သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္သူ ၁၅၇ ဦး ထပ္တိုး၊ စုစုေပါင္း ၂,၄၂၂ ဦးရွိၿပီ


ရန္ကုန္ၿမိဳ႕ရွိ အသြားအလာ ကန္႔သတ္ပိတ္ဆို႔ထားတဲ့ လမ္းတခုမွာ ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္နဲ႔ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီးတို႔မွာ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၄၇၅ ထဲမွာ ကိုဗစ္ေရာဂါပိုး ကူးစက္သူ ၁၅၇ ဦး ထပ္ေတြ႕တဲ့အတြက္ အခုခ်ိန္ထိဆိုရင္ ျမန္မာႏိုင္ငံတဝန္းမွာ ကိုဗစ္ေရာဂါကူးစက္သူ စုစုေပါင္း ၂,၄၂၂ ဦး ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔မနက္ ၇ နာရီအခ်ိန္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲနမူနာေပါင္း ၁,၃၇၀ ထဲမွာ ေရာဂါပိုးကူးစက္သူ ၁၁၅ ဦးရွိခဲ့တာေၾကာင့္ ဒီကေန႔အတြက္ စုစုေပါင္း ဓာတ္ခြဲနမူနာ ၃,၈၄၅ ခုမွာ ေရာဂါပိုးကူးစက္သူေပါင္း ၂၇၂ ေယာက္ ထပ္တိုးလာတာပါ။

ေရာဂါပိုး ကူးစက္သူေတြထဲက ေသဆုံးသူ ၁၄ ဦး ရွိပါတယ္။

ေရာဂါပိုး ကူးစက္ထားသူေတြထဲမွာ ဒီကေန႔ ေဆး႐ုံဆင္းခြင့္ရသူ ထပ္မတိုးဘဲ ေဆး႐ုံက ဆင္းခြင့္ရထားသူ စုစုေပါင္း ၆၂၅ ဦး ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေနျပည္ေတာ္နဲ႔ ျပည္နယ္နဲ႔တိုင္းေဒသႀကီး ၁၂ ခုမွာ COVID-19 ေရာဂါနဲ႔ ေဆး႐ံုတက္ ကုသေနသူေပါင္းဟာ ဒီကေန႔မနက္ ၇ နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ စုစုေပါင္း ၁,၆၆၂ ဦးရွိပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ကေန စက္တင္ဘာလ ၁၁ ရက္ေန႔ ည ၈ နာရီအခ်ိန္ထိဆိုရင္ ဓာတ္ခြဲစစ္ေဆးသူအေရအတြက္ စုစုေပါင္း ၁၉၀,၈၄၈ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။

အဲဒီလိုစစ္ေဆးတဲ့ထဲမွာ ေစာင့္ၾကည့္လူနာေတြထဲက ပိုးေတြ႔ရွိတဲ့ႏႈန္းဟာ ၅.၄၇ ရာခိုင္ႏႈန္း ရွိၿပီး အသြားအလာ ကန္႔သတ္ထားရွိသူေတြထဲမွာ ပိုးေတြ႔ရွိတဲ့ႏႈန္းကေတာ့ ၀.၃၁ ရာခိုင္ႏႈန္း ရွိတယ္ဆိုတာ က်န္းမာေရးဌာနရဲ႕ ဒီကေန႔မနက္ ၇ နာရီအခ်ိန္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ပိုးေတြ႔လူနာနဲ႔ အနီးကပ္ထိေတြ႔သူေတြၾကားမွာ ပုိးေတြ႔ရွိမႈႏႈန္းက ၁၂.၆၅ ရာခိုင္ႏႈန္း ရွိတာေၾကာင့္ ကူးစက္မႈႏႈန္း အမ်ားဆံုးျဖစ္ပါတယ္။

[Unicode Version]

မြန်မာ ကိုဗစ်ကူးစက်သူ ၁၅၇ ဦး ထပ်တိုး၊ စုစုပေါင်း ၂,၄၂၂ ဦးရှိပြီ

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ အမှတ် (၁) တပ်မတော်ဆေးရုံကြီးတို့မှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၄၇၅ ထဲမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ ၁၅၇ ဦး ထပ်တွေ့တဲ့အတွက် အခုချိန်ထိဆိုရင် မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါကူးစက်သူ စုစုပေါင်း ၂,၄၂၂ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့မနက် ၇ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာပေါင်း ၁,၃၇၀ ထဲမှာ ရောဂါပိုးကူးစက်သူ ၁၁၅ ဦးရှိခဲ့တာကြောင့် ဒီကနေ့အတွက် စုစုပေါင်း ဓာတ်ခွဲနမူနာ ၃,၈၄၅ ခုမှာ ရောဂါပိုးကူးစက်သူပေါင်း ၂၇၂ ယောက် ထပ်တိုးလာတာပါ။

ရောဂါပိုး ကူးစက်သူတွေထဲက သေဆုံးသူ ၁၄ ဦး ရှိပါတယ်။

ရောဂါပိုး ကူးစက်ထားသူတွေထဲမှာ ဒီကနေ့ ဆေးရုံဆင်းခွင့်ရသူ ထပ်မတိုးဘဲ ဆေးရုံက ဆင်းခွင့်ရထားသူ စုစုပေါင်း ၆၂၅ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၂ ခုမှာ COVID-19 ရောဂါနဲ့ ဆေးရုံတက် ကုသနေသူပေါင်းဟာ ဒီကနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ စုစုပေါင်း ၁,၆၆၂ ဦးရှိပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကနေ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီအချိန်ထိဆိုရင် ဓာတ်ခွဲစစ်ဆေးသူအရေအတွက် စုစုပေါင်း ၁၉၀,၈၄၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။

အဲဒီလိုစစ်ဆေးတဲ့ထဲမှာ စောင့်ကြည့်လူနာတွေထဲက ပိုးတွေ့ရှိတဲ့နှုန်းဟာ ၅.၄၇ ရာခိုင်နှုန်း ရှိပြီး အသွားအလာ ကန့်သတ်ထားရှိသူတွေထဲမှာ ပိုးတွေ့ရှိတဲ့နှုန်းကတော့ ဝ.၃၁ ရာခိုင်နှုန်း ရှိတယ်ဆိုတာ ကျန်းမာရေးဌာနရဲ့ ဒီကနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိုးတွေ့လူနာနဲ့ အနီးကပ်ထိတွေ့သူတွေကြားမှာ ပိုးတွေ့ရှိမှုနှုန်းက ၁၂.၆၅ ရာခိုင်နှုန်း ရှိတာကြောင့် ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG