သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဓါတ္ခဲြအတည္ျပဳ ၉၉ ဦးတိုးလာသလို ေရာဂါေၾကာင့္ ႏွစ္ဦးထပ္မံေသဆံုး


ရန္ကုန္ၿမိဳ႕ရွိ အစိုးရရံုးတခုမွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ ၀န္ထမ္းတဦး။ (မတ္ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စက္တင္ဘာလ ၈ ရက္ေန႔ ညပိုင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခ်က္အရ COVID-19 ကူးစက္သူ လူနာသစ္ ၉၉ ေယာက္ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ စုစုေပါင္း ကူးစက္သူ ၁,၇၀၉ ေယာက္ ရွိၿပီျဖစ္ပါတယ္။ ေရာဂါေၾကာင့္ေသဆံုးသူ ႏွစ္ဦးတိုးလာတဲ့အတြက္လည္း COVID 19 ေရာဂါနဲ႔ ေသဆံုးသူျမန္မာႏိုင္ငံမွာ ၁၀ ဦး ရွိသြားၿပီျဖစ္ပါတယ္။

စက္တင္ဘာလ ၈ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာ စုစုေပါင္း ၂,၂၃၅ ခုကို စစ္ေဆးခဲ့တာမွာ အခုလို ၉၉ ေယာက္အတည္ျပဳခဲ့တာပါ။ အတည္ျပဳလူနာေတြထဲ မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္က ၁၁ ေယာက္၊ သာစည္ၿမိဳ႕နယ္က ၄ ေယာက္၊ ေအာင္ေျမသာဇံ ၿမိဳ႕နယ္က ၁ ေယာက္နဲ႔ က်န္ အတည္ျပဳလူနာ ၈၃ ေယာက္က ရန္ကုန္ၿမိဳ႕အတြင္း ၿမိဳ႕နယ္ အသီးသီးက ျဖစ္ပါတယ္။ အတည္ျပဳလူနာေတြရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို ဆက္လက္ထုတ္ျပန္ေပးသြားမယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာေတြထဲ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသေနတဲ့ ဆီးခ်ိဳနဲ႔ ေသြးတိုးေရာဂါ အခံရွိ အသက္ ၆၅ ႏွစ္အ႐ြယ္ ဓာတ္ခြဲအတည္ျပဳလူနာအမ်ိဳးသားအမွတ္ ၁,၆၂၉ ဟာ စက္တင္ဘာလ ၇ ရက္ေန႔မွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ အသက္ရႈလမ္းေၾကာင္း ႐ုတ္တရက္ ပ်က္စီးေသဆုံးခဲ့ပါတယ္။ ေနာက္ထပ္ COVID-19ကုသေရးဌာန (ေဖာင္ႀကီး) မွာ တက္ေရာက္ေဆးကုသခံယူေနတဲ့ အသက္ ၈၂ ႏွစ္အ႐ြယ္ ဆီးခ်ိဳနဲ႔ ေသြးတိုးေရာဂါ အခံရွိသူ ဓာတ္ခြဲအတည္ျပဳလူနာအမ်ိဳးသမီး အမွတ္ ၁၄၈၅ ဟာလည္း စက္တင္ဘာလ ၈ ရက္ေန႔မွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ အသက္ရႈလမ္းေၾကာင္း ႐ုတ္တရက္ ပ်က္စီးေသဆုံးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အခုထိ COVID-19 ဓာတ္ခြဲ စစ္ေဆးမႈေပါင္း ၁၇၀,၀၀၀ နီးပါးျပဳလုပ္ခဲ့ၿပီး အတည္ျပဳလူနာေတြထဲ ေရာဂါကင္းစင္လာသူက ၄၆၀ ရွိပါတယ္။ စက္တင္ဘာလ ၈ ရက္ေန႔ ေန႔လယ္ပိုင္းအထိ ေစာင့္ၾကည့္လူနာ အသစ္က ၁၈၈ ေယာက္ရွိပါတယ္။

[Unicode Version]

ကိုဗစ်ဓါတ်ခွဲအတည်ပြု ၉၉ ဦးတိုးလာသလို ရောဂါကြောင့် နှစ်ဦးထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ COVID-19 ကူးစက်သူ လူနာသစ် ၉၉ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်သူ ၁,၇၀၉ ယောက် ရှိပြီဖြစ်ပါတယ်။ ရောဂါကြောင့်သေဆုံးသူ နှစ်ဦးတိုးလာတဲ့အတွက်လည်း COVID 19 ရောဂါနဲ့ သေဆုံးသူမြန်မာနိုင်ငံမှာ ၁၀ ဦး ရှိသွားပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၂၃၅ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ၉၉ ယောက်အတည်ပြုခဲ့တာပါ။ အတည်ပြုလူနာတွေထဲ မန္တလေးတိုင်း မြင်းခြံမြို့နယ်က ၁၁ ယောက်၊ သာစည်မြို့နယ်က ၄ ယောက်၊ အောင်မြေသာဇံ မြို့နယ်က ၁ ယောက်နဲ့ ကျန် အတည်ပြုလူနာ ၈၃ ယောက်က ရန်ကုန်မြို့အတွင်း မြို့နယ် အသီးသီးက ဖြစ်ပါတယ်။ အတည်ပြုလူနာတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိ အသက် ၆၅ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမျိုးသားအမှတ် ၁,၆၂၉ ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက် ပျက်စီးသေဆုံးခဲ့ပါတယ်။ နောက်ထပ် COVID-19ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ဆေးကုသခံယူနေတဲ့ အသက် ၈၂ နှစ်အရွယ် ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိသူ ဓာတ်ခွဲအတည်ပြုလူနာအမျိုးသမီး အမှတ် ၁၄၈၅ ဟာလည်း စက်တင်ဘာလ ၈ ရက်နေ့မှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက် ပျက်စီးသေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ COVID-19 ဓာတ်ခွဲ စစ်ဆေးမှုပေါင်း ၁၇၀,၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါကင်းစင်လာသူက ၄၆၀ ရှိပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာ အသစ်က ၁၈၈ ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG