သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စက္႐ံုေတြျပန္ပိတ္ေရး အစိုးရ အေျဖမထြက္ေသး


က်န္းမာေရးလုပ္သားမ်ားအတြက္ COVID-19 ကာကြယ္ေရးဝတ္စံုမ်ား ခ်ဳပ္လုပ္ေနသည့္ စက္ခ်ဳပ္လုပ္သားမ်ား။ (ေမ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

စက္႐ုံေတြမွာ ကိုဗစ္အတည္ျပဳလူနာေတြ ရွိလာလို႔ စက္႐ံုေတြ ျပန္ပိတ္ေရး ေဆြးေႏြးၾကတာမွာ အေျဖမထြက္ေသးဘဲ ေသခ်ာျပန္ေဆြးေႏြးၿပီးမွ ပိတ္သင့္၊ မပိတ္သင့္ဆိုတာ ဆုံးျဖတ္သြားမယ္လို႔ အစိုးရဘက္ကေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ဆက္ေျပာျပပါမယ္။

စက္မႈဇုန္အသီးသီးက စက္႐ုံလုပ္သား ၆၀ ေက်ာ္ ကိုဗစ္အတည္ျပဳ လူနာစာရင္းထဲ ပါလာတဲ့အတြက္ စက္မႈဇုန္ စက္႐ုံေတြ ယာယီျပန္ပိတ္ေပးဖို႔ အစိုးရ၊ အလုပ္ရွင္နဲ႔ အလုပ္သမားသမဂၢ ဒီေန႔ေတြ႕ဆုံပြဲမွာ အလုပ္သမား ကိုယ္စားလွယ္ေတြက ေတာင္းဆိုလိုက္တာပါ။ အစိုးရဘက္ကေတာ့ ဒါကို ေဆြးေႏြးေနဆဲလို႔ တုံ႔ျပန္ခဲ့ေပမဲ့ ဒီတုံ႔ျပန္မႈအေပၚမွာ အားမရေၾကာင္း ျမန္မာႏိုင္ငံ စက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (MICS) ေျပာခြင့္ရ ဦးသက္ႏွင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“စက္႐ုံအလုပ္႐ုံေတြ ပိတ္ထားေပးဖို႔ ကိစၥအတြက္ကေတာ့ ေဆြးေႏြးေနဆဲ အေျခအေနလို႔ ေျပာတဲ့အခါက်ေတာ့ ဒါေလးက နည္းနည္းေလး အားမရစရာေလးေတာ့ ျဖစ္သြားတာေပါ့။ က်ေနာ္တို႔က ဘာလို႔ခ်က္ခ်င္း မတုံ႔ျပန္လဲဆိုရင္ အစိုးရမွာက မူဝါဒ ေပးမထားေသးလို႔ဘဲ၊ က်ေနာ္တို႔ ဒီလိုပဲ အၾကမ္းဖ်င္းေျပာလို႔ရတာေပါ့ေနာ္။ ႏိုင္ငံ့ စီးပြားေရးနဲ႔ ပတ္သက္လို႔လည္း အမ်ားႀကီးသူတို႔ စဥ္းစားေနရတယ္လို႔ ေျပာပါတယ္။”

အလုပ္ရွင္ေတြဘက္ကေတာ့ အလုပ္႐ုံေတြ မပိတ္ခ်င္ေသးဘူးလို႔ ဒီကေန႔ သုံးပြင့္ဆိုင္ေတြ႕ဆုံပြဲမွာ ေျပာခဲ့တာပါ။ စက္႐ုံအလုပ္႐ုံေတြ ပိတ္မထားခ်င္ဘူးဆိုရင္လည္း က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနရဲ႕ ကပ္ေရာဂါကာကြယ္ေရး လမ္းၫႊန္ခ်က္ေတြ လိုက္နာေပးဖို႔ အလုပ္သမား ကိုယ္စားလွယ္ေတြက ေတာင္းဆိုခဲ့ပါတယ္။

က်န္းမာေရးနဲ႔ ႏိုင္ငံ့စီးပြားေရး၊ အလုပ္သမားေတြ စားဝတ္ေနေရး ဒီစိန္ေခၚမႈေတြၾကားက အစိုးရအခက္အခဲကို နားလည္တယ္လို႔ အလုပ္သမား သမဂၢေတြက ေျပာပါတယ္။ အစိုးရကေတာ့ ဒီအေျခအေနေတြေပၚ မူတည္ၿပီး သူတို႔ဆုံးျဖတ္ရမယ္လို႔ ဒီေန႔အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (CTUM) ေျပာခြင့္ရ ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

“ျပည္ေထာင္စုဝန္ႀကီးရဲ႕က်မတို႔ကို သတင္းအခ်က္အလက္ ေပးပို႔ခ်က္အရေတာ့ စက္႐ုံေတြမွာ လုပ္သားစုစုေပါင္း ၆၁ ဦး ရွိသြားၿပီ၊ ေရာဂါပိုးရွိတဲ့သူေပါ့ေနာ္။ Quarantine ဝင္ထားတဲ့သူကေတာ့ ၄၀၀ ေက်ာ္ေပါ့။ ရာခိုင္ႏႈန္းအားျဖင့္ေတာ့ ျမင့္တက္လာဖြယ္ရာရွိတယ္၊ (အလုပ္သမား) အဖြဲ႕ခ်ဳပ္ သုံးခုလုံးကေတာ့ ယာယီခဏပိတ္ထားေပးဖို႔ တင္ျပတယ္၊ အလုပ္ရွင္ဘက္က ပိတ္ခ်င္ရင္ေတာ့ပိတ္၊ ပိတ္တဲ့ကာလအတြက္ လုပ္အားခမေပးႏိုင္ဘူးဆိုတာ တင္ျပတယ္။ အစိုးရကေတာ့ က်န္းမာေရးနဲ႔ စီးပြားေရးၾကားမွာ အေျခအေနေပၚမူတည္ၿပီး သူတို႔ဆုံးျဖတ္ရမယ္လို႔ ဒီအတိုင္းပဲ သေဘာထားက်ပါတယ္။”

ဒီသုံးပြင့္ဆိုင္ေတြ႕ဆုံပြဲမွာ ညႇိႏႈိင္းတာေတြ မၿပီးျပတ္ေသးတဲ့ အလုပ္ရွင္ အလုပ္သမားအျငင္းပြားမႈ၊ အနည္းဆုံးလုပ္ခလစာ၊ ကိုဗစ္ကာကြယ္မႈရွိမရွိ စက္႐ုံေတြကို ေရွာင္တခင္ဝင္စစ္ဖို႔၊ အလုပ္သမားဥပေဒဌာနနဲ႔ ခုံသမာဓိေကာင္စီမေျပလည္မႈ ဒီကိစၥေတြကိုလည္း MICS, CTUM နဲ႔ AFFM အလုပ္သမား သမဂၢသုံးဖြဲ႕က ဒီေန႔ တင္ျပၾကပါတယ္။

အသြားအလာကန႔္သတ္ခံထားရတဲ့ အလုပ္သမားေတြရဲ႕ စားဝတ္ေနေရးကို လူမႈဖူလုံေၾကး လုပ္ခလစာရဲ႕ ၆၀ ရာခိုင္ႏႈန္းထုတ္ေပးသလို၊ တရက္ကို ၅,၀၀၀ က်ပ္ႏႈန္းသတ္မွတ္ၿပီး အစိုးရဘက္က စီစဥ္ေပးတယ္လို႔ဆိုပါတယ္။ ၿပီးေတာ့ သူတို႔အလုပ္ျပန္ဝင္ရင္ ဥပေဒအရ အလုပ္ရွင္က ျငင္းပယ္ခြင့္ မရွိဘူးလို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုႀကီး ဦးသိန္းေဆြက ဒီေန႔ သုံးပြင့္ဆိုင္ ေဆြးေႏြးပြဲမွာ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

တႏိုင္ငံလုံးက စက္႐ုံေတြကို ဧၿပီလတုန္းက ပိတ္ထားခဲ့ေပမဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကပ္ေရာဂါကာကြယ္ေရး အစီအမံေတြလုပ္ထားတဲ့ စက္႐ုံေတြကို ေမလကစလို႔ တျဖည္းျဖည္းျပန္ဖြင့္ခြင့္ ေပးခဲ့ပါတယ္။ စက္တင္ဘာ ၁၁ ရက္ ေန႔လယ္ပိုင္းစာရင္းအရ ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၂,၃၀၀ နီးပါးျဖစ္လာၿပီး ေသဆုံးသူက ၁၄ ေယာက္ရွိလာခ်ိန္ စက္႐ုံေတြျပန္ပိတ္ဖို႔ ျပန္စဥ္းစားလာၾကတာပါ။

အလုပ္လက္မဲ့အက်ိဳးခံစားခြင့္ ေကာက္ခံထားျခင္း မရွိေပမဲ့ တကယ္တမ္း စက္႐ုံေတြ ပိတ္ရၿပီဆိုရင္ ဒီအလုပ္သမားေတြကို ရန္ပုံေငြေခါင္းစဥ္ တခုေအာက္ကေန အစိုးရက စီစဥ္ေပးႏိုင္ဖို႔ အလုပ္သမားေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

စက္႐ံုေတြျပန္ပိတ္ေရး အစိုးရ အေျဖမထြက္ေသး
please wait

No media source currently available

0:00 0:03:30 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စက်ရုံတွေပြန်ပိတ်ရေး အစိုးရ အဖြေမထွက်သေး

စက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ရှိလာလို့ စက်ရုံတွေ ပြန်ပိတ်ရေး ဆွေးနွေးကြတာမှာ အဖြေမထွက်သေးဘဲ သေချာပြန်ဆွေးနွေးပြီးမှ ပိတ်သင့်၊ မပိတ်သင့်ဆိုတာ ဆုံးဖြတ်သွားမယ်လို့ အစိုးရဘက်ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ဆက်ပြောပြပါမယ်။

စက်မှုဇုန်အသီးသီးက စက်ရုံလုပ်သား ၆၀ ကျော် ကိုဗစ်အတည်ပြု လူနာစာရင်းထဲ ပါလာတဲ့အတွက် စက်မှုဇုန် စက်ရုံတွေ ယာယီပြန်ပိတ်ပေးဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားသမဂ္ဂ ဒီနေ့တွေ့ဆုံပွဲမှာ အလုပ်သမား ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်တာပါ။ အစိုးရဘက်ကတော့ ဒါကို ဆွေးနွေးနေဆဲလို့ တုံ့ပြန်ခဲ့ပေမဲ့ ဒီတုံ့ပြန်မှုအပေါ်မှာ အားမရကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) ပြောခွင့်ရ ဦးသက်နှင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“စက်ရုံအလုပ်ရုံတွေ ပိတ်ထားပေးဖို့ ကိစ္စအတွက်ကတော့ ဆွေးနွေးနေဆဲ အခြေအနေလို့ ပြောတဲ့အခါကျတော့ ဒါလေးက နည်းနည်းလေး အားမရစရာလေးတော့ ဖြစ်သွားတာပေါ့။ ကျနော်တို့က ဘာလို့ချက်ချင်း မတုံ့ပြန်လဲဆိုရင် အစိုးရမှာက မူဝါဒ ပေးမထားသေးလို့ဘဲ၊ ကျနော်တို့ ဒီလိုပဲ အကြမ်းဖျင်းပြောလို့ရတာပေါ့နော်။ နိုင်ငံ့ စီးပွားရေးနဲ့ ပတ်သက်လို့လည်း အများကြီးသူတို့ စဉ်းစားနေရတယ်လို့ ပြောပါတယ်။”

အလုပ်ရှင်တွေဘက်ကတော့ အလုပ်ရုံတွေ မပိတ်ချင်သေးဘူးလို့ ဒီကနေ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။ စက်ရုံအလုပ်ရုံတွေ ပိတ်မထားချင်ဘူးဆိုရင်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ကပ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေ လိုက်နာပေးဖို့ အလုပ်သမား ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ပါတယ်။

ကျန်းမာရေးနဲ့ နိုင်ငံ့စီးပွားရေး၊ အလုပ်သမားတွေ စားဝတ်နေရေး ဒီစိန်ခေါ်မှုတွေကြားက အစိုးရအခက်အခဲကို နားလည်တယ်လို့ အလုပ်သမား သမဂ္ဂတွေက ပြောပါတယ်။ အစိုးရကတော့ ဒီအခြေအနေတွေပေါ် မူတည်ပြီး သူတို့ဆုံးဖြတ်ရမယ်လို့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ပြောခွင့်ရ ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“ပြည်ထောင်စုဝန်ကြီးရဲ့ကျမတို့ကို သတင်းအချက်အလက် ပေးပို့ချက်အရတော့ စက်ရုံတွေမှာ လုပ်သားစုစုပေါင်း ၆၁ ဦး ရှိသွားပြီ၊ ရောဂါပိုးရှိတဲ့သူပေါ့နော်။ Quarantine ဝင်ထားတဲ့သူကတော့ ၄၀၀ ကျော်ပေါ့။ ရာခိုင်နှုန်းအားဖြင့်တော့ မြင့်တက်လာဖွယ်ရာရှိတယ်၊ ( အလုပ်သမား) အဖွဲ့ချုပ် သုံးခုလုံးကတော့ ယာယီခဏပိတ်ထားပေးဖို့ တင်ပြတယ်၊ အလုပ်ရှင်ဘက်က ပိတ်ချင်ရင်တော့ပိတ်၊ ပိတ်တဲ့ကာလအတွက် လုပ်အားခမပေးနိုင်ဘူးဆိုတာ တင်ပြတယ်။ အစိုးရကတော့ ကျန်းမာရေးနဲ့ စီးပွားရေးကြားမှာ အခြေအနေပေါ်မူတည်ပြီး သူတို့ဆုံးဖြတ်ရမယ်လို့ ဒီအတိုင်းပဲ သဘောထားကျပါတယ်။”

ဒီသုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ညှိနှိုင်းတာတွေ မပြီးပြတ်သေးတဲ့ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု၊ အနည်းဆုံးလုပ်ခလစာ၊ ကိုဗစ်ကာကွယ်မှုရှိမရှိ စက်ရုံတွေကို ရှောင်တခင်ဝင်စစ်ဖို့၊ အလုပ်သမားဥပဒေဌာနနဲ့ ခုံသမာဓိကောင်စီမပြေလည်မှု ဒီကိစ္စတွေကိုလည်း MICS, CTUM နဲ့ AFFM အလုပ်သမား သမဂ္ဂသုံးဖွဲ့က ဒီနေ့ တင်ပြကြပါတယ်။

အသွားအလာကန့်သတ်ခံထားရတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို လူမှုဖူလုံကြေး လုပ်ခလစာရဲ့ ၆၀ ရာခိုင်နှုန်းထုတ်ပေးသလို၊ တရက်ကို ၅,၀၀၀ ကျပ်နှုန်းသတ်မှတ်ပြီး အစိုးရဘက်က စီစဉ်ပေးတယ်လို့ဆိုပါတယ်။ ပြီးတော့ သူတို့အလုပ်ပြန်ဝင်ရင် ဥပဒေအရ အလုပ်ရှင်က ငြင်းပယ်ခွင့် မရှိဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုကြီး ဦးသိန်းဆွေက ဒီနေ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးက စက်ရုံတွေကို ဧပြီလတုန်းက ပိတ်ထားခဲ့ပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကပ်ရောဂါကာကွယ်ရေး အစီအမံတွေလုပ်ထားတဲ့ စက်ရုံတွေကို မေလကစလို့ တဖြည်းဖြည်းပြန်ဖွင့်ခွင့် ပေးခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းစာရင်းအရ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၂,၃၀၀ နီးပါးဖြစ်လာပြီး သေဆုံးသူက ၁၄ ယောက်ရှိလာချိန် စက်ရုံတွေပြန်ပိတ်ဖို့ ပြန်စဉ်းစားလာကြတာပါ။

အလုပ်လက်မဲ့အကျိုးခံစားခွင့် ကောက်ခံထားခြင်း မရှိပေမဲ့ တကယ်တမ်း စက်ရုံတွေ ပိတ်ရပြီဆိုရင် ဒီအလုပ်သမားတွေကို ရန်ပုံငွေခေါင်းစဉ် တခုအောက်ကနေ အစိုးရက စီစဉ်ပေးနိုင်ဖို့ အလုပ်သမားတွေက မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG