သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာေခ်းေရာက္ ရုိဟင္ဂ်ာ ၃၀၀ ခန္႔ထဲက ေနာက္တဦးေသဆုံး


စက္တင္ဘာ ၇ ရက္ေန႔က Ache ျပည္နယ္ေရာက္လာတဲ့ ရုိဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)

အင္ဒိုနီးရွားနိုင္ငံ Ache ျပည္နယ္ Lhokseumawe ကမ္းေျခကို ေရာက္ရွိေနတဲ့ ရိုဟင္ဂ်ာ မူဆလင္ေတြထဲက အမ်ိဳးသား တစ္ဦး ေဆး႐ုံတက္ေရာက္ကုသေနရာက ၾကာသပေတးေန႔က ေသဆုံးသြားတယ္လို႔ အင္ဒိုနီးရွားေရာက္ ရိုဟင္ဂ်ာ ဒုကၡသည္အေရး ကိုင္တြယ္ေနသူ ေျပာခြင့္ရ တစ္ဦးက VOA ကို ေျပာပါတယ္။

ေျပာခြင့္ရ Marzuki က ရိုဟင္ဂ်ာ ေနာက္ထပ္ တစ္ဦး ေသဆုံးသြားတယ္ဆိုတာ မွန္ကန္ေၾကာင္းနဲ႔ အူက်ေရာဂါနဲ႔ ေသဆုံးသြားတာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အခု ေသဆုံးသူဟာ Ache ျပည္နယ္ကို စက္ေလွတစ္စီးနဲ႔ ေရာက္လာတဲ့ ရိုဟင္ဂ်ာ ၃၀၀ ဝန္းက်င္ထဲက ဒုတိယေျမာက္ ေသဆုံးသူ ျဖစ္ပါတယ္။ အဂၤါေန႔ညတုန္းကလည္း ဒုကၡသည္ အမ်ိဳးသမီးတစ္ဦး အသက္ရႉမဝဘဲ အျပင္းဖ်ားလို႔ ေဒသခံ ေဆး႐ုံမွာ ေသဆုံး သြားခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္-ျမန္မာ နယ္စပ္ကေန ေရေၾကာင္းကတဆင့္ ၇ လတာ ခရီး ျဖတ္သန္းၿပီး အင္ဒိုနီးရွားနိုင္ငံကို ေရာက္ရွိလာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြ အားလုံးကိုအဂၤါေန႔ က COVID-19 ေရာဂါ စမ္းသပ္ စစ္ေဆးမႈေတြ ျပလုပ္ခဲ့တာပါ။ စမ္းသပ္ၿပီး ႏွစ္ရက္အၾကာမွာ ရရွိတဲ့ ရလဒ္ေတြအရ ဒုကၡသည္ အားလုံး ေရာဂါပိုး ကင္းစင္ၾကပါတယ္။​

နိုင္ငံတကာမွာ သုံးႏႈန္းေနတဲ့ ရိုဟင္ဂ်ာဆိုတဲ့စကားလုံးကို ျမန္မာအစိုးရကေရာ စစ္တပ္ကပါ လက္မခံပယ္ခ်ထားေပမဲ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္ စခန္းေတြကို ေရာက္ရွိေနတဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လည္ လက္ခံဖို႔ ရွိတယ္လို႔ေတာ့ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

အာချေးရောက် ရိုဟင်ဂျာ ၃၀၀ ခန့်ထဲက နောက်တဦးသေဆုံး

(Unicode)

အင်ဒိုနီးရှားနိုင်ငံ Ache ပြည်နယ် Lhokseumawe ကမ်းခြေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေထဲက အမျိုးသား တစ်ဦး ဆေးရုံတက်ရောက်ကုသနေရာက ကြာသပတေးနေ့က သေဆုံးသွားတယ်လို့ အင်ဒိုနီးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ပြောခွင့်ရ တစ်ဦးက VOA ကို ပြောပါတယ်။

ပြောခွင့်ရ Marzuki က ရိုဟင်ဂျာ နောက်ထပ် တစ်ဦး သေဆုံးသွားတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ အူကျရောဂါနဲ့ သေဆုံးသွားတာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အခု သေဆုံးသူဟာ Ache ပြည်နယ်ကို စက်လှေတစ်စီးနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင်ထဲက ဒုတိယမြောက် သေဆုံးသူ ဖြစ်ပါတယ်။ အင်္ဂါနေ့ညတုန်းကလည်း ဒုက္ခသည် အမျိုးသမီးတစ်ဦး အသက်ရှူမဝဘဲ အပြင်းဖျားလို့ ဒေသခံ ဆေးရုံမှာ သေဆုံး သွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကနေ ရေကြောင်းကတဆင့် ၇ လတာ ခရီး ဖြတ်သန်းပြီး အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အားလုံးကိုအင်္ဂါနေ့ က COVID-19 ရောဂါ စမ်းသပ် စစ်ဆေးမှုတွေ ပြလုပ်ခဲ့တာပါ။ စမ်းသပ်ပြီး နှစ်ရက်အကြာမှာ ရရှိတဲ့ ရလဒ်တွေအရ ဒုက္ခသည် အားလုံး ရောဂါပိုး ကင်းစင်ကြပါတယ်။

နိုင်ငံတကာမှာ သုံးနှုန်းနေတဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို မြန်မာအစိုးရကရော စစ်တပ်ကပါ လက်မခံပယ်ချထားပေမဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံဖို့ ရှိတယ်လို့တော့ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG