[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ၁,၅၀၀ ေက်ာ္သြားပါၿပီ။ ဒီေန႔ စက္တင္ဘာ ၇ ရက္ ည ၈ နာရီမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ လူနာသစ္ ၅၄ ေယာက္ ထပ္ေတတြ႔တဲ့အတြက္ စုစုေပါင္း ကိုဗစ္ အတည္ျပဳလူနာ ၁,၅၁၈ ေယာက္ျဖစ္ပါတယ္။ လူနာသစ္ေတြက ရခိုင္ျပည္နယ္၊ မႏၱေလးတိုင္း၊ ရန္ကုန္တိုင္း၊ မြန္ျပည္နယ္ေတြက ျဖစ္ပါတယ္။
COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈေတြကုိ ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္ ဓာတ္ခြဲနမူနာ ၆၅၆ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၁၃၉ ခု၊ မႏၱေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၂၄ ခုနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၁၅၁ ခု၊ စုစုေပါင္း ၁,၁၇၀ ခုကို ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တာျဖစ္ပါတယ္။
စက္တင္ဘာ ၆ ရက္ေန႔က ဓါတ္ခဲြနမူနာရလဒ္ေတြ ထုတ္ျပန္ခဲ့ခ်ိန္မွာေတာ့ အတည္ျပဳလူနာ ၁၄၅ ေယာက္ အသစ္ေတ႔ြ႔႐ွိပါတယ္။ အဲဒီအတည္ျပဳလူနာေတြထဲမွာ အသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္ေတြပါဝင္ၿပီး အသက္အသက္ဆံုး အတည္ျပဳလူနာက ၁၀ လအ႐ြယ္ မိန္းကေလးငယ္ျဖစ္ပါတယ္။အခုအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ အတည္ျပဳလူနာ ၁,၅၁၈ ေယာက္၊ ပိုးေတြ႔ၿပီး ျပန္လည္ ေနေကာင္းသြားသူ ၃၈၈ ေယာက္နဲ႔ ေသဆံုးသူ ၈ ေယာက္႐ွိပါတယ္။
[Unicode Version]
မြန်မာနိုင်ငံ ကိုဗစ်ဓါတ်ခွဲအတည်ပြု လူ၁၅၀၀ ကျော်ပြီ
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁,၅၀၀ ကျော်သွားပါပြီ။ ဒီနေ့ စက်တင်ဘာ ၇ ရက် ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လူနာသစ် ၅၄ ယောက် ထပ်တေတွ့တဲ့အတွက် စုစုပေါင်း ကိုဗစ် အတည်ပြုလူနာ ၁,၅၁၈ ယောက်ဖြစ်ပါတယ်။ လူနာသစ်တွေက ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တွေက ဖြစ်ပါတယ်။
COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ် ဓာတ်ခွဲနမူနာ ၆၅၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၁၃၉ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၂၄ ခုနဲ့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၁၅၁ ခု၊ စုစုပေါင်း ၁,၁၇၀ ခုကို ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့က ဓါတ်ခွဲနမူနာရလဒ်တွေ ထုတ်ပြန်ခဲ့ချိန်ကလည်း အတည်ပြုလူနာ ၁၄၅ ယောက် အသစ်တေ့ွ့ရှိပါတယ်။ အဲဒီအတည်ပြုလူနာတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေပါဝင်ပြီး အသက်အသက်ဆုံး အတည်ပြုလူနာက ၁၀ လအရွယ် မိန်းကလေးငယ်ဖြစ်ပါတယ်။အခုအချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၁,၅၁၈ ယောက်၊ ပိုးတွေ့ပြီး ပြန်လည် နေကောင်းသွားသူ ၃၈၈ ယောက်နဲ့ သေဆုံးသူ ၈ ယောက်ရှိပါတယ်။