သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္အသိပညာေပးလုပ္ငန္းေတြအတြက္ Speaker drone သုံးႏုိင္ဖုိ႔ ျမန္မာအင္ဂ်င္နီယာေတြ ကူညီ


ကုိဗစ္အသိပညာေပးလုပ္ငန္းအတြက္ အသံုးျပဳ Speaker drone

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါဆိုင္ရာ အသိပညာေပး လုပ္ငန္းေတြအတြက္ Speaker drone သံုးႏုိင္ဖုိ႔ ျမန္မာအင္ဂ်င္နီယာေတြ အကူအညီေပးေနတာနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္ (MAEU) က ေမာင္းသူမဲ့ေလယာဥ္ သုေတသနဌာန ပါေမာကၡဌာနမႈး ေဒါက္တာသဲေမာင္ေမာင္ကို ေဒၚခင္မ်ိဳးသက္ ဆက္သြယ္ေမးျမန္းတဲ့ အခါ အခုလို စေေျပာပါတယ္။

ေဒါက္တာသဲေမာင္ေမာင္။ ။ ဒီ COVID-19 ေရာဂါ ၀ူဟန္မွာျဖစ္ေနတယ္။ သူမ်ားႏိုင္ငံမွာ ဘာေတြသံုးၾကသလဲဆိုတာ ၾကည့္လိုက္တဲ့အခါမွာ Speaker drone သံုးၾကတယ္ဆိုတာ ေတြ႔ရတဲ့အတြက္ က်ေနာ္တို႔ ေမာင္းသူမဲ့ေလယာဥ္ သုေတသနဌာနအေနနဲ႔ Speaker drone ကို က်ေနာ္တုိ႔ဆီမွာ ေရာဂါမေရာက္ခင္ ႀကိဳတင္ၿပီးေတာ့ က်ေနာ္တို႔ သုေတသနျပဳေဆာင္ရြက္ခဲ့ပါတယ္။ ေဆာင္ရြက္ခဲ့ၿပီးတဲ့အခါမွာ က်ေနာ္တို႔က ပညာေရး၀န္ႀကီးဌာနကိုတင္ျပ၊ တင္ျပၿပီးေတာ့ ပညာေရး၀န္ႀကီးဌာနမွာ အဆင့္ဆင့္ ဗဟို ကိုဗစ္ေကာ္မတီအထိတင္ျပၿပီးေတာ့ ဒီ Speaker Drone ရဲ႕ အသံုး၀င္မႈကို သိရွိသြားပါတယ္။ အဲဒါေၾကာင့္ Speaker drone ကို က်န္းမာေရးဆိုင္ရာအသိပညာေပးလုပ္ငန္းေတြမွာ အေရးႀကီးတဲ့ ႏိႈးေဆာ္ေရး ကိစၥမွာ အသံုးခ်ႏိုင္မယ္ဆိုၿပီးေတာ့ ေဆာင္ရြက္ခဲ့ခ်င္းျဖစ္ပါတယ္။

ေဒၚခင္မ်ိဳးသက္။ ။ အသိပညာေပးလုပ္ငန္းေတြအတြက္ အေထာက္အကူေပးတယ္ဆိုတာ ဘယ္လိုမ်ိဳးပံုစံနဲ႔ အေထာက္အကူေပးသလဲ ေျပာျပေပးပါဆရာ။

ေဒါက္တာသဲေမာင္ေမာင္။ ။ ဟုတ္ကဲ့ အဓိက COVID-19 ေရာဂါ က ပထမဦးဆံုး ကမာၻ႕ကပ္ေရာဂါျဖစ္ေနတာေပါ့ေနာ္ ။ အဲဒီေတာ့ အေရးႀကီးတာကေတာ့ က်ေနာ္တို႔ ျပည္သူေတြက ဒီကပ္ေရာဂါအေၾကာင္းနားလည္ဖို႔ ဘယ္လိုကာကြယ္ေရးလုပ္ငန္းေတြ ေဆာင္ရြက္ရမလဲဆိုတာ သိဖို႔ေပါ့ေနာ္ ဒီအခ်ိန္ကာလဟာ ဒါပထမဦးဆံုးလည္းျဖစ္တဲ့အတြက္ ဒါဟာ အသိေပးလုပ္ငန္းေတြလုပ္ဖို႔ ဒီလုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ အေရးပါတဲ့ လုပ္ငန္းတခုျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက ေရာဂါအသစ္လည္းျဖစ္တယ္။ ဘယ္လိုကာကြယ္ရမွန္းလည္းမသိဘူး ေနာက္ၿပီးေတာ့ အခ်ိန္နဲ႔ တေျပးညီ ထိထိေရာက္ေရာက္ျပည္သူေတြဆီကို အျမန္ေရာက္ခ်င္တယ္ေပါ့ေနာ္ အဲဒါေတြေၾကာင့္မို႔ ဒါ က်ေနာ္တို႔က Drone ကို အသံုးခ်ၿပီးေတာ့ Drone အေပၚမွာ Speaker တပ္ၿပီးေတာ့ အျမင့္ေပမီတာ ၅၀ ခန္႔ကေနၿပီးေတာ့ အသံုးခ်ၿပီး ေအာက္ကေန မိုက္နဲ႔ ေအာ္မယ္၊ တခါ အသံသြင္းထားမယ္ ကိုယ္ေျပာခ်င္တာကို ။ ဒါမ်ိဳးလုပ္မယ္ဆိုရင္ တရပ္ကြက္ကို Drone နဲ႔ ၂ ခါေလာက္တက္လိုက္ရင္ ရပ္ကြက္မွာရွိတဲ့လူေတြကို အခ်ိန္တိုအတြင္းမွာ ထိထိမိမိနဲ႔ သိရွိရမယ္ဆိုတာ က်ေနာ္တုိ႔ အဲလိုရည္ရြယ္ခ်က္နဲ႔ေပါ့ေနာ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ပါတယ္။

ေဒၚခင္မ်ိဳးသက္။ ။ ဆိုေတာ့ ဆရာ အခုအသံုးခ်ေနပါၿပီလား။

ေဒါက္တာသဲေမာင္ေမာင္။ ။ ဟုတ္ကဲ့ က်ေနာ္တို႔ Speaker drone ကိုေတာ့ ၿပီးခဲ့တဲ့ covid စတဲ့ first week မွာကတည္းကိုက က်ေနာ္တို႔ ရန္ကုန္တိုင္းမွာ ရွိတဲ့ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ကို Speaker drone ကိုအသံုးခ်ၿပီးေတာ့ အသိေပးလုပ္ငန္းေတြ ေဆာင္ရြက္ေပးႏိုင္ခဲ့ပါတယ္ခင္ဗ်။

ေဒၚခင္မ်ိဳးသက္။ ။ ဟုတ္ကဲ့ ရန္ကုန္တိုင္းပဲလားဆရာ တျခားတိုင္းနဲ႔ ျပည္နယ္ေတြ အမ်ားႀကီးရွိတယ္ ။ အခုဆိုရင္ ရခိုင္ျပည္နယ္ဘက္မွာ ရွိတယ္ ဆရာတို႔ ဒါအတြက္ကို Speaker drone ကုိ ျဖန္႔ျဖဴးဖို႔ အစီအစဥ္ေတြ ဘာေတြ လုပ္ေနပါသလဲဆရာ။

ေဒါက္တာသဲေမာင္ေမာင္။ ။ ဟုတ္ကဲ့ က်ေနာ္တို႔ ပထမဦးဆံုးအႀကိမ္ စတင္ေဆာင္ရြက္တာမို႔လို႔ ပထမဦးဆံုးအႀကိမ္ေတာ့ ဒီမွာရွိတဲ့ ပစၥည္းအေပၚမူတည္ၿပီးေတာ့ တီထြင္ခဲ့တဲ့အတြက္ေၾကာင့္ ပထမဦးဆံုး တစီးကေတာ့ အဲဒီအခ်ိန္က ရန္ကုန္က အေရးႀကီးတဲ့ COVID လူနာအမ်ားဆံုးေနတာျဖစ္တဲ့ အတြက္ေၾကာင့္မို႔ ရန္ကုန္ကို ပထမဦးဆံုးအေနနဲ႔ ေပးအပ္လွဴဒန္းႏိုင္ခဲ့ခ်င္းျဖစ္ပါတယ္။ တကယ္ေတာ့ က်ေနာ္တို႔ speaker drone မွာေတာ့ speaker အျပင္ အျခား function ေတြလည္း ပါတယ္ခင္ဗ်။ အျခား functionေတြက ဘာလဲဆိုေတာ့ က်ေနာ္တို႔ speaker drone မွာ ပန္ကာ ၆ လက္ကို အသံုးခ်ႏိုင္တယ္ ၊ တပ္ဆင္ထားပါတယ္။ ေနာက္တခုကေတာ့ သယ္ေဆာင္ႏုိင္တဲ့ Weight ကေတာ့ ၂ ကီလိုဂရမ္ သယ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ speaker က ၈၀၀ ဂရမ္ပဲဲ ရွိေသးတယ္ေပါ့ေနာ္ speaker weight က။ ေနာက္ထပ္ ၁ ကီလိုဂရမ္ေက်ာ္ေက်ာ္ကို လိုအပ္တဲ့ ေဆး၀ါး၊ ေသြးအိတ္ ၊ swab test စတာမ်ိဳး Delivery လုပ္ႏိုင္တဲ့ အဆင့္ကို က်ေနာ္တို႔ ထည့္ထားပါတယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔ speaker drone မွာ ဘာထပ္ပါေသးသလဲဆိုေတာ့ real time monitoring လုပ္ႏိုင္တဲ့ ကင္မရာပါေသးတယ္ခင္ဗ် ။ အဲဒီေတာ့ speaker drone အေပၚတက္သြားၿပီးဆိုရင္ ဒီေအာက္က ကင္မရာနဲ႔ တုိက္ရိုက္ၾကည့္ရႈၿပီးေတာ့ ေအာက္မွာ လူစုလူေ၀းျဖစ္ေနလား၊ ဒါမွမဟုတ္လည္းေအာက္မွာ ေျမျပင္အေနအထားကို သိရွိႏိုင္တာျဖစ္ပါတယ္။ အဲဒီေတာ့ speaker drone က ေအာက္ကလည္း တိုက္ရိုက္ က်ေနာ္တို႔ wireless စနစ္နဲ႔ လိုအပ္တဲ့ ညႊန္ၾကားခ်က္ေတြကို ေပးႏိုင္သလို က်ေနာ္တို႔ က်န္းမာေရးအသိေပးခ်င္တဲ့ စာသားေတြ သီခ်င္းေတြကိုလည္း က်ေနာ္တို႔က Memory stick နဲ႔ထည့္ၿပီးေတာ့ repeat ထပ္ခါတလဲလဲ က်ေနာ္တို႔ ျပည္သူေတြကို အသိေပးတဲ့ လုပ္ငန္းေတြကို ေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ ဒီဟာကိုလည္း ဘယ္ေလာက္အျမင့္တက္ရင္ ဘယ္ေလာက္ distance အထိၾကားႏိုင္တယ္ဆိုတာကိုလည္း အေသးစိတ္ က်ေနာ္တို႔ သုေတသန ဌာနကေန research လုပ္ၿပီးေတာ့ ေပးအပ္ႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

ေဒၚခင္မ်ိဳးသက္။ ။ ဒါဆိုရင္ speaker drone က အသံနဲ႔ အသိပညာျဖန္႔ျဖဴးတာတင္မကဘူး ေစာေစာက ဆရာေျပာသလို ပစၥည္းေတြပါ သယ္ပို႔ႏိုင္တဲ့အထိ လုပ္ႏိုင္တာေပါ့ေနာ္။

ေဒါက္တာသဲေမာင္ေမာင္။ ။ ဟုတ္ပါတယ္ခင္ဗ်။

ေဒၚခင္မ်ိဳးသက္။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ။

ေဒါက္တာသဲေမာင္ေမာင္။ ။ ဟုတ္ကဲ့ပါ။

တိုက္႐ိုက္ လင့္ခ္

.............

ကိုဗစ်အသိပညာပေးလုပ်ငန်းတွေအတွက် Speaker drone သုံးနိုင်ဖို့ မြန်မာအင်ဂျင်နီယာတွေ ကူညီ

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေအတွက် Speaker drone သုံးနိုင်ဖို့ မြန်မာအင်ဂျင်နီယာတွေ အကူအညီပေးနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ် (MAEU) က မောင်းသူမဲ့လေယာဉ် သုတေသနဌာန ပါမောက္ခဌာနမှုး ဒေါက်တာသဲမောင်မောင်ကို ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းတဲ့ အခါ အခုလို စေပြောပါတယ်။

ဒေါက်တာသဲမောင်မောင်။ ။ ဒီ COVID-19 ရောဂါ ဝူဟန်မှာဖြစ်နေတယ်။ သူများနိုင်ငံမှာ ဘာတွေသုံးကြသလဲဆိုတာ ကြည့်လိုက်တဲ့အခါမှာ Speaker drone သုံးကြတယ်ဆိုတာ တွေ့ရတဲ့အတွက် ကျနော်တို့ မောင်းသူမဲ့လေယာဉ် သုတေသနဌာနအနေနဲ့ Speaker drone ကို ကျနော်တို့ဆီမှာ ရောဂါမရောက်ခင် ကြိုတင်ပြီးတော့ ကျနော်တို့ သုတေသနပြုဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့ပြီးတဲ့အခါမှာ ကျနော်တို့က ပညာရေးဝန်ကြီးဌာနကိုတင်ပြ၊ တင်ပြပြီးတော့ ပညာရေးဝန်ကြီးဌာနမှာ အဆင့်ဆင့် ဗဟို ကိုဗစ်ကော်မတီအထိတင်ပြပြီးတော့ ဒီ Speaker Drone ရဲ့ အသုံးဝင်မှုကို သိရှိသွားပါတယ်။ အဲဒါကြောင့် Speaker drone ကို ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ နှိုးဆော်ရေး ကိစ္စမှာ အသုံးချနိုင်မယ်ဆိုပြီးတော့ ဆောင်ရွက်ခဲ့ချင်းဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ အသိပညာပေးလုပ်ငန်းတွေအတွက် အထောက်အကူပေးတယ်ဆိုတာ ဘယ်လိုမျိုးပုံစံနဲ့ အထောက်အကူပေးသလဲ ပြောပြပေးပါဆရာ။

ဒေါက်တာသဲမောင်မောင်။ ။ ဟုတ်ကဲ့ အဓိက COVID-19 ရောဂါ က ပထမဦးဆုံး ကမ္ဘာ့ကပ်ရောဂါဖြစ်နေတာပေါ့နော် ။ အဲဒီတော့ အရေးကြီးတာကတော့ ကျနော်တို့ ပြည်သူတွေက ဒီကပ်ရောဂါအကြောင်းနားလည်ဖို့ ဘယ်လိုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရမလဲဆိုတာ သိဖို့ပေါ့နော် ဒီအချိန်ကာလဟာ ဒါပထမဦးဆုံးလည်းဖြစ်တဲ့အတွက် ဒါဟာ အသိပေးလုပ်ငန်းတွေလုပ်ဖို့ ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အရေးပါတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရောဂါအသစ်လည်းဖြစ်တယ်။ ဘယ်လိုကာကွယ်ရမှန်းလည်းမသိဘူး နောက်ပြီးတော့ အချိန်နဲ့ တပြေးညီ ထိထိရောက်ရောက်ပြည်သူတွေဆီကို အမြန်ရောက်ချင်တယ်ပေါ့နော် အဲဒါတွေကြောင့်မို့ ဒါ ကျနော်တို့က Drone ကို အသုံးချပြီးတော့ Drone အပေါ်မှာ Speaker တပ်ပြီးတော့ အမြင့်ပေမီတာ ၅၀ ခန့်ကနေပြီးတော့ အသုံးချပြီး အောက်ကနေ မိုက်နဲ့ အော်မယ်၊ တခါ အသံသွင်းထားမယ် ကိုယ်ပြောချင်တာကို ။ ဒါမျိုးလုပ်မယ်ဆိုရင် တရပ်ကွက်ကို Drone နဲ့ ၂ ခါလောက်တက်လိုက်ရင် ရပ်ကွက်မှာရှိတဲ့လူတွေကို အချိန်တိုအတွင်းမှာ ထိထိမိမိနဲ့ သိရှိရမယ်ဆိုတာ ကျနော်တို့ အဲလိုရည်ရွယ်ချက်နဲ့ပေါ့နော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ဆိုတော့ ဆရာ အခုအသုံးချနေပါပြီလား။

ဒေါက်တာသဲမောင်မောင်။ ။ ဟုတ်ကဲ့ ကျနော်တို့ Speaker drone ကိုတော့ ပြီးခဲ့တဲ့ covid စတဲ့ first week မှာကတည်းကိုက ကျနော်တို့ ရန်ကုန်တိုင်းမှာ ရှိတဲ့ မြို့နယ် ၆ မြို့နယ်ကို Speaker drone ကိုအသုံးချပြီးတော့ အသိပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ခင်ဗျ။

ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ကဲ့ ရန်ကုန်တိုင်းပဲလားဆရာ တခြားတိုင်းနဲ့ ပြည်နယ်တွေ အများကြီးရှိတယ် ။ အခုဆိုရင် ရခိုင်ပြည်နယ်ဘက်မှာ ရှိတယ် ဆရာတို့ ဒါအတွက်ကို Speaker drone ကို ဖြန့်ဖြူးဖို့ အစီအစဉ်တွေ ဘာတွေ လုပ်နေပါသလဲဆရာ။

ဒေါက်တာသဲမောင်မောင်။ ။ ဟုတ်ကဲ့ ကျနော်တို့ ပထမဦးဆုံးအကြိမ် စတင်ဆောင်ရွက်တာမို့လို့ ပထမဦးဆုံးအကြိမ်တော့ ဒီမှာရှိတဲ့ ပစ္စည်းအပေါ်မူတည်ပြီးတော့ တီထွင်ခဲ့တဲ့အတွက်ကြောင့် ပထမဦးဆုံး တစီးကတော့ အဲဒီအချိန်က ရန်ကုန်က အရေးကြီးတဲ့ COVID လူနာအများဆုံးနေတာဖြစ်တဲ့ အတွက်ကြောင့်မို့ ရန်ကုန်ကို ပထမဦးဆုံးအနေနဲ့ ပေးအပ်လှူဒန်းနိုင်ခဲ့ချင်းဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ speaker drone မှာတော့ speaker အပြင် အခြား function တွေလည်း ပါတယ်ခင်ဗျ။ အခြား functionတွေက ဘာလဲဆိုတော့ ကျနော်တို့ speaker drone မှာ ပန်ကာ ၆ လက်ကို အသုံးချနိုင်တယ် ၊ တပ်ဆင်ထားပါတယ်။ နောက်တခုကတော့ သယ်ဆောင်နိုင်တဲ့ Weight ကတော့ ၂ ကီလိုဂရမ် သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ speaker က ၈၀၀ ဂရမ်ပဲ ရှိသေးတယ်ပေါ့နော် speaker weight က။ နောက်ထပ် ၁ ကီလိုဂရမ်ကျော်ကျော်ကို လိုအပ်တဲ့ ဆေးဝါး၊ သွေးအိတ် ၊ swab test စတာမျိုး Delivery လုပ်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ထည့်ထားပါတယ်။ နောက်တခုကတော့ ကျနော်တို့ speaker drone မှာ ဘာထပ်ပါသေးသလဲဆိုတော့ real time monitoring လုပ်နိုင်တဲ့ ကင်မရာပါသေးတယ်ခင်ဗျ ။ အဲဒီတော့ speaker drone အပေါ်တက်သွားပြီးဆိုရင် ဒီအောက်က ကင်မရာနဲ့ တိုက်ရိုက်ကြည့်ရှုပြီးတော့ အောက်မှာ လူစုလူဝေးဖြစ်နေလား၊ ဒါမှမဟုတ်လည်းအောက်မှာ မြေပြင်အနေအထားကို သိရှိနိုင်တာဖြစ်ပါတယ်။ အဲဒီတော့ speaker drone က အောက်ကလည်း တိုက်ရိုက် ကျနော်တို့ wireless စနစ်နဲ့ လိုအပ်တဲ့ ညွှန်ကြားချက်တွေကို ပေးနိုင်သလို ကျနော်တို့ ကျန်းမာရေးအသိပေးချင်တဲ့ စာသားတွေ သီချင်းတွေကိုလည်း ကျနော်တို့က Memory stick နဲ့ထည့်ပြီးတော့ repeat ထပ်ခါတလဲလဲ ကျနော်တို့ ပြည်သူတွေကို အသိပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီဟာကိုလည်း ဘယ်လောက်အမြင့်တက်ရင် ဘယ်လောက် distance အထိကြားနိုင်တယ်ဆိုတာကိုလည်း အသေးစိတ် ကျနော်တို့ သုတေသန ဌာနကနေ research လုပ်ပြီးတော့ ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ဒါဆိုရင် speaker drone က အသံနဲ့ အသိပညာဖြန့်ဖြူးတာတင်မကဘူး စောစောက ဆရာပြောသလို ပစ္စည်းတွေပါ သယ်ပို့နိုင်တဲ့အထိ လုပ်နိုင်တာပေါ့နော်။

ဒေါက်တာသဲမောင်မောင်။ ။ ဟုတ်ပါတယ်ခင်ဗျ။

ဒေါ်ခင်မျိုးသက်။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

ဒေါက်တာသဲမောင်မောင်။ ။ ဟုတ်ကဲ့ပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG