတြမွာ ဒီဗိုင္းရပ္စ္က ၉ ရက္ ၁၀ ရက္ေလာက္ အဲ့ဒီေနာက္ပိုင္းမွာဆိုရင္ ပိုးေမြးတာ လုပ္လို႔မရေတာ့ဘူး။ လုပ္လို႔မရဘူးဆိုရင္ ဗိုင္းရပ္စ္ မရွိေတာ့တဲ့ သေဘာေပါ့ေနာ္။ အဲ့ဒီေတာ့ အၾကာႀကီး လူနာေတြကို ေဆး႐ုံမွာ မထားေတာ့ဘူး။ ဒါက အကုန္လံုး ျပင္မယ္ဆိုေတာ့ ေဆး႐ုံေတာ္ေတာ္မ်ားမ်ားက လူနာေတြ ျပန္ဆင္းလို႔ရၿပီေပါ့။ ပထမတုန္းက က်ေနာ္တုိ႔ လုပ္ထားတာက စိတ္ခ်ရေအာင္ ၂၁ ရက္နဲ႔ ၇ ရက္ ေပါင္း ၂၈ ရက္ လုပ္ထားတာကိုး။ အလားတူပဲ နက္ျဖန္ေလာက္မွာပဲ Quarantine မွာ ရွိတဲ့သူေတြကိုလည္း ျပန္ၿပီးေတာ့ နည္းနည္းေလး သတ္မွတ္ခ်က္ေတြကို ေလွ်ာ့ၿပီးေတာ့ ျပန္ခြင့္ျပဳတာ လုပ္ဖို႔ရွိပါတယ္။”

ကုိဝင္းမင္း - ဒီ အသြားအလာ ကန္႔သတ္ထားတဲ့ စခန္းေတြမွာ အရင္ေသခ်ာေအာင္ ပိုၿပီးေတာ့ တင္းက်ပ္ထားခဲ့တာေတြကို အနည္းငယ္ ျပန္ေလွ်ာ့ေပးၿပီးေတာ့ ျပန္ခြင့္ျပဳဖို႔ေပါ့ဆရာ ေနာ္။

ေဒါက္တာျမင့္ေထြး - ဟုတ္တယ္။ ခုလိုမလုပ္ဘူးဆိုရင္ ဒီ Quarantine ေတြမွာ လူေတြအရမ္းမ်ားတဲ့ အခါက်ေတာ့ မႏိုင္လို႔ရွိရင္ စီမံခန္႔ခြဲမႈမွာ လစ္ဟင္းသြားလို႔ရွိရင္ ေနာက္ဆက္တြဲ ဆိုးက်ိဳး႐ုိက္ခတ္တာ ျပန္လာႏုိင္တာေပါ့။ ဒါကေတာ့ အစီအစဥ္ေတြ အကုန္ရွိပါတယ္။ အခုေတာ့ ပိုးေတြ႔သူသစ္တက္ႏႈန္း ဆက္မ်ားမွာပဲ။ ၁ ပတ္၊ ၂ ပတ္ေလာက္ေတာ့ မ်ားလိမ့္ဦးမယ္။ ေနာက္တခ်က္ကေတာ့ အခု ေဆး႐ုံေတြမွာ ေလာေလာဆယ္ ၂ ေယာက္ ဆုံးသြားတာကလည္း သူတို႔မွာ ေရာဂါအခံရွိတာေပါ့ေလ။ အထူးသျဖင့္ေတာ့ ဆီးခ်ိဳေပါ့။ ဟိုတရက္က ဆံုးသြားတာဆိုရင္ ဆီးခ်ိဳေနာက္ဆက္တြဲ ေက်ာက္ကပ္ေရာဂါ ေနာက္ဆံုးအဆင့္ေၾကာင့္ေပါ့။ အဲ့ဒါမ်ိဳးေတြေၾကာင့္ ဆံုးတာမ်ားတယ္။ ေနာက္တေယာက္က အေရျပားေလးဘက္နာ အခံရွိတဲ့ အသက္ငယ္ငယ္နဲ႔ အမ်ိဳးသမီးတေယာက္က ဒီ အေရျပားေလးဘက္နာ၊ ဒါက ခုခံအား စံလြဲေဖာက္ျပန္တဲ႔ေရာဂါ၊ အဲ့ဒါမ်ိဳး အခံရွိေတာ့ ဘာမွမတတ္ႏိုင္ဘူး။ ဒါေပမယ့္ က်န္တဲ့လူေကာင္းေတြ ေရာဂါအခံမရွိသူေတြက မေသဘူးလား ဆိုတာကေတာ့ ေျပာလို႔ေတာ့ မရေသးဘူး။ က်ေနာ္တုိ႔ေဆး႐ုံမွာ ဆရာဝန္ေတြက အစြမ္းကုန္ ကုေပးေနတယ္။ သူတို႔ကုတယ္ဆိုတာလည္း တေယာက္တည္း ကုတာမ်ိဳး မဟုတ္ဘူး။ ေဆးကုသစီမံမႈအဖြဲ႔ ရွိတဲ့အျပင္ ဒီအဖြဲ႔ကလည္း ႏိုင္ငံျခားမွာရွိတဲ့ သူငယ္ခ်င္းေတြနဲ႔ အကုန္လံုး ေနာက္ဆံုးေပၚ စီမံကုထံုးေတြကို ရွာေဖြၿပီး အတတ္ႏိုင္ဆံုး မေသေအာင္ေပါ့ေလ၊ ဒါေတြက အေရးႀကီးပါတယ္။”

ကုိဝင္းမင္း - ေနာက္ထပ္ေရာ ဒီေရာဂါအခံရွိသူေတြ အခုလက္ရွိေတြ႔ထားတဲ့ လူနာေတြထဲမွာ ရွိေသးလားဆရာ၊ ၾကပ္ၾကပ္မတ္မတ္ ကုသေပးဖို႔ေလ။

ေဒါက္တာျမင့္ေထြး - ရွိတယ္။ အခု ဒီည ၈ နာရီအထိ ရွိတာကို က်ေနာ္ ေျပာလိုက္မယ္။ အထူးၾကပ္မတ္ေဆာင္ (ICU) ထဲ အသက္႐ွဴစက္ တင္ရတာေတာ့ လံုးဝမရွိဘူး။ ေအာက္ဆီဂ်င္ေပးၿပီး ကုတဲ့လူနာက ၄ ေယာက္ရွိတယ္။ ေဝဘာဂီ ၁၊ ေတာင္ဥကၠလာ ၁၊ စစ္ေတြ ၁၊ ကန္ေတာ္နဒီ ၁။ ICU ဝင္တာ ၁၅ ေယာက္ရွိတယ္။ ေဝဘာဂီမွာ ၉ ေယာက္၊ ေတာင္ဥကၠလာ ၆ ေယာက္။ ေနာက္ၿပီးေတာ့ ေအာက္ဆီဂ်င္ မေပးထားေသာ္လည္း ေရာဂါျပင္းထန္ေနသူ ၂ ေယာက္ရွိတယ္။ ေဝဘာဂီမွာပဲ။ ေလာေလာဆယ္မွာေတာ့ ေဆး႐ုံအသီးသီးမွာ တက္တဲ့ လူနာေပါင္း ၉၄၃ ေယာက္ရွိၿပီး ဒီအထဲ ရခိုင္က ၄၈၉ ဦးပါတယ္။ အဲ့ဒီေတာ့ ဒီေဆး႐ုံေတြမွာ တက္ေနတဲ့ လူနာေတြကို တျဖည္းျဖည္း က်ေနာ္ ေဆး႐ုံေပးဆင္းတာ လုပ္ေတာ့မွာကိုး။ သက္သာရင္ ကေ်နာ္ ေပးဆင္းေတာ့မယ္ေလ။ အၾကာႀကီး ေဆး႐ုံမွာ မထားေတာ့ဘူး။ ေဆး႐ုံဆင္းတာကလည္း ပိုးမေတြ႔တာ ျဖစ္ၿပီးမွေပါ့ေနာ္။ ဒီေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ က်ေနာ္လည္း ၂၄ နာရီနီးပါး အေသအခ်ာ လုပ္ေပးေနပါတယ္။”

ကုိဝင္းမင္း - ျပည္သူေတြအတြက္ေရာ ဆရာ၊ ခုလို အေရးႀကီးလာတဲ့ အခ်ိန္မွာ ဘာမွာခ်င္လဲဆရာ။

ေဒါက္တာျမင့္ေထြး - ျပည္သူေတြကေတာ့ အဓိက Social Distancing ခပ္ခြာခြာေနတာ လုပ္ရမယ္။ အထူးသျဖင့္ ရခိုင္ဘက္ကလူေတြက သတင္းပို႔ရမယ္။ ဒါက နံပါတ္ ၁ မဟာဗ်ဴဟာ ျဖစ္ေနတယ္။ ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ လာၿပီးေတာ့ အစစ္ခံပါ။ ဒီကူးစက္တာက အရမ္းျမန္ေနတယ္။ ဒါ မိမိအေရး၊ မိမိမလုပ္ရင္ မိမိ မိသားစု ကူးမယ္၊ အခု ရခိုင္က ထြက္သြားတဲ့ သူေတြမွာ ဘယ္သူက ပိုးရွိေနလဲ၊ ပိုးက ရွိေနမွာပဲ။ ၇၅ ရာခုိင္ႏႈန္းေသာ ပိုးေတြ႔ခဲ့သူမ်ားသည္ လူေကာင္းေတြခ်ည္း၊ သြားလာေနတဲ့ လူေကာင္းေတြခ်ည္း၊ ဒါေပမယ့္ ပိုးရွိႏိုင္တယ္။ စစ္ေပးမယ္။ ျဖစ္ရင္ေတာ့ Quarantine မွာ နေပါ။ အဲဒါမလုပ္ရင္ေတာ့ ဘယ္လိုမွ မရႏိုင္ဘူး။ ျပည္သူပါလို႔ရွိရင္ေတာ့ အခု ကိုဗစ္ႀကီးက ေနာက္ ၂ ပတ္၊ ၃ ပတ္ လံုးဝကိုပဲ၊ ျပည္သူသာ ရာႏႈန္းျပည့္ပါရင္ေတာ့ ၃ ပတ္အတြင္း ဒီကိစၥ လံုးဝရပ္သြားမယ္။ ျပည္သူမပါလို႔ရွိရင္ေတာ့ ၃ ပတ္မကဘူး၊ ၆ ပတ္၊ ၉ ပတ္၊ ၁၂ ပတ္ အဲလိုထိ ျဖစ္သြားမယ္။ ေနာက္ ဒီဥစၥာက အခ်ိန္မဆိုင္းတဲ့ ျပႆနာအႀကီးစားေနာ္။ ဒီေန႔ေတြ႔ ဒီေန႔လုပ္ရမယ္။ ၂ ရက္ေစာင့္လို႔မရဘူး၊ ၃ ရက္ေစာင့္လို႔ မရဘူး။ ကူးသြားမယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ ေဆာင္ရြက္မႈေတြကလည္း အျမန္ေဆာင္ရြက္တာ ျဖစ္ရမယ္။ ၁ ရက္ ေနာက္က်ရင္ ဒီ ၂၄ နာရီအတြင္းမွာ အမ်ားႀကီး ကူးသြားႏုိင္တယ္။ ျပည္သူပါမွ။”

ကုိဝင္းမင္း - ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဝန္ႀကီးခင္ဗ်ာ။ အားလံုး ေအာင္ျမင္ပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

COVID-19 ကူးစက်မှု ဆိုးနေတဲ့ ဒေသနဲ့ အဝင်အထွက်လုပ်သူတွေ စစ်ဆေးခံကြဖို့ ကျန်းမာရေးဝန်ကြီး အရေးတကြီးတိုက်တွန်း

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း အရမ်းမြန်လာနေပြီး ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အလွန်အရေးကြီးနေကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေး ပြောကြားလိုက်ပါတယ်။ ကာကွယ်ရေးလုပ်ငန်းတွေ ထိရောက်ဖို့ အထူးသဖြင့် ရောဂါကူးစက်မှု မြန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ အဝင်အထွက် လုပ်ကြသူတွေအနေနဲ့ ကိုယ်တိုင်လာရောက် သတင်းပို့ ဆေးစစ်ကြဖို့ သူက ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံးအခြေအနေကြောင်း ကိုဝင်းမင်းက ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကို သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း - ဒေါက်တာမြင့်ထွေးခင်ဗျာ၊ လက်ရှိ အရေးကြီးဆုံး ဘာလုပ်ထားလဲဆရာ။

ဒေါက်တာမြင့်ထွေး - "အဲ့ဒီတော့ ဟုတ်တယ်။ အခုက ဒီ ကူးစက်ရောဂါပိုးတွေ့သူတွေ ဂရပ်ဖ်မျဉ်းက ထောင်တက်တဲ့အပိုင်း ဖြစ်နေတယ်လေ၊ ဆိုတော့ ဒါကို တက်နေတာ။ ဒါပေမယ့် တက်တာက နည်းနည်းလေး ထိုးထောင်မတ်နေတာ ဖြစ်တယ်။ ဒီလိုဖြစ်တယ်ဆိုတာက ၇၀ ဒီဂရီလောက်ဖြစ်တာပေါ့။ ဒါကို ၃၀ - ၄၀ ဒီဂရီလောက်ကျအောင် ပြန်ချဖို့လိုမယ်။ အဓိကကတော့ စစ်တွေဘက်က၊ ရခိုင်ဘက်ကလာတဲ့ လေယာဉ်တွေမှာ ပါတဲ့လူတွေက အကုန်လုံးက သတင်းမပို့ဘူး။ တချို့တွေက ဆက်သွယ်လို့မရဘူး ဖြစ်နေတယ်။ အဲဒါကို မနက်ဖြန် တနည်းတလမ်းနဲ့ ကျနော် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ သူတို့တွေက ဒီကိုရောက်နေတဲ့အခါမှာ ပိုးရှိသူတွေ ဘယ်လောက်ထိ ပျံ့နေတယ်ဆိုတာကို ကျနော်တို့က မသိနိုင်ဘူးလေ။ သူတို့ သတင်းပို့ရင်တော့ ပို့တဲ့သူကို ကျနော်တို့က စစ်ပြီးတော့ ပိုးတွေ့လို့ Quarantine ထားလိုက်မယ်ဆိုရင် အပြင်မှာ မကူးစက်ရအောင် အတွင်းမှာ ထိန်းထားတာ လုပ်လို့ရတာပေါ့။”

ကိုဝင်းမင်း - နောက်ထပ်ရော။

ဒေါက်တာမြင့်ထွေး - "အခုလည်း ဆေးရုံတွေမှာ ကျန်နေတဲ့ ရှိတဲ့သူတွေက များတော့ ဆေးရုံဆင်းခွင့် သတ်မှတ်ချက်ကိုလည်း ကျနော်တို့က မနက်ဖြန်ကစပြီး ပြင်တော့မယ်လေ။ အခု အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွေ တွေ့ရှိချက်တွေမှာ ဒီဗိုင်းရပ်စ်က ၉ ရက် ၁၀ ရက်လောက် အဲ့ဒီနောက်ပိုင်းမှာဆိုရင် ပိုးမွေးတာ လုပ်လို့မရတော့ဘူး။ လုပ်လို့မရဘူးဆိုရင် ဗိုင်းရပ်စ် မရှိတော့တဲ့ သဘောပေါ့နော်။ အဲ့ဒီတော့ အကြာကြီး လူနာတွေကို ဆေးရုံမှာ မထားတော့ဘူး။ ဒါက အကုန်လုံး ပြင်မယ်ဆိုတော့ ဆေးရုံတော်တော်များများက လူနာတွေ ပြန်ဆင်းလို့ရပြီပေါ့။ ပထမတုန်းက ကျနော်တို့ လုပ်ထားတာက စိတ်ချရအောင် ၂၁ ရက်နဲ့ ၇ ရက် ပေါင်း ၂၈ ရက် လုပ်ထားတာကိုး။ အလားတူပဲ နက်ဖြန်လောက်မှာပဲ Quarantine မှာ ရှိတဲ့သူတွေကိုလည်း ပြန်ပြီးတော့ နည်းနည်းလေး သတ်မှတ်ချက်တွေကို လျှော့ပြီးတော့ ပြန်ခွင့်ပြုတာ လုပ်ဖို့ရှိပါတယ်။”

ကိုဝင်းမင်း - ဒီ အသွားအလာ ကန့်သတ်ထားတဲ့ စခန်းတွေမှာ အရင်သေချာအောင် ပိုပြီးတော့ တင်းကျပ်ထားခဲ့တာတွေကို အနည်းငယ် ပြန်လျှော့ပေးပြီးတော့ ပြန်ခွင့်ပြုဖို့ပေါ့ဆရာ နော်။

ဒေါက်တာမြင့်ထွေး - "ဟုတ်တယ်။ ခုလိုမလုပ်ဘူးဆိုရင် ဒီ Quarantine တွေမှာ လူတွေအရမ်းများတဲ့ အခါကျတော့ မနိုင်လို့ရှိရင် စီမံခန့်ခွဲမှုမှာ လစ်ဟင်းသွားလို့ရှိရင် နောက်ဆက်တွဲ ဆိုးကျိုးရိုက်ခတ်တာ ပြန်လာနိုင်တာပေါ့။ ဒါကတော့ အစီအစဉ်တွေ အကုန်ရှိပါတယ်။ အခုတော့ ပိုးတွေ့သူသစ်တက်နှုန်း ဆက်များမှာပဲ။ ၁ ပတ်၊ ၂ ပတ်လောက်တော့ များလိမ့်ဦးမယ်။ နောက်တချက်ကတော့ အခု ဆေးရုံတွေမှာ လောလောဆယ် ၂ ယောက် ဆုံးသွားတာကလည်း သူတို့မှာ ရောဂါအခံရှိတာပေါ့လေ။ အထူးသဖြင့်တော့ ဆီးချိုပေါ့။ ဟိုတရက်က ဆုံးသွားတာဆိုရင် ဆီးချိုနောက်ဆက်တွဲ ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်ကြောင့်ပေါ့။ အဲ့ဒါမျိုးတွေကြောင့် ဆုံးတာများတယ်။ နောက်တယောက်က အရေပြားလေးဘက်နာ အခံရှိတဲ့ အသက်ငယ်ငယ်နဲ့ အမျိုးသမီးတယောက်က ဒီ အရေပြားလေးဘက်နာ၊ ဒါက ခုခံအား စံလွဲဖောက်ပြန်တဲ့ရောဂါ၊ အဲ့ဒါမျိုး အခံရှိတော့ ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် ကျန်တဲ့လူကောင်းတွေ ရောဂါအခံမရှိသူတွေက မသေဘူးလား ဆိုတာကတော့ ပြောလို့တော့ မရသေးဘူး။ ကျနော်တို့ဆေးရုံမှာ ဆရာဝန်တွေက အစွမ်းကုန် ကုပေးနေတယ်။ သူတို့ကုတယ်ဆိုတာလည်း တယောက်တည်း ကုတာမျိုး မဟုတ်ဘူး။ ဆေးကုသစီမံမှုအဖွဲ့ ရှိတဲ့အပြင် ဒီအဖွဲ့ကလည်း နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ အကုန်လုံး နောက်ဆုံးပေါ် စီမံကုထုံးတွေကို ရှာဖွေပြီး အတတ်နိုင်ဆုံး မသေအောင်ပေါ့လေ၊ ဒါတွေက အရေးကြီးပါတယ်။”

ကိုဝင်းမင်း - နောက်ထပ်ရော ဒီရောဂါအခံရှိသူတွေ အခုလက်ရှိတွေ့ထားတဲ့ လူနာတွေထဲမှာ ရှိသေးလားဆရာ၊ ကြပ်ကြပ်မတ်မတ် ကုသပေးဖို့လေ။

ဒေါက်တာမြင့်ထွေး - "ရှိတယ်။ အခု ဒီည ၈ နာရီအထိ ရှိတာကို ကျနော် ပြောလိုက်မယ်။ အထူးကြပ်မတ်ဆောင် (ICU) ထဲ အသက်ရှူစက် တင်ရတာတော့ လုံးဝမရှိဘူး။ အောက်ဆီဂျင်ပေးပြီး ကုတဲ့လူနာက ၄ ယောက်ရှိတယ်။ ဝေဘာဂီ ၁၊ တောင်ဥက္ကလာ ၁၊ စစ်တွေ ၁၊ ကန်တော်နဒီ ၁။ ICU ဝင်တာ ၁၅ ယောက်ရှိတယ်။ ဝေဘာဂီမှာ ၉ ယောက်၊ တောင်ဥက္ကလာ ၆ ယောက်။ နောက်ပြီးတော့ အောက်ဆီဂျင် မပေးထားသော်လည်း ရောဂါပြင်းထန်နေသူ ၂ ယောက်ရှိတယ်။ ဝေဘာဂီမှာပဲ။ လောလောဆယ်မှာတော့ ဆေးရုံအသီးသီးမှာ တက်တဲ့ လူနာပေါင်း ၉၄၃ ယောက်ရှိပြီး ဒီအထဲ ရခိုင်က ၄၈၉ ဦးပါတယ်။ အဲ့ဒီတော့ ဒီဆေးရုံတွေမှာ တက်နေတဲ့ လူနာတွေကို တဖြည်းဖြည်း ကျနော် ဆေးရုံပေးဆင်းတာ လုပ်တော့မှာကိုး။ သက်သာရင် ကျေနာ် ပေးဆင်းတော့မယ်လေ။ အကြာကြီး ဆေးရုံမှာ မထားတော့ဘူး။ ဆေးရုံဆင်းတာကလည်း ပိုးမတွေ့တာ ဖြစ်ပြီးမှပေါ့နော်။ ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ကျနော်လည်း ၂၄ နာရီနီးပါး အသေအချာ လုပ်ပေးနေပါတယ်။”

ကိုဝင်းမင်း - ပြည်သူတွေအတွက်ရော ဆရာ၊ ခုလို အရေးကြီးလာတဲ့ အချိန်မှာ ဘာမှာချင်လဲဆရာ။

ဒေါက်တာမြင့်ထွေး - "ပြည်သူတွေကတော့ အဓိက Social Distancing ခပ်ခွာခွာနေတာ လုပ်ရမယ်။ အထူးသဖြင့် ရခိုင်ဘက်ကလူတွေက သတင်းပို့ရမယ်။ ဒါက နံပါတ် ၁ မဟာဗျူဟာ ဖြစ်နေတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လာပြီးတော့ အစစ်ခံပါ။ ဒီကူးစက်တာက အရမ်းမြန်နေတယ်။ ဒါ မိမိအရေး၊ မိမိမလုပ်ရင် မိမိ မိသားစု ကူးမယ်၊ အခု ရခိုင်က ထွက်သွားတဲ့ သူတွေမှာ ဘယ်သူက ပိုးရှိနေလဲ၊ ပိုးက ရှိနေမှာပဲ။ ၇၅ ရာခိုင်နှုန်းသော ပိုးတွေ့ခဲ့သူများသည် လူကောင်းတွေချည်း၊ သွားလာနေတဲ့ လူကောင်းတွေချည်း၊ ဒါပေမယ့် ပိုးရှိနိုင်တယ်။ စစ်ပေးမယ်။ ဖြစ်ရင်တော့ Quarantine မှာ နပေါ။ အဲဒါမလုပ်ရင်တော့ ဘယ်လိုမှ မရနိုင်ဘူး။ ပြည်သူပါလို့ရှိရင်တော့ အခု ကိုဗစ်ကြီးက နောက် ၂ ပတ်၊ ၃ ပတ် လုံးဝကိုပဲ၊ ပြည်သူသာ ရာနှုန်းပြည့်ပါရင်တော့ ၃ ပတ်အတွင်း ဒီကိစ္စ လုံးဝရပ်သွားမယ်။ ပြည်သူမပါလို့ရှိရင်တော့ ၃ ပတ်မကဘူး၊ ၆ ပတ်၊ ၉ ပတ်၊ ၁၂ ပတ် အဲလိုထိ ဖြစ်သွားမယ်။ နောက် ဒီဥစ္စာက အချိန်မဆိုင်းတဲ့ ပြဿနာအကြီးစားနော်။ ဒီနေ့တွေ့ ဒီနေ့လုပ်ရမယ်။ ၂ ရက်စောင့်လို့မရဘူး၊ ၃ ရက်စောင့်လို့ မရဘူး။ ကူးသွားမယ်။ အဲဒီတော့ ကျနော်တို့ ဆောင်ရွက်မှုတွေကလည်း အမြန်ဆောင်ရွက်တာ ဖြစ်ရမယ်။ ၁ ရက် နောက်ကျရင် ဒီ ၂၄ နာရီအတွင်းမှာ အများကြီး ကူးသွားနိုင်တယ်။ ပြည်သူပါမှ။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီးခင်ဗျာ။ အားလုံး အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG