သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္စည္းမ်ဥ္းတခ်ိဳ႕ ေျပာင္းလဲသတ္မွတ္


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုအတြင္းတြင္ အမ်ိဳးသမီးတဦးကို ကိုယ္အပူခ်ိန္ တိုင္းေပးေနတဲ့ ၀န္ထမ္းတဦး။ (မတ္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

COVID- 19 အတည္ျပဳလူနာ ေဆးရံုဆင္းခြင့္နဲ႔ အသြားအလာ ကန္႔သတ္ခံထားရသူေတြအေပၚ ခ်မွတ္ထားတဲ့ သတ္မွတ္ခ်က္ေတြကို ေျပာင္းလဲလိုက္ၿပီးေတာ့ မဲဆြယ္စည္းရံုးေရးကာလမွာ ျပည္သူေတြေရာဂါကာကြယ္ေရး စည္းမ်ဥ္းေတြဆက္ၿပီး လိုက္နာဖို႔ က်န္းမာေရးဌာန တာဝန္ရွိသူက သတိေပးထားတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအုိေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ျပည္တြင္းပုိးေတြ႕လူနာေတြနဲ႔ ေရာဂါသံသယေၾကာင့္ အသြားအလာကန္႔သတ္ခံထားရသူေတြအေပၚ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့အခ်က္ေတြကုိ ဒီကေန႔ကစၿပီး ေျပာင္းလဲျပင္ဆင္လုိက္ပါတယ္။ သတ္မွတ္ေနရာေတြမွာ အသြားအလာကန္႔သတ္ခံထားရသူေတြကုိ အရင္က ရက္သတၱပတ္ ၃ပတ္တာကာလ သတ္မွတ္ထားၿပီး၊ အခုေတာ့ ၁၄ရက္တာအျဖစ္ Quarantine ကာလကို သတ္မွတ္လိုက္တာပါ။ အဲဒါအျပင္ ေရာဂါပုိးရွိလို႔ ေဆးရံုတက္ရသူေတြ COVID- 19 Negative ႏွစ္ႀကိမ္ဆက္တုိက္ျပမွ ေဆးရံုကေဆးခြင့္ရတဲ့အေျခအေနကေန အခုအခါမွာေတာ့ ေရာဂါလကၡဏာေပၚမူတည္ၿပီး ေဆးရံုဆင္းရတဲ့အဆင့္ကို ေျပာင္းလဲလုိက္တဲ့အေၾကာင္း ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနခြဲ ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“Negative ၂ ႀကိမ္ဆက္တုိက္ျဖစ္တဲ့အထိ ရဖုိ႔အတြက္ ရက္ ၉၀ ေက်ာ္ၾကာတဲ့အေျခအေနထိ ရွိပါတယ္။ တခ်ိဳ႕ေတြက ရက္ ၈၀ ေက်ာ္ၾကာပါတယ္။ အဲဒါဆုိတဲ့အခါက်ေတာ့ မလုိအပ္ပဲနဲ႔ သူတုိ႔ေတြက ေဆးရံုမွာအၾကာႀကီးေနရၿပီးေတာ့ စိတ္ပုိင္းဆုိင္ရာထိခိုက္မႈေတြလည္း ရွိႏုိင္တယ္။ သူေဆးရံုမွာအၾကာႀကီးေနရေတာ့ မိသားစုေတြကလည္း တာဝန္ပုိႀကီးတယ္၊ ပင္ပန္းဆင္းရဲတယ္။ ၿပီးေတာ့ ဒီလူနာကို ေစာင့္ၾကပ္ၾကည့္ရႈေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္လည္း ဝန္ထုတ္၊ ၀န္ပုိးပုိျဖစ္တယ္။ သူတုိ႔ေတြ ဒီလိုမ်ိဳးၾကည့္ေနရတဲ့အတြက္ေၾကာင့္မုိ႔ တျခားတကယ္လိုအပ္တဲ့လူနာေတြကို အခ်ိန္ေပးႏိုင္ဖို႔က အကန္႔အသတ္ရွိတယ္။”

အခုလိုေျပာင္းလဲလုိက္တာဟာ ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO ရဲ႕ လမ္းညႊန္ခ်က္အတုိင္း ျဖစ္ၿပီး ႏိုင္ငံတကာမွာလည္း လူနာေတြကုိေဆးရံုေဆးခြင့္ေပးတဲ့ပံုစံ ေျပာင္းလဲေနၾကၿပီလို႔ ေဒါက္တာခင္ခင္ႀကီးက ဆက္ေျပာပါတယ္။ ဒါေပမဲ့လည္း WHO ရဲ႕ Guideline ထဲမွာေတာ့ ေရာဂါလကၡဏာသက္သာသူေတြကုိ ေဆးရံုမွာ ေနာက္ထပ္ ၃ရက္ေစာင့္ၾကည့္ၿပီးမွ ဆင္းခြင့္ေပးတာျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ ပိုၿပီးစိတ္ခ်ရေအာင္ ေစာင့္ၾကည့္ရက္ကုိ တရက္တိုးထားတယ္လို႔ ဆုိပါတယ္။ အဲဒါေၾကာင့္ ပုိးေတြ႕လူနာေတြအေနနဲ႔ ေဆးရံုမွာအနည္းဆံုး ၁၄ ရက္တာ ေစာင့္ၾကပ္ကုသမႈ ခံယူရမွာျဖစ္တယ္လို႔ သိရပါတယ္။

ကုိဗစ္ကပ္ေရာဂါအတြက္ ျပည္သူေတြလိုက္နာရမဲ့ အခ်က္ထဲမွာ တဦးနဲ႔တဦး ခပ္ခြာခြာေနထုိင္ရမယ္ဆုိတာနဲ႔ လူစုလူေဝးရွိတဲ့ေနရာေတြကို ေရွာင္ၾကဥ္ႏုိင္ဖို႔ကလည္း ဒီေရာဂါထိန္းခ်ဳပ္ကာကြယ္ရာမွာ အေရးႀကီးဆံုး အခ်က္ေတြျဖစ္ေနပါတယ္။ ဒါေတြေၾကာင့္ လာမယ့္ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးေရးကာလအစမွာ ျပည္သူအားလံုး လိုက္နာရမယ့္ေရာဂါကာကြယ္ေရး ညႊန္ၾကားခ်က္ေတြကို ဆက္ၿပီးေဆာင္ရြက္ဖုိ႔ ေဒါက္တာခင္ခင္ႀကီးက တုိက္တြန္းထားပါတယ္။

“ဒီေရြးေကာက္ပြဲမွာ မဲေပးမယ့္သူေတြ ဒီလိုမဲဆြယ္စည္းရံုး ကိစၥရပ္ေတြေၾကာင့္ ျပည္သူလူထုေရာဂါကူးစက္မႈ မျဖစ္ေပၚေစဖုိ႔ ဒါက်မတို႔စိတ္ထဲမွာ အဓိကထားပါတယ္။ ဒါ့အျပင္ မဲေပးတဲ့အခါမွာလည္း စိတ္ခ်လံုျခံဳစြာနဲ႔ အႏၱရာယ္ကင္းစြာ မဲေပးႏုိင္ဖုိ႔ ရည္ရြယ္ပါတယ္။ အခ်ဳပ္အားျဖင့္ေျပာရမယ္ဆိုရင္ေတာ့ မဲဆြယ္စည္းရံုးတဲ့အခါမွာ သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြအတုိင္း ျပည္သူလူထုရဲ႕လိုက္နာမႈလိုပါတယ္။ ေနာက္တခုက တတ္ႏုိင္လို႔ရွိရင္ လူစုလူေဝးထဲ မသြားတာအေကာင္းဆံုးပါပဲ။ ကုိယ္အားေပးခ်င္တဲ့ပါတီ၊ ကုိယ္အားေပးခ်င္တဲ့လူကုိ အြန္လုိင္းမီဒီယာကေနတဆင့္လည္း အားေပးလုိ႔ရပါတယ္။ အဲဒါေၾကာင့္ ဒီလူၾကားထဲကုိသြားမွရယ္လို႔ မဟုတ္ပါဘူး။ တနည္းအားျဖင့္ဆုိ ကုိယ့္ကုိယ္ကူးစက္ႏိုင္မယ့္အခြင့္အလမ္းကေတာ့ ျပည္သူထဲမွာ လူအုပ္စုထဲကုိသြားၿပီဆုိရင္ေတာ့ ကူးစက္ႏုိင္တဲ့ အခြင့္အလမ္းက မ်ားပါတယ္။”

ကုိဗစ္ကပ္ေရာဂါ ျပည္တြင္းကူးစက္မႈ စတင္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာ မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔ကို သတ္မွတ္ထားၿပီးတဲ့ေနာက္ ကူးစက္ႏႈန္းတုိးလာေနတဲ့ ရန္ကုန္တုိင္းအတြင္းက ၿမိဳ႕နယ္ ၇ ခုကိုလည္း အျပင္ထြက္ခြင့္ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားပါတယ္။ အဲဒါအျပင္ ျပည္နယ္နဲ႔တုိင္းအသီးသီးမွာ ကပ္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ စည္းကမ္းခ်က္ေတြခ်မွတ္ထားၿပီး မလုိက္နာသူေတြကိုလည္း သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဥပေဒနဲ႔ အေရးယူတာေတြ ရွိလာပါတယ္။

အစုိးရရံုးေတြအေျခစုိက္ရာ ေနျပည္ေတာ္မွာလည္း ဌာနဆုိင္ရာဝန္ထမ္းေတြကုိ တဝက္တက္ တဝက္နားရံုးတက္စနစ္ကို လာမယ့္ဗုဒၶဟူးေန႔မွာ ျပန္လည္စတင္ဖုိ႔ ဗဟုိေကာ္မတီကညႊန္ၾကားထားတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ကိုဗစ်စည်းမျဉ်းတချို့ ပြောင်းလဲသတ်မှတ်

COVID- 19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်နဲ့ အသွားအလာ ကန့်သတ်ခံထားရသူတွေအပေါ် ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ပြောင်းလဲလိုက်ပြီးတော့ မဲဆွယ်စည်းရုံးရေးကာလမှာ ပြည်သူတွေရောဂါကာကွယ်ရေး စည်းမျဉ်းတွေဆက်ပြီး လိုက်နာဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူက သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ပြည်တွင်းပိုးတွေ့လူနာတွေနဲ့ ရောဂါသံသယကြောင့် အသွားအလာကန့်သတ်ခံထားရသူတွေအပေါ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့အချက်တွေကို ဒီကနေ့ကစပြီး ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ခံထားရသူတွေကို အရင်က ရက်သတ္တပတ် ၃ပတ်တာကာလ သတ်မှတ်ထားပြီး၊ အခုတော့ ၁၄ရက်တာအဖြစ် Quarantine ကာလကို သတ်မှတ်လိုက်တာပါ။ အဲဒါအပြင် ရောဂါပိုးရှိလို့ ဆေးရုံတက်ရသူတွေ COVID- 19 Negative နှစ်ကြိမ်ဆက်တိုက်ပြမှ ဆေးရုံကဆေးခွင့်ရတဲ့အခြေအနေကနေ အခုအခါမှာတော့ ရောဂါလက္ခဏာပေါ်မူတည်ပြီး ဆေးရုံဆင်းရတဲ့အဆင့်ကို ပြောင်းလဲလိုက်တဲ့အကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“Negative ၂ ကြိမ်ဆက်တိုက်ဖြစ်တဲ့အထိ ရဖို့အတွက် ရက် ၉၀ ကျော်ကြာတဲ့အခြေအနေထိ ရှိပါတယ်။ တချို့တွေက ရက် ၈၀ ကျော်ကြာပါတယ်။ အဲဒါဆိုတဲ့အခါကျတော့ မလိုအပ်ပဲနဲ့ သူတို့တွေက ဆေးရုံမှာအကြာကြီးနေရပြီးတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ရှိနိုင်တယ်။ သူဆေးရုံမှာအကြာကြီးနေရတော့ မိသားစုတွေကလည်း တာဝန်ပိုကြီးတယ်၊ ပင်ပန်းဆင်းရဲတယ်။ ပြီးတော့ ဒီလူနာကို စောင့်ကြပ်ကြည့်ရှုနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ဝန်ထုတ်၊ ဝန်ပိုးပိုဖြစ်တယ်။ သူတို့တွေ ဒီလိုမျိုးကြည့်နေရတဲ့အတွက်ကြောင့်မို့ တခြားတကယ်လိုအပ်တဲ့လူနာတွေကို အချိန်ပေးနိုင်ဖို့က အကန့်အသတ်ရှိတယ်။”

အခုလိုပြောင်းလဲလိုက်တာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လမ်းညွှန်ချက်အတိုင်း ဖြစ်ပြီး နိုင်ငံတကာမှာလည်း လူနာတွေကိုဆေးရုံဆေးခွင့်ပေးတဲ့ပုံစံ ပြောင်းလဲနေကြပြီလို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပါတယ်။ ဒါပေမဲ့လည်း WHO ရဲ့ Guideline ထဲမှာတော့ ရောဂါလက္ခဏာသက်သာသူတွေကို ဆေးရုံမှာ နောက်ထပ် ၃ရက်စောင့်ကြည့်ပြီးမှ ဆင်းခွင့်ပေးတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပိုပြီးစိတ်ချရအောင် စောင့်ကြည့်ရက်ကို တရက်တိုးထားတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပိုးတွေ့လူနာတွေအနေနဲ့ ဆေးရုံမှာအနည်းဆုံး ၁၄ ရက်တာ စောင့်ကြပ်ကုသမှု ခံယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါအတွက် ပြည်သူတွေလိုက်နာရမဲ့ အချက်ထဲမှာ တဦးနဲ့တဦး ခပ်ခွာခွာနေထိုင်ရမယ်ဆိုတာနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်နိုင်ဖို့ကလည်း ဒီရောဂါထိန်းချုပ်ကာကွယ်ရာမှာ အရေးကြီးဆုံး အချက်တွေဖြစ်နေပါတယ်။ ဒါတွေကြောင့် လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလအစမှာ ပြည်သူအားလုံး လိုက်နာရမယ့်ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေကို ဆက်ပြီးဆောင်ရွက်ဖို့ ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

“ဒီရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေ ဒီလိုမဲဆွယ်စည်းရုံး ကိစ္စရပ်တွေကြောင့် ပြည်သူလူထုရောဂါကူးစက်မှု မဖြစ်ပေါ်စေဖို့ ဒါကျမတို့စိတ်ထဲမှာ အဓိကထားပါတယ်။ ဒါ့အပြင် မဲပေးတဲ့အခါမှာလည်း စိတ်ချလုံခြုံစွာနဲ့ အန္တရာယ်ကင်းစွာ မဲပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ပြည်သူလူထုရဲ့လိုက်နာမှုလိုပါတယ်။ နောက်တခုက တတ်နိုင်လို့ရှိရင် လူစုလူဝေးထဲ မသွားတာအကောင်းဆုံးပါပဲ။ ကိုယ်အားပေးချင်တဲ့ပါတီ၊ ကိုယ်အားပေးချင်တဲ့လူကို အွန်လိုင်းမီဒီယာကနေတဆင့်လည်း အားပေးလို့ရပါတယ်။ အဲဒါကြောင့် ဒီလူကြားထဲကိုသွားမှရယ်လို့ မဟုတ်ပါဘူး။ တနည်းအားဖြင့်ဆို ကိုယ့်ကိုယ်ကူးစက်နိုင်မယ့်အခွင့်အလမ်းကတော့ ပြည်သူထဲမှာ လူအုပ်စုထဲကိုသွားပြီဆိုရင်တော့ ကူးစက်နိုင်တဲ့ အခွင့်အလမ်းက များပါတယ်။”

ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှု စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ကို သတ်မှတ်ထားပြီးတဲ့နောက် ကူးစက်နှုန်းတိုးလာနေတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ ခုကိုလည်း အပြင်ထွက်ခွင့် ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ အဲဒါအပြင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် စည်းကမ်းချက်တွေချမှတ်ထားပြီး မလိုက်နာသူတွေကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူတာတွေ ရှိလာပါတယ်။

အစိုးရရုံးတွေအခြေစိုက်ရာ နေပြည်တော်မှာလည်း ဌာနဆိုင်ရာဝန်ထမ်းတွေကို တဝက်တက် တဝက်နားရုံးတက်စနစ်ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြန်လည်စတင်ဖို့ ဗဟိုကော်မတီကညွှန်ကြားထားတယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG