သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းျမန္မာနယ္စပ္ ကိုဗစ္အခမဲ့စစ္ေဆးေပး


အခမဲ့ ကိုဗစ္စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါပုိးျဖစ္ႏႈန္း ျမင့္တက္လာတာေၾကာင့္ ထုိင္းျမန္မာနယ္စပ္ေတြကိုပါ ကူးစက္ျပန္႔ပြားလာမွာကို စိုးရိမ္ျပီး ထုိင္းျမန္မာနယ္စပ္တာ့ခ္ခရိုင္ထဲမွာ ျမန္မာနိုင္ငံသား အမ်ားအျပားေနထုိင္ရာေနရာက လူ ၃,၀၀၀ ကို အခမဲ့ ကိုဗစ္စစ္ေပးမႈလုပ္တဲ့အေႀကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

အခမဲ့ ကိုဗစ္စစ္ေဆးေပးတဲ့ ေရြ ႔လ်ားေမာ္ေတာ္ယာဥ္မ်ား။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)
အခမဲ့ ကိုဗစ္စစ္ေဆးေပးတဲ့ ေရြ ႔လ်ားေမာ္ေတာ္ယာဥ္မ်ား။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)

ထိုင္းဘုရင္ရဲ႕ အစီအစဥ္နဲ႔ ေရာဂါရွာေဖြစစ္ေဆးေရး ေရြ ႔လ်ားေမာ္ေတာ္ယာဥ္ေတြနဲ႔ မဲေဆာက္ျမိဳ႕နယ္အတြင္းက စာသင္ေက်ာင္းနဲ႔ အက်ဥ္းေထာင္ နယ္စပ္ခ်စ္ၾကည္ေရးတံတားနဲ႔ ျမန္မာဘက္က လူေတြအ၀င္အထြက္မ်ားတဲ့ ေနရာေတြကုိ အခမဲ့ ကုိဗစ္စစ္ေဆးေပးတဲ့ ၀န္ေဆာင္မႈကုိ စက္တင္ဘာလ ၈ ရက္ေန႔က စတင္ခဲ့ပါတယ္။ ဒီစစ္ေဆးေပးပဲြကို တာ့ခ္ခရိုင္၀န္လည္း တက္ေရာက္ခဲ့ပါတယ္။

အခမဲ့၀န္ေဆာင္ရာမွာ သက္ဆုိင္ရာစင္တာ အနီးအနားမွာ ရွိတဲ့ မည္သူမဆို လူမ်ိဳးမေရြး၊ ဘာသာမေရြး သြားေရာက္စာရင္းေပးသြင္းျပီး စစ္ေဆးမႈ ခံယူႏိုင္ပါတယ္။ ဒီအစီအစဥ္နဲ႔ ပတ္သက္လို႔ အစၥလာမ္စာသင္ေက်ာင္းစင္တာက ျမန္မာႏိုင္ငံသားေစတနာ၀န္ထမ္း တဦးကအခုလိုရွင္းျပပါတယ္။

"အခု ဆိုရင္ တာ့ခ္ခရိုင္မဲေဆာက္မွာ နယ္စပ္ျဖစ္တဲ့အတြက္ ထိုင္းအစိုးရကေနၿပီးေတာ့ တာ့ခရိုင္မဲေဆာက္ကို ကိုယ္တာ ၃,၀၀၀ ေပးတယ္။ က်ေနာ္တို႔ အစၥလာမ္ရပ္ကြက္ကိုေတာ့ အေယာက္ ၁,၀၀၀ ေပးတယ္၊ ေနာက္နယ္စပ္ျဖစ္တဲ့ ၀မ္သခီယမ္မွာေတာ့ အေယာက္ ၇၀၀ ေပးတယ္။ တာ့ ေနာက္မဲေဆာက္ေထာင္အတြက္ ပထမဦးဆံုးအမႈ ျဖစ္ျပီး- ၀င္လာတဲ့သူေတြထဲက လူ ၃၀၀၊ ဒုတိယခ်စ္ၾကည္ေရးတံတားအတြက္ အေယာက္ ၂၀၀၊ ၀ပ္မဲ့ကစာဆုိတဲ့ ဘုန္းႀကီးေက်ာင္းအတြက္ကေတာ့ အေယာက္ ၈၀၀ ေပးတယ္။ အဲဒီထဲမွာ ေရႊ႕ေျပာင္းအလုပ္သမားေတြ ရွိတယ္၊ ရပ္ကြက္မွာရွိတဲ့ ထုိင္းလူမ်ိဳးေတြလည္းပါတယ္၊ ေရႊ႕ေျပာင္းေက်ာင္းသားေတြရဲ႕ မိဘေတြလည္း ပါတယ္။ ေရာဂါအတြက္လာစစ္တဲ့ေနရာမွာ က်ေနာ္အစၥလာမ္စာသင္ေက်ာင္းကုိ စင္တာလုပ္ျပီး ဆားဗစ္ေပးပါတယ္။"

ေရြ ႔လ်ားေမာ္ေတာ္ယာဥ္ေတြနဲ႔ အခမဲ့ ကိုဗစ္စစ္ေဆးေပးတာကို ေစာင့္ဆိုင္းေနၾကသူမ်ား။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)
ေရြ ႔လ်ားေမာ္ေတာ္ယာဥ္ေတြနဲ႔ အခမဲ့ ကိုဗစ္စစ္ေဆးေပးတာကို ေစာင့္ဆိုင္းေနၾကသူမ်ား။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)

ဒီေန႔မွာေတာ့ ကိုဗစ္ကပ္ေရာဂါပုိး လာေရာက္စစ္ေဆးသူ အမ်ားစုဟာ ျမန္မာႏို္င္ငံသားေတြျဖစ္ၾကပါတယ္။ ေစ်းေရာင္းရင္းနဲ႔ လာျပီး စစ္ေဆးမႈခံယူတဲ့ ျမန္မာအမ်ိဳးသမီး တဦးကေတာ့အခုလိုေျပာျပပါတယ္။

"ကူးစက္လည္း ျမန္တယ္။ ျမန္တဲ့အတြက္ေၾကာင့္ ေရာဂါဆက္မကူးေအာင္လာျပီး စစ္တာေပါ့ေနာ္။ တဦးနဲ႔ တေယာက္အမ်ားျဖစ္လာရင္ ေရာဂါပုိးကူးစက္လာရင္ အိမ္မွာကလည္း မိသားစုေတြလည္း ရွိတယ္မဟုတ္လား။"

ျမန္မာႏိုင္ငံဘက္မွာ ကုိဗစ္ကပ္ေရာဂါကူးဆက္မႈႏႈန္း ျမင့္မားလာတဲ့အတြက္ ထိုင္းဘက္ကစိုးရိမ္ပူပန္မႈေတြ ရွိေနျပီး ဒီလို ေရြ႕လ်ားေမာ္ေတာ္ယာဥ္ေတြနဲ႔ စစ္ေဆးေပးတာ ပထမဦးဆံုးျဖစ္ပါတယ္။

ထိုင္းျမန္မာနယ္စပ္ ကိုဗစ္အခမဲ့စစ္ေဆးေပး
please wait

No media source currently available

0:00 0:02:33 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမြန်မာနယ်စပ် ကိုဗစ်အခမဲ့စစ်ဆေးပေး

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးဖြစ်နှုန်း မြင့်တက်လာတာကြောင့် ထိုင်းမြန်မာနယ်စပ်တွေကိုပါ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်ပြီး ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား အများအပြားနေထိုင်ရာနေရာက လူ ၃,၀၀၀ ကို အခမဲ့ ကိုဗစ်စစ်ပေးမှုလုပ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းဘုရင်ရဲ့ အစီအစဉ်နဲ့ ရောဂါရှာဖွေစစ်ဆေးရေး ရွေ့လျားမော်တော်ယာဉ်တွေနဲ့ မဲဆောက်မြို့နယ်အတွင်းက စာသင်ကျောင်းနဲ့ အကျဉ်းထောင် နယ်စပ်ချစ်ကြည်ရေးတံတားနဲ့ မြန်မာဘက်က လူတွေအဝင်အထွက်များတဲ့ နေရာတွေကို အခမဲ့ ကိုဗစ်စစ်ဆေးပေးတဲ့ ဝန်ဆောင်မှုကို စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့ပါတယ်။ ဒီစစ်ဆေးပေးပွဲကို တာ့ခ်ခရိုင်ဝန်လည်း တက်ရောက်ခဲ့ပါတယ်။

ေရြ ႔လ်ားေမာ္ေတာ္ယာဥ္ေတြနဲ႔ အခမဲ့ ကိုဗစ္စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)
ေရြ ႔လ်ားေမာ္ေတာ္ယာဥ္ေတြနဲ႔ အခမဲ့ ကိုဗစ္စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)

အခမဲ့ဝန်ဆောင်ရာမှာ သက်ဆိုင်ရာစင်တာ အနီးအနားမှာ ရှိတဲ့ မည်သူမဆို လူမျိုးမရွေး၊ ဘာသာမရွေး သွားရောက်စာရင်းပေးသွင်းပြီး စစ်ဆေးမှု ခံယူနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ အစ္စလာမ်စာသင်ကျောင်းစင်တာက မြန်မာနိုင်ငံသားစေတနာဝန်ထမ်း တဦးကအခုလိုရှင်းပြပါတယ်။

"အခု ဆိုရင် တာ့ခ်ခရိုင်မဲဆောက်မှာ နယ်စပ်ဖြစ်တဲ့အတွက် ထိုင်းအစိုးရကနေပြီးတော့ တာ့ခရိုင်မဲဆောက်ကို ကိုယ်တာ ၃,၀၀၀ ပေးတယ်။ ကျနော်တို့ အစ္စလာမ်ရပ်ကွက်ကိုတော့ အယောက် ၁,၀၀၀ ပေးတယ်၊ နောက်နယ်စပ်ဖြစ်တဲ့ ဝမ်သခီယမ်မှာတော့ အယောက် ၇၀၀ ပေးတယ်။ တာ့ နောက်မဲဆောက်ထောင်အတွက် ပထမဦးဆုံးအမှု ဖြစ်ပြီး- ဝင်လာတဲ့သူတွေထဲက လူ ၃၀၀၊ ဒုတိယချစ်ကြည်ရေးတံတားအတွက် အယောက် ၂၀၀၊ ဝပ်မဲ့ကစာဆိုတဲ့ ဘုန်းကြီးကျောင်းအတွက်ကတော့ အယောက် ၈၀၀ ပေးတယ်။ အဲဒီထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ရှိတယ်၊ ရပ်ကွက်မှာရှိတဲ့ ထိုင်းလူမျိုးတွေလည်းပါတယ်၊ ရွှေ့ပြောင်းကျောင်းသားတွေရဲ့ မိဘတွေလည်း ပါတယ်။ ရောဂါအတွက်လာစစ်တဲ့နေရာမှာ ကျနော်အစ္စလာမ်စာသင်ကျောင်းကို စင်တာလုပ်ပြီး ဆားဗစ်ပေးပါတယ်။"

အခမဲ့ ကိုဗစ္စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)
အခမဲ့ ကိုဗစ္စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၀၈၊ ၂၀၂၀)

ဒီနေ့မှာတော့ ကိုဗစ်ကပ်ရောဂါပိုး လာရောက်စစ်ဆေးသူ အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။ ဈေးရောင်းရင်းနဲ့ လာပြီး စစ်ဆေးမှုခံယူတဲ့ မြန်မာအမျိုးသမီး တဦးကတော့အခုလိုပြောပြပါတယ်။

"ကူးစက်လည်း မြန်တယ်။ မြန်တဲ့အတွက်ကြောင့် ရောဂါဆက်မကူးအောင်လာပြီး စစ်တာပေါ့နော်။ တဦးနဲ့ တယောက်အများဖြစ်လာရင် ရောဂါပိုးကူးစက်လာရင် အိမ်မှာကလည်း မိသားစုတွေလည်း ရှိတယ်မဟုတ်လား။"

မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ကပ်ရောဂါကူးဆက်မှုနှုန်း မြင့်မားလာတဲ့အတွက် ထိုင်းဘက်ကစိုးရိမ်ပူပန်မှုတွေ ရှိနေပြီး ဒီလို ရွေ့လျားမော်တော်ယာဉ်တွေနဲ့ စစ်ဆေးပေးတာ ပထမဦးဆုံးဖြစ်ပါတယ်။

XS
SM
MD
LG